ဒီဂိမ်းကတော့ Platform Action adventure ဂိမ်းတစ်ခုဖြစ်ပြီး 1989 က Wonder Boy III : The Dragon’s Trap ကို ပြန်လည်ဆန်းသစ်ထားတာ ဖြစ်ပါတယ်။ စွန့်စားရေးသမားတစ်ဦးအဖြစ် နဂါးတွေရှိတဲ့ နယ်မြေကို ထွက်ခွာပြီး နဂါးတွေအားလုံးကို အနိုင်ယူကာ သူတို့ကို လူပုံစံပြန်ပြောင်းပေးရမယ့် ဂိမ်းပုံစံ ဖြစ်ပါတယ်။ မူရင်းဂိမ်းမှာလိုပဲ နယ်မြေအမျိုးမျိုးကို ဖြတ်သန်းပြီး ရန်သူတွေကို ချေမှုန်းကာ မြှားတွေ၊ မီးဘောလုံးတွေနဲ့ ငွေကြေးတွေလို item တွေရအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ရလာတဲ့ ငွေကြေးတွေကို အသုံးပြုပြီး လက်နက်တွေနဲ့ ချပ်ဝတ်တန်ဆာတွေ ဝယ်ယူရမှာဖြစ်လို့ ရန်သူတွေကို တတ်နိုင်သမျှ ချေမှုန်းနိုင်အောင်လုပ်ကာ ငွေတွေရအောင်လုပ်ရမှာ ဖြစ်ပါတယ်။ ဇာတ်ကောင်ယောကျာ်းလေးအဖြစ်ရော မိန်းခလေးအဖြစ်ပါ ကစားနိုင်တဲ့အပြင် မီးတွေမှုတ်ထုတ်နိုင်တဲ့ ကင်းလိပ်ချော၊ ရေကူးနိုင်တဲ့ အသားစားငါး၊ လေထဲမှာပျံနိုင်တဲ့ သိမ်းငှက်၊ ကြွက်နဲ့ခြင်္သေ့တို့လို တိရစ္ဆာန်ပုံစံယူနိုင်ကာ သူတို့ရဲ့စွမ်းရည်တွေကို အသုံးချပြီးတော့ အဲဒီနယ်မြေရဲ့ အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ကစားရတာ တကယ့်ကို ချစ်စရာကောင်းတဲ့ဂိမ်းဖြစ်ပြီး ကစားရတာ စိတ်အပန်းပြေစေမှာ ဖြစ်ပါတယ်။ ဒီဂိမ်းကိုတော့ iOS 10.0 နဲ့အထက်တွေမှာ ကစားနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Wonder Boy : The Dragon’s Trap

ဒီဂိမ္းကေတာ့ Platform Action adventure ဂိမ္းတစ္ခုျဖစ္ၿပီး 1989 က Wonder Boy III : The Dragon’s Trap ကို ျပန္လည္ဆန္းသစ္ထားတာ ျဖစ္ပါတယ္။ စြန္႔စားေရးသမားတစ္ဦးအျဖစ္ နဂါးေတြရွိတဲ့ နယ္ေျမကို ထြက္ခြာၿပီး နဂါးေတြအားလံုးကို အႏိုင္ယူကာ သူတုိ႔ကို လူပံုစံျပန္ေျပာင္းေပးရမယ့္ ဂိမ္းပံုစံ ျဖစ္ပါတယ္။ မူရင္းဂိမ္းမွာလုိပဲ နယ္ေျမအမ်ိဳးမ်ိဳးကို ျဖတ္သန္းၿပီး ရန္သူေတြကို ေခ်မႈန္းကာ ျမႇားေတြ၊ မီးေဘာလံုးေတြနဲ႔ ေငြေၾကးေတြလို item ေတြရေအာင္ ႀကိဳးစားရမွာ ျဖစ္ပါတယ္။ ရလာတဲ့ ေငြေၾကးေတြကို အသံုးျပဳၿပီး လက္နက္ေတြနဲ႔ ခ်ပ္ဝတ္တန္ဆာေတြ ဝယ္ယူရမွာျဖစ္လုိ႔ ရန္သူေတြကို တတ္ႏိုင္သမွ် ေခ်မႈန္းႏိုင္ေအာင္လုပ္ကာ ေငြေတြရေအာင္လုပ္ရမွာ ျဖစ္ပါတယ္။ ဇာတ္ေကာင္ေယာက်ာ္းေလးအျဖစ္ေရာ မိန္းခေလးအျဖစ္ပါ ကစားႏိုင္တဲ့အျပင္ မီးေတြမႈတ္ထုတ္ႏိုင္တဲ့ ကင္းလိပ္ေခ်ာ၊ ေရကူးႏိုင္တဲ့ အသားစားငါး၊ ေလထဲမွာပ်ံႏိုင္တဲ့ သိမ္းငွက္၊ ၾကြက္နဲ႔ျခေသၤ့တုိ႔လို တိရစၧာန္ပံုစံယူႏိုင္ကာ သူတို႔ရဲ႕စြမ္းရည္ေတြကို အသံုးခ်ၿပီးေတာ့ အဲဒီနယ္ေျမရဲ႕ အနက္႐ိႈင္းဆံုးလွ်ဳိ႕ဝွက္ခ်က္ေတြကို ေဖာ္ထုတ္ဖုိ႔ ႀကိဳးစားရမွာ ျဖစ္ပါတယ္။ ကစားရတာ တကယ့္ကို ခ်စ္စရာေကာင္းတဲ့ဂိမ္းျဖစ္ၿပီး ကစားရတာ စိတ္အပန္းေျပေစမွာ ျဖစ္ပါတယ္။ ဒီဂိမ္းကိုေတာ့ iOS 10.0 နဲ႔အထက္ေတြမွာ ကစားႏိုင္ပါတယ္။

NetGuide Journal (Every Wednesday)