ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို လှလှပပနဲ့စနစ်တကျသိမ်းဆည်းပေးတာအပြင် encryption လုပ်ပြီး လုံခြုံအောင် သိမ်းဆည်းပေးနိုင်တာဖြစ်လို့ သင့်ရဲ့ပုံတွေ၊ ဗီဒီယိုတွေအတွက် အလွန်စိတ်ချရတဲ့ app တစ်ခုလည်း ဖြစ်ပါတယ်။ ယာဉ်မောင်းလိုင်စင်၊ ID ကတ်၊ credit ကတ်လိုမျိုးအရေးကြီးတဲ့အချက်အလက်တွေကို ဓာတ်ပုံရိုက်ပြီးသိမ်းထားမယ်ဆိုရင်လည်း စိတ်ချစွာသိမ်းထားနိုင်မှာဖြစ်ပါတယ်။ File အားလုံးကို encryption လုပ်ထားတာဖြစ်ပြီး၊ PIN ၊ pattern သို့မဟုတ် fingerprint နဲ့ ကာကွယ်ထားနိုင်ပါတယ်။ RAW ၊ SVG ၊ Panoramic စတဲ့ မတူညီတဲ့ file type အမျိုးမျိုးရှိတဲ့ပုံတွေ၊ ဗီဒီယိုတွေကိုသိမ်းဆည်းထားနိုင်ပါတယ်။ Search လုပ်တာ၊ folder သစ်ဖွဲ့တာ၊ ပုံတွေ၊ ဗီဒီယိုတွေကိုရွှေ့တာ၊ကူးတာတို့လိုအလုပ်တွေအားလုံးကိုလုပ်နိုင်သလို၊ crop ၊ rotate ၊ resize ၊ filter စသဖြင့် edit တွေလည်းလုပ်နိုင်ပါတယ်။ ဗီဒီယိုတွေကိုလည်း trim လုပ်နိုင်ကာ၊ zoom in/out function လည်းရပါတယ်။ အသုံးပြုဖို့အတွက် Android 7.0  နဲ့အထက် လိုအပ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

1Gallery – Photo Gallery & Vault (Encrypted)

