Instagram ဟာ အသုံးပြုသူများက ဓာတ်ပုံ(သို့မဟုတ်) ဗီဒီယိုဖိုင်တစ်ခုခု တင်တဲ့အခါ အခြား သူများကို တိုက်ခိုက်တဲ့စကားလုံး ရေးသားဖို့ လုပ်နေတယ်ဆိုရင် သတိပေးမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Facebook က ပိုင်တဲ့ ကုမ္ပဏီဟာ အသုံးပြုသူများအနေဖြင့် တစ်ဖက်သားကို တိုက်ခိုက်မှု မပြုခင် သူတို့ရေးသားတဲ့စကားလုံးကို ပြန်လည်သုံးသပ်မှု ပြုလုပ်နိုင်ဖို့ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Instagram ဟာ အထက်ပါစနစ် နိုင်ငံအချို့မှာ အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

Instagram ဟာ အွန်လိုင်းအနိုင်ကျင့်မှုတိုက်ဖျက်ရေး လုပ်ဆောင်မှုတစ်ခုအနေဖြင့် အထက်ပါ စနစ်ကို လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ အွန်လိုင်းအနိုင်ကျင့်မှုက YouTube ၊ Facebook ၊ Instagram တို့မှာ ပါဝင်နေပြီး ၂၀၁၇ ခုနှစ်တုန်းက စစ်တမ်းတစ်ခုအရ Instagram က အွန်လိုင်းအနိုင်ကျင့်မှု အများဆုံးနေရာ ဖြစ်ကြောင်း စစ်တမ်းတစ်ခုအရ သိရှိရပါတယ်။

အသုံးပြုသူများဟာ Instagram မှာ ပို့စ်တင်ဖို့ စာရေးသားတဲ့အခါ တိုက်ခိုက်တဲ့ စကားလုံးများ ပါဝင်လာမယ်ဆိုရင် ယင်းစနစ်က စာကို ပြန်လည်သုံးသပ်မှု ပြုလုပ်စေမှာ ဖြစ်ပြီး အသုံးပြုသူ အနေဖြင့် ပို့စ်မတင်ခင်မှာ စာကို Edit လုပ်နိုင်မှာ ဖြစ်ပါတယ်။

Instagram ဟာ ယခုနှစ်အစောပိုင်းတုန်းကလည်း အသုံးပြုသူဘက်က တစ်ဖက်သားကို နစ်နာစေတဲ့ စကားလုံးပါတဲ့ Comment ရေးသားလာမယ်ဆိုရင် သတိပေးတဲ့ စနစ်ကို ကျင့်သုံးခဲ့ဖူးပါတယ်။

ယခုကဲ့သို့ Instagram က အွန်လိုင်းအနိုင်ကျင့်ရေးသားမှုပပျောက်ရေး လှုပ်ရှားမှုအပေါ် လူတိုင်းက ကြိုဆိုနေကြပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Instagram တြင္ တိုက္ခိုက္တဲ့စကားမ်ား တားဆီႏိုင္ေအာင္ AI ကို Instagram ေလ့က်င့္ေပးေန

Instagram ဟာ အသုံးျပဳသူမ်ားက ဓာတ္ပုံ(သို႔မဟုတ္) ဗီဒီယိုဖိုင္တစ္ခုခု တင္တဲ့အခါ အျခားသူမ်ားကို တိုက္ခိုက္တဲ့စကားလုံး ေရးသားဖို႔ လုပ္ေနတယ္ဆိုရင္ သတိေပးမႈ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

Facebook က ပိုင္တဲ့ ကုမၸဏီဟာ အသုံးျပဳသူမ်ားအေနျဖင့္ တစ္ဖက္သားကို တိုက္ခိုက္မႈ မျပဳခင္ သူတို႔ေရးသားတဲ့စကားလုံးကို ျပန္လည္သုံးသပ္မႈ ျပဳလုပ္ႏိုင္ဖို႔ လုပ္ေဆာင္ေနတာလည္း ျဖစ္ပါတယ္။

Instagram ဟာ အထက္ပါစနစ္ ႏိုင္ငံအခ်ိဳ႕မွာ အသုံးျပဳႏိုင္ေအာင္ လုပ္ေဆာင္ေပးသြားမွာ ျဖစ္ပါတယ္။

Instagram ဟာ အြန္လိုင္းအႏိုင္က်င့္မႈတိုက္ဖ်က္ေရး လုပ္ေဆာင္မႈတစ္ခုအေနျဖင့္ အထက္ပါ စနစ္ကို လုပ္ေဆာင္ေနတာလည္း ျဖစ္ပါတယ္။ အြန္လိုင္းအႏိုင္က်င့္မႈက YouTube ၊ Facebook ၊ Instagram တို႔မွာ ပါဝင္ေနၿပီး ၂၀၁၇ ခုႏွစ္တုန္းက စစ္တမ္းတစ္ခုအရ Instagram က အြန္လိုင္းအႏိုင္က်င့္မႈ အမ်ားဆုံးေနရာ ျဖစ္ေၾကာင္း စစ္တမ္းတစ္ခုအရ သိရွိရပါတယ္။

အသုံးျပဳသူမ်ားဟာ Instagram မွာ ပို႔စ္တင္ဖို႔ စာေရးသားတဲ့အခါ တိုက္ခိုက္တဲ့ စကားလုံးမ်ား ပါဝင္လာမယ္ဆိုရင္ ယင္းစနစ္က စာကို ျပန္လည္သုံးသပ္မႈ ျပဳလုပ္ေစမွာ ျဖစ္ၿပီး အသုံးျပဳသူ အေနျဖင့္ ပို႔စ္မတင္ခင္မွာ စာကို Edit လုပ္ႏိုင္မွာ ျဖစ္ပါတယ္။

Instagram ဟာ ယခုႏွစ္အေစာပိုင္းတုန္းကလည္း အသုံးျပဳသူဘက္က တစ္ဖက္သားကို နစ္နာေစတဲ့ စကားလုံးပါတဲ့ Comment ေရးသားလာမယ္ဆိုရင္ သတိေပးတဲ့ စနစ္ကို က်င့္သုံးခဲ့ဖူးပါတယ္။

ယခုကဲ့သို႔ Instagram က အြန္လိုင္းအႏိုင္က်င့္ေရးသားမႈပေပ်ာက္ေရး လႈပ္ရွားမႈအေပၚ လူတိုင္းက ႀကိဳဆိုေနၾကပါတယ္။

NetGuide Journal (Every Wednesday)