Huawei တည်ထောင်သူနှင့် ဥက္ကဌရန်ကျန်ဖေးက အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ ပိတ်ပင်မှု ခံရခြင်းကြောင့် တာဝန်များမှ အနားယူရေးကို ရွှေ့ဆိုင်းထားရကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။ အသက် 75 နှစ်အရွယ်ရှိ Huawei တည်ထောင်သူ ရန်ကျန်ဖေးဟာ ယခုနှစ်ပိုင်းအတွင်းတွင် အနားယူရန် စီစဉ်ထားခဲ့သော်လည်း ယခုနှစ်အစောပိုင်းတွင် အမေရိကန်ရဲ့ ပိတ်ပင်မှု ခံရခြင်းနှင့်အတူ အနားယူရေးကို ရွှေ့ဆိုင်းထားခဲ့တာလည်း ဖြစ်ပါတယ်။ ၎င်းဟာ အမေရိကန်ရဲ့ ပိတ်ပင်မှုကို ကျော်လွှားနိုင်ပြီးမှ အနားယူရန် စီစဉ်ထားပါတယ်။

ဒါ့အပြင် ရန်ကျန်ဖေးက စပိန်တွင် ဥရောပရဲ့ အကောင်းဆုံး 5G Network ကို တည်ဆောက်ရန် စီစဉ်ထားကြောင်းနှင့် လုံခြုံရေးနှင့်ပတ်သက်ပြီး စပိန်အာဏာပိုင်တို့ရဲ့ သံသယဝင်ခြင်းခံနေရကြောင်းလည်း ဖွင့်ဟသွားပါတယ်။ စပိန်အာဏာပိုင်တို့ဟာ အစိုးရဆာဗာသို့ Huawei စမတ်ဖုန်းများဖြင့် ဝင်ရောက်ခြင်းကို ပိတ်ပင်ထားပါတယ်။

ဆက်လက်ပြီး ရန်ကျန်ဖေးက HarmonyOSကို Android ကဲ့သို့ Open Source ဖွင့်ပေးသွားမှာဖြစ်ပြီး ကောင်းမွန်တဲ့ Ecosystem တစ်ခုကို ဖန်တီးသွားမှာဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။

Huawei ဟာ လက်ရှိအချိန်မှာ HarmonyOS ကို စမတ်ဖုန်းများမှာသုံးရန် စီစဉ်ထားခြင်း မရှိသေးဘဲ စမတ်တီဗွီကဲ့သို့ အခြားအင်တာနက်သုံး Device များတွင် အသုံးပြုရန် ရည်ရွယ်ထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

အေမရိကန္ရဲ့ ပိတ္ပင္မွုေၾကာင့္ အနားယူေရး ေရႊ႕ဆိုင္းထားရေၾကာင္း Huawei တည္ေထာင္သူဖြင့္ဟ

Huawei တည္ေထာင္သူႏွင့္ ဥကၠဌရန္က်န္ေဖးက အေမရိကန္ကုန္သြယ္ေရးဌာနရဲ့ ပိတ္ပင္မွု ခံရျခင္းေၾကာင့္ တာဝန္မ်ားမွ အနားယူေရးကို ေရႊ႕ဆိုင္းထားရေၾကာင္း ဖြင့္ဟ ေျပာၾကားလိုက္ပါတယ္။ အသက္ 75 ႏွစ္အရြယ္ရွိ Huawei တည္ေထာင္သူ ရန္က်န္ေဖးဟာ ယခုႏွစ္ပိုင္းအတြင္းတြင္ အနားယူရန္ စီစဥ္ထားခဲ့ေသာ္လည္း ယခုႏွစ္အေစာပိုင္းတြင္ အေမရိကန္ရဲ့ ပိတ္ပင္မွု ခံရျခင္းႏွင့္အတူ အနားယူေရးကို ေရႊ႕ဆိုင္းထားခဲ့တာလည္း ျဖစ္ပါတယ္။ ၎ဟာ အေမရိကန္ရဲ့ ပိတ္ပင္မွုကို ေက်ာ္လႊားနိုင္ၿပီးမွ အနားယူရန္ စီစဥ္ထားပါတယ္။

ဒါ့အျပင္ ရန္က်န္ေဖးက စပိန္တြင္ ဥေရာပရဲ့ အေကာင္းဆုံး 5G Network ကို တည္ေဆာက္ရန္ စီစဥ္ထားေၾကာင္းႏွင့္ လုံျခဳံေရးႏွင့္ပတ္သက္ၿပီး စပိန္အာဏာပိုင္တို႔ရဲ့ သံသယဝင္ျခင္းခံေနရေၾကာင္းလည္း ဖြင့္ဟသြားပါတယ္။ စပိန္အာဏာပိုင္တို႔ဟာ အစိုးရဆာဗာသို႔ Huawei စမတ္ဖုန္းမ်ားျဖင့္ ဝင္ေရာက္ျခင္းကို ပိတ္ပင္ထားပါတယ္။

ဆက္လက္ၿပီး ရန္က်န္ေဖးက HarmonyOSကို Android ကဲ့သို႔ Open Source ဖြင့္ေပးသြားမွာျဖစ္ၿပီး ေကာင္းမြန္တဲ့ Ecosystem တစ္ခုကို ဖန္တီးသြားမွာျဖစ္ေၾကာင္းလည္း ေျပာၾကားသြားပါတယ္။

Huawei ဟာ လက္ရွိအခ်ိန္မွာ HarmonyOS ကို စမတ္ဖုန္းမ်ားမွာသုံးရန္ စီစဥ္ထားျခင္း မရွိေသးဘဲ စမတ္တီဗြီကဲ့သို႔ အျခားအင္တာနက္သုံး Device မ်ားတြင္ အသုံးျပဳရန္ ရည္ရြယ္ထားပါတယ္။

NetGuide Journal (Every Wednesday)