Apple Inc, ဟာ နည်းပညာခိုးယူသုံးစွဲတယ်ဆိုပြီး Masimo Corp ရဲ့ စွပ်စွဲခြင်း ခံနေရပါတယ်။ Masimo Corp က Apple ဟာ Apple Watch မှာ သုံးနေတဲ့ Health Monitoring System များက သူတို့ရဲ့ နည်းပညာဖြစ်ကြောင်း စွပ်စွဲထားတာ ဖြစ်ပါတယ်။

Masimo က ကျန်းမာရေးနှင့်သက်ဆိုင်တဲ့ Signal Processing Technology ပိုင်းမှာ နာမည်ကြီးတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ယခု ၎င်းတို့က ပိုင်ဆိုင်တဲ့ Cercacor Laboratories ဟာ သူတို့ရဲ့နည်းပညာကို Apple က ခိုးယူသုံးစွဲထားတယ်ဆိုပြီး စွပ်စွဲလာတာ ဖြစ်ပါတယ်။

မကြာသေးမီတုန်းက Apple ဟာ ယင်းကုမ္ပဏီကို စီးပွားရေးဆိုင်ရာ Partner အဖြစ် ပူးပေါင်းဖို့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ယင်းသို့မဟုတ်ဘဲ Masimo မှ ထိပ်သီးကျွမ်းကျင်သူများကို ခန့်အပ်ဖို့ ကြိုးစားတာ ဖြစ်နေပါတယ်။

ဒါကြောင့်လည်း Masimo နှင့် Cercacor Laboratories တို့ဟာ Apple ကို တရားစွဲဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ၎င်းတို့ဟာ Apple ထံမှ နည်းပညာမူပိုင်ခွင့်ချိုးဖောက်မှုအတွက် ဘယ်လောက်အထိ နစ်နာကြေး တောင်းဆိုထားသလဲဆိုတာကိုတော့ မသိရသေးပါဘူး။ အခြားတစ်ဖက်မှာ Apple ကလည်း ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

Masimo နှင့် Cercacor Laboratories တို့ဟာ Apple Watch များမှာ သုံးနေတဲ့ ကျန်းမာရေးဆိုင်ရာစောင့်ကြည့်မှုနည်းပညာများအား တရားရုံးရဲ့ ဆုံးဖြတ်ချက်မချခင်အတွင်း နောက်ထပ် မသုံးဖို့ လျှောက်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် Apple အနေဖြင့် ယခုနှစ်နှောင်းပိုင်းမှာ ထွက်လာမယ့် Apple Watch 6 မတိုင်ခင် Masimo နှင့် Cercacor Laboratories တို့နှင့် သဘောတူညီမှု ရရှိဖို့ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Health Monitoring နည္းပညာကို ခိုးယူသုံးစြဲထားေၾကာင့္ Apple စြပ္စြဲခံရ

Apple Inc, ဟာ နည္းပညာခိုးယူသုံးစြဲတယ္ဆိုၿပီး Masimo Corp ရဲ့ စြပ္စြဲျခင္း ခံေနရပါတယ္။ Masimo Corp က Apple ဟာ Apple Watch မွာ သုံးေနတဲ့ Health Monitoring System မ်ားက သူတို႔ရဲ့ နည္းပညာျဖစ္ေၾကာင္း စြပ္စြဲထားတာ ျဖစ္ပါတယ္။

Masimo က က်န္းမာေရးႏွင့္သက္ဆိုင္တဲ့ Signal Processing Technology ပိုင္းမွာ နာမည္ႀကီးတဲ့ ကုမၸဏီတစ္ခု ျဖစ္ပါတယ္။ ယခု ၎တို႔က ပိုင္ဆိုင္တဲ့ Cercacor Laboratories ဟာ သူတို႔ရဲ့နည္းပညာကို Apple က ခိုးယူသုံးစြဲထားတယ္ဆိုၿပီး စြပ္စြဲလာတာ ျဖစ္ပါတယ္။

မၾကာေသးမီတုန္းက Apple ဟာ ယင္းကုမၸဏီကို စီးပြားေရးဆိုင္ရာ Partner အျဖစ္ ပူးေပါင္းဖို႔ ကမ္းလွမ္းခဲ့တယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ ယင္းသို႔မဟုတ္ဘဲ Masimo မွ ထိပ္သီးကၽြမ္းက်င္သူမ်ားကို ခန႔္အပ္ဖို႔ ႀကိဳးစားတာ ျဖစ္ေနပါတယ္။

ဒါေၾကာင့္လည္း Masimo ႏွင့္ Cercacor Laboratories တို႔ဟာ Apple ကို တရားစြဲဖို႔ လုပ္ေဆာင္လာတာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ၎တို႔ဟာ Apple ထံမွ နည္းပညာမူပိုင္ခြင့္ခ်ိဳးေဖာက္မွုအတြက္ ဘယ္ေလာက္အထိ နစ္နာေၾကး ေတာင္းဆိုထားသလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။ အျခားတစ္ဖက္မွာ Apple ကလည္း ယခုျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး တစ္စုံတစ္ရာ မွတ္ခ်က္ေပးျခင္း မရွိေသးပါဘူး။

Masimo ႏွင့္ Cercacor Laboratories တို႔ဟာ Apple Watch မ်ားမွာ သုံးေနတဲ့ က်န္းမာေရးဆိုင္ရာေစာင့္ၾကည့္မွုနည္းပညာမ်ားအား တရား႐ုံးရဲ့ ဆုံးျဖတ္ခ်က္မခ်ခင္အတြင္း ေနာက္ထပ္ မသုံးဖို႔ ေလၽွာက္ထားတာ ေတြ႕ရပါတယ္။ ဒါေၾကာင့္ Apple အေနျဖင့္ ယခုႏွစ္ေႏွာင္းပိုင္းမွာ ထြက္လာမယ့္ Apple Watch 6 မတိုင္ခင္ Masimo ႏွင့္ Cercacor Laboratories တို႔ႏွင့္ သေဘာတူညီမွု ရရွိဖို႔ လုပ္ေဆာင္သြားရမွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)