Realme ဟာ ဩဂုတ်လတုန်းက Realme 5 နှင့် Realme 5 Pro တို့ကို ကြေညာခဲ့ပြီး နိုဝင်ဘာလမှာ Realme 5s ကို ကြေညာရောင်းချခဲ့ပါတယ်။ ယခု တရုတ်စမတ်ဖုန်းကုမ္ပဏီဟာ Realme 5 ရဲ့ စတုတ္ထမြောက် မိသားစုဝင်သစ်အဖြစ် Realme 5i ကိုဇန်နဝါရီလ 6 ရက်နေ့မှာ ကြေညာလာဦးမှာ ဖြစ်ပါတယ်။

ယနေ့မှာ ဗီယက်နမ်အွန်လိုင်းစတိုး FPTShop ရဲ့ ဝက်ဘ်ဆိုက်မှာ Realme 5i ရဲ့ ဒီဇိုင်းဓာတ်ပုံများနှင့် ဖုန်းမှာ သုံးလာမယ့်စနစ်များကို ဖော်ပြလာပါတယ်။

ယင်းမှာ Realme 5i ကို အစိမ်းရောင်၊ အဝါရောင်တို့နှင့် ရွေးချယ်နိုင်မှာဖြစ်ကြောင်း ဖော်ပြထားပြီး ဖုန်းဒီဇိုင်းကတော့ Realme 5 နှင့် Realme 5s တို့ရဲ့ ဒီဇိုင်းနှင့် တော်တော်လေး ဆင်တူပါတယ်။

ဒါ့အပြင် Realme 5i မှာ အသုံးပြုထားတဲ့ စနစ်တွေကလည်း အတူတူနီးပါး ဖြစ်ပါတယ်။ ဒီဖုန်းမှာ ရှေ့ကင်မရာ 8MP ပါဝင်ပါတယ်။ 5 နှင့် 5s မှာတုန်းက 13MP ရှေ့ကင်မရာ အသုံးပြုခဲ့ပါတယ်။

ဒီဖုန်းမှာ မျက်နှာပြင် 6.52 လက်မ IPS LCD HD+ ရုပ်ထွက်သုံးထားပြီး Snapdragon 665 နှင့် ပါဝါထောက်ပံ့ထားပါတယ်။ Android 9 Pie အခြေခံ ColorOS 6.1 သုံးထားပါတယ်။ ကျောဘက်ကင်မရာလေးလုံးပါဝင်ပြီး 12MP+8MP+2MP+2MP ဖြစ်ပါတယ်။ ဘက်ထရီ 5000 mAh ပါဝင်ပါတယ်။

Realme 5i ကို 4GB/64GB နှင့် ရွေးချယ်နိုင်မှာဖြစ်ပြီး ဈေးနှုန်း ဒေါ်လာ 185 သတ်မှတ်ထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

ဇန္နဝါရီလ 6 ရက္ေန႔တြင္ ေၾကညာလာမယ့္ Realme 5i မွာ သုံးလာမယ့္စနစ္မ်ားႏွင့္ ဓာတ္ပုံမ်ား ထြက္ေပၚလာ

Realme ဟာ ဩဂုတ္လတုန္းက Realme 5 ႏွင့္ Realme 5 Pro တို႔ကို ေၾကညာခဲ့ၿပီး နိုဝင္ဘာလမွာ Realme 5s ကို ေၾကညာေရာင္းခ်ခဲ့ပါတယ္။ ယခု တ႐ုတ္စမတ္ဖုန္းကုမၸဏီဟာ Realme 5 ရဲ့ စတုတၳေျမာက္ မိသားစုဝင္သစ္အျဖစ္ Realme 5i ကိုဇန္နဝါရီလ 6 ရက္ေန႔မွာ ေၾကညာလာဦးမွာ ျဖစ္ပါတယ္။

ယေန႔မွာ ဗီယက္နမ္အြန္လိုင္းစတိုး FPTShop ရဲ့ ဝက္ဘ္ဆိုက္မွာ Realme 5i ရဲ့ ဒီဇိုင္းဓာတ္ပုံမ်ားႏွင့္ ဖုန္းမွာ သုံးလာမယ့္စနစ္မ်ားကို ေဖာ္ျပလာပါတယ္။

ယင္းမွာ Realme 5i ကို အစိမ္းေရာင္၊ အဝါေရာင္တို႔ႏွင့္ ေရြးခ်ယ္နိုင္မွာျဖစ္ေၾကာင္း ေဖာ္ျပထားၿပီး ဖုန္းဒီဇိုင္းကေတာ့ Realme 5 ႏွင့္ Realme 5s တို႔ရဲ့ ဒီဇိုင္းႏွင့္ ေတာ္ေတာ္ေလး ဆင္တူပါတယ္။

ဒါ့အျပင္ Realme 5i မွာ အသုံးျပဳထားတဲ့ စနစ္ေတြကလည္း အတူတူနီးပါး ျဖစ္ပါတယ္။ ဒီဖုန္းမွာ ေရွ႕ကင္မရာ 8MP ပါဝင္ပါတယ္။ 5 ႏွင့္ 5s မွာတုန္းက 13MP ေရွ႕ကင္မရာ အသုံးျပဳခဲ့ပါတယ္။

ဒီဖုန္းမွာ မ်က္ႏွာျပင္ 6.52 လက္မ IPS LCD HD+ ႐ုပ္ထြက္သုံးထားၿပီး Snapdragon 665 ႏွင့္ ပါဝါေထာက္ပံ့ထားပါတယ္။ Android 9 Pie အေျခခံ ColorOS 6.1 သုံးထားပါတယ္။ ေက်ာဘက္ကင္မရာေလးလုံးပါဝင္ၿပီး 12MP+8MP+2MP+2MP ျဖစ္ပါတယ္။ ဘက္ထရီ 5000 mAh ပါဝင္ပါတယ္။

Realme 5i ကို 4GB/64GB ႏွင့္ ေရြးခ်ယ္နိုင္မွာျဖစ္ၿပီး ေဈးႏွုန္း ေဒၚလာ 185 သတ္မွတ္ထားပါတယ္။

NetGuide Journal (Every Wednesday)