မေး – မင်္ဂလာပါခင်ဗျာ။ ကျွန်တော့်ဖုန်းက Sim Card ကို ထည့်ထားပေမယ့်လည်း လိုင်းမတက်ဘူးဖြစ်နေလို့ပါ။ အဲ့ဒါက ဘာကြောင့်ပါလဲခင်ဗျာ။ ပြန်ပြုပြင်လို့ရော ရနိုင်ပါသလားခင်ဗျာ။
ဖြေ – ဟုတ်ကဲ့ပါ။ ပြန်ပြုပြင်လို့ရနိုင်ပါတယ်။ Sim Card ကို ထည့်ထားပေမယ့်လည်း လိုင်းမတက်ဘူးဆိုတဲ့ အနေအထားမှာ အကောင်းဆုံးကတော့ နီးစပ်ရာ Phone Service ဆိုင်မှာပြကြည့်တာ ဒါမှမဟုတ် စစ်ဆေးခိုင်းကြည့်တာတို့လုပ်ဖို့ အကြံပြုပါရစေခင်ဗျာ။ ပြန်ပြုပြင်လို့ ရနိုင်ပါတယ်ခင်ဗျာ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက Samsung J7 ဖုန်းလေးပါ။ Version မြှင့်ရမယ်ပြောလို့ ကိုယ်တိုင်မြှင့်လို့ ရနိုင်ပါသလားခင်ဗျာ။
ဖြေ – ဟုတ်ကဲ့ပါ။ ကိုယ်တိုင်မြှင့်လို့လည်း ရပါတယ်ခင်ဗျာ။ Internet ချိတ်ဆက်ထားရင်တော့ ဖုန်းက Update တောင်းနေတဲ့အချိန်မှာ မြှင့်ပေးလိုက်ပါခင်ဗျာ။

မေး – ဖုန်းတွေကို Virus ဝင်၊ မဝင် ဘယ်လိုသိရှိနိုင်ပါသလဲခင်ဗျာ။ ဖြေကြားပေးပါဦး အစ်ကိုရေ။
ဖြေ – ဟုတ်ကဲ့ပါခင်ဗျာ။ ဖုန်းထဲကို Virus စဝင်ပြီဆိုရင် Unfortunately Force Stop စသဖြင့် စာတန်းတွေ တက်လာပြီးတော့ ဖုန်းထဲက ဘယ် Application ကိုနှိပ်နှိပ် ပြန်ထွက်သွားတာတို့ Wifi တွေ Mobile Internet တွေ Auto ဖွင့်ပြီး Application တွေ Download ဆွဲနေတာမျိုးတွေဖြစ်နေရင် Virus ဝင်နေတာ သိသာနေပါပြီ။ အနီးစပ်ဆုံးဆိုင်ကိုသွားပြီးတော့ Software ပြန်တင်လိုက်ရင် ကောင်းနိုင်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ဖုန်းတွေကတော့ Software ပိုင်း Security မြင့်လာတဲ့အတွက် Virus ကိုက်တာကို သိပ်မတွေ့ရတော့ပါဘူးခင်ဗျာ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းက Game ကစားတဲ့အခါမှာ အပြင်ကို ထွက်ထွက်သွားလို့ပါ။ ဘာဖြစ်လို့ပါလဲခင်ဗျာ။
ဖြေ – ဟုတ်ကဲ့။ မင်္ဂလာပါခင်ဗျာ။ အခုခေတ် Game တွေက File Size တွေ အရမ်းကြီးလာတဲ့အတွက် ဖုန်းမှာပါဝင်တဲ့ Memory နဲ့ မမျှတော့တဲ့ အခါမျိုးတွေမှာ အခုလို ပြန်ထွက်ထွက်သွားတာမျိုးတွေ ဖြစ်တတ်သလို Game ရဲ့ Version နဲ့ စက်မကိုက်ရင်လည်း အခုလို ပြန်ထွက်ထွက်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်ခင်ဗျာ။ အစ်ကို့ဖုန်းက Memory များရင်တော့ ဖုန်းနဲ့ကိုက်ညီတဲ့ Game Version ကို ထည့်လိုက်ရင် အဆင်ပြေနိုင်ပါတယ်ခင်ဗျာ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းရဲ့ ခလုတ်လေးတွေက ကျွံနေလို့ပါခင်ဗျာ။ ပြန်ပြုပြင်လို့ရော ရနိုင်ပါသလား။
ဖြေ – ဟုတ်ကဲ့ပါ။ ရနိုင်ပါတယ်ခင်ဗျာ။ နီးစပ်ရာ Phone Service ဆိုင်မှာ သွားရောက်ပြုပြင်နိုင်ပါတယ်ခင်ဗျာ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းလေးရဲ့ Password ကို မေ့သွားလို့ပါခင်ဗျာ။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။
ဖြေ – ဟုတ်ကဲ့ပါ။ အခုနောက်ပိုင်းဖုန်းတွေဟာ Security မြင့်လာတဲ့အတွက် ကိုယ်တိုင် Password ဖျက်လို့မရတော့တာ များပါတယ်ခင်ဗျာ။ အကောင်းဆုံးကတော့ Service ဆိုင်တွေမှာပဲ အပ်ပြီးဖျက်ခိုင်းတာက ကောင်းပါတယ်ခင်ဗျာ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းရဲ့ စာလုံး Font တွေက ပုံမှန်မဟုတ်ဘဲ တစ်ခုနဲ့တစ်ခုကို ထပ်ထပ်နေလို့ပါခင်ဗျာ။ အဲ့ဒါက ဘာကြောင့်ပါလဲခင်ဗျာ။ ဖြေကြားပေးပါဦးအစ်ကိုရေ။
ဖြေ – ဟုတ်ကဲ့ပါ။ Font စာလုံးတွေ ထပ်နေတယ်ဆိုတာက ဖုန်းနဲ့ထည့်ထားတဲ့ Font မကိုက်လို့ ဖြစ်နိုင်ပါတယ်ခင်ဗျာ။ နီးစပ်ရာ Phone Service ဆိုင်တွေကိုသွားပြီး အစ်ကို့ဖုန်းနဲ့ကိုက်ညီတဲ့ Font ထည့်ခိုင်းလိုက်ရင် အဆင်ပြေပါမယ်ခင်ဗျာ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက Samsung ဖုန်းလေးပါ။ Software Update တင်လိုက်ပြီးတော့ Logo ပြန်တက်လာပါတယ်။ ဒါပေမဲ့ Email တွေကို တောင်းနေလို့ပါ။ ရှေ့ဆက်လို့မရဘူး ဖြစ်နေပါတယ်။ အဲ့ဒါက ဘာဖြစ်လို့ပါလဲခင်ဗျာ။
ဖြေ – ဟုတ်ကဲ့ပါ။ ဖုန်းထဲမှာ Email အကောင့် ဝင်ထားမိလို့ပါခင်ဗျာ။ Account နဲ့ Password ကို မှတ်မိရင်တော့ Account နဲ့ Password ကို ရိုက်ထည့်ပေးလိုက်တာနဲ့ ရသွားပါမယ်ခင်ဗျာ။ Account နဲ့ Password ကို မသိဘူးဆိုရင်တော့ နီးစပ်ရာ Phone Service ဆိုင်တွေမှာ သွားရောက်ကျော်ခိုင်းမှပဲ ရပါမယ်ခင်ဗျာ။ ကိုယ်ကိုယ်တိုင်ကျော်ဖို့ကတော့ လုပ်ရမယ့်အဆင့်တွေများတဲ့အတွက် အဆင်မပြေလို့ပါခင်ဗျာ။

KSW Mobile ဖုန်းအမျိုးမျိုးပြုပြင်ရေးနှင့် ပြုပြင်နည်းသင်တန်းကျောင်း (မန္တလေးမြို့) ဖုန်း – 09-442288409 မှ ပံ့ပိုးကူညီသည်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာျပႆနာမ်ား

ေမး – မဂၤလာပါခင္ဗ်ာ။ ကြၽန္ေတာ့္ဖုန္းက Sim Card ကို ထည့္ထားေပမယ့္လည္း လိုင္းမတက္ဘူးျဖစ္ေနလို႔ပါ။ အဲ့ဒါက ဘာေၾကာင့္ပါလဲခင္ဗ်ာ။ ျပန္ျပဳျပင္လို႔ေရာ ရႏိုင္ပါသလားခင္ဗ်ာ။
ေျဖ – ဟုတ္ကဲ့ပါ။ ျပန္ျပဳျပင္လို႔ရႏိုင္ပါတယ္။ Sim Card ကို ထည့္ထားေပမယ့္လည္း လိုင္းမတက္ဘူးဆိုတဲ့ အေနအထားမွာ အေကာင္းဆံုးကေတာ့ နီးစပ္ရာ Phone Service ဆိုင္မွာျပၾကည့္တာ ဒါမွမဟုတ္ စစ္ေဆးခိုင္းၾကည့္တာတုိ႔လုပ္ဖို႔ အႀကံျပဳပါရေစခင္ဗ်ာ။ ျပန္ျပဳျပင္လို႔ ရႏိုင္ပါတယ္ခင္ဗ်ာ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက Samsung J7 ဖုန္းေလးပါ။ Version ျမႇင့္ရမယ္ေျပာလို႔ ကိုယ္တိုင္ျမႇင့္လို႔ ရႏိုင္ပါသလားခင္ဗ်ာ။
ေျဖ – ဟုတ္ကဲ့ပါ။ ကိုယ္တိုင္ျမႇင့္လို႔လည္း ရပါတယ္ခင္ဗ်ာ။ Internet ခ်ိတ္ဆက္ထားရင္ေတာ့ ဖုန္းက Update ေတာင္းေနတဲ့အခ်ိန္မွာ ျမႇင့္ေပးလိုက္ပါခင္ဗ်ာ။

ေမး – ဖုန္းေတြကို Virus ဝင္၊ မဝင္ ဘယ္လိုသိရိွႏိုင္ပါသလဲခင္ဗ်ာ။ ေျဖၾကားေပးပါဦး အစ္ကိုေရ။
ေျဖ – ဟုတ္ကဲ့ပါခင္ဗ်ာ။ ဖုန္းထဲကို Virus စဝင္ၿပီဆိုရင္ Unfortunately Force Stop စသျဖင့္ စာတန္းေတြ တက္လာၿပီးေတာ့ ဖုန္းထဲက ဘယ္ Application ကိုႏိွပ္ႏိွပ္ ျပန္ထြက္သြားတာတို႔ Wifi ေတြ Mobile Internet ေတြ Auto ဖြင့္ၿပီး Application ေတြ Download ဆြဲေနတာမ်ိဳးေတြျဖစ္ေနရင္ Virus ဝင္ေနတာ သိသာေနပါၿပီ။ အနီးစပ္ဆံုးဆိုင္ကိုသြားၿပီးေတာ့ Software ျပန္တင္လိုက္ရင္ ေကာင္းႏိုင္ပါတယ္။ ဒါေပမဲ့ အခုေနာက္ပိုင္း ဖုန္းေတြကေတာ့ Software ပိုင္း Security ျမင့္လာတဲ့အတြက္ Virus ကိုက္တာကို သိပ္မေတြ႕ရေတာ့ပါဘူးခင္ဗ်ာ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းက Game ကစားတဲ့အခါမွာ အျပင္ကို ထြက္ထြက္သြားလို႔ပါ။ ဘာျဖစ္လို႔ပါလဲခင္ဗ်ာ။
ေျဖ – ဟုတ္ကဲ့။ မဂၤလာပါခင္ဗ်ာ။ အခုေခတ္ Game ေတြက File Size ေတြ အရမ္းႀကီးလာတဲ့အတြက္ ဖုန္းမွာပါဝင္တဲ့ Memory နဲ႔ မမွ်ေတာ့တဲ့ အခါမ်ိဳးေတြမွာ အခုလို ျပန္ထြက္ထြက္သြားတာမ်ိဳးေတြ ျဖစ္တတ္သလို Game ရဲ႕ Version နဲ႔ စက္မကိုက္ရင္လည္း အခုလို ျပန္ထြက္ထြက္သြားတာမ်ဳိးေတြ ျဖစ္တတ္ပါတယ္ခင္ဗ်ာ။ အစ္ကို႔ဖုန္းက Memory မ်ားရင္ေတာ့ ဖုန္းနဲ႔ကိုက္ညီတဲ့ Game Version ကို ထည့္လိုက္ရင္ အဆင္ေျပႏိုင္ပါတယ္ခင္ဗ်ာ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းရဲ႕ ခလုတ္ေလးေတြက ကြၽံေနလို႔ပါခင္ဗ်ာ။ ျပန္ျပဳျပင္လို႔ေရာ ရႏိုင္ပါသလား။
ေျဖ – ဟုတ္ကဲ့ပါ။ ရႏိုင္ပါတယ္ခင္ဗ်ာ။ နီးစပ္ရာ Phone Service ဆိုင္မွာ သြားေရာက္ျပဳျပင္ႏိုင္ပါတယ္ခင္ဗ်ာ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းေလးရဲ႕ Password ကို ေမ့သြားလို႔ပါခင္ဗ်ာ။ ဘယ္လိုလုပ္ရင္ အဆင္ေျပႏိုင္မလဲခင္ဗ်ာ။
ေျဖ – ဟုတ္ကဲ့ပါ။ အခုေနာက္ပိုင္းဖုန္းေတြဟာ Security ျမင့္လာတဲ့အတြက္ ကိုယ္တိုင္ Password ဖ်က္လို႔မရေတာ့တာ မ်ားပါတယ္ခင္ဗ်ာ။ အေကာင္းဆံုးကေတာ့ Service ဆိုင္ေတြမွာပဲ အပ္ၿပီးဖ်က္ခိုင္းတာက ေကာင္းပါတယ္ခင္ဗ်ာ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းရဲ႕ စာလံုး Font ေတြက ပံုမွန္မဟုတ္ဘဲ တစ္ခုနဲ႔တစ္ခုကို ထပ္ထပ္ေနလို႔ပါခင္ဗ်ာ။ အဲ့ဒါက ဘာေၾကာင့္ပါလဲခင္ဗ်ာ။ ေျဖၾကားေပးပါဦးအစ္ကိုေရ။
ေျဖ – ဟုတ္ကဲ့ပါ။ Font စာလံုးေတြ ထပ္ေနတယ္ဆိုတာက ဖုန္းနဲ႔ထည့္ထားတဲ့ Font မကိုက္လို႔ ျဖစ္ႏိုင္ပါတယ္ခင္ဗ်ာ။ နီးစပ္ရာ Phone Service ဆိုင္ေတြကိုသြားၿပီး အစ္ကို႔ဖုန္းနဲ႔ကိုက္ညီတဲ့ Font ထည့္ခိုင္းလိုက္ရင္ အဆင္ေျပပါမယ္ခင္ဗ်ာ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက Samsung ဖုန္းေလးပါ။ Software Update တင္လိုက္ၿပီးေတာ့ Logo ျပန္တက္လာပါတယ္။ ဒါေပမဲ့ Email ေတြကို ေတာင္းေနလို႔ပါ။ ေရွ႕ဆက္လုိ႔မရဘူး ျဖစ္ေနပါတယ္။ အဲ့ဒါက ဘာျဖစ္လို႔ပါလဲခင္ဗ်ာ။
ေျဖ – ဟုတ္ကဲ့ပါ။ ဖုန္းထဲမွာ Email အေကာင့္ ဝင္ထားမိလို႔ပါခင္ဗ်ာ။ Account နဲ႔ Password ကို မွတ္မိရင္ေတာ့ Account နဲ႔ Password ကို ႐ိုက္ထည့္ေပးလိုက္တာနဲ႔ ရသြားပါမယ္ခင္ဗ်ာ။ Account နဲ႔ Password ကို မသိဘူးဆိုရင္ေတာ့ နီးစပ္ရာ Phone Service ဆိုင္ေတြမွာ သြားေရာက္ေက်ာ္ခိုင္းမွပဲ ရပါမယ္ခင္ဗ်ာ။ ကိုယ္ကိုယ္တိုင္ေက်ာ္ဖို႔ကေတာ့ လုပ္ရမယ့္အဆင့္ေတြမ်ားတဲ့အတြက္ အဆင္မေျပလို႔ပါခင္ဗ်ာ။

KSW Mobile ဖုန္းအမ်ိဳးမ်ိဳးျပဳျပင္ေရးနွင့္ ျပဳျပင္နည္းသင္တန္းေက်ာင္း (မႏၲေလးၿမိဳ႕) ဖုန္း – 09-442288409 မွ ပံ့ပိုးကူညီသည္။

NetGuide Journal (Every Wednesday)