Fortnite ဂိမ်းမှာ အလွန်နာမည်ကြီးတဲ့ ဂိမ်ကစားသမား Ninja ဟာ နာမည်ကြီးဂိမ်း Fortnite မှာ အလွန်စိတ်ညစ်စရာကောင်းတဲ့ ဂိမ်းဖြစ်လာကြောင်း ပြောကြားလာပါတယ်။ သူဟာ နောက်ပိုင်း Fortnite Game Live လွှင့်တဲ့အခါ ဂိမ်းက အလွန် Lags ပြီး စိတ်ပျက်စရာကောင်းလာကြောင်း ဝေဖန်လာခဲ့တာ ဖြစ်ပါတယ်။

၎င်းက “ ငါ့ဂိမ်း ဘာလို့ ဒီလောက်တောင် အေးခဲလေးပင်နေရတာလဲ။ အရမ်းစိတ်ပျက်နေပါပြီ။ Fortnite ကတော့ တဖြည်းဖြည်း မဟုတ်တော့ဘူး။ Devlops တွေလည်း မရှိတော့ဘူး။ ဂိမ်းကိုလည်း Update မလုပ်တော့ပါဘူး။ Update မလုပ်တော့ ဂိမ်းကလည်း လေးသထက် လေးနေတယ် ” လို့ ပြောကြားသွားပါတယ်။

Fortnite ဟာ နောက်ပိုင်းမှာ Frames-Per-Second (FPS) ကျဆင်းလာခဲ့တာ တွေ့ရပါတယ်။

Ninja က ယင်းသို့ ဝေဖန်နေမှုအပေါ် အခြား Fortnite ဂိမ်းကစားသမားများကလည်း ထောက်ခံလျက် ရှိပါတယ်။ Fortnite ဟာ ဂိမ်းအလွန် Lags မှုကြောင့် ဝေဖန်မှုများ အပြင်းအထန်ခံရပြီးနောက် Update ပေးဖို့ လုပ်ဆောင်နေပါတယ်။ ၎င်းတို့ဟာ ယခုရက်ပိုင်းအတွင်းမှာ Update ပေးလာမယ်လို့ သတင်းထွက်နေပါတယ်။ ဒါကို အတည်တော့ မပြုနိုင်သေးပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Fortnite ဂိမ်းမှာ ပျော်စရာမကောင်းတော့ဘဲ စိတ်ညစ်စရာကောင်းလာကြောင်း Fortnite စတား Ninja ပြောကြား




