မကြာသေးမီကာလတုန်းက Samsung ဟာ မဝေးတော့တဲ့ကာလအတွင်းမှာ အကြမ်းခံ စမတ်ဖုန်း Samsung Galaxy XCover Pro ကို ကြေညာရောင်းချဖို့လုပ်နေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ XCoverစီးရီးက အကြမ်းခံစမတ်ဖုန်းစီးရီး ဖြစ်ပြီး ဈေးနှုန်းကလည်း သင့်တင့်ပါတယ်။ ယနေ့မှာ Winfuture.de မှာ XCover Pro မှာ အသုံးပြုလာမယ့် စနစ်အပြည့်အစုံနှင့် ဈေးနှုန်းတို့ကို ဖော်ပြလာပါတယ်။

Samsung Galaxy XCover Pro Specifications

Galaxy XCover Pro (SM-G715F) က IP68 ရယူထားပြီး ကျောဘက်မှာ ပိုလီကာဗွန်နိုက်အသုံးပြုလာပါမယ်။ ဖုန်းအထူက 10 မီလီမီတာနီးပါးအထိ ရှိလာမှာဖြစ်ပြီး အလေးချိန် 200 ဂရမ်ကျော်ရှိလာပါမယ်။ XCover Pro မှာ မျက်နှာပြင် 6.3 လက်မရှိပြီး Punch-Hole Selfie Camera ဒီဇိုင်းသုံးလာပါမယ်။LCD Panel ဖြစ်ပြီး 20:9 Aspect Ratio နှင့် FHD+ (1080x2400px) Resolution သုံးလာပါမယ်။ ယခင်XCoverဖုန်းများနှင့် နှိုင်းယှဉ်ရင် Screen-to Body Ratio ပိုမိုမြင့်မားလာပါမယ်။

Exynos 9611 Chipset သုံးလာမှာဖြစ်ပြီး 2.0GHz Octa-core Processor ပါဝင်ပါတယ်။ SoC ကို RAM4GB နှင့် ထောက်ပံ့ထားပါမယ်။ Storage 64GB ပါဝင်ပါမယ်။ microSD ကနေထပ်တိုးနိုင်မလား မဖော်ပြထားပါဘူး။

13MP Punch-Hole Selfie Camera သုံးလာပါမယ်။ ကျောဘက်မှာ ကင်မရာနှစ်လုံးနှင့် LED Flash တို့ကို တတန်းတည်း ထည့်သွင်းလာပါမယ်။ ကျောဘက်ကင်မရာနှစ်လုံးက 25MP+8MP Ultrawide ဖြစ်ပါတယ်။ Aperture ဘယ်လောက်သုံးလာမယ်ဆိုတာ မသိသေးပါဘူး။ Android 10 OS အခြေခံ One UI 2.0 သုံးလာပါ မယ်။

Samsung Galaxy XCover Pro မှာ လဲလှယ်အသုံးပြုနိုင်တဲ့ ဘက်ထရီ 4020 mAh ပါဝင်ပါမယ်။ USB Type C သုံးထားပြီး Fast Charging ထောက်ပံ့လာဖို့ ရှိပါတယ်။ Bluetooth 5.0 နှင့် NFC ပါဝင်ပါမယ်။ Push to Talk ခလုတ်ပါဝင်ပါမယ်။ လက်ဗွေရာစနစ်ကို ပါဝါခလုတ်မှာထည့်သွင်းလာပါမယ်။

Samsung Galaxy XCover Pro ဈေးနှုန်း

Galaxy XCover Pro ရဲ့ ဈေးနှုန်း အတိအကျကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဒီဖုန်းဈေးနှုန်းက ယူရို 500 အောက်ဖြစ်လာမယ်လို့ သိရပါတယ်။ ဒီဖုန်းကို ဥရောပဈေးကွက်မှာ ဖေဖော်ဝါရီလ အစောပိုင်းမှာ ရောင်းချသွား မယ်လို့ သိရပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Samsung Galaxy XCover Pro တြင္ သုံးလာမယ့္ စနစ္အျပည့္အစုံႏွင့္ ေဈးႏႈန္းေပါက္ၾကားလာ

မၾကာေသးမီကာလတုန္းက Samsung ဟာ မေဝးေတာ့တဲ့ကာလအတြင္းမွာ အၾကမ္းခံ စမတ္ဖုန္း Samsung Galaxy XCover Pro ကို ေၾကညာေရာင္းခ်ဖို႔လုပ္ေနတယ္လို႔ သတင္းထြက္ေပၚခဲ့ပါတယ္။ XCoverစီးရီးက အၾကမ္းခံစမတ္ဖုန္းစီးရီး ျဖစ္ၿပီး ေဈးႏႈန္းကလည္း သင့္တင့္ပါတယ္။ ယေန႔မွာ Winfuture.de မွာ XCover Pro မွာ အသုံးျပဳလာမယ့္ စနစ္အျပည့္အစုံႏွင့္ ေဈးႏႈန္းတို႔ကို ေဖာ္ျပလာပါတယ္။

Samsung Galaxy XCover Pro Specifications

Galaxy XCover Pro (SM-G715F) က IP68 ရယူထားၿပီး ေက်ာဘက္မွာ ပိုလီကာဗြန္ႏိုက္အသုံးျပဳလာပါမယ္။ ဖုန္းအထူက 10 မီလီမီတာနီးပါးအထိ ရွိလာမွာျဖစ္ၿပီး အေလးခ်ိန္ 200 ဂရမ္ေက်ာ္ရွိလာပါမယ္။ XCover Pro မွာ မ်က္ႏွာျပင္ 6.3 လက္မရွိၿပီး Punch-Hole Selfie Camera ဒီဇိုင္းသုံးလာပါမယ္။LCD Panel ျဖစ္ၿပီး 20:9 Aspect Ratio ႏွင့္ FHD+ (1080x2400px) Resolution သုံးလာပါမယ္။ ယခင္XCoverဖုန္းမ်ားႏွင့္ ႏႈိင္းယွဥ္ရင္ Screen-to Body Ratio ပိုမိုျမင့္မားလာပါမယ္။

Exynos 9611 Chipset သုံးလာမွာျဖစ္ၿပီး 2.0GHz Octa-core Processor ပါဝင္ပါတယ္။ SoC ကို RAM4GB ႏွင့္ ေထာက္ပံ့ထားပါမယ္။ Storage 64GB ပါဝင္ပါမယ္။ microSD ကေနထပ္တိုးႏိုင္မလား မေဖာ္ျပထားပါဘူး။
13MP Punch-Hole Selfie Camera သုံးလာပါမယ္။ ေက်ာဘက္မွာ ကင္မရာႏွစ္လုံးႏွင့္ LED Flash တို႔ကို တတန္းတည္း ထည့္သြင္းလာပါမယ္။ ေက်ာဘက္ကင္မရာႏွစ္လုံးက 25MP+8MP Ultrawide ျဖစ္ပါတယ္။ Aperture ဘယ္ေလာက္သုံးလာမယ္ဆိုတာ မသိေသးပါဘူး။ Android 10 OS အေျခခံ One UI 2.0 သုံးလာပါ မယ္။

Samsung Galaxy XCover Pro မွာ လဲလွယ္အသုံးျပဳႏိုင္တဲ့ ဘက္ထရီ 4020 mAh ပါဝင္ပါမယ္။ USB Type C သုံးထားၿပီး Fast Charging ေထာက္ပံ့လာဖို႔ ရွိပါတယ္။ Bluetooth 5.0 ႏွင့္ NFC ပါဝင္ပါမယ္။ Push to Talk ခလုတ္ပါဝင္ပါမယ္။ လက္ေဗြရာစနစ္ကို ပါဝါခလုတ္မွာထည့္သြင္းလာပါမယ္။

Samsung Galaxy XCover Pro ေဈးႏႈန္း

Galaxy XCover Pro ရဲ႕ ေဈးႏႈန္း အတိအက်ကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ ဒီဖုန္းေဈးႏႈန္းက ယူ႐ို 500 ေအာက္ျဖစ္လာမယ္လို႔ သိရပါတယ္။ ဒီဖုန္းကို ဥေရာပေဈးကြက္မွာ ေဖေဖာ္ဝါရီလ အေစာပိုင္းမွာ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

NetGuide Journal (Every Wednesday)