Apple iPhone 7 Plus ကိုပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတည်း က စတင်ထုတ်လုပ်ပေးခဲ့တာဖြစ်ပေမယ့် ခုချိန်ထိ ဈေးကွက်ထဲက ဖုန်း တွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ရောင်းနေရဆဲပါပဲ။ Plus version ဖြစ်တာကြောင့် ဖုန်းကြီးကြီးကြိုက်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ သူ့ရဲ့ ဒီဇိုင်းပုံစံက ပါးပါးလွှာလွှာလေးနဲ့ ကိုင်တွယ်သုံးစွဲလို့ ကောင်းသလို အားလုံးသိကြတဲ့အတိုင်းပဲ iPhone တွေရဲ့ စွမ်းဆောင်ရည်ကလည်းပေးရတဲ့ ဈေးနှုန်းနဲ့ ထိုက်တန်မှုရှိတာကိုလည်း တွေ့ရပါတယ်။ ၎င်းက IP67 certified ရရှိထားလို့ ဖုန်ဒဏ်နဲ့ရေဒဏ်တွေကို ခံနိုင် ရည်ရှိပြီး ရေအနက် ၁ မီတာမှာလည်း မိနစ် ၃ဝ ကြာမျှ ဖုန်းအသုံးပြုနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 158.2 x 77.9 x 7.3 mm  ရှိပြီး အလေးချိန်က 188g လေးပါတယ်။ GSM, CDMA, HSPA, EVDO နဲ့ LTE networks တွေကိုထောက်ပံ့ထားပြီး Nano SIM card ကို ထည့်သွင်းသုံးစွဲနိုင်ပါတယ်။
မျက်နှာပြင်အကျယ်က 5.5-inch ရှိပြီး LED-backlit IPS LCD capacitive touchscreen Display က 1080 x 1920 pixels အရည်အသွေးရှိတဲ့ မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။ ဒါ့အပြင် multitouch စနစ်ကိုလည်း သုံးစွဲနိုင်ပြီး မျက်နှာပြင်ကို အကြမ်းခံ နိုင်အောင် Ion-strengthened glass နဲ့ oleophobic coating တွေကို ထပ်မံဖုံးအုပ်ကာကွယ် ထားပါတယ်။ အထဲမှာ hassel free user experience ကိုပေးစွမ်းနိုင်တဲ့ iOS 10.0.1 ကိုအသုံးပြုထားပြီး iOS 10.0.2 ကို လည်း ထပ်မံအဆင့်မြှင့်တင်နိုင်ပါတယ်။ ၎င်း OS က အခုလောလောဆယ်မှာတော့ ကမ္ဘာ့အကောင်းဆုံး mobile OS တစ်ခုဖြစ်ပြီး သုံးစွဲရတာ လွယ်ကူမြန်ဆန်အဆင်ပြေမှု အရှိဆုံးပါပဲ။
ဖုန်းလုံခြုံရေးပိုင်းကိုလည်း အထူးဦးစားပေးလုပ်ဆောင်ထားပြီး အကောင်းဆုံး Search Engine နဲ့ Home App တွေကို ထည့်သွင်းပေးထား ပါတယ်။ အရှေ့ဘက် home button မှာပါရှိတဲ့ fingerprint sensor ကလည်း တိကျလျင်မြန်မှုရှိပြီး စက္ကန့်ပိုင်း အတွင်းမှာ ဖုန်းကို unlock လုပ်ပေးနိုင်ပါတယ်။ အနောက်ကင်မရာက dual primary camera စနစ်ဖြစ်ပြီး 12 MP resolution ရှိပြီး Optical Zoom ၂ဆ၊ Digital Zoom ဆအထိ ဆွဲယူ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုတွေ ရိုက်မယ်ဆိုရင်တော့ Zoom ကို ၆ ဆ အထိ ဆွဲလို့ရပါတယ်။ ၎င်းကင်မရာက 4K  ဗီဒီယိုတွေကို ရိုက်ကူးနေစဉ် မှာပဲ 8MP ရှိတဲ့ ဓာတ်ပုံတွေကို တစ်ပြိုင်နက်တည်း ဖမ်းယူနိုင်ပါသေးတယ်။ အရှေ့ selfie ကင်မရာကတော့ 7 MP နဲ့ f/2.2 aperture စွမ်းအားတွေရှိတာကြောင့် အရည်အသွေးကောင်းတဲ့ selfie ဓာတ်ပုံတွေနဲ့ full HD ဗီဒီယိုတွေကိုလည်း ရိုက်ကူးနိုင်ပါသေးတယ်။
ဒါ့အပြင် FaceTime HD 7MP camera ကနေ FaceTime Video Calling စနစ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ Data တွေကို သိမ်းဆည်းဖို့အတွက် Internal memory 128 GB ပါရှိပါတယ်။ ကိုယ်ထည်ထဲမှာ သုံးထားတဲ့ Apple A10 Fusion မှာ high performance core 2 ခုနဲ့ high efficiency core ၂ ခုပါရှိတာမို့ အရင် ဖုန်းတွေထက် စွမ်းဆောင်ရည်ပိုမြင့်မားသလို ပိုပြီးလည်း သုံးစွဲလို့ကောင်း ပါတယ်။ ဒါ့အပြင် iPhone 7 Plus ရဲ့ အထူးကောင်းမွန်တဲ့ စက်စွမ်းဆောင်ရည်တွေကို Quad-core 2.34 GHz (2x Hurricane + 2x Zephyr) နဲ့  six cores graphics card ဖြစ်တဲ့ PowerVR Series7XT Plus တို့က ထောက်ပံ့ပေးထားလို့ အလွန့်အလွန်လျင်မြန်ကောင်းမွန်တဲ့ စက်လုပ်ဆောင်နိုင်စွမ်းတွေကို တွေ့ကြုံခံစားရမှာ ဖြစ်ပြီး ရုပ်ထွက်ကလည်း သဘာဝကျတဲ့ အရောင်အသွေးတွေနဲ့ အကြည်လင်အပြတ်သားဆုံးမြင်တွေ့ ခွင့်ရမှာပါ။ ၎င်းမှာ stereo စပီကာ ၂ ခုပါရှိလို့ အသံထွက်လည်း အထူးကောင်းမွန်တာကြောင့် ဂိမ်းကစားတာ တွေ၊ ရုပ်ရှင်ကြည့်တာတွေနဲ့ သီချင်းနားထောင်တာတွေကို စိတ်တိုင်းကျပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ ၎င်းကို ထုတ်လုပ်ပေးထားတဲ့ အရောင်တွေကတော့ဆိုတဲ့ Jet Black, Black, Silver, Gold, Rose Gold, Red အရောင် ၆ ရောင်ကိုထုတ်လုပ်ပေးထားပါတယ်။ ၎င်းအရောင်တွေထဲက Jet Black နဲ့ Red က ပိုမိုထူးခြားပြီး လူကြိုက်လည်း ပိုများတာကို တွေ့ရပါတယ်။
Battery Life
၎င်းမှာ Non-removable Li-Ion 2900 mAh battery (11.1 Wh) ကို ထည့်သွင်းထားလို့ ဖုန်းအားအပြည့် သွင်းထားရင် နာရီပေါင်း ၂၁ နာရီကြာမျှ ဖုန်းပြောဆိုနိုင်ပြီး သီချင်းတွေကို နာရီပေါင်း ၆ဝ ကျော်ဆက်တိုက် နားထောင် နိုင်ပါတယ်။
Design
၎င်းရဲ့တည်ဆောက်ပုံဒီဇိုင်းပုံစံက ပါးပါးလွှာလွှာလေးနဲ့ သေသပ်လှပမှုရှိတဲ့အပြင် အရောင်လေးဖြစ်တာမို့ ပေါ်လွင်ထင်ရှားပြီး ဆွဲဆောင်မှုလည်းရှိပါတယ်။ ကိုယ်ထည်တည်ဆောက်ဖို့သုံးထားတဲ့ 7000 Series Alluminium ကလည်း အထူးကောင်းမွန်တာကြောင့် တာရှည်အသုံးပြုနိုင်ပြီး အကြမ်းလည်းခံပါတယ်။
Processor
၎င်းမှာ RAM 3GB ပါရှိတဲ့ Apple A10 Fusion Chip, Quad-core 2.34 GHz (2x Hurricane + 2x Zephyr) processor နဲ့ PowerVR Series7XT Plus graphics card တို့က အကောင်းဆုံး စက်စွမ်းဆောင်ရည်တွေကို အပြည့်အဝ ထောက်ပံ့ထားလို့ နောက်ဆုံးပေါ် apps တွေနဲ့ဂိမ်းတွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ကစားနိုင်ပါတယ်။
Display and Camera
5.5-inch ကျယ်တဲ့ မျက်နှာပြင်ကို LED-backlit IPS LCD, capacitive touchscreen display နဲ့ပြုလုပ်ထားပြီး 1080 x 1920 pixels ရှိတဲ့ မြင်ကွင်း စွမ်းအားတွေကိုရရှိမှာပါ။  12 MP + 12 MP dual အနောက်ကင်မရာနဲ့ 7MP ရှိတဲ့ အရှေ့ selfie ကင်မရာတို့ကိုတပ်ဆင်ထားပြီး အလွန်အသုံးဝင်တဲ့ features တွေနဲ့ effects တွေလည်း အများကြီးပါရှိပါတယ်။
Verdict
iPhone 7 Plus ကတော့ ထုတ်လုပ်ခဲ့တာ ကြာပြီဖြစ်ပေမယ့် အခု အချိန်ထိဈေးကွက်ထဲမှာ ရှိနေပါသေးတယ်။ ဈေးနှုန်းသက်သက်သာသာနဲ့ iPhone Plus Version ကို ဝယ်ယူနိုင်ပြီး Specs တွေနဲ့ features ကလည်း ခုချိန်ထိ တစ်ခြားဖုန်းတွေနဲ့ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။
Specification
» Network : GSM/CDMA/HSPA/EVDO/LTE (Dual SIM)
» Weight : 188 g
» Display : 5.5″, Retina IPS LCD capacitive touchscreen
» Resolution : 1080 x 1920 pixels, 16:9 ratio (~401ppi)
» Dimensions : 158.2 x 77.9 x 7.3 mm
» Memory : 32GB, 3GB RAM
» Camera : Dual 12MP, f/1.8, 28mm(wide), PDAF, OIS 12MP, f/2.8, 56mm,1/3.6”, Quad-LED dual-tone flahs, HDR Selfie : 7MP, f/2.2, 32mm (standard)
» Connectivity : GPS, WLAN, Bluetooth 4.2, USB 2.0
» OS : iOS 10.0.1, upgradable to iOS 13.3
» Chipset : Apple A10 Fusion (16 nm) CPU : Quad-core 2.34GHz (2xHurricane + 2 x Zephyr Power VR Series 7XT Plus),  GPU : PowerVR Series 7XT Plus
» Sensor : Fingerprint (front-mounted), accelerometer, gyro
» Battery : Non-removable Li-Ion 3000mAh
» Price : 780,000 Ks
» Contact Phone : 09-785222888 ( Win Mobile World )

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

iPhone 7 Plus

Apple iPhone 7 Plus ကိုၿပီးခဲ့တဲ့ ၂ဝ၁၆ ခုႏွစ္ စက္တင္ဘာလတည္း က စတင္ထုတ္လုပ္ေပးခဲ့တာျဖစ္ေပမယ့္ ခုခ်ိန္ထိ ေဈးကြက္ထဲက ဖုန္း ေတြနဲ႔ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိၿပီး ေရာင္းေနရဆဲပါပဲ။ Plus version ျဖစ္တာေၾကာင့္ ဖုန္းႀကီးႀကီးႀကိဳက္တဲ့သူေတြအတြက္ အဆင္ေျပပါတယ္။ သူ႔ရဲ႕ ဒီဇိုင္းပုံစံက ပါးပါးလႊာလႊာေလးနဲ႔ ကိုင္တြယ္သုံးစြဲလို႔ ေကာင္းသလို အားလုံးသိၾကတဲ့အတိုင္းပဲ iPhone ေတြရဲ႕ စြမ္းေဆာင္ရည္ကလည္းေပးရတဲ့ ေဈးႏႈန္းနဲ႔ ထိုက္တန္မႈရွိတာကိုလည္း ေတြ႕ရပါတယ္။ ၎က IP67 certified ရရွိထားလို႔ ဖုန္ဒဏ္နဲ႔ေရဒဏ္ေတြကို ခံႏိုင္ ရည္ရွိၿပီး ေရအနက္ ၁ မီတာမွာလည္း မိနစ္ ၃ဝ ၾကာမွ် ဖုန္းအသုံးျပဳႏိုင္ပါတယ္။ ဖုန္းအ႐ြယ္အစားက 158.2 x 77.9 x 7.3 mm  ရွိၿပီး အေလးခ်ိန္က 188g ေလးပါတယ္။ GSM, CDMA, HSPA, EVDO နဲ႔ LTE networks ေတြကိုေထာက္ပံ့ထားၿပီး Nano SIM card ကို ထည့္သြင္းသုံးစြဲႏိုင္ပါတယ္။

မ်က္ႏွာျပင္အက်ယ္က 5.5-inch ရွိၿပီး LED-backlit IPS LCD capacitive touchscreen Display က 1080 x 1920 pixels အရည္အေသြးရွိတဲ့ ျမင္ကြင္းေတြကို ျပသေပးႏိုင္ပါတယ္။ ဒါ့အျပင္ multitouch စနစ္ကိုလည္း သုံးစြဲႏိုင္ၿပီး မ်က္ႏွာျပင္ကို အၾကမ္းခံ ႏိုင္ေအာင္ Ion-strengthened glass နဲ႔ oleophobic coating ေတြကို ထပ္မံဖုံးအုပ္ကာကြယ္ ထားပါတယ္။ အထဲမွာ hassel free user experience ကိုေပးစြမ္းႏိုင္တဲ့ iOS 10.0.1 ကိုအသုံးျပဳထားၿပီး iOS 10.0.2 ကို လည္း ထပ္မံအဆင့္ျမႇင့္တင္ႏိုင္ပါတယ္။ ၎ OS က အခုေလာေလာဆယ္မွာေတာ့ ကမာၻ႔အေကာင္းဆုံး mobile OS တစ္ခုျဖစ္ၿပီး သုံးစြဲရတာ လြယ္ကူျမန္ဆန္အဆင္ေျပမႈ အရွိဆုံးပါပဲ။

ဖုန္းလုံၿခဳံေရးပိုင္းကိုလည္း အထူးဦးစားေပးလုပ္ေဆာင္ထားၿပီး အေကာင္းဆုံး Search Engine နဲ႔ Home App ေတြကို ထည့္သြင္းေပးထား ပါတယ္။ အေရွ႕ဘက္ home button မွာပါရွိတဲ့ fingerprint sensor ကလည္း တိက်လ်င္ျမန္မႈရွိၿပီး စကၠန႔္ပိုင္း အတြင္းမွာ ဖုန္းကို unlock လုပ္ေပးႏိုင္ပါတယ္။ အေနာက္ကင္မရာက dual primary camera စနစ္ျဖစ္ၿပီး 12 MP resolution ရွိၿပီး Optical Zoom ၂ဆ၊ Digital Zoom ဆအထိ ဆြဲယူ ႐ိုက္ကူးႏိုင္ပါတယ္။ ဗီဒီယိုေတြ ႐ိုက္မယ္ဆိုရင္ေတာ့ Zoom ကို ၆ ဆ အထိ ဆြဲလို႔ရပါတယ္။ ၎ကင္မရာက 4K  ဗီဒီယိုေတြကို ႐ိုက္ကူးေနစဥ္ မွာပဲ 8MP ရွိတဲ့ ဓာတ္ပုံေတြကို တစ္ၿပိဳင္နက္တည္း ဖမ္းယူႏိုင္ပါေသးတယ္။ အေရွ႕ selfie ကင္မရာကေတာ့ 7 MP နဲ႔ f/2.2 aperture စြမ္းအားေတြရွိတာေၾကာင့္ အရည္အေသြးေကာင္းတဲ့ selfie ဓာတ္ပုံေတြနဲ႔ full HD ဗီဒီယိုေတြကိုလည္း ႐ိုက္ကူးႏိုင္ပါေသးတယ္။

ဒါ့အျပင္ FaceTime HD 7MP camera ကေန FaceTime Video Calling စနစ္ကိုလည္း အသုံးျပဳႏိုင္ပါတယ္။ Data ေတြကို သိမ္းဆည္းဖို႔အတြက္ Internal memory 128 GB ပါရွိပါတယ္။ ကိုယ္ထည္ထဲမွာ သုံးထားတဲ့ Apple A10 Fusion မွာ high performance core 2 ခုနဲ႔ high efficiency core ၂ ခုပါရွိတာမို႔ အရင္ ဖုန္းေတြထက္ စြမ္းေဆာင္ရည္ပိုျမင့္မားသလို ပိုၿပီးလည္း သုံးစြဲလို႔ေကာင္း ပါတယ္။ ဒါ့အျပင္ iPhone 7 Plus ရဲ႕ အထူးေကာင္းမြန္တဲ့ စက္စြမ္းေဆာင္ရည္ေတြကို Quad-core 2.34 GHz (2x Hurricane + 2x Zephyr) နဲ႔  six cores graphics card ျဖစ္တဲ့ PowerVR Series7XT Plus တို႔က ေထာက္ပံ့ေပးထားလို႔ အလြန႔္အလြန္လ်င္ျမန္ေကာင္းမြန္တဲ့ စက္လုပ္ေဆာင္ႏိုင္စြမ္းေတြကို ေတြ႕ႀကဳံခံစားရမွာ ျဖစ္ၿပီး ႐ုပ္ထြက္ကလည္း သဘာဝက်တဲ့ အေရာင္အေသြးေတြနဲ႔ အၾကည္လင္အျပတ္သားဆုံးျမင္ေတြ႕ ခြင့္ရမွာပါ။ ၎မွာ stereo စပီကာ ၂ ခုပါရွိလို႔ အသံထြက္လည္း အထူးေကာင္းမြန္တာေၾကာင့္ ဂိမ္းကစားတာ ေတြ၊ ႐ုပ္ရွင္ၾကည့္တာေတြနဲ႔ သီခ်င္းနားေထာင္တာေတြကို စိတ္တိုင္းက်ျပဳလုပ္ႏိုင္မွာပဲျဖစ္ပါတယ္။ ၎ကို ထုတ္လုပ္ေပးထားတဲ့ အေရာင္ေတြကေတာ့ဆိုတဲ့ Jet Black, Black, Silver, Gold, Rose Gold, Red အေရာင္ ၆ ေရာင္ကိုထုတ္လုပ္ေပးထားပါတယ္။ ၎အေရာင္ေတြထဲက Jet Black နဲ႔ Red က ပိုမိုထူးျခားၿပီး လူႀကိဳက္လည္း ပိုမ်ားတာကို ေတြ႕ရပါတယ္။

Battery Life

၎မွာ Non-removable Li-Ion 2900 mAh battery (11.1 Wh) ကို ထည့္သြင္းထားလို႔ ဖုန္းအားအျပည့္ သြင္းထားရင္ နာရီေပါင္း ၂၁ နာရီၾကာမွ် ဖုန္းေျပာဆိုႏိုင္ၿပီး သီခ်င္းေတြကို နာရီေပါင္း ၆ဝ ေက်ာ္ဆက္တိုက္ နားေထာင္ ႏိုင္ပါတယ္။

Design

၎ရဲ႕တည္ေဆာက္ပုံဒီဇိုင္းပုံစံက ပါးပါးလႊာလႊာေလးနဲ႔ ေသသပ္လွပမႈရွိတဲ့အျပင္ အေရာင္ေလးျဖစ္တာမို႔ ေပၚလြင္ထင္ရွားၿပီး ဆြဲေဆာင္မႈလည္းရွိပါတယ္။ ကိုယ္ထည္တည္ေဆာက္ဖို႔သုံးထားတဲ့ 7000 Series Alluminium ကလည္း အထူးေကာင္းမြန္တာေၾကာင့္ တာရွည္အသုံးျပဳႏိုင္ၿပီး အၾကမ္းလည္းခံပါတယ္။

Processor

၎မွာ RAM 3GB ပါရွိတဲ့ Apple A10 Fusion Chip, Quad-core 2.34 GHz (2x Hurricane + 2x Zephyr) processor နဲ႔ PowerVR Series7XT Plus graphics card တို႔က အေကာင္းဆုံး စက္စြမ္းေဆာင္ရည္ေတြကို အျပည့္အဝ ေထာက္ပံ့ထားလို႔ ေနာက္ဆုံးေပၚ apps ေတြနဲ႔ဂိမ္းေတြကို ႐ုပ္ထြက္ေကာင္းေကာင္းနဲ႔ ကစားႏိုင္ပါတယ္။

Display and Camera

5.5-inch က်ယ္တဲ့ မ်က္ႏွာျပင္ကို LED-backlit IPS LCD, capacitive touchscreen display နဲ႔ျပဳလုပ္ထားၿပီး 1080 x 1920 pixels ရွိတဲ့ ျမင္ကြင္း စြမ္းအားေတြကိုရရွိမွာပါ။  12 MP + 12 MP dual အေနာက္ကင္မရာနဲ႔ 7MP ရွိတဲ့ အေရွ႕ selfie ကင္မရာတို႔ကိုတပ္ဆင္ထားၿပီး အလြန္အသုံးဝင္တဲ့ features ေတြနဲ႔ effects ေတြလည္း အမ်ားႀကီးပါရွိပါတယ္။

Verdict

iPhone 7 Plus ကေတာ့ ထုတ္လုပ္ခဲ့တာ ၾကာၿပီျဖစ္ေပမယ့္ အခု အခ်ိန္ထိေဈးကြက္ထဲမွာ ရွိေနပါေသးတယ္။ ေဈးႏႈန္းသက္သက္သာသာနဲ႔ iPhone Plus Version ကို ဝယ္ယူႏိုင္ၿပီး Specs ေတြနဲ႔ features ကလည္း ခုခ်ိန္ထိ တစ္ျခားဖုန္းေတြနဲ႔ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိပါတယ္။

Specification

» Network : GSM/CDMA/HSPA/EVDO/LTE (Dual SIM)
» Weight : 188 g
» Display : 5.5″, Retina IPS LCD capacitive touchscreen
» Resolution : 1080 x 1920 pixels, 16:9 ratio (~401ppi)
» Dimensions : 158.2 x 77.9 x 7.3 mm
» Memory : 32GB, 3GB RAM
» Camera : Dual 12MP, f/1.8, 28mm(wide), PDAF, OIS 12MP, f/2.8, 56mm,1/3.6”, Quad-LED dual-tone flahs, HDR Selfie : 7MP, f/2.2, 32mm (standard)
» Connectivity : GPS, WLAN, Bluetooth 4.2, USB 2.0
» OS : iOS 10.0.1, upgradable to iOS 13.3
» Chipset : Apple A10 Fusion (16 nm) CPU : Quad-core 2.34GHz (2xHurricane + 2 x Zephyr Power VR Series 7XT Plus),  GPU : PowerVR Series 7XT Plus
» Sensor : Fingerprint (front-mounted), accelerometer, gyro
» Battery : Non-removable Li-Ion 3000mAh
» Price : 780,000 Ks
» Contact Phone : 09-785222888 ( Win Mobile World )

NetGuide Journal (Every Wednesday)