အမျိုးသမီးတစ်ဦးဟာ အားသွင်းထားဆဲ စမတ်ဖုန်းမီးလောင်ပေါက်ကွဲမှုကြောင့် သစ်သားအိမ်မီးလောင်ရာမှာ အရှင်လတ်လတ် မီးလောင်သေဆုံးသွားခဲ့ပါတယ်။

အသက် 33 နှစ်ရှိ နီဆာခိုးလ်ဆာဝါဒီဝန်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက မီးလောင်စဉ်မှာ ခင်ပွန်းဖြစ်သူ ယိုတင်နှင့် အိပ်နေခဲ့တာပါ။

ခင်ပွန်းဖြစ်သူဟာ ထိုင်းနိုင်ငံတောင်ပိုင်း၊ နာခွန်စီသမ်မာရက်ရှိနေအိမ်မှ ထွက်ပြေးနိုင်ခဲ့သော်လည်း ခေါင်းမူးဝေနေပါတယ်။ ဒါပေမယ့် ဇနီးသည် နီဆာခိုးလ်ကတော့ မီးလောင်နေစဉ် အိမ်မှ ထွက်ပြေးရန် ကြိုးစားချိန်မှာ ချော်လဲသွားခဲ့ပါတယ်။

နောက်ပိုင်းမှာ မီးသတ်ကားရောက်လာပြီးနောက် မီးငြိမ်းခဲ့သော်လည်း မီးလောင်ဒဏ်ရာဖြင့် သေဆုံးနေတဲ့ ဇနီးသည် ခန္ဓာကိုယ်ကို တွေ့ရပါတယ်။ ခင်ပွန်းဖြစ်သူဟာလည်း အရေးပေါ်ကုသမှု ခံယူခဲ့ရပါတယ်။

ရဲတပ်ဖွဲ့က ခင်ပွန်းသည်က ဇနီးသည်ကို မီးလောင်ထဲမှာ သေအောင် တမင်လုပ်ဆောင်သလားလို့ အသေအချာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပေမယ့်လည်း စမတ်ဖုန်းပေါက်ကွဲမှုကြောင့် မီးလောင်ကြောင်း တွေ့ရှိရတဲ့အပြင် ဇနီးသည်မှာလည်း မီးလောင်ဒဏ်ရာမှလွဲပြီး အတွင်းဒဏ်ရာ တစ်စုံတစ်ရာရရှိကြောင်း မတွေ့ရပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

ဖုန္းေပါက္ကြဲမွုေၾကာင့္ သစ္သားအိမ္မီးေလာင္ရာမွ အမ်ိဳးသမီးတစ္ဦး အရွင္လတ္လတ္ မီးေလာင္ေသဆုံး

အမ်ိဳးသမီးတစ္ဦးဟာ အားသြင္းထားဆဲ စမတ္ဖုန္းမီးေလာင္ေပါက္ကြဲမွုေၾကာင့္ သစ္သားအိမ္မီးေလာင္ရာမွာ အရွင္လတ္လတ္ မီးေလာင္ေသဆုံးသြားခဲ့ပါတယ္။

အသက္ 33 ႏွစ္ရွိ နီဆာခိုးလ္ဆာဝါဒီဝန္ဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔တုန္းက မီးေလာင္စဥ္မွာ ခင္ပြန္းျဖစ္သူ ယိုတင္ႏွင့္ အိပ္ေနခဲ့တာပါ။

ခင္ပြန္းျဖစ္သူဟာ ထိုင္းနိုင္ငံေတာင္ပိုင္း၊ နာခြန္စီသမ္မာရက္ရွိေနအိမ္မွ ထြက္ေျပးနိုင္ခဲ့ေသာ္လည္း ေခါင္းမူးေဝေနပါတယ္။ ဒါေပမယ့္ ဇနီးသည္ နီဆာခိုးလ္ကေတာ့ မီးေလာင္ေနစဥ္ အိမ္မွ ထြက္ေျပးရန္ ႀကိဳးစားခ်ိန္မွာ ေခ်ာ္လဲသြားခဲ့ပါတယ္။

ေနာက္ပိုင္းမွာ မီးသတ္ကားေရာက္လာၿပီးေနာက္ မီးၿငိမ္းခဲ့ေသာ္လည္း မီးေလာင္ဒဏ္ရာျဖင့္ ေသဆုံးေနတဲ့ ဇနီးသည္ ခႏၶာကိုယ္ကို ေတြ႕ရပါတယ္။ ခင္ပြန္းျဖစ္သူဟာလည္း အေရးေပၚကုသမွု ခံယူခဲ့ရပါတယ္။

ရဲတပ္ဖြဲ႕က ခင္ပြန္းသည္က ဇနီးသည္ကို မီးေလာင္ထဲမွာ ေသေအာင္ တမင္လုပ္ေဆာင္သလားလို႔ အေသအခ်ာ စစ္ေဆးမွုမ်ား ျပဳလုပ္ခဲ့ၾကေပမယ့္လည္း စမတ္ဖုန္းေပါက္ကြဲမွုေၾကာင့္ မီးေလာင္ေၾကာင္း ေတြ႕ရွိရတဲ့အျပင္ ဇနီးသည္မွာလည္း မီးေလာင္ဒဏ္ရာမွလြဲၿပီး အတြင္းဒဏ္ရာ တစ္စုံတစ္ရာရရွိေၾကာင္း မေတြ႕ရပါဘူး။

NetGuide Journal (Every Wednesday)