ယနေ့မှာ Realme X50 5G ကို ကြေညာလာပြီ ဖြစ်ပါတယ်။ ဒီဖုန်းက Realme ရဲ့ ပထမဆုံး 5G စမတ်ဖုန်း ဖြစ်ပါတယ်။ Realme ဟာ Realme X50 5G နှင့်အတူ ဈေးနှုန်း 53 ဒေါ်လာဘဲ သတ်မှတ်ထားတဲ့ ကြိုးမဲ့နားကြပ် Realme Buds Air ကိုလည်း ကြေညာခဲ့ပါတယ်။ Realme X50 ရဲ့ အခြေခံဗားရှင်းကို ဈေးနှုန်း ဒေါ်လာ 360 သတ်မှတ်ထားပါတယ်။ ဒီဖုန်းမှာ 120Hz Refresh Rate Supporting Display ၊ Snapdragon 765G ၊ 64MP ကျောဘက်ကင်မရာလေးလုံးနှင့် 16MP ရှေ့ကင်မရာနှစ်လုံးတို့ ပါဝင်ပါတယ်။ ဒါ့အပြင် များပြားတဲ့ ဘက်ထရီပါဝင်သလို ကောင်းမွန်တဲ့ Fast Charging လည်း ပါဝင်ပါသေးတယ်။

Realme X50 5G မှာ မှန်ကိုယ်ထည်သုံးထားပြီး မျက်နှာပြင်နှင့် ကျောဘက်တို့မှာ Gorilla Glass 5 မှန် သုံးထားပါတယ်။ ဖုန်းအလေးချိန်က 202 ဂရမ်ရှိကာ ဖုန်းအတိုင်းအတာက 163.8 x 75.8 x 8.9 မီလီမီတာ ရှိပါတယ်။ ဒီဖုန်းမှာ မျက်နှာပြင် 6.57 လက်မ IPS LCD FHD+ ရုပ်ထွက်သုံးထားကာ 120Hz Display ထောက်ပံ့ထားပါတယ်။ 20:9 Aspect Ratio သုံးထားပါတယ်။ Screen-to Body Ratio က 90.4 ရာခိုင်နှုန်းအထိ ရှိပါတယ်။

7nm Snapdragon 765G နှင့် ပါဝါထောက်ပံ့ထားပါတယ်။ ဒီ Chipset မှာ Adreno 620 GPU ၊ 5th Gen AI Processoing Engine နှင့် Dual-Mode 5G တို့ ပါဝင်ပါတယ်။ 6GB/8GB/12GB LPDDRx RAM နှင့် 64GB/128GB/256GB UFS 2.1 Storage တို့ဖြင့် ရွေးချယ်နိုင်ပါတယ်။

Realme X50 5G က Dual Wi-Fi သုံးနိုင်တဲ့အပြင် 5G လည်း တပြိုင်တည်းသုံးနိုင်တာကြောင့် လိုင်းအထစ်အငေါ့ လုံးဝဖြစ်မှာ မဟုတ်ပါဘူး။ ဖုန်းပူမှုမဖြစ်အောင် Double Layer Graphite Sheet ၊ Liquid Cooled Copper Pipe ၊ Thermal Gel ၊ Thermal Silicon Pad တို့ပါဝင်တာကြောင့် ဖုန်းပူပြီး စွမ်းဆောင်ရည်ကျတာမျိုး ဖြစ်မှာမဟုတ်ပါဘူး။

Dual Punch-Hole Selfie Camera သုံးထားကာ 16MP f/2.2+8MP Superwide တို့ သုံးထားပါတယ်။ ရှေ့ကင်မရာမှာ UIS Super Image Stabilizer ၊ Video Portrait Blur ၊ Portrait Night ၊ AI Portrait Beauty နှင့် 1080p@30fps ဗီဒီယိုရိုက်ကူးမှုတို့ ပါဝင်ပါတယ်။

Realme X50 5G မှာ ကျောဘက်ကင်မရာလေးလုံး ပါဝင်ပါတယ်။ အဓိကကင်မရာက 64MP f/1.8 Samsung GW1 Sensor ဖြစ်ပါတယ်။ အခြားကင်မရာသုံးလုံးက 119 ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 8MP f/2.2+12MP f/2.4 Telephoto+2MP Macro ဖြစ်ပါတယ်။ Dual LED Flash ၊ 20x Hybrid Zoom ၊ UIS ၊ UIS Max Video Stabilization ၊ 4K@30fps ဗီဒီယိုရိုက်ကူးမှု၊ 960fps အနှေးဗီဒီယိုရိုက်ကူးမှုတို့ ပြုလုပ်နိုင်ပါတယ်။

Realme X50 5G မှာ ဘက်ထရီ 4200 mAhပါဝင်ပြီး 3120Hz Display ၊ SD 765G ၊ 64MP ကျောဘက်ကင်မရာလေးလုံး၊ 16MP ရှေ့ကင်မရာနှစ်လုံးပါဝင်ပြီး ဈေးနှုန်း ဒေါ်လာ 360 သာ သတ်မှတ်ထားတဲ့ Realme X50 5G ကို ကြေညာ 30W VOOC 4.0 ဖြင့် အားသွင်းနိုင်ပါတယ်။ မိနစ် 30 အားသွင်းရုံဖြင့် ဘက်ထရီ 70 ရာခိုင်နှုန်း ရရှိပါမယ်။ လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းထားပါတယ်။ microSD Slot ပါဝင်ပြီး Dolby Atmos စပီကာနှင့် Hi Res တို့ ထောက်ပံ့ထားပါတယ်။ Dual SIM၊ Dual Frequency GPS ၊ Wi-Fi 802.11ac ၊ Bluetooth 5.0 ၊ USB Type C တို့ ပါဝင်ပါတယ်။ နားကြပ်ပေါက် ပါဝင်ပါတယ်။ ဒီဖုန်းမှာ Android 10 အခြေခံ Realme UI သုံးထားပါတယ်။ ဒီဖုန်းက Realme UI သုံးထားတဲ့ ပထမဆုံး Realmeစမတ်ဖုန်း ဖြစ်ပါတယ်။

Realme X50 5G Master Edition

ဒီဖုန်းကို ဂျပန်နာမည်ကြီး ဒီဇိုင်းနာက ဖန်တီးထားတာဖြစ်ပြီး အရောင်နှစ်မျိုးဖြင့် ရွေးချယ်နိုင်ပါတယ်။ ဒီဖုန်းမှာ RAM12GB နှင့် Storage 256GB ပါဝင်ပါတယ်။

Realme X50 5G ကို ဗားရှင်းများစွာဖြင့် ရွေးချယ်နိုင်ပါမယ်။

RAM8GB+128GB ကို ဒေါ်လာ 360 ၊ RAM6GB+256GB ကို ဒေါ်လာ 388 ၊ RAM12GB+256GB ကို ဒေါ်လာ 432 သတ်မှတ်ထားကာ Polar White ၊ Glacier Blue အရောင်တို့နှင့် ရွေးချယ်နိုင်ပါတယ်။ Realme X50 5G Master Edition ရဲ့ ဈေးနှုန်းက ဒေါ်လာ 446 ဖြစ်ပါတယ်။

Realme X50 5G Master Edition ကို ဇန်နဝါရီလ 14 ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး ကျန်ဖုန်းများကို ရောင်းချနေပါပြီ။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

120Hz Display ၊ SD 765G ၊ 64MP ေက်ာဘက္ကင္မရာေလးလုံး ၊ 16MP ေရွ႕ကင္မရာႏွစ္လုံးပါဝင္ၿပီး ေဈးႏွုန္း ေဒၚလာ 360 သာ သတ္မွတ္ထားတဲ့ Realme X50 5G ကို ေၾကညာ

ယေန႔မွာ Realme X50 5G ကို ေၾကညာလာၿပီ ျဖစ္ပါတယ္။ ဒီဖုန္းက Realme ရဲ့ ပထမဆုံး 5G စမတ္ဖုန္း ျဖစ္ပါတယ္။ Realme ဟာ Realme X50 5G ႏွင့္အတူ ေဈးႏွုန္း 53 ေဒၚလာဘဲ သတ္မွတ္ထားတဲ့ ႀကိဳးမဲ့နားၾကပ္ Realme Buds Air ကိုလည္း ေၾကညာခဲ့ပါတယ္။ Realme X50 ရဲ့ အေျခခံဗားရွင္းကို ေဈးႏွုန္း ေဒၚလာ 360 သတ္မွတ္ထားပါတယ္။ ဒီဖုန္းမွာ 120Hz Refresh Rate Supporting Display ၊ Snapdragon 765G ၊ 64MP ေက်ာဘက္ကင္မရာေလးလုံးႏွင့္ 16MP ေရွ႕ကင္မရာႏွစ္လုံးတို႔ ပါဝင္ပါတယ္။ ဒါ့အျပင္ မ်ားျပားတဲ့ ဘက္ထရီပါဝင္သလို ေကာင္းမြန္တဲ့ Fast Charging လည္း ပါဝင္ပါေသးတယ္။

Realme X50 5G မွာ မွန္ကိုယ္ထည္သုံးထားၿပီး မ်က္ႏွာျပင္ႏွင့္ ေက်ာဘက္တို႔မွာ Gorilla Glass 5 မွန္ သုံးထားပါတယ္။ ဖုန္းအေလးခ်ိန္က 202 ဂရမ္ရွိကာ ဖုန္းအတိုင္းအတာက 163.8 x 75.8 x 8.9 မီလီမီတာ ရွိပါတယ္။ ဒီဖုန္းမွာ မ်က္ႏွာျပင္ 6.57 လက္မ IPS LCD FHD+ ႐ုပ္ထြက္သုံးထားကာ 120Hz Display ေထာက္ပံ့ထားပါတယ္။ 20:9 Aspect Ratio သုံးထားပါတယ္။ Screen-to Body Ratio က 90.4 ရာခိုင္ႏွုန္းအထိ ရွိပါတယ္။

7nm Snapdragon 765G ႏွင့္ ပါဝါေထာက္ပံ့ထားပါတယ္။ ဒီ Chipset မွာ Adreno 620 GPU ၊ 5th Gen AI Processoing Engine ႏွင့္ Dual-Mode 5G တို႔ ပါဝင္ပါတယ္။ 6GB/8GB/12GB LPDDRx RAM ႏွင့္ 64GB/128GB/256GB UFS 2.1 Storage တို႔ျဖင့္ ေရြးခ်ယ္နိုင္ပါတယ္။

Realme X50 5G က Dual Wi-Fi သုံးနိုင္တဲ့အျပင္ 5G လည္း တၿပိဳင္တည္းသုံးနိုင္တာေၾကာင့္ လိုင္းအထစ္အေငါ့ လုံးဝျဖစ္မွာ မဟုတ္ပါဘူး။ ဖုန္းပူမွုမျဖစ္ေအာင္ Double Layer Graphite Sheet ၊ Liquid Cooled Copper Pipe ၊ Thermal Gel ၊ Thermal Silicon Pad တို႔ပါဝင္တာေၾကာင့္ ဖုန္းပူၿပီး စြမ္းေဆာင္ရည္က်တာမ်ိဳး ျဖစ္မွာမဟုတ္ပါဘူး။

Dual Punch-Hole Selfie Camera သုံးထားကာ 16MP f/2.2+8MP Superwide တို႔ သုံးထားပါတယ္။ ေရွ႕ကင္မရာမွာ UIS Super Image Stabilizer ၊ Video Portrait Blur ၊ Portrait Night ၊ AI Portrait Beauty ႏွင့္ 1080p@30fps ဗီဒီယိုရိုက္ကူးမွုတို႔ ပါဝင္ပါတယ္။

Realme X50 5G မွာ ေက်ာဘက္ကင္မရာေလးလုံး ပါဝင္ပါတယ္။ အဓိကကင္မရာက 64MP f/1.8 Samsung GW1 Sensor ျဖစ္ပါတယ္။ အျခားကင္မရာသုံးလုံးက 119 ဒီဂရီျမင္ကြင္းက်ယ္ရိုက္ကူးနိုင္တဲ့ 8MP f/2.2+12MP f/2.4 Telephoto+2MP Macro ျဖစ္ပါတယ္။ Dual LED Flash ၊ 20x Hybrid Zoom ၊ UIS ၊ UIS Max Video Stabilization ၊ 4K@30fps ဗီဒီယိုရိုက္ကူးမွု၊ 960fps အေႏွးဗီဒီယိုရိုက္ကူးမွုတို႔ ျပဳလုပ္နိုင္ပါတယ္။

Realme X50 5G မွာ ဘက္ထရီ 4200 mAhပါဝင္ၿပီး 3120Hz Display ၊ SD 765G ၊ 64MP ေက်ာဘက္ကင္မရာေလးလုံး၊ 16MP ေရွ႕ကင္မရာႏွစ္လုံးပါဝင္ၿပီး ေဈးႏွုန္း ေဒၚလာ 360 သာ သတ္မွတ္ထားတဲ့ Realme X50 5G ကို ေၾကညာ 30W VOOC 4.0 ျဖင့္ အားသြင္းနိုင္ပါတယ္။ မိနစ္ 30 အားသြင္း႐ုံျဖင့္ ဘက္ထရီ 70 ရာခိုင္ႏွုန္း ရရွိပါမယ္။ လက္ေဗြရာစနစ္ကို ေဘာင္မွာ ထည့္သြင္းထားပါတယ္။ microSD Slot ပါဝင္ၿပီး Dolby Atmos စပီကာႏွင့္ Hi Res တို႔ ေထာက္ပံ့ထားပါတယ္။ Dual SIM၊ Dual Frequency GPS ၊ Wi-Fi 802.11ac ၊ Bluetooth 5.0 ၊ USB Type C တို႔ ပါဝင္ပါတယ္။ နားၾကပ္ေပါက္ ပါဝင္ပါတယ္။ ဒီဖုန္းမွာ Android 10 အေျခခံ Realme UI သုံးထားပါတယ္။ ဒီဖုန္းက Realme UI သုံးထားတဲ့ ပထမဆုံး Realmeစမတ္ဖုန္း ျဖစ္ပါတယ္။

Realme X50 5G Master Edition

ဒီဖုန္းကို ဂ်ပန္နာမည္ႀကီး ဒီဇိုင္းနာက ဖန္တီးထားတာျဖစ္ၿပီး အေရာင္ႏွစ္မ်ိဳးျဖင့္ ေရြးခ်ယ္နိုင္ပါတယ္။ ဒီဖုန္းမွာ RAM12GB ႏွင့္ Storage 256GB ပါဝင္ပါတယ္။

Realme X50 5G ကို ဗားရွင္းမ်ားစြာျဖင့္ ေရြးခ်ယ္နိုင္ပါမယ္။

RAM8GB+128GB ကို ေဒၚလာ 360 ၊ RAM6GB+256GB ကို ေဒၚလာ 388 ၊ RAM12GB+256GB ကို ေဒၚလာ 432 သတ္မွတ္ထားကာ Polar White ၊ Glacier Blue အေရာင္တို႔ႏွင့္ ေရြးခ်ယ္နိုင္ပါတယ္။ Realme X50 5G Master Edition ရဲ့ ေဈးႏွုန္းက ေဒၚလာ 446 ျဖစ္ပါတယ္။

Realme X50 5G Master Edition ကို ဇန္နဝါရီလ 14 ရက္ေန႔မွာ စတင္ေရာင္းခ်သြားမွာျဖစ္ၿပီး က်န္ဖုန္းမ်ားကို ေရာင္းခ်ေနပါၿပီ။

NetGuide Journal (Every Wednesday)