Bastion ဟာ action role-playing ဗီဒီယိုဂိမ်းဖြစ်ပြီး ခံတပ်တည်ဆောက်ဖို့အတွက် အထူးကျောက်စရစ်ခဲတွေ လိုက်ရှာတဲ့ ဇာတ်ကောင်နေရာကနေ ကစားရမှာ ဖြစ်ပါတယ်။ Level တစ်ခုစီမှာ ရန်သူအမျိုးမျိုးနဲ့ ရင်ဆိုင်တိုက်ခိုက်ကာ အသက်ရှင်လွတ်မြောက်အောင် ကြိုးစားရင်း Cores တွေ ရှာဖွေဖို့အတွက် တစစနဲ့ ပြိုလဲပျက်စီးနေတဲ့ တည်နေရာတွေအတွင်း စူးစမ်းရှာဖွေမှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Level တွေကြားထဲမှာ Bastion ခံတပ်ကိုပြန်ပြီး fragment လို့ခေါ်တဲ့ ငွေကြေးတွေကို အသုံးပြုကာ လက်နက်တွေ အဆင့်မြှင့်တင်တာ၊ နောက်ထပ် item တွေ unlock လုပ်တာတို့ လုပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် အဲဒီ item တွေကို ခံတပ်အတွင်းတည်ရှိတဲ့ အဆောက်အအုံတွေမှာ အသုံးပြုနိုင်ပါတယ်။ လက်နက် 2 ခု ကိုင်ဆောင်ပြီး ရန်သူကို တိုက်ခိုက်နိုင်သလို special attack တွေ အသုံးပြုပြီးလည်း တိုက်ခိုက်နိုင်ပါတယ်။ Special attack တွေကို အကြိမ်ရေအကန့်အသတ်နဲ့သာ အသုံးပြုနိုင်မှာပါ။ ဇာတ်ကောင်ရဲ့အခြေအနေကို တိုင်းတာပေးတဲ့ health bar ကိုလည်း သတိထားဖို့လိုအပ်ပြီး health tonics တွေရအောင်ရှာကာ ပြန်ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ မြို့တွေ၊ သစ်တောတွေ၊ စိမ့်မြေတွေ အပါအဝင် သဘာဝပတ်ဝန်းကျင်အမျိုးမျိုးနဲ့ ဂိမ်းမြေပုံ ဖန်တီးပေးထားပါတယ်။ iOS 9.0 နဲ့အထက်မှာ ကစားနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Bastion

Bastion ဟာ action role-playing ဗီဒီယိုဂိမ္းျဖစ္ၿပီး ခံတပ္တည္ေဆာက္ဖုိ႔အတြက္ အထူးေက်ာက္စရစ္ခဲေတြ လိုက္ရွာတဲ့ ဇာတ္ေကာင္ေနရာကေန ကစားရမွာ ျဖစ္ပါတယ္။ Level တစ္ခုစီမွာ ရန္သူအမ်ိဳးမ်ိဳးနဲ႔ ရင္ဆိုင္တိုက္ခိုက္ကာ အသက္ရွင္လြတ္ေျမာက္ေအာင္ ႀကိဳးစားရင္း Cores ေတြ ရွာေဖြဖို႔အတြက္ တစစနဲ႔ ၿပိဳလဲပ်က္စီးေနတဲ့ တည္ေနရာေတြအတြင္း စူးစမ္းရွာေဖြမႈ ျပဳလုပ္ရမွာ ျဖစ္ပါတယ္။ Level ေတြၾကားထဲမွာ Bastion ခံတပ္ကိုျပန္ၿပီး fragment လု႔ိေခၚတဲ့ ေငြေၾကးေတြကို အသံုးျပဳကာ လက္နက္ေတြ အဆင့္ျမႇင့္တင္တာ၊ ေနာက္ထပ္ item ေတြ unlock လုပ္တာတို႔ လုပ္ရမွာ ျဖစ္ပါတယ္။ ၿပီးရင္ အဲဒီ item ေတြကို ခံတပ္အတြင္းတည္ရွိတဲ့ အေဆာက္အအံုေတြမွာ အသံုးျပဳႏိုင္ပါတယ္။ လက္နက္ 2 ခု ကိုင္ေဆာင္ၿပီး ရန္သူကို တိုက္ခိုက္ႏိုင္သလုိ special attack ေတြ အသံုးျပဳၿပီးလည္း တိုက္ခိုက္ႏိုင္ပါတယ္။ Special attack ေတြကို အႀကိမ္ေရအကန္႔အသတ္နဲ႔သာ အသံုးျပဳႏိုင္မွာပါ။ ဇာတ္ေကာင္ရဲ႕အေျခအေနကို တိုင္းတာေပးတဲ့ health bar ကိုလည္း သတိထားဖုိ႔လိုအပ္ၿပီး health tonics ေတြရေအာင္ရွာကာ ျပန္ျဖည့္ေပးရမွာ ျဖစ္ပါတယ္။ ၿမိဳ႕ေတြ၊ သစ္ေတာေတြ၊ စိမ့္ေျမေတြ အပါအဝင္ သဘာဝပတ္ဝန္းက်င္အမ်ိဳးမ်ိဳးနဲ႔ ဂိမ္းေျမပံု ဖန္တီးေပးထားပါတယ္။ iOS 9.0 နဲ႔အထက္မွာ ကစားႏိုင္ပါတယ္။

NetGuide Journal (Every Wednesday)