မေး – အစ်ကိုရေ iPhone 6 Plus သုံးနေရင်း ဟန်းသွားလို့ပါ။ ဘာမှ နှိပ်လို့မရတော့လို့ပါ။ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို အကြံလေးပေးပါဦးခင်ဗျာ။
ဖြေ – တင်ထားတဲ့ iOS Version ကြောင့်လည်းဖြစ်နိုင်ပါတယ်။ အဲ့လို ဘက်ထရီအသေဖုန်းတွေ ဟန်းသွားတဲ့အခါမှာ Hard Reset ကိုချရပါတယ်။ Home Key + Power ခလုတ်ကိုပြိုင်တူနှိပ်ပြီး စက္ကန့် အနည်းငယ် လောက်ဖိထားလိုက်ပါ။ Restart ကျပြီး ပြန်ကောင်းသွားပါလိမ့်မယ်။ ခဏခဏ ဖြစ်နေရင်တော့ ဆော့ဖ်ဝဲရေးလိုက်တာပိုကောင်းပါတယ်။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက အားဝင်တာနှေးနေလို့ပါ။ 1 ရာခိုင်နှုန်းတက်ဖို့ကို တော်တော်ကြာ ပါတယ်။ အဲ့ဒါဘယ်လိုဖြစ်တာပါလဲ။ Battery ကြောင့်လား၊ အားသွင်းကြိုးကြောင့်ပါလားခင်ဗျာ။
ဖြေ – သူ့ Original ကြိုးနဲ့သွင်းတာကိုမှဖြစ်တယ်ဆိုရင် Battery ပိုင်းကိုစစ်ကြည့်ရပါမယ်။ အား သွင်းကြိုးက သူ့ Original ကြိုးမဟုတ်ရင်တော့ Amphere မြင့်တဲ့အားသွင်းကြိုးကို ပြောင်းသုံး လိုက်ပါ။

မေး – Samsung J7 ပြုတ်ကျပြီး ဘာမှမပေါ်တော့လို့ပါအစ်ကိုရေ။ ဆိုင်တွေကိုမေးကြည့်တော့ တစ်ချို့ဆိုင်က 110000 ကျပ် ၊ တစ်ချို့ဆိုင်က 60000 ကျပ်လို့ဆိုပါတယ်။ ဘာကြောင့် ဈေးမတူတာပါလဲ ခင်ဗျာ။
ဖြေ – တစ်ဆိုင်နဲ့တစ်ဆိုင် Service ဈေးမတူရခြင်းက ပြန်ပြုပြင်တဲ့ ပစ္စည်းရဲ့မူရင်းဈေးမတူတာရယ်၊ အရည်အသွေး ကွာခြားချက်လေးတွေရှိတာကြောင့်ပါ။ Original နဲ့ စပယ်ရာပစ္စည်းတွေကြောင့်လည်း ဈေးကွာ တတ်ပါတယ်။

မေး – ကျွန်တော်အခုလက်ရှိသုံးနေတဲ့ဖုန်းက OPPO F1s ပါ။ Battery က အရမ်းအကုန်မြန်နေလို့ပါ။ အသစ်လဲမယ်ဆိုရင် ခန့်မှန်းခြေက ငွေကြေးဘယ်လောက်လောက် ကုန်ကျနိုင်ပါသလဲခင်ဗျာ။
ဖြေ – Battery ဈေးက တစ်သောင်းဝန်းကျင်လောက်သာရှိပါတယ်။ Service အနည်းအများပေါ် မူတည်ပြီး နှစ်သောင်းလောက်ထိ ရှိနိုင်ပါတယ်ခင်ဗျာ။

မေး – ဖုန်းသုံးနေရင်း Application တစ်ခုခုကိုဖွင့်တဲ့အခါ Unfortunately Has Stopped ဆိုပြီး ပေါ်ပေါ် လာလို့ပါ။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။
‌ဖြေ – Operating System မကောင်းတော့တဲ့အခါ Application တွေမှာ Unfortunately Stopped ဆိုပြီး ပေါ်လာတတ်ပါတယ်။ နီးစပ်ရာဖုန်းဆိုင်မှာ Software ပြန်ရေးခိုင်းလိုက်တာ ကောင်းပါတယ်။

မေး – မင်္ဂလာပါအစ်ကိုရေ။ Facebook ကနေ Saved ထားတဲ့ Video တွေကို ဒေါင်းချင်လို့ပါခင်ဗျာ။ ဘယ်ကနေ ဒေါင်းရမလဲ။
ဖြေ – Google Play Store Or apkpure ကနေ Facebook Video Downloader apk ကို‌ဒေါင်းပြီး အဲ့ကနေ အလွယ်တကူ Copylink လုပ်ပြီး ဒေါင်းနိုင် ပါတယ်ခင်ဗျာ။ Tubemate ကနေလည်း အကောင့်ဝင်ပြီးတော့ Normal Quality နဲ့ ဒေါင်းလို့ရပါတယ်။

မေး – ကျွန်တော်က အားသွင်းပြီး Facebook သုံးပါတယ်။ တစ်ခါတစ်လေ PUBG တို့ Call of Duty တို့ Mobile Legends တို့လည်း ဆော့ပါတယ်။ ကြာလာရင် စက်ပူလာတာကို တွေ့ရပါတယ်။ အဲ့လိုမျိုး သုံးတာက အန္တရာယ်ရှိနိုင်ပါသလားခင်ဗျာ။
ဖြေ – ဖုန်းပေါက်ကွဲတာမျိုးကတော့ အဖြစ်နည်းပေမယ့် ရေရှည်မှာ ဖုန်းကိုအားသွင်းရင်း အသုံးပြုခြင်းက ဖုန်းရဲ့စက်ပြားသက်တမ်းကို တိုစေပြီးတော့ ပါဝါပိုင်းကို ထိခိုက်သွားစေနိုင်ပါတယ်။

မေး – ကျွန်တော့်ဖုန်းက Huawei Y9 2019ပါ။ ကျောဘက်ကင်မရာက ကွဲသွားလို့ပါခင်ဗျာ။ ပြန်ပြုပြင်လို့ရော ရနိုင်ပါသလား။ ဈေးကရော ကြီးပါသလားခင်ဗျာ။
ဖြေ – ပြန်ပြုပြင်လို့ ရနိုင်ပါတယ်။ ဈေးမကြီးပါဘူးခင်ဗျာ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းက Samsung Note 2 ပါ။ ပထမတစ်ခါ LCD နဲ့ Touch လဲပါတယ်။ လအနည်းငယ်ကြာတော့ ပြန်ဖြစ်သွားပါတယ်။ နောက်တစ်ခါ ထပ်လဲပါတယ်။ အရင်အတိုင်းပဲထပ်ဖြစ်ပါတယ်။ အဲ့ဒါက ဘာကြောင့်ပါလဲ။ ပြင်ပေးတဲ့ဆိုင်ကပဲ ညံ့လို့ဖြစ်တာပါလား ခင်ဗျာ။
ဖြေ – စက်ပြားပေါ်မှာရှိတဲ့ Touch IC နဲ့ LCD ပိုင်းမှာ Error ရှိနေတာ မျိုးဆိုရင်တော့ ဖြစ်တတ်ပါ တယ်။ ဖြစ်တာများနေရင် စက်ပြားပိုင်းကိုစစ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

ပန်းသတင်းမိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်း (ပဲခူးမြို့) ၊ ဖုန်း-ဝ၉-၉၅၆၅၅၉၇၆ဝ၊ ဝ၉-၆၈၃၇၄ ၆၂၂၇၊ ဝ၉-၄၅၉၂၁၂၅၉၂ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

“အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာ ျပႆနာမ်ား”

ေမး – အစ္ကိုေရ iPhone 6 Plus သံုးေနရင္း ဟန္းသြားလို႔ပါ။ ဘာမွ ႏိွပ္လို႔မရေတာ့လို႔ပါ။ ဘယ္လို လုပ္ေဆာင္ရမလဲဆိုတာကို အႀကံေလးေပးပါဦးခင္ဗ်ာ။

ေျဖ – တင္ထားတဲ့ iOS Version ေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။ အဲ့လို ဘက္ထရီအေသဖုန္းေတြ ဟန္းသြားတဲ့အခါမွာ Hard Reset  ကိုခ်ရပါတယ္။ Home Key + Power ခလုတ္ကိုၿပိဳင္တူႏိွပ္ၿပီး စကၠန႔္ အနည္းငယ္ ေလာက္ဖိထားလိုက္ပါ။ Restart က်ၿပီး ျပန္ေကာင္းသြားပါလိမ့္မယ္။ ခဏခဏ ျဖစ္ေနရင္ေတာ့ ေဆာ့ဖ္ဝဲေရးလိုက္တာပိုေကာင္းပါတယ္။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက အားဝင္တာေနွးေနလို႔ပါ။ 1 ရာခိုင္ႏႈန္းတက္ဖို႔ကို ေတာ္ေတာ္ၾကာ ပါတယ္။ အဲ့ဒါဘယ္လိုျဖစ္တာပါလဲ။ Battery ေၾကာင့္လား၊ အားသြင္းႀကိဳးေၾကာင့္ပါလားခင္ဗ်ာ။

ေျဖ – သူ႕ Original  ႀကိဳးနဲ႔သြင္းတာကိုမွျဖစ္တယ္ဆိုရင္ Battery ပိုင္းကိုစစ္ၾကည့္ရပါမယ္။ အား သြင္းႀကိဳးက သူ႕ Original ႀကိဳးမဟုတ္ရင္ေတာ့ Amphere ျမင့္တဲ့အားသြင္းႀကိဳး‌ကို ေျပာင္းသံုး လိုက္ပါ။

ေမး – Samsung J7 ျပဳတ္က်ၿပီး ဘာမွမေပၚေတာ့လို႔ပါအစ္ကိုေရ။ ဆိုင္ေတြကိုေမးၾကည့္ေတာ့ တစ္ခ်ိဳ႕ဆိုင္က 110000 က်ပ္ ၊ တစ္ခ်ိဳ႕ဆိုင္က 60000 က်ပ္လို႔ဆိုပါတယ္။ ဘာေၾကာင့္ ေစ်းမတူတာပါလဲ ခင္ဗ်ာ။

ေျဖ – တစ္ဆိုင္နဲ႔တစ္ဆိုင္ Service ေစ်းမတူရျခင္းက ျပန္ျပဳျပင္တဲ့ ပစၥည္းရဲ႕မူရင္းေစ်းမတူတာရယ္၊ အရည္အေသြး ကြာျခားခ်က္ေလးေတြရိွတာေၾကာင့္ပါ။ Original နဲ႔ စပယ္ရာပစၥည္းေတြေၾကာင့္လည္း ေစ်းကြာ တတ္ပါတယ္။

ေမး – ကြၽန္ေတာ္အခုလက္ရိွသံုးေနတဲ့ဖုန္းက OPPO F1s ပါ။ Battery က အရမ္းအကုန္ျမန္ေနလို႔ပါ။ အသစ္လဲမယ္ဆိုရင္ ခန္႔မွန္းေျခက ေငြေၾကးဘယ္ေလာက္ေလာက္ ကုန္က်ႏိုင္ပါသလဲခင္ဗ်ာ။

ေျဖ – Battery ေစ်းက တစ္ေသာင္းဝန္းက်င္ေလာက္သာရိွပါတယ္။ Service အနည္းအမ်ားေပၚ မူတည္ၿပီး ႏွစ္ေသာင္းေလာက္ထိ ရိွႏိုင္ပါတယ္ခင္ဗ်ာ။

ေမး – ဖုန္းသံုးေနရင္း Application တစ္ခုခုကိုဖြင့္တဲ့အခါ Unfortunately Has Stopped ဆိုၿပီး ေပၚေပၚ လာလို႔ပါ။ ဘယ္လိုလုပ္ရင္ အဆင္ေျပႏိုင္မလဲခင္ဗ်ာ။

‌ေျဖ – Operating System မေကာင္းေတာ့တဲ့အခါ Application ေတြမွာ Unfortunately Stopped ဆိုၿပီး ေပၚလာတတ္ပါတယ္။ နီးစပ္ရာဖုန္းဆိုင္မွာ Software ျပန္ေရးခိုင္းလိုက္တာ ေကာင္းပါတယ္။

ေမး – မဂၤလာပါအစ္ကိုေရ။ Facebook ကေန Saved ထားတဲ့ Video  ေတြကို ေဒါင္းခ်င္လို႔ပါခင္ဗ်ာ။ ဘယ္ကေန ေဒါင္းရမလဲ။

ေျဖ – Google Play Store Or apkpure ကေန Facebook Video Downloader apk ကို‌ေဒါင္းၿပီး အဲ့ကေန အလြယ္တကူ Copylink လုပ္ၿပီး ေဒါင္းႏိုင္ ပါတယ္ခင္ဗ်ာ။ Tubemate ကေနလည္း အေကာင့္ဝင္ၿပီးေတာ့ Normal Quality နဲ႔ ေဒါင္းလို႔ရပါတယ္။

ေမး – ကြၽန္ေတာ္က အားသြင္းၿပီး Facebook  သံုးပါတယ္။ တစ္ခါတစ္ေလ PUBG တို႔ Call of Duty တို႔ Mobile Legends တို႔လည္း ေဆာ့ပါတယ္။ ၾကာလာရင္ စက္ပူလာတာကို ေတြ႕ရပါတယ္။ အဲ့လိုမ်ိဳး သံုးတာက အႏၲရာယ္ရိွႏိုင္ပါသလားခင္ဗ်ာ။

ေျဖ – ဖုန္းေပါက္ကြဲတာမ်ိဳးကေတာ့ အျဖစ္နည္းေပမယ့္ ေရရွည္မွာ ဖုန္းကိုအားသြင္းရင္း အသံုးျပဳျခင္းက ဖုန္းရဲ႕စက္ျပားသက္တမ္းကို တိုေစၿပီးေတာ့ ပါဝါပိုင္းကို ထိခိုက္သြားေစႏိုင္ပါတယ္။

ေမး – ကြၽန္ေတာ့္ဖုန္းက Huawei Y9 2019ပါ။ ေက်ာဘက္ကင္မရာက ကြဲသြားလို႔ပါခင္ဗ်ာ။ ျပန္ျပဳျပင္လို႔ေရာ ရႏိုင္ပါသလား။ ေစ်းကေရာ ႀကီးပါသလားခင္ဗ်ာ။

ေျဖ – ျပန္ျပဳျပင္လို႔ ရႏိုင္ပါတယ္။ ေစ်းမႀကီးပါဘူးခင္ဗ်ာ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းက Samsung Note 2 ပါ။ ပထမတစ္ခါ LCD နဲ႔ Touch လဲပါတယ္။ လအနည္းငယ္ၾကာေတာ့ ျပန္ျဖစ္သြားပါတယ္။ ေနာက္တစ္ခါ ထပ္လဲပါတယ္။ အရင္အတိုင္းပဲထပ္ျဖစ္ပါတယ္။ အဲ့ဒါက ဘာေၾကာင့္ပါလဲ။ ျပင္ေပးတဲ့ဆိုင္ကပဲ ညံ့လို႔ျဖစ္တာပါလား ခင္ဗ်ာ။

ေျဖ – စက္ျပားေပၚမွာရိွတဲ့ Touch IC နဲ႔ LCD ပိုင္းမွာ Error ရိွေနတာ မ်ိဳးဆိုရင္ေတာ့ ျဖစ္တတ္ပါ တယ္။ ျဖစ္တာမ်ားေနရင္ စက္ျပားပိုင္းကိုစစ္ဖို႔ေတာ့ လိုအပ္ပါလိမ့္မယ္။

ပန္းသတင္းမိုဘိုင္းဖုန္းျပဳျပင္ေရးသင္တန္းေက်ာင္း (ပဲခူးၿမိဳ႕) ၊ ဖုန္း-ဝ၉-၉၅၆၅၅၉၇၆ဝ၊ ဝ၉-၆၈၃၇၄ ၆၂၂၇၊ ဝ၉-၄၅၉၂၁၂၅၉၂ မွ ကူညီပံ့ပိုးပါသည္။

NetGuide Journal (Every Wednesday)