1,179,000/- ကနေ မကြာသေးမီက နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်းတစ်လုံးဖြစ်တဲ့  OnePlus 7T Pro ကို တရားဝင်မိတ်ဆက် ပေးရောင်းချခဲ့ပြီး အခုဆိုရင် မြန်မာနိုင်ငံဈေးကွက်ထဲမှာလည်း စတင်ဝယ်ယူနိုင်နေပါပြီ။ ၎င်းဟာ Pro version ဖြစ်တဲ့အတွက် ရိုးရိုး OnePlus 7T ထက်ပိုမိုစွမ်းအားကောင်းမွန်သလိုဈေးနှုန်းအရလည်း ပိုမိုမြင့်မားပါတယ်။ မျက်နှာပြင်ကျယ်ကျယ်၊ မြင်ကွင်းစွမ်းအားကောင်းကောင်း၊ စက်စွမ်းဆောင်ရည်မြင့်မြင့်နဲ့ သုံးစွဲနိုင်မှာဖြစ်ပြီး ကင်မရာပိုင်းကလည်း ပြောစရာမလိုအောင် အထူးကောင်းမွန်မှုရှိတဲ့အပြင် ဘက်ထရီ စွမ်းအားမှာလည်း ပြည့်ဝမှုရှိတာကြောင့် ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်မှုရှိတဲ့ နောက်ဆုံးပေါ်အဆင့်မြင့်ဖုန်း တစ်လုံးပါပဲ။ ဒါတင်မကသေးဘဲ အထဲမှာ ထောက်ပံ့ပေးထားတဲ့ features တွေကလည်း နောက်ဆုံးပေါ် features တွေပဲဖြစ်လို့ စမတ်ကျကျအသုံးပြုနိုင်ပါတယ်။ ၎င်းဖုန်းကို GSM, CDMA, HSPA နဲ့ LTE networks တွေမှာသုံးနိုင်ပြီး Dual Nano SIM စနစ်ပါရှိလို့ Nano SIM card 2 card ကိုတစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။
Design & Build
ဒီဇိုင်းပုံစံကလည်း နောက်ဆုံးပေါ်မျက်နှာပြင်ပြည့်ပုံစံဖြစ်ပြီး ကြီးမားကျယ်ပြန့်မှုလည်း ရှိပါတယ်။ လုံးဝဘောင် ပျောက်ဒီဇိုင်းဖြစ်ပြီး အရှေ့ကင်မရာကို Motorized pop-up camera အနေနဲ့ ထည့်သွင်းပေးထားတာကြောင့် တစ်ချက်ကြည့်လိုက်တာနဲ့နောက်ဆုံး ပေါ်စမတ်ဖုန်းတစ်လုံးမှန်းသိသာစေပါတယ်။ ဖုန်းမျက်နှာပြင်အရှေ့ဘက် နဲ့ နောက်ကျောဘက်ကို အလွန်အကြမ်းခံတဲ့ Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ပေးထားပြီး ဘေးဘောင် တွေက အလူမီနီယံဘောင်တွေဖြစ်ပါတယ်။ နောက်ကျောဘက်ရဲ့ အပေါ်အလယ်တည့်တည့်မှာ အနောက် ကင်မရာ ၃ လုံးကို ဒေါင်လိုက်အနေအထားနဲ့တွေ့ရပြီး အောက်ဘက်မှာတော့ LED Flash မီးလုံးကိုထည့်သွင်း ပေးထားပါတယ်။ ဖုန်းလုံခြုံရေးပိုင်းအတွက် အဆင့်မြင့် Under display fingerprint scanner  ကိုသုံးထားပါ တယ်။ ဖုန်းအရွယ်အစားက 162.6 x 75.9 x 8.8 mm ရှိပြီး အလေးချိန်က 206g လေးပါတယ်။ အရှေ့ဘက်မျက်နှာပြင်က ရှင်းလင်းတောက်ပြောင်နေသလို နောက်ကျောဘက်မျက်နှာပြင်ကလည်း အရောင် ပြေးလေးတွေမို့ မျက်စိထဲမှာ ဆွဲဆောင်မှုရှိတဲ့ ဖုန်းတစ်လုံးပါ။ ၎င်းကိုရွေးချယ်နိုင်မယ့်အရောင်တွေကတော့ Haze Blue, McLaren Edition  ဆိုတဲ့ လှပတဲ့ အရောင် ၂ မျိုးပဲဖြစ်ပါတယ်။
Display
အရှေ့မျက်နှာပြင်က 6.67″ အကျယ်ရှိပြီး  Fluid AMOLED capacitive touchscreen, 16M colors Display နဲ့ပြုလုပ်ထားသလို ၎င်းက 19.5:9 ratio နဲ့ 1440 x 3120 pixels ရှိတဲ့ အလွန်ကောင်းမွန်တဲ့ မြင်ကွင်းစွမ်းအား တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်မှာ HDR10+, DCI-P3 100%, 90Hz စနစ်တွေပါရှိတာ ကြောင့် အရောင်ထွက်အားကောင်းမွန်ပါတယ်။
Operating System and Camera
နောက်ဆုံးပေါ် Android 10.0 ကိုအခြေခံထားတဲ့  OxygenOS 10.0 user interface ကို run ထားပါတယ်။ အနောက်ကင်မရာက 48MP, f/1.6, (wide), 1/2″, 0.8µm, PDAF, Laser AF, OIS + 8 MP, f/2.4, 78mm (telephoto), 3x optical zoom, PDAF, Laser AF, OIS + 16 MP, f/2.2, 13mm (ultrawide), AF ကိုသုံးထားတဲ့အပြင် Dual-LED flash, HDR, Panorama စတဲ့ Function တွေကိုလည်း ပံ့ပိုးထားပါတယ်။ အရှေ့ကင်မရာကလည်း Motorized pop-up 16 MP, f/2.0, 25mm (wide), 1/3.1″, 1.0µm စွမ်းအားတွေ ပါရှိပါတယ်။
Performance
ဖုန်းစွမ်းဆောင်ရည်ပိုင်းအတွက် နောက်ဆုံးပေါ် Qualcomm SDM 855 Snapdragon 855+ (7 nm) Chipset နဲ့ Octa-core (1×2.96GHz Kryo 485 3×2.42 GHz Kryo 485 & 4×1.78 GHz Kryo 485) Processor တို့က ပူးပေါင်းလုပ်ဆောင်ပေးပြီး အကောင်းဆုံးရုပ်ထွက်တွေရရှိဖို့အတွက်လည်းအဆင့်မြင့် Adreno 640 (700 MHz) GPU ကိုသုံးပေးထားပါတယ်။
Battery
အထဲမှာ Non-removable Li-Po 4085 mAh battery ကိုသုံးထားတာကြောင့် ဘက်ထရီစွမ်းအားကောင်း မွန်တဲ့ ဖုန်းထဲမှာလည်း ပါဝင်ပါသေးတယ်။ ဒါ့အပြင် Fast battery charging 30W (Warp Charge) စနစ် ကြောင့် ဖုန်းအားသွင်းရတာလည်း မြန်ဆန်မှုရှိပါတယ်။
Specification
Display : 6.67 inches, Fluid AMOLED capacitive touchscreen
Memory : 256GB, 12GB RAM, (No Card Slot)
Camera : Triple : 48+8+16 MP / Motorized pop-up 16 MP (Front)
OS : Android 10.0; OxygenOS 10.0.4
Battery : Non-removable Li-Po 4085 mAh battery
Phone : 09-785222888 (Win Mobile World)
Price : 1,179,000/-

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

OnePlus 7T Pro

1,179,000/- ကေန မၾကာေသးမီက ေနာက္ဆံုးေပၚ အဆင့္ျမင့္ စမတ္ဖုန္းတစ္လံုးျဖစ္တဲ့  OnePlus 7T Pro ကုိ တရားဝင္မိတ္ဆက္ ေပးေရာင္းခ်ခဲ့ၿပီး အခုဆိုရင္ ျမန္မာႏိုင္ငံေစ်းကြက္ထဲမွာလည္း စတင္ဝယ္ယူႏုိင္ေနပါၿပီ။ ၎ဟာ Pro version ျဖစ္တဲ့အတြက္ ႐ိုး႐ိုး OnePlus 7T ထက္ပိုမိုစြမ္းအားေကာင္းမြန္သလုိေစ်းႏႈန္းအရလည္း ပိုမုိျမင့္မားပါတယ္။ မ်က္ႏွာျပင္က်ယ္က်ယ္၊ ျမင္ကြင္းစြမ္းအားေကာင္းေကာင္း၊ စက္စြမ္းေဆာင္ရည္ျမင့္ျမင့္နဲ႔ သံုးစြဲႏိုင္မွာျဖစ္ၿပီး ကင္မရာပိုင္းကလည္း ေျပာစရာမလုိေအာင္ အထူးေကာင္းမြန္မႈရွိတဲ့အျပင္ ဘက္ထရီ စြမ္းအားမွာလည္း ျပည့္ဝမႈရွိတာေၾကာင့္ ေပးရတဲ့ေစ်းႏႈန္းနဲ႔ ထိုက္တန္မႈရွိတဲ့ ေနာက္ဆံုးေပၚအဆင့္ျမင့္ဖုန္း တစ္လံုးပါပဲ။ ဒါတင္မကေသးဘဲ အထဲမွာ ေထာက္ပံ့ေပးထားတဲ့ features ေတြကလည္း ေနာက္ဆံုးေပၚ features ေတြပဲျဖစ္လုိ႔ စမတ္က်က်အသံုးျပဳႏုိင္ပါတယ္။ ၎ဖုန္းကို GSM, CDMA, HSPA နဲ႔ LTE networks ေတြမွာသံုးႏိုင္ၿပီး Dual Nano SIM စနစ္ပါရွိလုိ႔ Nano SIM card 2 card ကိုတစ္ၿပိဳင္နက္တည္း ထည့္သံုးႏိုင္ပါတယ္။

Design & Build

ဒီဇိုင္းပံုစံကလည္း ေနာက္ဆံုးေပၚမ်က္ႏွာျပင္ျပည့္ပံုစံျဖစ္ၿပီး ႀကီးမားက်ယ္ျပန္႔မႈလည္း ရွိပါတယ္။ လံုးဝေဘာင္ ေပ်ာက္ဒီဇုိင္းျဖစ္ၿပီး အေရွ႕ကင္မရာကို Motorized pop-up camera အေနနဲ႔ ထည့္သြင္းေပးထားတာေၾကာင့္ တစ္ခ်က္ၾကည့္လုိက္တာနဲ႔ေနာက္ဆံုး ေပၚစမတ္ဖုန္းတစ္လံုးမွန္းသိသာေစပါတယ္။ ဖုန္းမ်က္ႏွာျပင္အေရွ႕ဘက္ နဲ႔ ေနာက္ေက်ာဘက္ကို အလြန္အၾကမ္းခံတဲ့ Corning Gorilla Glass 5 နဲ႔ ဖံုးအုပ္ေပးထားၿပီး ေဘးေဘာင္ ေတြက အလူမီနီယံေဘာင္ေတြျဖစ္ပါတယ္။ ေနာက္ေက်ာဘက္ရဲ႕ အေပၚအလယ္တည့္တည့္မွာ အေနာက္ ကင္မရာ ၃လံုးကို ေဒါင္လုိက္အေနအထားနဲ႔ေတြ႕ရၿပီး ေအာက္ဘက္မွာေတာ့ LED Flash မီးလံုးကိုထည့္သြင္း ေပးထားပါတယ္။ ဖုန္းလံုၿခံဳေရးပိုင္းအတြက္ အဆင့္ျမင့္ Under display fingerprint scanner  ကိုသံုးထားပါ တယ္။ ဖုန္းအရြယ္အစားက 162.6 x 75.9 x 8.8 mm ရွိၿပီး အေလးခ်ိန္က 206g ေလးပါတယ္။ အေရွ႕ဘက္မ်က္ႏွာျပင္က ရွင္းလင္းေတာက္ေျပာင္ေနသလို ေနာက္ေက်ာဘက္မ်က္ႏွာျပင္ကလည္း အေရာင္ ေျပးေလးေတြမုိ႔ မ်က္စိထဲမွာ ဆြဲေဆာင္မႈရွိတဲ့ ဖုန္းတစ္လံုးပါ။ ၎ကိုေရြးခ်ယ္ႏုိင္မယ့္အေရာင္ေတြကေတာ့ Haze Blue, McLaren Edition  ဆိုတဲ့ လွပတဲ့ အေရာင္ ၂ မ်ိဳးပဲျဖစ္ပါတယ္။

Display

အေရွ႕မ်က္ႏွာျပင္က 6.67″ အက်ယ္ရွိၿပီး  Fluid AMOLED capacitive touchscreen, 16M colors Display နဲ႔ျပဳလုပ္ထားသလုိ ၎က 19.5:9 ratio နဲ႔ 1440 x 3120 pixels ရွိတဲ့ အလြန္ေကာင္းမြန္တဲ့ ျမင္ကြင္းစြမ္းအား ေတြကို ေပးစြမ္းႏိုင္ပါတယ္။ ဒါ့အျပင္ မ်က္ႏွာျပင္မွာ HDR10+, DCI-P3 100%, 90Hz စနစ္ေတြပါရွိတာ ေၾကာင့္ အေရာင္ထြက္အားေကာင္းမြန္ပါတယ္။

Operating System and Camera

ေနာက္ဆံုးေပၚ Android 10.0 ကိုအေျခခံထားတဲ့  OxygenOS 10.0 user interface ကို run ထားပါတယ္။ အေနာက္ကင္မရာက 48MP, f/1.6, (wide), 1/2″, 0.8µm, PDAF, Laser AF, OIS + 8 MP, f/2.4, 78mm (telephoto), 3x optical zoom, PDAF, Laser AF, OIS + 16 MP, f/2.2, 13mm (ultrawide), AF ကိုသံုးထားတဲ့အျပင္ Dual-LED flash, HDR, Panorama စတဲ့ Function ေတြကိုလည္း ပံ့ပိုးထားပါတယ္။ အေရွ႕ကင္မရာကလည္း Motorized pop-up 16 MP, f/2.0, 25mm (wide), 1/3.1″, 1.0µm စြမ္းအားေတြ ပါရွိပါတယ္။

Performance

ဖုန္းစြမ္းေဆာင္ရည္ပိုင္းအတြက္ ေနာက္ဆံုးေပၚ Qualcomm SDM 855 Snapdragon 855+ (7 nm) Chipset နဲ႔ Octa-core (1×2.96GHz Kryo 485 3×2.42 GHz Kryo 485 & 4×1.78 GHz Kryo 485) Processor တို႔က ပူးေပါင္းလုပ္ေဆာင္ေပးၿပီး အေကာင္းဆံုး႐ုပ္ထြက္ေတြရရွိဖို႔အတြက္လည္းအဆင့္ျမင့္ Adreno 640 (700 MHz) GPU ကိုသံုးေပးထားပါတယ္။

Battery

အထဲမွာ Non-removable Li-Po 4085 mAh battery ကိုသံုးထားတာေၾကာင့္ ဘက္ထရီစြမ္းအားေကာင္း မြန္တဲ့ ဖုန္းထဲမွာလည္း ပါဝင္ပါေသးတယ္။ ဒါ့အျပင္ Fast battery charging 30W (Warp Charge) စနစ္ ေၾကာင့္ ဖုန္းအားသြင္းရတာလည္း ျမန္ဆန္မႈရွိပါတယ္။

Specification
Display : 6.67 inches, Fluid AMOLED capacitive touchscreen
Memory : 256GB, 12GB RAM, (No Card Slot)
Camera : Triple : 48+8+16 MP / Motorized pop-up 16 MP (Front)
OS : Android 10.0; OxygenOS 10.0.4
Battery : Non-removable Li-Po 4085 mAh battery
Phone : 09-785222888 (Win Mobile World)
Price : 1,179,000/-

NetGuide Journal (Every Wednesday)