Mid-range စမတ်ဖုန်းလို့ ဆိုလိုက်တာနဲ့ budget ဖုန်းနဲ့ high-end ကြားထဲက လူတန်းစားအစုံသုံးနိုင်မယ့် စမတ်ဖုန်းလို့ တန်းမြင်ကြမှာပါ။ 2019 မှာဆိုရင် mid-range ဖုန်းတွေမှာ higher-end features တွေ ထည့်သွင်းလာကြတာကို တွေ့ရမှာပါ။ သင့် Mid-Range စမတ်ဖုန်းကို ရွေးချယ်လိုက်တယ်ဆိုပေမယ့် အဲ့ဒီဖုန်းမှာ ထင်မှတ်မထားတဲ့ premium features တွေကို တွေ့ပါလိမ့်မယ်။ ဒီနှစ်အတွင်း ထွက်ရှိခဲ့တဲ့ Mid-Range ဖုန်းတွေကို သတိထားကြည့်လိုက်မယ်ဆိုရင် ကောင်းမွန်တဲ့ ပရိုဆက်ဆာ၊ ကြီးမားတဲ့ ဘက်ထရီနဲ့ နောက်ကျောဘက်မှာ ကင်မရာ 2 လုံး၊ 3 လုံး ပါဝင်လာတာကို တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့အတွက် high-end ဖုန်းတွေဟာ အလှမ်းဝေးလွန်းလှပါတယ်။ ဒါကြောင့် high-end  ဖုန်းတွေမှာ ထည့်သွင်းပေးထားတဲ့ လုပ်ဆောင်ချက်တချို့ပါဝင်တဲ့ Mid-Range စမတ်ဖုန်းတွေကို ရွေးချယ်ဖို့ ဖြစ်လာပါတယ်။ ပြီးတော့ mid-range ဖုန်းသာဆိုတယ် အဲ့ဒီဖုန်းတွေမှာ flagship-grade fast charging, quad-cameras ကနေပြီးတော့ စျေးနှုန်းနဲ့ အသုံးဝင်မှုအပေါ် အခြေခံပြီး ရွေးချယ်ပေးထားတဲ့ 2019 အတွက် အကောင်းဆုံး Mid-Range စမတ်ဖုန်းတွေအကြောင်းကို ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

(1). Redmi Note 8 Pro

Redmi Note model တွေကိုမှ ဒီစာရင်းထဲ မထည့်ထားရင် အကောင်းဆုံး Mid-Range စမတ်ဖုန်းဆိုတဲ့ စာရင်းဟာ ပြည့်စုံသွားမယ် မထင်ပါဘူး။ Redmi ရဲ့ Note ဖုန်းတွေဟာ အလယ်အလတ် စမတ်ဖုန်း ဝယ်ယူသူတွေထဲ ကြားထဲမှာ အလွန်ရေပန်းစားတယ်လို့ သတ်မှတ်ရမှာပါ။ ကုမ္ပဏီဘက်က ပြောကြားချက်အရ Redmi Note 8 စီးရီးဖုန်းတွေကို 3 လအတွင်း အလုံးရေ 10 သန်းလောက် ရောင်းနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ Redmi Note 8 Pro ကို ကြည့်လိုက်မယ်ဆိုရင် သူ့မှာ စတိုင်ကျတဲ့ ကိုယ်ထည်နဲ့ ဂိမ်းပိုင်းအတွက် ပြည့်စုံတဲ့ ပရိုဆက်ဆာတို့ သုံးထားတာကို တွေ့ရမှာပါ။ mid-range စမတ်ဖုန်းတွေထဲမှာ အတော်ဟန်ချက်ညီမျှတဲ့ဖုန်းလို့ သတ်မှတ်ရပါလိမ့်မယ်။ သူဟာ 64MP Camera ပါတဲ့ ပထမဆုံးဖုန်းဖြစ်ပြီး Samsung ရဲ့ ISOCELL Bright GW1 Sensor ဖြစ်ပြီး Quad-binning Pixel နည်းပညာ ထည့်သွင်းထားပါတယ်။ 6.53 လက်မ Full HD+ Display တပ်ဆင်ထားပြီး ဘေးဘောင်တွေက ပါးလွှာပါတယ်။ အနောက်ဘက်မှာ ကင်မရာ 4 လုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ 64MP Main, 8MP Ultrawide, 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ AI Features နဲ့ Scene Recognition တွေပါတဲ့ 20MP Selfie ကင်မရာကို Notch မှာ ထည့်သွင်းထားပါတယ်။ ပြီးတော့ ဒီဖုန်းဟာ MediaTekHelio G90T ပါတဲ့ ပထမဆုံးစမတ်ဖုန်းလည်း ဖြစ်လာပါတယ်။ 18W Fast Charging ပါတဲ့ 4500 mAh Battery ထည့်ထားပါတယ်။ ဂိမ်းတွေဆော့တဲ့အချိန်မှာ Chipset ကို အပူချိန်လျှော့ချပေးဖို့ Liquid Cooling Chamber 1 ခု ထည့်သွင်းထားပါတယ်။ WiFi နဲ့ 4G 2 ခုစလုံးကို တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပါတယ်။

(2). Realme X2

အကောင်းဆုံးဆိုတဲ့ Mid-Range စမတ်ဖုန်းစာရင်းမှာ Redmi Note model တောင်ပါသေးရင် Realme X2 ကရော ပါလို့မရနိုင်ဘူးလား။ ဒီနှစ်ထဲမှာ ခပ်ကြမ်းကြမ်းထွက်နေတဲ့ Realme ကုမ္ပဏီရဲ့ Realme X2 ဖုန်းပဲ ဖြစ်ပါတယ်။ 2019 ထွက်ထားတဲ့ ဖုန်းတွေထဲမှာတော့ Realme X2 ဖုန်းဟာ အတော်ကောင်းတဲ့ဖုန်းလို့ သတ်မှတ်ရမှာပါ။ စျေးလည်း သက်သာသလို premium features အနည်းငယ်ကိုလည်း တွေ့ရမှာကြောင့် ဖြစ်ပါတယ်။ မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ 64MP အပါအဝင် အနောက်ကင်မရာ 4 လုံး ထည့်ထားပါတယ်။ AI Scene Recognition, Chrome Boost, Super Nightscape နဲ့ Expert Mode တွေ ပါပါတယ်။ ဗီဒီယိုအတွက် EIS ပါပါတယ်။ အနောက်ဘက်ကိုလည်း Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာကိရိယာနဲ့ 30W VOOC 4.0 Fast Charging ပါပါတယ်။ မိနစ် 30 အတွင်းမှာ 67 ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။ USB Type-C Port ပါပါတယ်။ Snapdragon 730G 8nm ပရိုဆက်ဆာကို သုံးထားပြီး Adreno 618 GPU နဲ့ ထောက်ပ့ံမှာ ဖြစ်ပါတယ်။ Android 9.0 (Pie) အခြေပြု ColorOS 6.0 ကို သုံးနိုင်မှာပါ။ နောက်ဘက်မှာထည့်ထားတဲ့ ကင်မရာ 4 လုံးကတော့ 64MP (Samsung GW1 sensor) ၊ 8MP 119° ultra-wide angle lens ၊ 2MP depth sensorနဲ့ 2MP (4cm macro ) တို့ပဲ ဖြစ်ပါတယ်။ အရှေ့ဘက်အတွက်လည်း တာဝန်ကျေပွန်လွန်းစွာ 32MP (f/2.0 aperture) ကို ထည့်ပေးထားပါတယ်။

(3). Redmi K20 (Mi 9T)

Realme X2 ဖုန်းလိုမျိုး နောက်ထပ်သုံးနိုင်တဲ့ ဖုန်းတစ်လုံးကို ရှာနေတယ်ဆိုရင်တော့ အဲ့ဒီဖုန်းဟာ Redmi K20 ပဲ ဖြစ်ပါလိမ့်မယ်။ ဒီစာရင်းထဲမှာ ထည့်ပေးထားတဲ့ mid-range ဖုန်းတွေထဲမှာတော့ အတော်လေးစျေးနှုန်းနဲ့ လုပ်ဆောင်ချက်မျှတတဲ့ဖုန်းလို့ ဆိုရမှာပါ။ hardware တည်ဆောက်မှုပိုင်းအတွက်လည်း Snapdragon 730 နဲ့ 6GB RAM တွဲဘက်သုံးနိုင်မှာပါ။ ပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ 4000 mAh ဘက်ထရီပါ။ Sony IMX582 sensor ဖြစ်တဲ့ 48MP အဓိက သုံးထားတာပဲ ဖြစ်ပါတယ်။ telephoto sensor ထည့်ထားတဲ့ ကင်မရာကလည်း အတော်မိုက်ပါတယ်။ ဒီဇိုင်းပိုင်းမှာဆိုရင်လည်း notch-less display နဲ့အတူ pop-up ကင်မရာတွေကို သုံးထားပါတယ်။ သူ့မှာ အားနည်းချက်လို့ ပြောစရာကတော့ Snapdragon 730 သုံးထားတာပဲ ရှိပါတယ်။ 6.39-inch (2340 × 1080 pixels) Full HD+ ကတော့ လက်ရှိဖုန်းအများစုမှာ မြင်တွေ့ရတဲ့ မျက်နှာပြင် အရွယ်အစား ပုံစံမျိုးပါ။ In-display fingerprint sensor သုံးနိုင်တာကလည်း လက်ရှိအချိန်မှာ သိပ်အထူးခြားကြီး မဟုတ်တော့ပါဘူး။

(4). Lenovo Z6

Lenovo Z6 စမတ်ဖုန်းဟာ လူကြိုက်သိပ်မများတဲ့ ဖုန်းစာရင်းထဲမှာ ပါဝင်ပေမယ့်လည်း သင့်ရဲ့ ငွေကြေးသုံးစွဲမှုပိုင်းအတွက် ကောင်းမွန်တဲ့ တုံ့ပြန်မှုကို ပေးပါလိမ့်မယ်။ ဒါပေမယ့် သူ့မှာ စဉ်းစားစရာအချက်တွေ ရှိနေပါတယ်။ အဲ့့ဒါတွေကတော့ Lenovo ဟာ သူ့ရဲ့ software ထောက်ပံ့မှုအတွက် လူသိမများလှပါဘူး။ ဘာကြောင့်များ Best Mid-Range Smartphones of 2019 စာရင်းထဲမှာ ရောက်နေရပါသလဲ။ တိကျတဲ့အဖြေတော့ မဟုတ်ပေမယ့် အထက်မှာဖော်ပြထားခဲ့တဲ့ စမတ်ဖုန်း 3 လုံးဖြစ်တဲ့ Realme X2, Redmi Note 8 Pro နဲ့ Redmi K20 ဖုန်းတွေဟာ 180 grams ကျော်ရှိပြီး 8.6 mm ထူပါတယ်။ Lenovo Z6 ကတော့ 159 grams သာရှိပြီး 7.7 mm သာ ထူပါတယ်။ ဒါကြောင့်ပဲ သူ့အနေနဲ့ ကိုင်ဆောင်ရတာ သက်တောင့်သက်သာ အရှိဆုံးဖုန်းအနေနဲ့ ဝင်ရောက်လာတာ ဖြစ်နိုင်ပါတယ်။ နောက်ထပ်ကောင်းတဲ့ အချက်ကတော့ 2x optical zoom နဲ့အတူ ကင်မရာ 3 လုံး တပ်ဆင်ထားတာပဲ ဖြစ်ပါတယ်။ Snapdragon 730 chipset သုံးထားတဲ့ ဖုန်းတွေထဲမှာတော့ အတော်လေး စွမ်းဆောင်ချက်နဲ့ စျေးနှုန်းသင့်တဲ့ ဖုန်းအဖြစ် သတ်မှတ်နိုင်မှာပါ။ Lenovo Z6 မှာ ကျွန်တော်တို့အနေနဲ့ အံ့သြလောက်စရာ OLED panel ၊  HDR10 နဲ့ DCI P3 coverage လိုမျိုးတွေနဲ့ မြင်ကွင်းစွမ်းရည်တွေကို ရရှိမှာပါ။ 6.39-inch (2340 x 1080 pixels) FHD+ မှာ Octa Core (2.2GHz Dual + 1.8GHz Hexa) ဟာ မြန်နှုန်းအတွက် အထောက်အပံ့ဖြစ်ပြီး Android 9.0 (Pie) with ZUI 11 သုံးရမှာပါ။ ကင်မရာပိုင်းမှာ ကြည့်လိုက်မယ်ဆိုရင် Sony IMX576 sensor ကို အဓိကကင်မရာ 24MP အတွက် သုံးထားပြီး f/2.4 apertureနဲ့  8MP Telephoto lens ၊ f/2.4 aperture နဲ့ 5MP depth of field lens တွေ ပေါင်းစပ်သုံးနိုင်မှာပါ။ အရှေ့ဘက်မှာတော့ 16MP ကင်မရာကို တွေ့ရမှာဖြစ်ပြီး In-display fingerprint sensor လည်း သုံးနိုင်မှာ ဖြစ်ပါတယ်။

(5). Google Pixel 3a

စိတ်လှုပ်ရှားစရာ အကောင်းဆုံးဖုန်းလို့ဆိုရမယ့် Google ရဲ့ Pixel 3a ကလည်း အကောင်းဆုံး mid-range ဖုန်းတွေထဲမှာ ပါဝင်လျက်ရှိပါတယ်။ ဒီဖုန်းဟာ ဒေါ်လာ 400 ဝန်းကျင်ဆိုပေမယ့်လည်း သုံးစွဲသူကြိုက်နှစ်သက်မှုအရ mid-range စာရင်းထဲ ရောက်နေတာ ဖြစ်ပါတယ်။ Pixel 3a မှာ 5.6 လက်မ OLED Panel ထည့်သွင်းထားပြီး အရည်အသွေးမှာ FHD+ (1080×2220)p ဖြစ်ပါတယ်။ Dragon Trail နဲ့ မျက်နှာပြင်ကို ကာကွယ်ထားပါတယ်။ သူ့မှာ Snapdragon 670 Chipset မောင်းနှင်ထားပါတယ်။ 4GB RAM, 64GB Storage များ ထည့်သွင်းထားပါတယ်။ micro SD Slot တော့ မပါပါဘူး။ ကင်မရာများအပိုင်းမှာ အနောက်ဘက်မှာ 12.2MP Sony IMX363 Main Camera ပါပြီး OIS ပါပါတယ်။ စွမ်းဆောင်ချက်အပိုင်းမှာတော့ သူ့ရဲ့ကင်မရာဟာ တန်ဖိုးကြီး Pixel ရဲ့ စွမ်းရည်ကို သိပ်မမှီပါဘူး။ အရှေ့ဘက်မှာ 8MP ကင်မရာ ထည့်ထားပါတယ်။ Night Sight, Top Shot, Super Res Zoom, HDR+ လုပ်ဆောင်ချက်များ ပါပါတယ်။ ဘက်ထရီက 3000 mAh ဖြစ်ပြီး 18W Fast Charging ပါပါတယ်။ တန်ဖိုးနည်းအောင် ပလတ်စတစ်ကိုယ်ထည်ကို သုံးထားပါတယ်။

(6). Xiaomi Mi 9 SE

ပေါ့ပါးကျစ်လျစ်တဲ့ စမတ်ဖုန်းရှာနေသူတွေအတွက် XiaomiMi 9 SE ဟာ စာရင်းထဲမှာ ရှိနေပါတယ်။ 2019 ဖုန်းတွေဟာ 6-inch+ display နဲ့အတူ ကြီးမားတဲ့ ဘက်ထရီ၊ ကင်မရာမျိုးစုံနဲ့ ထွက်လာကြတာပါ။ Lenovo Z6 ဖုန်းဟာ အတော်လေးပေါ့ပါးပြီး ကျစ်လျစ်တဲ့ဖုန်းလို့ ဆိုရမှာပါ။ ဒါပေမယ့် သူထက်ပိုပြီး ပေါ့ပါးတဲ့ ဖုန်းကို ရှိနေတယ်ဆိုရင်တော့ Mi 9 SE ရှိနေပါတယ်။ ဘက်ထရီစွမ်းရည်နဲ့ display ကောင်းမွန်ပြီး ကင်မရာပိုင်းမှာလည်း မခေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Mi 9 SE ဟာ Snapdragon 712 Chipset အသစ်သုံးထားတဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။ ဒီဖုန်းဟာ Mi 9 ရဲ့ Compact ဗားရှင်းလို့ ဆိုရမှာပါ။ ကင်မရာအတွက် Sony IMX586 sensor သုံး 48-megapixel နဲ့ ကျောကင်မရာသုံးလုံးဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာဖတ်စနစ်လည်း ပါဝင်ပါသေးတယ်။ Display က Mi 9 ထက် အနည်းငယ်သေးသွားပြီး 5.97 လက်မ သုံးထားပါတယ်။ Snapdragon 712 Chipset ကို 6GB RAM နဲ့ ထုတ်ပေးထားပြီး Storage ကိုတော့ 64GB နဲ့ 128GB တွေ ရွေးချယ်နိုင်မှာပါ။ Snapdragon 712 ဟာ Snapdragon 710 ထက် CPU အနည်းငယ် ပိုမြန်လာတာကလွဲရင် သိသိသာသာ ကွာခြားမှု မရှိပါဘူး။ ကျောကင်မရာသုံးလုံးမှာ 48MP main sensor, 123 ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် Super Wide 13MP sensor နဲ့ 8MP Telephoto sensor တို့ ပါရှိပါတယ်။ USB Type-C, NFC, IR Blaster စတာတွေလည်း Mi 9 နည်းတူ ပါရှိမှာပါ။ ဘက်ထရီကတော့ 3070 mAh ဖြစ်သွားပြီး 18W အား အမြန်သွင်းစနစ်နဲ့ ဖြစ်သွားပါတယ်။ ဒါ့အပြင် 3.5 mm Audio Jack လည်း မပါလာတော့ပါဘူး။

(7). Moto G8 Plus

ဒီဖုန်းကတော့ စျေးသက်သာတဲ့ ပရီမီယမ်ဖုန်းလို့ သတ်မှတ်ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဓာတ်ပုံ၊ စွမ်းဆောင်ရည်နဲ့ ဘက်ထရီသက်တမ်းအပိုင်းတွေမှာ အတော်လေးကောင်းတဲ့ဖုန်းလို့ ဆိုရမှာပါ။ ကြည့်ကောင်းပြီး ရှင်းလင်းတဲ့ အတွေ့အကြုံကလည်း ဒီဖုန်းကို အကောင်းဆုံးဖုန်းဆိုတဲ့ အတွေ့အကြုံကို ယူဆောင်လာပေးပါတယ်။ သူ့မှာ 6.3 လက်မ Full HD+ Waterdrop Notch Display, 4GB RAM, Android 9 Pie တွေ ထည့်သွင်းထားပါတယ်။ Android 10 ကို အဆင့်မြှင့်ပေးမှာဖြစ်ပြီး 2 နှစ်အထိ Security Patch တွေ ရမှာပါ။ အနောက်ဘက်မှာ 48MP အပါအဝင် ကင်မရာ 3 လုံး ထည့်ထားပါတယ်။ အနောက်ဘက် M လိုဂိုလေးမှာ လက်ဗွေရာကိရိယာ တပ်ဆင်ထားပါတယ်။ သူ့ရဲ့ အသေးစိတ်အချက်အလက်တွေကို ပြန်ပြောရမယ်ဆိုရင် ဒီဖုန်းမှာ Full HD+ လို့ဆိုပေမယ့် LCD screen ကိုသာ သင့်အနေနဲ့ မြင်ရမှာပါ။ ပြီးတော့ ပရိုဆက်ဆာကလည်း Snapdragon 665 11nm ဖြစ်ပါတယ်။ ဒါဟာ သိပ်အဆင့်မြင့်တယ်လို့တော့ သတ်မှတ်လို့ မရနိုင်ပါဘူး။ ကင်မရာတွေကတော့ 48MP quad pixel မှာ LED flash တပ်ပေးထားပြီး 16MP 117-degree Ultra-wide Action ကင်မရာ ၊ 5MP depth sensing ကင်မရာတွေကို သုံးနိုင်ပါလိမ့်မယ်။ 25MP quad pixel ကင်မရာကို ဖုန်းရဲ့ အရှေ့ဘက် notch ထဲမှာ ထည့်ပေးထားမှာပါ။ ကိုယ်ထည်က ပလပ်စတစ်နဲ့သာ လုပ်ထားတာဆိုပေမယ့် Splash resistant (IPX2) လို စွမ်းဆောင်ချက်ကို တွေ့ရမှာပါ။

(8). Honor 9X

ဒီဖုန်းကတော့ flagships တွေမှာပါဝင်တဲ့ စွမ်းဆောင်ချက်တွေကို ထည့်သွင်းပေးထားပြီး စျေးနှုန်းအနည်းငယ်နဲ့ ထုတ်ပေးထားတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာပါ။ notch-free display  ဖြစ်ဖို့အတွက် သူ့မှာ  pop-up ကင်မရာကြီး ထည့်ပေးထားပါတယ်။ LTPS IPS LCD မျက်နှာပြင်နဲ့ဖြစ်ပြီး 6.59 လက်မဆိုတာ သိပ်ထူးခြားတယ်လို့ မဆိုနိုင်လောက်ပါဘူး။ ဘာကြောင့်လဲဆိုရင် လက်ရှိအချိန်မှာ စမတ်ဖုန်းထုတ်လုပ်သူအများစုဟာ အဲ့ဒီမြင်ကွင်းအကျယ်နဲ့ ဖုန်းတွေကို ထုတ်နေကြလို့ပါဘဲ။ Android 9.0 (Pie) အခြေပြု EMUI 9.1 ကို သုံးနိုင်မှာပါ။ ပရိုဆက်ဆာကတော့ HiSilicon Kirin 710F (12 nm) ဖြစ်ပါတယ်။ Mali-G51 MP4 ဂရပ်ဖစ်ပါ။ Motorized pop-up 16 MP ကင်မရာဟာ selfie ပုံတွေကို အကောင်းဆုံး ရိုက်ကူးနိုင်ပါလိမ့်မယ်။ နောက်ဘက်ကင်မရာတွေကတော့ 48 MP ၊ 8 MP(ultrawide) နဲ့ 2 MP (depth sensor) တို့ ဖြစ်ပါတယ်။ Li-Po 4000 mAh ဘက်ထရီနဲ့ဖြစ်ပြီး 10W အားသွင်းစနစ်သာ ထောက်ပံ့ပေးပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Best Mid-Range Smartphones Of 2019 : Great, Affordable Phones

Mid-range စမတ္ဖုန္းလို႔ ဆိုလိုက္တာနဲ႔ budget ဖုန္းနဲ႔ high-end ၾကားထဲက လူတန္းစားအစုံသုံးႏုိင္မယ့္ စမတ္ဖုန္းလုိ႔ တန္းျမင္ၾကမွာပါ။ 2019 မွာဆိုရင္ mid-range ဖုန္းေတြမွာ higher-end features ေတြ ထည့္သြင္းလာၾကတာကို ေတြ႕ရမွာပါ။ သင့္ Mid-Range စမတ္ဖုန္းကို ေရြးခ်ယ္လိုက္တယ္ဆိုေပမယ့္ အဲ့ဒီဖုန္းမွာ ထင္မွတ္မထားတဲ့ premium features ေတြကို ေတြ႕ပါလိမ့္မယ္။ ဒီႏွစ္အတြင္း ထြက္ရွိခဲ့တဲ့ Mid-Range ဖုန္းေတြကို သတိထားၾကည့္လုိက္မယ္ဆိုရင္ ေကာင္းမြန္တဲ့ ပ႐ိုဆက္ဆာ၊ ႀကီးမားတဲ့ ဘက္ထရီနဲ႔ ေနာက္ေက်ာဘက္မွာ ကင္မရာ 2 လုံး၊ 3 လုံး ပါဝင္လာတာကို ေတြ႕ရပါလိမ့္မယ္။ ကၽြန္ေတာ္တို႔အတြက္ high-end ဖုန္းေတြဟာ အလွမ္းေဝးလြန္းလွပါတယ္။ ဒါေၾကာင့္ high-end  ဖုန္းေတြမွာ ထည့္သြင္းေပးထားတဲ့ လုပ္ေဆာင္ခ်က္တခ်ိဳ႕ပါဝင္တဲ့ Mid-Range စမတ္ဖုန္းေတြကို ေရြးခ်ယ္ဖုိ႔ ျဖစ္လာပါတယ္။ ၿပီးေတာ့ mid-range ဖုန္းသာဆိုတယ္ အဲ့ဒီဖုန္းေတြမွာ flagship-grade fast charging, quad-cameras ကေနၿပီးေတာ့ ေစ်းႏႈန္းနဲ႔ အသုံးဝင္မႈအေပၚ အေျခခံၿပီး ေရြးခ်ယ္ေပးထားတဲ့ 2019 အတြက္ အေကာင္းဆုံး Mid-Range စမတ္ဖုန္းေတြအေၾကာင္းကို ဒီတစ္ပတ္အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

(1). Redmi Note 8 Pro

Redmi Note model ေတြကိုမွ ဒီစာရင္းထဲ မထည့္ထားရင္ အေကာင္းဆုံး Mid-Range စမတ္ဖုန္းဆိုတဲ့ စာရင္းဟာ ျပည့္စုံသြားမယ္ မထင္ပါဘူး။ Redmi ရဲ႕ Note ဖုန္းေတြဟာ အလယ္အလတ္ စမတ္ဖုန္း ဝယ္ယူသူေတြထဲ ၾကားထဲမွာ အလြန္ေရပန္းစားတယ္လို႔ သတ္မွတ္ရမွာပါ။ ကုမၸဏီဘက္က ေျပာၾကားခ်က္အရ Redmi Note 8 စီးရီးဖုန္းေတြကို 3 လအတြင္း အလုံးေရ 10 သန္းေလာက္ ေရာင္းႏိုင္ၿပီျဖစ္တယ္လုိ႔ သိရပါတယ္။ Redmi Note 8 Pro ကို ၾကည့္လိုက္မယ္ဆုိရင္ သူ႔မွာ စတိုင္က်တဲ့ ကိုယ္ထည္နဲ႔ ဂိမ္းပိုင္းအတြက္ ျပည့္စုံတဲ့ ပ႐ိုဆက္ဆာတို႔ သုံးထားတာကို ေတြ႕ရမွာပါ။ mid-range စမတ္ဖုန္းေတြထဲမွာ အေတာ္ဟန္ခ်က္ညီမွ်တဲ့ဖုန္းလို႔ သတ္မွတ္ရပါလိမ့္မယ္။ သူဟာ 64MP Camera ပါတဲ့ ပထမဆုံးဖုန္းျဖစ္ၿပီး Samsung ရဲ႕ ISOCELL Bright GW1 Sensor ျဖစ္ၿပီး Quad-binning Pixel နည္းပညာ ထည့္သြင္းထားပါတယ္။ 6.53 လက္မ Full HD+ Display တပ္ဆင္ထားၿပီး ေဘးေဘာင္ေတြက ပါးလႊာပါတယ္။ အေနာက္ဘက္မွာ ကင္မရာ 4 လုံးကို ေဒါင္လိုက္ တပ္ဆင္ထားပါတယ္။ 64MP Main, 8MP Ultrawide, 2MP Depth နဲ႔ 2MP Macro ေတြ ျဖစ္ပါတယ္။ AI Features နဲ႔ Scene Recognition ေတြပါတဲ့ 20MP Selfie ကင္မရာကို Notch မွာ ထည့္သြင္းထားပါတယ္။ ၿပီးေတာ့ ဒီဖုန္းဟာ MediaTekHelio G90T ပါတဲ့ ပထမဆုံးစမတ္ဖုန္းလည္း ျဖစ္လာပါတယ္။ 18W Fast Charging ပါတဲ့ 4500 mAh Battery ထည့္ထားပါတယ္။ ဂိမ္းေတြေဆာ့တဲ့အခ်ိန္မွာ Chipset ကို အပူခ်ိန္ေလွ်ာ့ခ်ေပးဖို႔ Liquid Cooling Chamber 1 ခု ထည့္သြင္းထားပါတယ္။ WiFi နဲ႔ 4G 2 ခုစလုံးကို တစ္ၿပိဳင္နက္ ခ်ိတ္ဆက္ႏိုင္ပါတယ္။

(2). Realme X2

အေကာင္းဆုံးဆိုတဲ့ Mid-Range စမတ္ဖုန္းစာရင္းမွာ Redmi Note model ေတာင္ပါေသးရင္ Realme X2 ကေရာ ပါလို႔မရႏုိင္ဘူးလား။ ဒီႏွစ္ထဲမွာ ခပ္ၾကမ္းၾကမ္းထြက္ေနတဲ့ Realme ကုမၸဏီရဲ႕ Realme X2 ဖုန္းပဲ ျဖစ္ပါတယ္။ 2019 ထြက္ထားတဲ့ ဖုန္းေတြထဲမွာေတာ့ Realme X2 ဖုန္းဟာ အေတာ္ေကာင္းတဲ့ဖုန္းလို႔ သတ္မွတ္ရမွာပါ။ ေစ်းလည္း သက္သာသလို premium features အနည္းငယ္ကိုလည္း ေတြ႕ရမွာေၾကာင့္ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ကို Gorilla Glass 5 နဲ႔ ကာကြယ္ထားပါတယ္။ 64MP အပါအဝင္ အေနာက္ကင္မရာ 4 လုံး ထည့္ထားပါတယ္။ AI Scene Recognition, Chrome Boost, Super Nightscape နဲ႔ Expert Mode ေတြ ပါပါတယ္။ ဗီဒီယိုအတြက္ EIS ပါပါတယ္။ အေနာက္ဘက္ကိုလည္း Gorilla Glass 5 နဲ႔ ကာကြယ္ထားပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာကိရိယာနဲ႔ 30W VOOC 4.0 Fast Charging ပါပါတယ္။ မိနစ္ 30 အတြင္းမွာ 67 ရာခိုင္ႏႈန္း အားျဖည့္ေပးပါတယ္။ USB Type-C Port ပါပါတယ္။ Snapdragon 730G 8nm ပ႐ိုဆက္ဆာကို သုံးထားၿပီး Adreno 618 GPU နဲ႔ ေထာက္ပ့ံမွာ ျဖစ္ပါတယ္။ Android 9.0 (Pie) အေျချပဳ ColorOS 6.0 ကို သုံးႏုိင္မွာပါ။ ေနာက္ဘက္မွာထည့္ထားတဲ့ ကင္မရာ 4 လံုးကေတာ့ 64MP (Samsung GW1 sensor) ၊ 8MP 119° ultra-wide angle lens ၊ 2MP depth sensorနဲ႔ 2MP (4cm macro ) တို႔ပဲ ျဖစ္ပါတယ္။ အေရွ႕ဘက္အတြက္လည္း တာဝန္ေက်ပြန္လြန္းစြာ 32MP (f/2.0 aperture) ကို ထည့္ေပးထားပါတယ္။

(3). Redmi K20 (Mi 9T)

Realme X2 ဖုန္းလိုမ်ိဳး ေနာက္ထပ္သုံးႏုိင္တဲ့ ဖုန္းတစ္လုံးကို ရွာေနတယ္ဆိုရင္ေတာ့ အဲ့ဒီဖုန္းဟာ Redmi K20 ပဲ ျဖစ္ပါလိမ့္မယ္။ ဒီစာရင္းထဲမွာ ထည့္ေပးထားတဲ့ mid-range ဖုန္းေတြထဲမွာေတာ့ အေတာ္ေလးေစ်းႏႈန္းနဲ႔ လုပ္ေဆာင္ခ်က္မွ်တတဲ့ဖုန္းလို႔ ဆိုရမွာပါ။ hardware တည္ေဆာက္မႈပိုင္းအတြက္လည္း Snapdragon 730 နဲ႔ 6GB RAM တြဲဘက္သုံးႏိုင္မွာပါ။ ၿပီးေတာ့ စိတ္ဝင္စားစရာေကာင္းတဲ့ 4000 mAh ဘက္ထရီပါ။ Sony IMX582 sensor ျဖစ္တဲ့ 48MP အဓိက သုံးထားတာပဲ ျဖစ္ပါတယ္။ telephoto sensor ထည့္ထားတဲ့ ကင္မရာကလည္း အေတာ္မိုက္ပါတယ္။ ဒီဇိုင္းပိုင္းမွာဆိုရင္လည္း notch-less display နဲ႔အတူ pop-up ကင္မရာေတြကို သုံးထားပါတယ္။ သူ႔မွာ အားနည္းခ်က္လို႔ ေျပာစရာကေတာ့ Snapdragon 730 သုံးထားတာပဲ ရွိပါတယ္။ 6.39-inch (2340 × 1080 pixels) Full HD+ ကေတာ့ လက္ရွိဖုန္းအမ်ားစုမွာ ျမင္ေတြ႕ရတဲ့ မ်က္ႏွာျပင္ အရြယ္အစား ပုံစံမ်ိဳးပါ။ In-display fingerprint sensor သုံးႏုိင္တာကလည္း လက္ရွိအခ်ိန္မွာ သိပ္အထူးျခားႀကီး မဟုတ္ေတာ့ပါဘူး။

(4). Lenovo Z6

Lenovo Z6 စမတ္ဖုန္းဟာ လူႀကိဳက္သိပ္မမ်ားတဲ့ ဖုန္းစာရင္းထဲမွာ ပါဝင္ေပမယ့္လည္း သင့္ရဲ႕ ေငြေၾကးသုံးစြဲမႈပိုင္းအတြက္ ေကာင္းမြန္တဲ့ တုံ႔ျပန္မႈကို ေပးပါလိမ့္မယ္။ ဒါေပမယ့္ သူ႔မွာ စဥ္းစားစရာအခ်က္ေတြ ရွိေနပါတယ္။ အ့ဲ့ဒါေတြကေတာ့ Lenovo ဟာ သူ႔ရဲ႕ software ေထာက္ပံ့မႈအတြက္ လူသိမမ်ားလွပါဘူး။ ဘာေၾကာင့္မ်ား Best Mid-Range Smartphones of 2019 စာရင္းထဲမွာ ေရာက္ေနရပါသလဲ။ တိက်တဲ့အေျဖေတာ့ မဟုတ္ေပမယ့္ အထက္မွာေဖာ္ျပထားခဲ့တဲ့ စမတ္ဖုန္း 3 လုံးျဖစ္တဲ့ Realme X2, Redmi Note 8 Pro နဲ႔ Redmi K20 ဖုန္းေတြဟာ 180 grams ေက်ာ္ရွိၿပီး 8.6 mm ထူပါတယ္။ Lenovo Z6 ကေတာ့ 159 grams သာရွိၿပီး 7.7 mm သာ ထူပါတယ္။ ဒါေၾကာင့္ပဲ သူ႔အေနနဲ႔ ကိုင္ေဆာင္ရတာ သက္ေတာင့္သက္သာ အရွိဆုံးဖုန္းအေနနဲ႔ ဝင္ေရာက္လာတာ ျဖစ္ႏိုင္ပါတယ္။ ေနာက္ထပ္ေကာင္းတဲ့ အခ်က္ကေတာ့ 2x optical zoom နဲ႔အတူ ကင္မရာ 3 လုံး တပ္ဆင္ထားတာပဲ ျဖစ္ပါတယ္။ Snapdragon 730 chipset သုံးထားတဲ့ ဖုန္းေတြထဲမွာေတာ့ အေတာ္ေလး စြမ္းေဆာင္ခ်က္နဲ႔ ေစ်းႏႈန္းသင့္တဲ့ ဖုန္းအျဖစ္ သတ္မွတ္ႏုိင္မွာပါ။ Lenovo Z6 မွာ ကၽြန္ေတာ္တို႔အေနနဲ႔ အံ့ၾသေလာက္စရာ OLED panel ၊  HDR10 နဲ႔ DCI P3 coverage လိုမ်ိဳးေတြနဲ႔ ျမင္ကြင္းစြမ္းရည္ေတြကို ရရွိမွာပါ။ 6.39-inch (2340 x 1080 pixels) FHD+ မွာ Octa Core (2.2GHz Dual + 1.8GHz Hexa) ဟာ ျမန္ႏႈန္းအတြက္ အေထာက္အပံ့ျဖစ္ၿပီး Android 9.0 (Pie) with ZUI 11 သုံးရမွာပါ။ ကင္မရာပိုင္းမွာ ၾကည့္လိုက္မယ္ဆိုရင္ Sony IMX576 sensor ကို အဓိကကင္မရာ 24MP အတြက္ သုံးထားၿပီး f/2.4 apertureနဲ႔  8MP Telephoto lens ၊ f/2.4 aperture နဲ႔ 5MP depth of field lens ေတြ ေပါင္းစပ္သုံးႏုိင္မွာပါ။ အေရွ႕ဘက္မွာေတာ့ 16MP ကင္မရာကို ေတြ႕ရမွာျဖစ္ၿပီး In-display fingerprint sensor လည္း သုံးႏိုင္မွာ ျဖစ္ပါတယ္။

(5). Google Pixel 3a

စိတ္လႈပ္ရွားစရာ အေကာင္းဆုံးဖုန္းလို႔ဆိုရမယ့္ Google ရဲ႕ Pixel 3a ကလည္း အေကာင္းဆုံး mid-range ဖုန္းေတြထဲမွာ ပါဝင္လ်က္ရွိပါတယ္။ ဒီဖုန္းဟာ ေဒၚလာ 400 ဝန္းက်င္ဆိုေပမယ့္လည္း သုံးစြဲသူႀကိဳက္ႏွစ္သက္မႈအရ mid-range စာရင္းထဲ ေရာက္ေနတာ ျဖစ္ပါတယ္။ Pixel 3a မွာ 5.6 လက္မ OLED Panel ထည့္သြင္းထားၿပီး အရည္အေသြးမွာ FHD+ (1080×2220)p ျဖစ္ပါတယ္။ Dragon Trail နဲ႔ မ်က္ႏွာျပင္ကို ကာကြယ္ထားပါတယ္။ သူ႔မွာ Snapdragon 670 Chipset ေမာင္းႏွင္ထားပါတယ္။ 4GB RAM, 64GB Storage မ်ား ထည့္သြင္းထားပါတယ္။ micro SD Slot ေတာ့ မပါပါဘူး။ ကင္မရာမ်ားအပိုင္းမွာ အေနာက္ဘက္မွာ 12.2MP Sony IMX363 Main Camera ပါၿပီး OIS ပါပါတယ္။ စြမ္းေဆာင္ခ်က္အပိုင္းမွာေတာ့ သူ႔ရဲ႕ကင္မရာဟာ တန္ဖိုးႀကီး Pixel ရဲ႕ စြမ္းရည္ကို သိပ္မမီွပါဘူး။ အေရွ႕ဘက္မွာ 8MP ကင္မရာ ထည့္ထားပါတယ္။ Night Sight, Top Shot, Super Res Zoom, HDR+ လုပ္ေဆာင္ခ်က္မ်ား ပါပါတယ္။ ဘက္ထရီက 3000 mAh ျဖစ္ၿပီး 18W Fast Charging ပါပါတယ္။ တန္ဖိုးနည္းေအာင္ ပလတ္စတစ္ကိုယ္ထည္ကို သုံးထားပါတယ္။

(6). Xiaomi Mi 9 SE

ေပါ့ပါးက်စ္လ်စ္တဲ့ စမတ္ဖုန္းရွာေနသူေတြအတြက္ XiaomiMi 9 SE ဟာ စာရင္းထဲမွာ ရွိေနပါတယ္။ 2019 ဖုန္းေတြဟာ 6-inch+ display နဲ႔အတူ ႀကီးမားတဲ့ ဘက္ထရီ၊ ကင္မရာမ်ိဳးစံုနဲ႔ ထြက္လာၾကတာပါ။ Lenovo Z6 ဖုန္းဟာ အေတာ္ေလးေပါ့ပါးၿပီး က်စ္လ်စ္တဲ့ဖုန္းလို႔ ဆိုရမွာပါ။ ဒါေပမယ့္ သူထက္ပိုၿပီး ေပါ့ပါးတဲ့ ဖုန္းကို ရွိေနတယ္ဆုိရင္ေတာ့ Mi 9 SE ရွိေနပါတယ္။ ဘက္ထရီစြမ္းရည္နဲ႔ display ေကာင္းမြန္ၿပီး ကင္မရာပိုင္းမွာလည္း မေခတာကုိ ေတြ႕ရမွာ ျဖစ္ပါတယ္။ Mi 9 SE ဟာ Snapdragon 712 Chipset အသစ္သုံးထားတဲ့ ပထမဆုံးဖုန္း ျဖစ္ပါတယ္။ ဒီဖုန္းဟာ Mi 9 ရဲ႕ Compact ဗားရွင္းလို႔ ဆိုရမွာပါ။ ကင္မရာအတြက္ Sony IMX586 sensor သုံး 48-megapixel နဲ႔ ေက်ာကင္မရာသုံးလုံးျဖစ္ၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာဖတ္စနစ္လည္း ပါဝင္ပါေသးတယ္။ Display က Mi 9 ထက္ အနည္းငယ္ေသးသြားၿပီး 5.97 လက္မ သုံးထားပါတယ္။ Snapdragon 712 Chipset ကို 6GB RAM နဲ႔ ထုတ္ေပးထားၿပီး Storage ကိုေတာ့ 64GB နဲ႔ 128GB ေတြ ေရြးခ်ယ္ႏိုင္မွာပါ။ Snapdragon 712 ဟာ Snapdragon 710 ထက္ CPU အနည္းငယ္ ပိုျမန္လာတာကလြဲရင္ သိသိသာသာ ကြာျခားမႈ မရွိပါဘူး။ ေက်ာကင္မရာသုံးလုံးမွာ 48MP main sensor, 123 ဒီဂရီ ျမင္ကြင္းက်ယ္ ႐ိုက္ကူးႏိုင္မယ့္ Super Wide 13MP sensor နဲ႔ 8MP Telephoto sensor တို႔ ပါရွိပါတယ္။ USB Type-C, NFC, IR Blaster စတာေတြလည္း Mi 9 နည္းတူ ပါရွိမွာပါ။ ဘက္ထရီကေတာ့ 3070 mAh ျဖစ္သြားၿပီး 18W အား အျမန္သြင္းစနစ္နဲ႔ ျဖစ္သြားပါတယ္။ ဒါ့အျပင္ 3.5 mm Audio Jack လည္း မပါလာေတာ့ပါဘူး။

(7). Moto G8 Plus

ဒီဖုန္းကေတာ့ ေစ်းသက္သာတဲ့ ပရီမီယမ္ဖုန္းလို႔ သတ္မွတ္ရပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုရင္ ဓာတ္ပုံ၊ စြမ္းေဆာင္ရည္နဲ႔ ဘက္ထရီသက္တမ္းအပိုင္းေတြမွာ အေတာ္ေလးေကာင္းတဲ့ဖုန္းလို႔ ဆိုရမွာပါ။ ၾကည့္ေကာင္းၿပီး ရွင္းလင္းတဲ့ အေတြ႕အႀကဳံကလည္း ဒီဖုန္းကို အေကာင္းဆုံးဖုန္းဆိုတဲ့ အေတြ႕အႀကဳံကို ယူေဆာင္လာေပးပါတယ္။ သူ႔မွာ 6.3 လက္မ Full HD+ Waterdrop Notch Display, 4GB RAM, Android 9 Pie ေတြ ထည့္သြင္းထားပါတယ္။ Android 10 ကို အဆင့္ျမႇင့္ေပးမွာျဖစ္ၿပီး 2 ႏွစ္အထိ Security Patch ေတြ ရမွာပါ။ အေနာက္ဘက္မွာ 48MP အပါအဝင္ ကင္မရာ 3 လုံး ထည့္ထားပါတယ္။ အေနာက္ဘက္ M လုိဂိုေလးမွာ လက္ေဗြရာကိရိယာ တပ္ဆင္ထားပါတယ္။ သူ႔ရဲ႕ အေသးစိတ္အခ်က္အလက္ေတြကို ျပန္ေျပာရမယ္ဆိုရင္ ဒီဖုန္းမွာ Full HD+ လို႔ဆိုေပမယ့္ LCD screen ကိုသာ သင့္အေနနဲ႔ ျမင္ရမွာပါ။ ၿပီးေတာ့ ပ႐ိုဆက္ဆာကလည္း Snapdragon 665 11nm ျဖစ္ပါတယ္။ ဒါဟာ သိပ္အဆင့္ျမင့္တယ္လို႔ေတာ့ သတ္မွတ္လို႔ မရႏိုင္ပါဘူး။ ကင္မရာေတြကေတာ့ 48MP quad pixel မွာ LED flash တပ္ေပးထားၿပီး 16MP 117-degree Ultra-wide Action ကင္မရာ ၊ 5MP depth sensing ကင္မရာေတြကို သုံးႏိုင္ပါလိမ့္မယ္။ 25MP quad pixel ကင္မရာကို ဖုန္းရဲ႕ အေရွ႕ဘက္ notch ထဲမွာ ထည့္ေပးထားမွာပါ။ ကိုယ္ထည္က ပလပ္စတစ္နဲ႔သာ လုပ္ထားတာဆိုေပမယ့္ Splash resistant (IPX2) လို စြမ္းေဆာင္ခ်က္ကို ေတြ႕ရမွာပါ။

(8). Honor 9X

ဒီဖုန္းကေတာ့ flagships ေတြမွာပါဝင္တဲ့ စြမ္းေဆာင္ခ်က္ေတြကို ထည့္သြင္းေပးထားၿပီး ေစ်းႏႈန္းအနည္းငယ္နဲ႔ ထုတ္ေပးထားတဲ့ဖုန္းလို႔ သတ္မွတ္ႏိုင္မွာပါ။ notch-free display  ျဖစ္ဖုိ႔အတြက္ သူ႔မွာ  pop-up ကင္မရာႀကီး ထည့္ေပးထားပါတယ္။ LTPS IPS LCD မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး 6.59 လက္မဆိုတာ သိပ္ထူးျခားတယ္လို႔ မဆိုႏိုင္ေလာက္ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ လက္ရွိအခ်ိန္မွာ စမတ္ဖုန္းထုတ္လုပ္သူအမ်ားစုဟာ အဲ့ဒီျမင္ကြင္းအက်ယ္နဲ႔ ဖုန္းေတြကို ထုတ္ေနၾကလို႔ပါဘဲ။ Android 9.0 (Pie) အေျချပဳ EMUI 9.1 ကို သုံးႏုိင္မွာပါ။ ပ႐ိုဆက္ဆာကေတာ့ HiSilicon Kirin 710F (12 nm) ျဖစ္ပါတယ္။ Mali-G51 MP4 ဂရပ္ဖစ္ပါ။ Motorized pop-up 16 MP ကင္မရာဟာ selfie ပုံေတြကို အေကာင္းဆုံး ႐ိုက္ကူးႏုိင္ပါလိမ့္မယ္။ ေနာက္ဘက္ကင္မရာေတြကေတာ့ 48 MP ၊ 8 MP(ultrawide) နဲ႔ 2 MP (depth sensor) တို႔ ျဖစ္ပါတယ္။ Li-Po 4000 mAh ဘက္ထရီနဲ႔ျဖစ္ၿပီး 10W အားသြင္းစနစ္သာ ေထာက္ပံ့ေပးပါတယ္။

NetGuide Journal (Every Wednesday)