မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းရဲ့ Power ခလုတ်လေးက ကျွံနေလို့ပါ။ ပြန်ပြုပြင်လို့ရော ရနိုင်ပါသလားခင်ဗျာ။
ဖြေ – ဖုန်းအမျိုးအစားလေးကိုပါပြောရင် ပိုအဆင်ပြေပါလိမ့်မယ်။ Service ကောင်းတဲ့ဆိုင်တွေမှာ ခလုတ်ထွင်ပြီး ပြုပြင်ပေးတာမို့ ရနိုင်ပါတယ်ခင်ဗျာ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက Samsung ပါ။ Software Update တင်လိုက်ပြီးတော့ Logo ပြန်တက်လာပါတယ်။ ဒါပေမဲ့ Email တွေ တောင်းနေလို့ပါ။ ရှေ့ဆက်လို့မရဘူး ဖြစ်နေပါတယ်။ အဲ့ဒါက ဘာဖြစ်လို့ပါလဲခင်ဗျာ။
ဖြေ – အရင် Software Version တုန်းက ဝင်ထားတဲ့ Google Account ကို ပြန်တောင်းတာပါ။ ပြန်ထည့်လိုက်ရင် ရသွားပါမယ်။ မေ့သွားရင်တော့ Google FRP Lock ကျသွားပါပြီ။ ဆိုင်မှာ ပြန်ဖြည်လို့ ရပါတယ်ခင်ဗျာ။

မေး – ဖုန်းတွေကို Virus ဝင်၊ မဝင် ဘယ်လိုသိရှိနိုင်ပါသလဲခင်ဗျာ။ ဖြေကြားပေးပါဦးအစ်ကိုရေ။
ဖြေ – Mobile Phone ထဲ Virus ဝင်တဲ့ လက္ခဏာတွေကတော့ လိုင်းဖွင့်တာနဲ့ Application တွေ အလိုလို ဒေါင်းနေတာမျိုး၊ လက်ရှိသုံးနေတဲ့ Application တွေက အလုပ်မလုပ်တော့တာမျိုး၊ ဘက်ထရီ အားအကုန်မြန်နေတာမျိုး၊ မသိတဲ့ကြော်ငြာတွေ ဝင်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကာကွယ်ဖို့အတွက်က Anti Virus Application တွေကို ကတ်နဲ့ဝယ်ပြီး အသုံးပြုလို့ရပါတယ်ခင်ဗျာ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းရဲ့ စာလုံး Font တွေက ပုံမှန်မဟုတ်ဘဲ တစ်ခုနဲ့တစ်ခုက ထပ်ထပ်နေလို့ပါခင်ဗျာ။ အဲ့ဒါက ဘာကြောင့်ပါလဲခင်ဗျာ။
ဖြေ – ယခုလက်ရှိမှာ ပြောင်းလဲထားတဲ့ Zawgyi နဲ့ Unicode ကြောင့် ဖြစ်နိုင်ပါတယ်။ Google Play Store နဲ့ Apkpure မှာ မြန်မာစာမှန်တဲ့ Apk ကိုဒေါင်းပြီး ပြန်ပြင်လို့ရပါတယ်ခင်ဗျာ။

မေး – မင်္ဂလာပါခင်ဗျာ။ ကျွန်တော့်ဖုန်းက Sim Card ကိုထည့်ထားပေမယ့်လည်း လိုင်းမတက်ဘူး ဖြစ်နေလို့ပါခင်ဗျာ။ အဲ့ဒါက ဘာကြောင့်ပါလဲ။ ပြန်ပြုပြင်လို့ရော ရနိုင်ပါသလားခင်ဗျာ။
ဖြေ – ဟုတ်ကဲ့။ မင်္ဂလာပါအစ်ကိုရေ။ No SIM Card လို့ပြနေရင်တော့ SIM Card အထိုင်က ပျက်နေတာကြောင့်ပါ။ တချို့ဖုန်းတွေ Software က SIM Card လိုင်း မတက်ပါဘူးခင်ဗျာ။ ဆိုင်မှာ SIM Unlock Software ရေးရပါတယ်အစ်ကိုရေ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းရဲ့ Password လေးကို မေ့သွားလို့ပါ။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။
ဖြေ – ဟုတ်ကဲ့ပါ။ အဲ့ဒါဆိုရင်တော့ ဆိုင်မှာသွားပြီး Reset ချလိုက်တာက အကောင်းဆုံးပါခင်ဗျာ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းက Honor ဖုန်းအမျိုးအစားလေးပါ။ Game ကစားတဲ့အခါမှာ အပြင်ကို ထွက်ထွက်သွားလို့ပါ။ ဘာဖြစ်လို့ပါလဲခင်ဗျာ။
ဖြေ – Game ကစားဖို့ကို အလုပ်လုပ်ပေးတဲ့ RAM မနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Game အမြင့် ကစားဖို့က အနည်းဆုံး RAM 4GB လောက်ရှိမှ အဆင်ပြေမှာပါခင်ဗျာ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက Samsung J7 အမျိုးအစားလေးပါ။ ဖုန်းကို Version မြှင့်ရမယ်ပြောလို့ပါ။ ကိုယ်တိုင်မြှင့်လို့ရော ရနိုင်ပါသလားခင်ဗျာ။ အကြံလေးပေးပါဦးအစ်ကိုရေ။
ဖြေ – Setting ထဲက Software Update မှာ Download Updates Manually ကနေ မြှင့်လို့ရပါတယ်။ မလုပ်တတ်ရင် Logo မှာ ရပ်နေတတ်လို့ပါ။ ဆိုင်မှာမြှင့်လိုက်တာက ပိုပြီးကောင်းပါတယ်။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းက OPP0 A1K ပါ။ အအေးခန်းထဲမှာသုံးရင်တော့ အဆင်ပြေပေမယ့် အခန်းအပူချိန် 25°C ကျော်လာရင်တော့ Screen က ဆွဲမရတာတွေ ဖြစ်သွားပါတယ်ခင်ဗျာ။ အဲ့ဒါက ဘာကြောင့်ပါလဲခင်ဗျာ။
ဖြေ – Battery (သို့မဟုတ်) စက်ပြားပိုင်းတွေမှာ ချို့ယွင်းချက်တွေရှိနေရင်လည်း ဖြစ်တတ်ပါတယ်။ Virus ဝင်ပြီး အပူချိန်များလို့ သုံးမရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ကြာလာရင်ပိုဆိုးလာနိုင်တာမို့ ဆိုင်ကို အမြန်ဆုံးပြဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ။

ပန်းသတင်း မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်း (ပဲခူးမြို့) ဖုန်း-09-956559760 ၊ 09-683746227 ၊ 09-459212592 မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာျပႆနာမ်ား

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းရဲ႕ Power ခလုတ္ေလးက ကြၽံေနလို႔ပါ။ ျပန္ျပဳျပင္လို႔ေရာ ရႏိုင္ပါသလားခင္ဗ်ာ။
ေျဖ – ဖုန္းအမ်ိဳးအစားေလးကိုပါေျပာရင္ ပိုအဆင္ေျပပါလိမ့္မယ္။ Service ေကာင္းတဲ့ဆိုင္ေတြမွာ ခလုတ္ထြင္ၿပီး ျပဳျပင္ေပးတာမို႔ ရႏိုင္ပါတယ္ခင္ဗ်ာ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက Samsung ပါ။ Software Update တင္လိုက္ၿပီးေတာ့ Logo ျပန္တက္လာပါတယ္။ ဒါေပမဲ့ Email ေတြ ေတာင္းေနလို႔ပါ။ ေရွ႕ဆက္လို႔မရဘူး ျဖစ္ေနပါတယ္။ အဲ့ဒါက ဘာျဖစ္လို႔ပါလဲခင္ဗ်ာ။
ေျဖ – အရင္ Software Version တုန္းက ဝင္ထားတဲ့ Google Account ကို ျပန္ေတာင္းတာပါ။ ျပန္ထည့္လိုက္ရင္ ရသြားပါမယ္။ ေမ့သြားရင္ေတာ့ Google FRP Lock က်သြားပါၿပီ။ ဆိုင္မွာ ျပန္ျဖည္လို႔ ရပါတယ္ခင္ဗ်ာ။

ေမး – ဖုန္းေတြကို Virus ဝင္၊ မဝင္ ဘယ္လိုသိရိွႏိုင္ပါသလဲခင္ဗ်ာ။ ေျဖၾကားေပးပါဦးအစ္ကိုေရ။
ေျဖ – Mobile Phone ထဲ Virus ဝင္တဲ့ လကၡဏာေတြကေတာ့ လိုင္းဖြင့္တာနဲ႔ Application ေတြ အလိုလို ေဒါင္းေနတာမ်ိဳး၊ လက္ရိွသံုးေနတဲ့ Application ေတြက အလုပ္မလုပ္ေတာ့တာမ်ိဳး၊ ဘက္ထရီ အားအကုန္ျမန္ေနတာမ်ိဳး၊ မသိတဲ့ေၾကာ္ျငာေတြ ဝင္လာတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ကာကြယ္ဖို႔အတြက္က Anti Virus Application ေတြကို ကတ္နဲ႔ဝယ္ၿပီး အသံုးျပဳလို႔ရပါတယ္ခင္ဗ်ာ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းရဲ႕ စာလံုး Font ေတြက ပံုမွန္မဟုတ္ဘဲ တစ္ခုနဲ႔တစ္ခုက ထပ္ထပ္ေနလို႔ပါခင္ဗ်ာ။ အဲ့ဒါက ဘာေၾကာင့္ပါလဲခင္ဗ်ာ။
ေျဖ – ယခုလက္ရိွမွာ ေျပာင္းလဲထားတဲ့ Zawgyi နဲ႔ Unicode ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ Google Play Store နဲ႔ Apkpure မွာ ျမန္မာစာမွန္တဲ့ Apk ကိုေဒါင္းၿပီး ျပန္ျပင္လို႔ရပါတယ္ခင္ဗ်ာ။

ေမး – မဂၤလာပါခင္ဗ်ာ။ ကြၽန္ေတာ့္ဖုန္းက Sim Card ကိုထည့္ထားေပမယ့္လည္း လိုင္းမတက္ဘူး ျဖစ္ေနလို႔ပါခင္ဗ်ာ။ အဲ့ဒါက ဘာေၾကာင့္ပါလဲ။ ျပန္ျပဳျပင္လို႔ေရာ ရႏိုင္ပါသလားခင္ဗ်ာ။
ေျဖ – ဟုတ္ကဲ့။ မဂၤလာပါအစ္ကိုေရ။ No SIM Card လို႔ျပေနရင္ေတာ့ SIM Card အထိုင္က ပ်က္ေနတာေၾကာင့္ပါ။ တခ်ိဳ႕ဖုန္းေတြ Software က SIM Card လိုင္း မတက္ပါဘူးခင္ဗ်ာ။ ဆိုင္မွာ SIM Unlock Software ေရးရပါတယ္အစ္ကိုေရ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းရဲ႕ Password ေလးကို ေမ့သြားလို႔ပါ။ ဘယ္လိုလုပ္ရင္ အဆင္ေျပႏိုင္မလဲခင္ဗ်ာ။
ေျဖ – ဟုတ္ကဲ့ပါ။ အဲ့ဒါဆိုရင္ေတာ့ ဆိုင္မွာသြားၿပီး Reset ခ်လိုက္တာက အေကာင္းဆံုးပါခင္ဗ်ာ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းက Honor ဖုန္းအမ်ိဳးအစားေလးပါ။ Game ကစားတဲ့အခါမွာ အျပင္ကို ထြက္ထြက္သြားလို႔ပါ။ ဘာျဖစ္လို႔ပါလဲခင္ဗ်ာ။
ေျဖ – Game ကစားဖို႔ကို အလုပ္လုပ္ေပးတဲ့ RAM မႏိုင္တာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ Game အျမင့္ ကစားဖို႔က အနည္းဆံုး RAM 4GB ေလာက္ရိွမွ အဆင္ေျပမွာပါခင္ဗ်ာ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက Samsung J7 အမ်ိဳးအစားေလးပါ။ ဖုန္းကို Version ျမႇင့္ရမယ္ေျပာလို႔ပါ။ ကိုယ္တိုင္ျမႇင့္လို႔ေရာ ရႏိုင္ပါသလားခင္ဗ်ာ။ အႀကံေလးေပးပါဦးအစ္ကိုေရ။
ေျဖ – Setting ထဲက Software Update မွာ Download Updates Manually ကေန ျမႇင့္လို႔ရပါတယ္။ မလုပ္တတ္ရင္ Logo မွာ ရပ္ေနတတ္လို႔ပါ။ ဆိုင္မွာျမႇင့္လိုက္တာက ပိုၿပီးေကာင္းပါတယ္။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းက OPP0 A1K ပါ။ အေအးခန္းထဲမွာသံုးရင္ေတာ့ အဆင္ေျပေပမယ့္ အခန္းအပူခ်ိန္ 25°C ေက်ာ္လာရင္ေတာ့ Screen က ဆြဲမရတာေတြ ျဖစ္သြားပါတယ္ခင္ဗ်ာ။ အဲ့ဒါက ဘာေၾကာင့္ပါလဲခင္ဗ်ာ။
ေျဖ – Battery (သို႔မဟုတ္) စက္ျပားပိုင္းေတြမွာ ခ်ိဳ႕ယြင္းခ်က္ေတြရိွေနရင္လည္း ျဖစ္တတ္ပါတယ္။ Virus ဝင္ၿပီး အပူခ်ိန္မ်ားလို႔ သံုးမရတာမ်ိဳးေတြလည္း ရိွတတ္ပါတယ္။ ၾကာလာရင္ပိုဆိုးလာႏိုင္တာမို႔ ဆိုင္ကို အျမန္ဆံုးျပဖို႔ အႀကံေပးခ်င္ပါတယ္ခင္ဗ်ာ။

ပန္းသတင္း မိုဘိုင္းဖုန္းျပဳျပင္ေရးသင္တန္းေက်ာင္း (ပဲခူးၿမိဳ႕) ဖုန္း-09-956559760 ၊ 09-683746227 ၊ 09-459212592 မွ ကူညီပံ့ပိုးပါသည္။

NetGuide Journal (Every Wednesday)