Samsung ဟာ လာမယ့် ဖေဖော်ဝါရီလ 11 ရက်နေ့မှာ မိတ်ဆက်ပွဲတစ်ပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Samsung ဟာ ယင်းပွဲမှာ Galaxy S20 စီးရီးအပြင် ဒုတိယမျိုးဆက် ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းကိုလည်း ကြေညာလာမှာ ဖြစ်ပါတယ်။ အစောပိုင်းတုန်းက ဒုတိယမျိုးဆက် ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းကို Galaxy Fold 2 လို့ ခေါ်ဝေါ်လာမယ်လို့ အားလုံးက ယူဆခဲ့ကြပေမယ့် မကြာသေးမီတုန်းက ဒီဖုန်းကို Galaxy Bloom လို့ ခေါ်ဝေါ်လာမယ်လို့ မီဒီယာများက ရေးသားခဲ့ကြပါတယ်။ ဒါပေမယ့် ယနေ့ထွက်ပေါ်လာတဲ့ သတင်းအရ ယင်းစမတ်ဖုန်းရဲ့အမည်က ယင်းအမည်လည်း မဟုတ်သေးပါဘူး။ Galaxy Bloom က ယင်းစမတ်ဖုန်းရဲ့ ကုဒ်အမည်မျှသာ ဖြစ်ပါတယ်။

Samsung Galaxy Bloom လို့ ခေါ်ဝေါ်လာမယ်လို့ အားလုံးက ယူဆထားတဲ့ စမတ်ဖုန်းအမည်က Galaxy Z Flip ဖြစ်လာမယ်လို့ သိရပါတယ်။ Samsung ဟာ Galaxy Z Flip မှာ ခေါက်ဖုန်းဒီဇိုင်းမျိုးသုံးလာမှုနဲ့အတူ Galaxy Z Flip လို့ အမည်ပေးလာမှာ ဖြစ်ပါတယ်။

Samsung Galaxy Z Flip မှာ 2020 ခုနှစ်ထွက် အဆင့်မြင့် Android စမတ်ဖုန်းများမှာ သုံးလာမယ့် Snapdragon 865 SoC သုံးလာမှာ မဟုတ်ဘဲ Snapdragon 855 ဘဲ အသုံးပြုလာပါမယ်။ ဒီဖုန်းမှာ Ultra Thin Glass မှန် သုံးလာမှာဖြစ်ပါတယ်။

ဒီဖုန်းမှာ ပါဝင်လာမယ့် အခြားစနစ်ကတော့ 8K ဗီဒီယိုရိုက်ကူးမှု၊ ကျောဘက်ကင်မရာနှစ်လုံး၊ Infinity-O Display သုံးလာပါမယ်။ Android 10 အခြေခံ One UI သုံးလာပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Samsung ရဲ့ ေခါက္နိုင္တဲ့႐ုပ္ထြက္ပါ စမတ္ဖုန္းကို Galaxy Bloom လို႔ ေခၚေဝၚလာမွာမဟုတ္ဘဲ Galaxy Z Flip လို႔ ေခၚေဝၚလာမည္

Samsung ဟာ လာမယ့္ ေဖေဖာ္ဝါရီလ 11 ရက္ေန႔မွာ မိတ္ဆက္ပြဲတစ္ပြဲ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ Samsung ဟာ ယင္းပြဲမွာ Galaxy S20 စီးရီးအျပင္ ဒုတိယမ်ိဳးဆက္ ေခါက္နိုင္တဲ့ ႐ုပ္ထြက္ပါ စမတ္ဖုန္းကိုလည္း ေၾကညာလာမွာ ျဖစ္ပါတယ္။ အေစာပိုင္းတုန္းက ဒုတိယမ်ိဳးဆက္ ေခါက္နိုင္တဲ့ ႐ုပ္ထြက္ပါ စမတ္ဖုန္းကို Galaxy Fold 2 လို႔ ေခၚေဝၚလာမယ္လို႔ အားလုံးက ယူဆခဲ့ၾကေပမယ့္ မၾကာေသးမီတုန္းက ဒီဖုန္းကို Galaxy Bloom လို႔ ေခၚေဝၚလာမယ္လို႔ မီဒီယာမ်ားက ေရးသားခဲ့ၾကပါတယ္။ ဒါေပမယ့္ ယေန႔ထြက္ေပၚလာတဲ့ သတင္းအရ ယင္းစမတ္ဖုန္းရဲ့အမည္က ယင္းအမည္လည္း မဟုတ္ေသးပါဘူး။ Galaxy Bloom က ယင္းစမတ္ဖုန္းရဲ့ ကုဒ္အမည္မၽွသာ ျဖစ္ပါတယ္။

Samsung Galaxy Bloom လို႔ ေခၚေဝၚလာမယ္လို႔ အားလုံးက ယူဆထားတဲ့ စမတ္ဖုန္းအမည္က Galaxy Z Flip ျဖစ္လာမယ္လို႔ သိရပါတယ္။ Samsung ဟာ Galaxy Z Flip မွာ ေခါက္ဖုန္းဒီဇိုင္းမ်ိဳးသုံးလာမွုနဲ႔အတူ Galaxy Z Flip လို႔ အမည္ေပးလာမွာ ျဖစ္ပါတယ္။

Samsung Galaxy Z Flip မွာ 2020 ခုႏွစ္ထြက္ အဆင့္ျမင့္ Android စမတ္ဖုန္းမ်ားမွာ သုံးလာမယ့္ Snapdragon 865 SoC သုံးလာမွာ မဟုတ္ဘဲ Snapdragon 855 ဘဲ အသုံးျပဳလာပါမယ္။ ဒီဖုန္းမွာ Ultra Thin Glass မွန္ သုံးလာမွာျဖစ္ပါတယ္။

ဒီဖုန္းမွာ ပါဝင္လာမယ့္ အျခားစနစ္ကေတာ့ 8K ဗီဒီယိုရိုက္ကူးမွု၊ ေက်ာဘက္ကင္မရာႏွစ္လုံး၊ Infinity-O Display သုံးလာပါမယ္။ Android 10 အေျခခံ One UI သုံးလာပါမယ္။

NetGuide Journal (Every Wednesday)