ပြီးခဲ့တဲ့ စက်တင်ဘာလက Xiaomi India အနေနဲ့ Redmi 8A ဖုန်းကို ထုတ်ပေးခဲ့ပါတယ်။ အောက်တိုဘာမှာ ထွက်လာတဲ့ Redmi 8 ဖုန်းကတော့ ပိုကောင်းတဲ့ အချက်အလက်တွေနဲ့ပါ။91mobiles ကလာတဲ့ သတင်းတွေအရ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူအနေနဲ့ Redmi 9 ဖုန်းကို 2020 အစောပိုင်းမှာ ဈေးကွက်တင်လာအုံးမယ်လို့ သိရပါတယ်။ india ဈေးကွက်ကိုသာ အစောဆုံး ရောက်ရှိမှာပါ။ အဲ့ဒီဖုန်းနဲ့ ပတ်သတ်ပြီး ထွက်ထားတဲ့ သတင်းအချက်အလက်တွေလည်း ရှိနေပါတယ်။Redmi 8 colors
Redmi 9 စမတ်ဖုန်းဟာ notch display နဲ့ဖြစ်ပြီး 6.6 inches. မြင်ကွင်းကျယ် ဖုန်းဖြစ်လာပါလိမ့်မယ်။ ယခင်မျိုးဆက်ဖုန်းကတော့ 6.22-inch display သာသုံးထားပါတယ်။ ပြီးတော့ ပရိုဆက်ဆာအတွက် ဒီဖုန်းမှာ MediaTek Helio G70 chipset ကိုသုံးလာမယ်လို့လည်း သတင်းတွေ ကြိုသိနေရပါတယ်။ Helio G90 နဲ့ Helio G90T processors တွေထက် အနိမ့်လို့ဆိုရမှာပါ။
4 GB RAM မှာ 64 GB သိုလှောင်မှု ထောက်ပံ့ပေးမှာဖြစ်ပြီး အခြားမူကွဲတွေလည်း ထုတ်ပေးနိုင်ပါတယ်။ Redmi 9 ဖုန်းကို တရုတ်မှာလာမယ့် ပထမ ၃လပတ်အတွင်းမှာ ရောင်းချပေးနိုင်ပါတယ်။ အခြားမျော်လင့် စရာကောင်းတာကတော့ ယခင်ထွက်ထားတဲ့ ဖုန်းတွေထက် စွမ်းဆောင်ရည်ပိုင်းနဲ့ ဓာတ်ပုံရိုက်ကူးမှု အပိုင်းမှာ ပိုသာနိုင်တာမျိုးပါ။ လက်ရှိအချိန်မှာတော့ အချက်အလက်က ဒီလောက်သာ သိထားပါသေးတယ်။

zawgyi

Helio G70 သုံးထားမယ့္ Redmi 9 ဖုန္း 2020 မွာထြက္လာမည္
ၿပီးခဲ့တဲ့ စက္တင္ဘာလက Xiaomi India အေနနဲ႔ Redmi 8A ဖုန္းကို ထုတ္ေပးခဲ့ပါတယ္။ ေအာက္တိုဘာမွာ ထြက္လာတဲ့ Redmi 8 ဖုန္းကေတာ့ ပိုေကာင္းတဲ့ အခ်က္အလက္ေတြနဲ႔ပါ။91mobiles ကလာတဲ့ သတင္းေတြအရ တရုတ္စမတ္ဖုန္း ထုတ္လုပ္သူအေနနဲ႔ Redmi 9 ဖုန္းကို 2020 အေစာပိုင္းမွာ ေစ်းကြက္တင္လာအုံးမယ္လို႔ သိရပါတယ္။ india ေစ်းကြက္ကိုသာ အေစာဆုံး ေရာက္ရွိမွာပါ။ အဲ့ဒီဖုန္းနဲ႔ ပတ္သတ္ၿပီး ထြက္ထားတဲ့ သတင္းအခ်က္အလက္ေတြလည္း ရွိေနပါတယ္။Redmi 8 colors
Redmi 9 စမတ္ဖုန္းဟာ notch display နဲ႔ျဖစ္ၿပီး 6.6 inches. ျမင္ကြင္းက်ယ္ ဖုန္းျဖစ္လာပါလိမ့္မယ္။ ယခင္မ်ိဳးဆက္ဖုန္းကေတာ့ 6.22-inch display သာသုံးထားပါတယ္။ ၿပီးေတာ့ ပရိုဆက္ဆာအတြက္ ဒီဖုန္းမွာ MediaTek Helio G70 chipset ကိုသုံးလာမယ္လို႔လည္း သတင္းေတြ ႀကိဳသိေနရပါတယ္။ Helio G90 နဲ႔ Helio G90T processors ေတြထက္ အနိမ့္လို႔ဆိုရမွာပါ။
4 GB RAM မွာ 64 GB သိုေလွာင္မႈ ေထာက္ပံ့ေပးမွာျဖစ္ၿပီး အျခားမူကြဲေတြလည္း ထုတ္ေပးႏိုင္ပါတယ္။ Redmi 9 ဖုန္းကို တရုတ္မွာလာမယ့္ ပထမ ၃လပတ္အတြင္းမွာ ေရာင္းခ်ေပးႏုိင္ပါတယ္။ အျခားေမ်ာ္လင့္ စရာေကာင္းတာကေတာ့ ယခင္ထြက္ထားတဲ့ ဖုန္းေတြထက္ စြမ္းေဆာင္ရည္ပိုင္းနဲ႔ ဓာတ္ပုံရိုက္ကူးမႈ အပိုင္းမွာ ပိုသာႏုိင္တာမ်ဳိးပါ။ လက္ရွိအခ်ိန္္မွာေတာ့ အခ်က္အလက္က ဒီေလာက္သာ သိထားပါေသးတယ္။