2019 ခုနှစ်ဟာ မိုဘိုင်းဖုန်းဈေးကွက်အတွက် ခေတ်မီဆန်းသစ်တဲ့ နည်းပညာတွေ အများဆုံးထွက်ရှိခဲ့တဲ့နှစ်လို့ သတ်မှတ်ရမှာပါ။ ဘက်ပေါင်းစုံကနေ တိုးတက်လာတယ်လို့ သတ်မှတ်နိုင်မယ့် 2019 နှစ် ပညာနှစ်မှာ မြင့်မားတဲ့  refresh နဲ့ rate screens ၊ ဖုန်းကင်မရာပိုင်းမှာဆိုရင် ပယ်ရီစကုတ်ကင်မရာကစလို့ 108MP image sensors အထိ ထွက်ရှိခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ စတင်ရောင်းချခဲ့တဲ့  foldable phones တွေရဲ့ ရောင်းအားကလည်း မထင်မှတ်ထားလောက်အောင် မြင့်တက်ခဲ့ပါတယ်။ ပြီးတော့ ဖုန်းတွေအတွက် ထည့်သွင်းပေးတဲ့ အားသွင်းအမြန်နှုန်းတွေ၊ displays တွေကလည်း punch holes ဖြစ်လာပါတယ်။ ထိပ်တန်းနည်းပညာအားလုံး ထွက်ရှိလာသလားလို့တောင် ထင်ရပါတယ်။ ဒါကြောင့် 5G ဖုန်းတွေရဲ့ မြင့်မားတဲ့ ရောင်းအားတွေအကြောင်း ထည့်မပြောသေးပါဘူး။ အဲ့လောက်ကောင်းမွန်တဲ့ ပြိုင်ဘက်ကင်းနည်းပညာတွေ ထွက်ရှိလာမှုနဲ့ နောက်ထပ် စိတ်ဝင်စားစရာအကြောင်းအရာတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ နာမည်ကျော် ကုမ္ပဏီကြီး 2 ခုဖြစ်တဲ့ Apple နဲ့ Samsung တို့ရဲ့ 2019 ခုနှစ်အတွင်း ထုတ်လုပ်မှုပိုင်းဆိုင်ရာအောင်မြင်မှု၊ ကျဆုံးမှုတွေပဲ ဖြစ်ပါတယ်။
Apple
ဆယ်စုနှစ်တစ်ခုကျော်ကြာ တီထွင်ဆန်းသစ်မှုပိုင်းမှာ လွှမ်းမိုးခဲ့တဲ့ ကျူပါတီနိုအခြေစိုက် ကုမ္ပဏီကတော့ ၎င်းရဲ့တည်ထွင်မှု အနည်းငယ်သာ ကျွန်တော်တို့ကို ထားရစ်ခဲ့ပါတယ်။
အောင်မြင်မှု : Apple iPhone 11 Pro နဲ့ 11 Pro Max
ဒီဖုန်း 2 မျိုးဟာ ဘယ်လိုကြောင့် အောင်မြင်မှုမှာ ထိပ်ဆုံးရောက်ခဲ့လည်းဆိုတာ စဉ်းစားလို့ မရအောင် ပါဘဲ။ ဘာကြောင့်လဲဆိုရင် လွန်ခဲ့တဲ့ 2 နှစ်က ဒီဇိုင်းပိုင်းကိုပဲ မပြောင်းမလဲထုတ်လာပြီး ကင်မရာဒီဇိုင်းပိုင်း လေးပဲ ပြောင်းလဲပေးလိုက်တဲ့ ဒီဖုန်းတွေဟာ ဈေးကွက်ပိုင်းဆိုင်ရာအရ အတော် အောင်မြင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဖုန်း 2 လုံးမှာ မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ ဘက်ထရီအပြင် ကင်မရာကလည်း နောက်ဘက်မှာ 3 လုံး တပ်ဆင်ထားတာပါ။ ဒါကပဲ ဒီဖုန်းတွေကို ပြိုင်ဘက်ကင်း ဖြစ်သွားစေတာပါ။ ရိုက်လိုက်တဲ့ ဓာတ်ပုံတွေကို ပိုမို details ကျဖို့နဲ့ pixels ပိုင်းဆိုင်ရာမှာ ပိုမာလာစေဖို့အတွက် ကင်မရာ နည်းပညာအသစ်ဖြစ်တဲ့ Deep Fusion feature ကို ထည့်ပေးထားပါတယ်။ camera modecamera modes အသစ်အနေနဲ့ 4K video တွေကို 60fps နဲ့ရနိုင်မှာပါ။ 5G ထောက်ပံ့မှုပါဝင်ခြင်းမရှိပေမယ့် Wi-Fi 6 support လုပ်ပါတယ်။ 2020 ရောက်ရင်တော့ Apple ဟာ သူ့ iPhone တွေရဲ့ ဒီဇိုင်းပိုင်းကို ပြောင်းလဲနိုင်ပါတယ်ဆိုတဲ့ စိတ်နဲ့ပဲ ကုမ္ပဏီရဲ့ အောင်မြင်မှုတွေကို ဆက်လက်စောင့်ကြည့်ရမှာပါ။
ရှုံးနိမ့်မှု : Apple iPhone 11
ဒီလောက်ဈေးလည်းချထားတယ်။ ကင်မရာကလည်း နောက်ဘက်မှာ 2 လုံးတောင် တပ်ပေးထားတဲ့ iPhone 11 က ဘာလို့ အရှုံးသမားစာရင်းမှာ ရှိနေရတာလဲ။ ပထမဆုံးအချက်ကတော့ ဒီဖုန်းမှာ လွန်ခဲ့တဲ့ နှစ်မျိုးဆက်က သုံးခဲ့တဲ့ display အမျိုးအစားကိုပဲ သုံးခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ iPhone 11 မှာ ကုမ္ပဏီက အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ ကင်မရာ 2 လုံး တပ်ထားပြီး ဘက်ထရီရော ပရိုဆက်ဆာ ပိုင်းမှာ ပိုမြင့်လာပါတယ်။ ဈေးကလည်း ယခင်မျိုးဆက်ဖုန်းထက် သက်သာနေပါတယ်။ သူ့မှာ ဘာချို့ယွင်းချက် တွေများ သုံးစွဲသူတွေအတွက် ရှိနေတာပါလဲ။ ပထမဆုံးအမှားကတော့ လက်ရှိအချိန်မှာ အတော်နောက်ကျ နေပြီလို့ သတ်မှတ်နိုင်တဲ့ 1080p LCD ကို သုံးထားတာပါ။ OnePlus 7T လိုဖုန်းမှာတောင် 90Hz refresh rate နဲ့ AMOLED ကို သုံးထားပါတယ်။ ပြီးတော့ ဒေါ်လာရာနဲ့ချီပေးရတဲ့ ဒီဖုန်းအတွက် 5W wired charger ကိုသာ ထည့်ပေးထားပါတယ်။ သူ့ထက် ဈေးသက်သာတဲ့ ဖုန်းတွေမှာတောင် 30W charger ကို ဘူးထဲမှာ တစ်ခါတည်း ထည့်ပေးနေပါပြီ။
အောင်မြင်မှု : Apple iPad 10.2
အခြေခံတွက်ချက်မှုအားဖြင့် Apple ဟာ လက်ရှိအချိန်ထိ တက်ဘလက်ဈေးကွက်ကို ပိုင်ဆိုင်ထားတယ်ဆိုပေမယ့် သူ့ဆီက ထုတ်ကုန်တွေဟာ အရင်ကလောက် သိပ်ဆွဲဆောင်မှု မရှိတော့ပါဘူး။ ဘာကြောင့် အောင်မြင်မှုစာရင်းမှာ ရှိနေတာလဲ။ အခုထွက်ထားတဲ့ iPad ဟာ ယခင်ထုတ်ကုန်တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် နည်းပညာပိုင်းမှာ ပိုတိုးတက်လာတယ်လို့ သတ်မှတ်ရမှာပါ။ entry-level iPad အသစ်ဟာ 10.2-inch screen ဖြစ်ပြီး Apple Pencil ထောက်ပံ့ပေးပါတယ်။ ဘက်ထရီသက်တမ်းကလည်း 10 နာရီနီးပါးခံပြီး တကယ်အကောင်းဆုံးအပိုင်းကတော့ အဆင့်မြင့်တဘလက်တစ်လုံးကို entry-level ဈေးနှုန်းနဲ့ ဝယ်ယူနိုင်မှာပါ။ Apple Pencil Support လုပ်ပြီး Full-sized Smart Keyboard သုံးနိုင်မှာပါ။ ကိုယ်ထည်ကို 100% Recycled Aluminum နဲ့ တည်ဆောက်ထားပါတယ်။ A10 Fusion ချစ်ပ်ကိုလည်း ထည့်သွင်းထားပြီး 329 ဒေါ်လာသာ ကျသင့်ပါတယ်။ iPadOS ကိုသုံးထားတဲ့ iPad ပဲဖြစ်ပါတယ်။ iPad OS မှာ Multitasking ပိုကောင်းလာပြီး Floating Keyboard ပါလာပါတယ်။
ရှုံးနိမ့်မှု : AirPower
AirPower ကထွက်ရော ထွက်လာဦးမှာလား။ Apple အနေနဲ့ 2017 စက်တင်ဘာမှာ ပထမဆုံးအနေနဲ့ AirPower ကြိုးမဲ့အားသွင်းစက်ကို ကြေငြာခဲ့ပါတယ်။ နောက် 2019 မတ်လရောက်တဲ့ အချိန်မှာတော့ အဲ့ဒီစက်ထုတ်လုပ်မှုကို ဖျက်သိမ်းလိုက်ပြီလို့ ဆိုပါတယ်။ ဒါကြောင့် ဘယ်နေ့ထွက်မလားဆိုပြီး မျှော်နေမယ့် အစား ပိုကောင်းတဲ့ ဘက်ထရီအားသွင်းကို ထုတ်ပေးသင့်ပါတယ်။
အောင်မြင်မှု : Apple Watch Series 5
တက်ဘလက်ဈေးကွက်လိုပါပဲ smartwatch ဈေးကွက်မှာလည်း apple က ဈေးကွက်ကို ပိုင်ဆိုင်ထားတုန်းပါ။ နောက်ဆုံးမှာတော့ Apple Watch Series 5 ဟာ Always-on display စွမ်းဆောင်ချက်နဲ့ ပန်းသီးလက်ပတ်နာရီကို လိုချင်သူတွေအတွက် ယူဆောင်လာခဲ့ပါပြီ။ အခြားမြင့်တင်မှုတွေတော့ မတွေ့ရပါဘူး။ ECG function ထည့်ပေးထားတယ်ဆိုပေမယ့် နိုင်ငံအချို့မှာသာ သုံးနိုင်ဦးမှာ ဖြစ်ပါတယ်။ Watch Face အသစ်တွေ ထပ်မံထည့်သွင်းပေးထားပြီး Latitude နဲ့ Longitude ၊ Elevation တွေကို ပြသပေးတဲ့ Compass ပါလာပါတယ်။  လက်ကောက်ဝတ်ကို လှည့်လိုက်တာနဲ့ animated mode အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။  ဘက်ထရီသက်တမ်းကတော့ 18 နာရီ တာရှည်ခံမယ်လို့ ဆိုပါတယ်။ နောက်ဆုံးပေါ်  watchOS 6 ကို သုံးနိုင်မှာပါ။
Samsung
2019 ခုနှစ်အတွင်းမှာ ဆန်းသစ်မှုနဲ့ အဆင့်မြင့်တင့်မှုကို အချိုးကျကျပေါင်းစပ်နိုင်တဲ့ ကုမ္ပဏီကို ပြပါဆိုရင်တော့ ကိုရီးယားနည်းပညာကုမ္ပဏီ Samsung ကိုသာ ညွှန်းရမှာပါ။ Samsung ဟာ 2019 ခုနှစ်အတွင်း စိန်ခေါ်မှုပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီး အကောင်းဆုံးဖြေရှင်းနိုင်တာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သူ့မှာလည်း အရှုံးတွေ ရှိနေပါသေးတယ်။
အောင်မြင်မှု : Samsung Galaxy S10+, Galaxy S10 and Galaxy S10e
2019 ခုနှစ်ဟာ Samsung အတွက် ဈေးကွက်ပိုင်းမှာ အတော်လေး အောင်မြင်ခဲ့တဲ့နှစ်လို့ ဆိုရမှာပါ။ ကုမ္ပဏီအနေနဲ့ Galaxy S10 lineup အမျိုးအစား 3 မျိုးကို ထုတ်ပေးနိုင်ခဲ့ပါတယ်။ Samsung Galaxy S10 + 5G ကိုပါ ထည့်လိုက်မယ်ဆိုရင်တော့ 4 မျိုးလို့ ဆိုရမှာပါ။ Galaxy S10 နဲ့ S10+ ဖုန်းတွေကတော့ ပထမဆုံး ultrasonic in-display fingerprint scanners သုံးထားတဲ့ ဖုန်းတွေပဲ ဖြစ်ပါတယ်။ Galaxy S10e ကိုတော့ ကျစ်လျစ်တဲ့ Galaxy ဖုန်းတစ်မျိုးအနေနဲ့ လူကြိုက်များခဲ့ပါတယ်။ ဖုန်း 3 မျိုးစလုံးမှာ punch-hole selfie ကင်မရာ၊ ultrawide ကင်မရာအသစ်၊ 8nm Exynos 9820 chipsets တွေ သုံးထားပြီး အခြေခံသိုလှောင်မှုက 128GB ဖြစ်ပါတယ်။
ရှုံးနိမ့်မှု : Samsung Galaxy Fold
Galaxy S10 lineup ဖုန်းတွေနဲ့အတူ ကြေငြာခဲ့တဲ့ Galaxy Fold ဖုန်းပဲ ဖြစ်ပါတယ်။ နည်းပညာဆန်းသစ်တယ်။ ဒီဇိုင်းကလည်း တီထွင်မှုပိုင်း ကောင်းတယ်။ ဒါပေမယ့် စိတ်မချရတဲ့ ပြဿနာတွေကြောင့် ဈေးကွက်ထဲကို အတော်နောက်ကျပြီးမှ တင်သွင်းနိုင်ခဲ့တယ်။ ဒီဖုန်းရဲ့ အပြင်ဘက် မျက်နှာပြင်ဟာ 4.6-inch ဖြစ်ပြီး အတွင်းဘက်ကတော့ 7.3-inch ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် tablet screen လို့ သတ်မှတ်ရမှာပါ။ ကင်မရာ 6 လုံးနဲ့ဖြစ်ပြီး ဈေးနှုန်းကလည်း အတော်ကြီးတယ်လို့ သတ်မှတ်နိုင်တဲ့ $1,980 နဲ့ပါ။ စတင်ကြေငြာတဲ့ အချိန်တုန်းက ပြဿနာမရှိပေမယ့် ဖုန်းကို စမ်းသပ်အသုံးပြုတဲ့ သူတွေလက်ထဲရောက်ချိန်မှာတော့ screen ပျက်စီးမှုတွေ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် ဒီဖုန်းကို ကြိုတင်မှာယူမှုအားလုံးကို ဖျက်သိမ်းလိုက်ပြီး hardware ပြဿနာကို အတော်ရှင်းခဲ့ရပါတယ်။ တရုတ်နဲ့ ကိုရီးယားဈေးကွက်ကိုတောင် ပြီးခဲ့တဲ့နှစ် စတုတ္ထလေးလပတ်လောက်ကမှ ရောင်းချနိုင်ခဲ့တာပါ။
အောင်မြင်မှု : Samsung’s revamped Galaxy A lineup
2019 မှာ ကိုရီးယားကုမ္ပဏီအနေနဲ့ စွန့်စားမှုအချို့ကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ midrange lineup လို့ ဆိုရမယ့် Galaxy A line ဖုန်းတွေကို အလွန်အောင်မြင်တဲ့ ထိပ်တန်းဖုန်းအဖြစ် ပြောင်းလဲနိုင်ခဲ့ တာပါ။ Galaxy A50 နဲ့ Galaxy A70 ဖုန်းတွေဟာ 2019 ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံးဖုန်းတွေအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် Galaxy A line ဖုန်းတွေဟာ အတော်ကောင်းတဲ့ ဖုန်းတွေလို့ သတ်မှတ်နိုင်မှာပါ။ ဒီဖုန်းတွေမှာ အရွယ်အစားအမျိုးစုံလင်ပြီး AMOLED screens နဲ့အတူ ကင်မရာကလည်း များပါသေးတယ်။ ပြီးတော့ ကြီးမားတဲ့ ဘက်ထရီတွေလည်း ထည့်ပေးထားပါသေးတယ်။ Galaxy A80 လိုဖုန်းမှာဆိုရင်တော့ rotating ကင်မရာကို ထည့်ထားပြီး လုံးဝ notchless အတွေ့အကြုံကို ပေးမှာပါ။ အောင်မြင်မှု : Samsung Galaxy Note10+ and Galaxy Note10
Note စီးရီးဖုန်းတွေကလည်း Samsung ရဲ့အောင်မြင်မှုမှာ အပြည့်အဝ ပတ်သတ်မှု ရှိခဲ့ပါတယ်။ စူပါဖုန်းလို့ဆိုနိုင်မယ့် Galaxy Note10+ ဖုန်းတွေမှာ ဖက်ရှင်ပုံစံကို ပြောင်းလဲစေခဲ့ပြီး ကြီးမားတယ်။ ပြီးတော့ display ကလည်း အတော်ကောင်းပါတယ်။ 256GB storage ဆိုတာကြီးကလည်း ကြိုက်သလောက် သိလှောင်စမ်းလု့ိ့တောင် ဆိုရမှာပါ။ ဒီဖုန်းတွေမှာ နောက်ထပ် ကောင်းတယ်လို့ ပြောရမှာကတော့ ကင်မရာပါ။ ဘက်ထရီတွေအတွက် အားသွင်းစနစ်ကလည်း Note ဖုန်းတွေကို အဆင့်တစ်ခုဆီ တက်လှမ်းစေခဲ့ပါတယ်။ ဒီ Note ရဲ့ ပြောင်းလဲမှုကတော့ gyroscopic air gestures လုပ်ဆောင်ချက်ထည့်ပေးထားတဲ့ S Pen ဖြစ်ပါတယ်။ ဒါအပြင့် Note စီးရီးဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ headphone jack ပါဝင်လာခြင်း မရှိတော့ပါဘူး။ Samsung Galaxy Note 10 မှာ AR doodles နဲ့ 3D scanner တို့ ပါဝင်လာပြီး အလွန်အားရစရာ ကောင်းပါတယ်။ 3D scanner နဲ့ အပြည့်အဝ scan လုပ်နိုင်ပြီး ဓာတ်ပုံတွေအတွင်း 3D ဇာတ်ကောင် ထည့်သွင်းတာ ဒါမှမဟုတ် 3D print ထုတ်နိုင်တဲ့ဖိုင်ကို ဖန်တီးတာ ပြုလုပ်နိုင်ပါတယ်။ ပြီးတော့ လက်ရှိအချိန်ထိ ဈေးကွက်အရလည်း ဒီဖုန်းတွေက အတော်အောင်မြင်နေပါတယ်။
ရှုံးနိမ့်မှု : Samsung Exynos
2020 မှာ ဒီထက်ပိုဆုံးရှုံးမှုတွေ ပိုများလာမှာကတော့ Exynos ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ Exynos chipsets တွေကို အနာဂတ်မှာ ပြိုင်ဘက်တွေကို အကောင်းဆုံး ယှဉ်နိုင်အောင်လုပ်မယ်လို့ ရည်ရွယ်ထားပေမယ့် ထင်ထားသလောက် ခရီးမရောက်သေးပါဘူး။ ပြီးတော့ အဆင့်မြင့်ဖုန်းတွေထုတ်တိုင်း Snapdragon အပေါ် မှီခိုနေရတုန်းပါပဲ။
အောင်မြင်မှု : Samsung Galaxy Fold
ရှုံးနိမ့်မှုဆိုတာ အမြဲတမ်းဖြစ်နေမှာ မဟုတ်ပါဘူး။ အရှုံးတွေကို သင်ခန်းစာယူပြီး အသေးစိတ် ပြန်လည် ပြင်ဆင်မယ်ဆိုရင် အောင်မြင်မှုနဲ့ မလွဲမသွေ ကြုံတွေ့ရမှာပါဘဲ။ Samsung Galaxy Fold ဟာ ကုမ္ပဏီအတွက် အတော်လေး ဈေးကွက်မှာ အရှက်ရစေခဲ့တဲ့ device လို့တောင် ဆိုရမှာပါ။ ဒါပေမယ့် ကိုရီးယားကုမ္ပဏီဟာ Samsung Galaxy Fold ကို အကောင်းဆုံး ပြန်လည်ပြင်ဆင်ပြီး hardware ပြဿနာတွေကို ရှင်းနိုင်ခဲ့ပါတယ်။ 2019 စက်တင်ဘာမှာ ပြန်လည်ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ထဲမှာ foldable ဖုန်းကို သိသိသာသာ ရောင်းချနိုင်ခဲ့တဲ့ဖုန်းအဖြစ် သတ်မှတ်နိုင်ပါတယ်။
အောင်မြင်မှု : Software updates
Samsung အနေနဲ့ 2020 အတွက် တင်ကြိုပြင်ဆင်မှုတွေလုပ်ကာ software updates ပြုလုပ်မှုတွေကို အရှိန်မြင့်လုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလယ်မှာ Galaxy S10 နဲ့ Galaxy Note10 lineup ဖုန်းတွေအတွက် Android 10 ကို ထုတ်ပေးခဲ့ပါတယ်။
NetGuide Journal (Every Wednesday)
—————————————————————————————
  • (Zawgyi Version)
2019 Winners And Losers : Apple, Samsung
Apple
Samsung