Nubia အမှတ်တံဆိပ် ဂိမ်းစမတ်ဖုန်းနောက်ကွယ်မှ Team ဟာမျိုးဆက်သစ် ဂိမ်းစမတ်ဖုန်းသစ်အတွက် အကြီးအကျယ် အစွမ်းကုန် လုပ်ဆောင်လျက်ရှိပါတယ်။ ယနေ့မှာ Nubia က ၎င်းတို့ဟာ ၂၀၂၀ ခုနှစ်အတွင်းမှာထွက်လာမယ့် Nubia ဂိမ်းစမတ်ဖုန်းမှာ 144Hz Refresh Rate ပါဝင်လာမှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။ ယင်းဂိမ်းစမတ်ဖုန်းမှာ 144Hz Refresh Rate အပြင် 90Hz (သို့မဟုတ်) 120Hz Refresh Rate ကိုလည်းအသုံးပြုလာနိုင်ပါမယ်။

ဒါ့အပြင် ယင်းဂိမ်းစမတ်ဖုန်းရဲ့ အမည်ကိုလည်းသိခွင့်ရလာပါတယ်။ ယင်းဂိမ်းစမတ်ဖုန်းအမည်က Red Magic 5G Phone ဖြစ်လာမယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်မှာ 5G စမတ်ဖုန်းများတွင်ကျယ်လာမှုနဲ့အတူဂိမ်းစမတ်ဖုန်းဖြစ်တဲ့ Red Magic စမတ်ဖုန်းမှာ 5G ထောက်ပံ့လာမှုကအံ့ဩစရာတော့ မဟုတ်ပါဘူး။

ယခုလအစောပိုင်းတုန်းက Nubia CEO ဖြစ်တဲ့ နီဖေးက Nubia Red Magic 5G Phone မှာကျောဘက် ကင်မရာသုံးလုံးပါဝင်လာမှာဖြစ်ပြီး Snapdragon 865 SoC သုံးလာမှာဖြစ်ကြောင်းအတည်ပြုထားပြီးလည်းဖြစပါတယ်။ Snapdragon 865 SoC မှာ Snapdragon X55 Modem တပါတည်းပါဝင်ထားပြီးဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Nubia Red Magic သစ္တြင္ 144Hz Screen ပါဝင္လာမည္

Nubia အမွတ္တံဆိပ္ ဂိမ္းစမတ္ဖုန္းေနာက္ကြယ္မွ Team ဟာမ်ိဳးဆက္သစ္ ဂိမ္းစမတ္ဖုန္းသစ္အတြက္ အႀကီးအက်ယ္ အစြမ္းကုန္ လုပ္ေဆာင္လ်က္ရွိပါတယ္။ ယေန႔မွာ Nubia က ၎တို႔ဟာ ၂၀၂၀ ခုႏွစ္အတြင္းမွာထြက္လာမယ့္ Nubia ဂိမ္းစမတ္ဖုန္းမွာ 144Hz Refresh Rate ပါဝင္လာမွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။ ယင္းဂိမ္းစမတ္ဖုန္းမွာ 144Hz Refresh Rate အျပင္ 90Hz (သို႔မဟုတ္) 120Hz Refresh Rate ကိုလည္းအသုံးျပဳလာႏိုင္ပါမယ္။

ဒါ့အျပင္ ယင္းဂိမ္းစမတ္ဖုန္းရဲ႕ အမည္ကိုလည္းသိခြင့္ရလာပါတယ္။ ယင္းဂိမ္းစမတ္ဖုန္းအမည္က Red Magic 5G Phone ျဖစ္လာမယ္လို႔ သိရပါတယ္။ ၂၀၂၀ ခုႏွစ္မွာ 5G စမတ္ဖုန္းမ်ားတြင္က်ယ္လာမႈနဲ႔အတူဂိမ္းစမတ္ဖုန္းျဖစ္တဲ့ Red Magic စမတ္ဖုန္းမွာ 5G ေထာက္ပံ့လာမႈကအံ့ဩစရာေတာ့ မဟုတ္ပါဘူး။

ယခုလအေစာပိုင္းတုန္းက Nubia CEO ျဖစ္တဲ့ နီေဖးက Nubia Red Magic 5G Phone မွာေက်ာဘက္ ကင္မရာသုံးလုံးပါဝင္လာမွာျဖစ္ၿပီး Snapdragon 865 SoC သုံးလာမွာျဖစ္ေၾကာင္းအတည္ျပဳထားၿပီး လည္းျဖစပါတယ္။ Snapdragon 865 SoC မွာ Snapdragon X55 Modem တပါတည္းပါဝင္ထားၿပီးျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)