မေး – iPhone မှာ iCloud အကောင့်ကို ကိုယ်ကိုယ်တိုင်ဖွင့်ချင်လို့ပါခင်ဗျာ။ ရနိုင်ပါသလားအစ်ကိုရေ။
ဖြေ – ဟုတ်ကဲ့ပါ။ ကိုယ်ကိုယ်တိုင်ဖွင့်ဖို့ဆိုရင်တော့ Laptop တစ်လုံးလောက်တော့ လိုအပ်ပါလိမ့်မယ်ခင်ဗျာ။ ကိုယ်တိုင်ကျွမ်းကျင်ရင်တော့ ရနိုင်ပါလိမ့်မယ်အစ်ကိုရေ။
မေး – ကျွန်တော့်ဖုန်းက App တစ်ခုခုကိုသုံးနေရင် တစ်ခါတလေမှာ ဘာမှကိုနှိပ်လို့မရပါဘူးခင်ဗျာ။ Screen ကိုလည်းဆွဲမရတော့လို့ပါ။ အကြံလေးပေးပါဦးအစ်ကိုရေ။
ဖြေ – Factory Restart ချကြည့်ဖို့ကို အကြံပေးချင်ပါတယ်ခင်ဗျာ။ Data တွေ အရမ်းများနေတဲ့အခါမျိုး တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
မေး – အစ်ကိုရေ Android OS ဖုန်းတွေပျောက်ခဲ့ရင် ဘယ်လိုရှာလို့ ရနိုင်မလဲခင်ဗျာ။ ဘာတွေလိုအပ်ပါသလဲ။
ဖြေ – Apple လို Security အရမ်းကောင်းတဲ့ Phone မျိုးတောင် ပြန်ရှာဖို့ဆိုတာ အဆင်မပြေနိုင်ပါဘူးခင်ဗျာ။ Android ဆိုရင် Mi ဆိုရင်တော့ နည်းနည်းတော့ ခန့်မှန်းခြေရနိုင်ပါတယ်ခင်ဗျာ။
မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက Samsung J7 2017 ပါ။ အောက်ကိုကျသွားတာမှာ အသံတော့လာပြီး မြင်လည်းမမြင်ရနှိပ်လည်း နှိပ်မရတော့လို့ပါ။ ပြန်ပြုပြင်ရင်ရော အကုန်အကျများနိုင်ပါသလားခင်ဗျာ။
ဖြေ – ဟုတ်ကဲ့ပါ။ အစ်ကိုရေ Samsung တွေက အဲ့ဒီလိုဖြစ်ပြီဆိုရင်တော့ အကုန်အကျများပါတယ်ခင်ဗျာ။ များတယ်ဆိုတာက တခြားအမျိုးအစားတွေထက်ယှဉ်ရင်ပါ။ အသံကြားပြီး ရုပ်မမြင်ရတော့တာဟာ LCD ပျက် သွားတာဖြစ်ပါတယ်။
မေး – မင်္ဂလာပါအစ်ကိုရေ။ IC တစ်လုံးက သက်တမ်းကုန်ဆုံးတယ်ဆိုတာ ရှိပါသလားခင်ဗျာ။
ဖြေ – ဟုတ်ကဲ့ပါခင်ဗျာ။ IC မှာတော့ သက်တမ်းကုန်ဆုံးတယ်ဆိုတာရယ်လို့တော့ မသတ်မှတ်ထားပါ ဘူးခင်ဗျာ။ ဒါပေမဲ့ သူ့ရဲ့အရည်အသွေးကျလာတာနဲ့အမျှရယ် သုံးတဲ့ User ရဲ့အသုံးပြုတဲ့ပမာဏရယ်ကြောင့် သာ လုပ်ဆောင်ရည်တွေက ကျလာတာမျိုးဖြစ်ပါတယ်။
မေး – Google Play Store မှာ တချို့ App တွေကို Download ဆွဲရင် This Item isn’t available in this country လို့ပဲပြနေပါတယ်။ အဲ့ဒါက ဘာ ကြောင့်ပါလဲခင်ဗျာ။
ဖြေ – အဲ့ဒီလိုပြနေတာဟာ ဖုန်းရဲ့ App ပေါ်မှာလည်း မူတည်နေပါတယ်ခင်ဗျာ။ Playstore အသစ်ကိုလည်း ထပ်ပြီးတော့ ဖွင့်ကြည့်စေချင်ပါတယ်အစ်ကိုရေ။
မေး – မင်္ဂလာပါအစ်ကို။ ကျွန်တော့်ဖုန်းက ဖုန်းအား 90% လောက်ကနေ သုံးနေရင်းနဲ့ Restart ချလိုက်တော့ 50% အောက်ကို ရောက်သွားလို့ပါအစ်ကိုရေ။ ဘာကြောင့်ပါလဲခင်ဗျာ။
ဖြေ – ဖုန်းသုံးနေရင်းနဲ့ အားရှိနေပြီးတော့ Restart ချလိုက်ရင် ကျသွားတယ်ဆိုတာ တချို့ဖုန်းတွေကတော့ Battery ကြောင့် အဖြစ်များပါတယ်။ Battery ကြောင့်မဟုတ်ခဲ့ရင်တောင် Restart ချလိုက်တဲ့အခါ Phone Data တွေကို သယ်ဆောင်ပေးလာတဲ့ပတ်လမ်းတွေကို သေချာလိုက်စစ်နေရတာဖြစ်တဲ့အတွက် အားလျော့ သွားတာလည်း ဖြစ်နိုင်ပါတယ်ခင်ဗျာ။
မေး – အစ်ကိုရေ နောက်ပိုင်းဖုန်းတွေမှာပါတဲ့ Battery အသေတွေက တကယ်လို့ပျက်စီးသွားခဲ့ရင် လဲလှယ်လို့ ရနိုင်ပါသလားခင်ဗျာ။
ဖြေ – ရပါတယ်အစ်ကိုရေ။ Battery အသေတွေကိုလည်း လဲလှယ်လို့ရပါတယ်။ ဈေးကတော့ နည်းနည်လေး ပိုပြီးကြီးသွားပါတယ်ခင်ဗျာ။
မေး – အစ်ကိုရေ Software Update တင်ရင် အထဲက Data တွေကို ပျက်တတ်ပါသလားခင်ဗျာ။
ဖြေ – မပျက်တတ်ပါဘူးခင်ဗျာ။ Software Update တင်ရုံနဲ့တော့ Data တွေမပျက်စီးနိုင်ပါဘူး။ အမှားယွင်း မရှိအောင်တင်ဖို့တော့လိုအပ်ပါတယ်အစ်ကိုရေ။
မေး – အစ်ကိုရေ iPhone တွေမှာ Zapya နဲ့ကူးတဲ့ File တွေကို Video ကြည့်တဲ့ Application ထဲရောက်အောင် လုပ်လို့ရပါသလား။
ဖြေ – ဟုတ်ကဲ့ပါ။ iPhone တွေမှာ အဲ့ဒီလိုမျိုးတော့မရပါဘူး။ ရတဲ့ App လေးတွေတော့ ရှိပါတယ်အစ်ကိုရေ။
Pyae Sone Mobile Services & Training (တိုက်ကြီးမြို့) ဖုန်း- 09-692203616, 09-263021551 မှ ကူညီပံ့ပိုးပါသည်။
NetGuide Journal (Every Wednesday)
—————————————————————————————
  • (Zawgyi Version)
“အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ”