အသစ်ထွက်ပေါ်လာတဲ့ သတင်းအရ အမေရိကန်ပြည်နယ်တစ်ခုမှာ အသက် 21 နှစ်အောက် လူများအား စမတ်ဖုန်းအသုံးပြုခွင့်ပိတ်ပင်ရန် လုပ်ဆောင်နေကြောင်း သိရပါတယ်။ State of Vermont မှာ ဒီမိုကရက်တစ်အမတ် ဂျွန်ရော်ဂျာက အသက် 21 နှစ်ရှိ လူများအား စမတ်ဖုန်းအသုံးပြုခွင့်ပိတ်ပင်တဲ့ ဥပဒေပြဌာန်းဖို့ လွတ်တော်မှာ လျှောက်ထားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပြည်နယ်အစိုးရကလည်း အသက် 21 နှစ်အောက် လူများက စမတ်ဖုန်းသုံးဖို့ ရင့်ကျက်ခြင်းမရှိဘူးလို့ လက်ခံထားကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံမှာ လူငယ်အများစုသေဆုံးရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ စမတ်ဖုန်းအသုံးပြုမှုကြောင့် ယာဉ်တိုက်မှုဖြစ်ကာ သေဆုံးမှုမြင့်မားလာခြင်း၊ အွန်လိုင်းတွင် အနိုင်ကျင့်ရေးသားမှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေမှု များပြားလာခြင်းတို့က ပါ၀င်နေပါတယ်။

ဒါ့အပြင် State Of Vermont မှာ စမတ်ဖုန်းအသုံးပြုပြီး ကားမောင်းပါက ဒေါ်လာ 1000 အထိ ဒဏ်ရိုက်ပြီး အသက် 21 နှစ်အောက် လူငယ်ဖြစ်ပါက ထောင်ဒဏ် 1 နှစ်အထိ ချမှတ်ခြင်းအထိ အရေးယူနိုင်တဲ့ ဥပဒေပြဌာန်းဖို့ တိုက်တွန်းထားပါတယ်။ အခြားတစ်ဖက်မှာ အသက် 21 နှစ်အောက် လူငယ်များအား ဆေးလိပ်၊ အရက်သောက်ခြင်းကိုလည်း အပြင်းအထန်ပိတ်ပင်အရေးယူဖို့ တိုက်တွန်းထားပါသေးတယ်။

လက်ရှိအချိန်မှာ အထက်ပါဥပဒေကို လွတ်တော်က အတည်မပြုသေးပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

အသက္ 21 ႏွစ္ေအာက္ လူမ်ားအား စမတ္ဖုန္းအသုံးျပဳခြင့္ပိတ္ပင္လာနိုင္တဲ့ အေမရိကန္

အသစ္ထြက္ေပၚလာတဲ့ သတင္းအရ အေမရိကန္ျပည္နယ္တစ္ခုမွာ အသက္ 21 ႏွစ္ေအာက္ လူမ်ားအား စမတ္ဖုန္းအသုံးျပဳခြင့္ပိတ္ပင္ရန္ လုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။ State of Vermont မွာ ဒီမိုကရက္တစ္အမတ္ ဂၽြန္ေရာ္ဂ်ာက အသက္ 21 ႏွစ္ရွိ လူမ်ားအား စမတ္ဖုန္းအသုံးျပဳခြင့္ပိတ္ပင္တဲ့ ဥပေဒျပဌာန္းဖို႔ လြတ္ေတာ္မွာ ေလၽွာက္ထားခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ျပည္နယ္အစိုးရကလည္း အသက္ 21 ႏွစ္ေအာက္ လူမ်ားက စမတ္ဖုန္းသုံးဖို႔ ရင့္က်က္ျခင္းမရွိဘူးလို႔ လက္ခံထားေၾကာင္း သိရပါတယ္။

အေမရိကန္နိုင္ငံမွာ လူငယ္အမ်ားစုေသဆုံးရတဲ့ အဓိကအေၾကာင္းအရင္းေတြထဲမွာ စမတ္ဖုန္းအသုံးျပဳမွုေၾကာင့္ ယာဥ္တိုက္မွုျဖစ္ကာ ေသဆုံးမွုျမင့္မားလာျခင္း၊ အြန္လိုင္းတြင္ အနိုင္က်င့္ေရးသားမွုေၾကာင့္ ကိုယ့္ကိုယ္ကို သတ္ေသမွု မ်ားျပားလာျခင္းတို႔က ပါ၀င္ေနပါတယ္။

ဒါ့အျပင္ State Of Vermont မွာ စမတ္ဖုန္းအသုံးျပဳၿပီး ကားေမာင္းပါက ေဒၚလာ 1000 အထိ ဒဏ္ရိုက္ၿပီး အသက္ 21 ႏွစ္ေအာက္ လူငယ္ျဖစ္ပါက ေထာင္ဒဏ္ 1 ႏွစ္အထိ ခ်မွတ္ျခင္းအထိ အေရးယူနိုင္တဲ့ ဥပေဒျပဌာန္းဖို႔ တိုက္တြန္းထားပါတယ္။ အျခားတစ္ဖက္မွာ အသက္ 21 ႏွစ္ေအာက္ လူငယ္မ်ားအား ေဆးလိပ္၊ အရက္ေသာက္ျခင္းကိုလည္း အျပင္းအထန္ပိတ္ပင္အေရးယူဖို႔ တိုက္တြန္းထားပါေသးတယ္။

လက္ရွိအခ်ိန္မွာ အထက္ပါဥပေဒကို လြတ္ေတာ္က အတည္မျပဳေသးပါဘူး။

NetGuide Journal (Every Wednesday)