VICE News ဟာ မှတ်တမ်းဗီဒီယိုတွေ၊ live stream တွေ၊ ဓာတ်ပုံသတင်းတွေ၊ ဆောင်းပါးတွေ အပါအဝင် အရေးပါတဲ့ အကြောင်းအရာတွေကို သင့်ဆီယူဆောင်ပေးနိုင်တဲ့ app တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက အရေးကြီးတဲ့ သတင်းတွေ၊ story တွေနဲ့ သတင်းမှတ်တမ်းတွေကို သင့်ရဲ့ဖုန်းကနေ အချိန်မရွေး၊ နေရာမရွေး အလွယ်တကူ ကြည့်ရှု၊ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ အင်တာနက်မရှိရင်တောင်မှ သတင်းဆောင်းပါးတွေကို အချိန်မရွေး ကြည်လင်ပြတ်သားစွာ ဖတ်ရှုရမှာဖြစ်ပြီး Chromecast ကတစ်ဆင့် ကြိုးမဲ့စနစ်နဲ့လည်း stream ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာသတင်း channel တစ်ခုဖြစ်တဲ့ VICE News ရဲ့ဝက်ဘ်ဆိုက်မှာ တင်သမျှ သတင်းအကြောင်းအရာအားလုံးကို သင့်ရဲ့ဖုန်းကနေတစ်ဆင့် ကြည့်ရှုရမှာဖြစ်ပြီး ကဏ္ဍစုံပါဝင်တဲ့ ထိပ်တန်းရောက်သတင်းတွေ၊ ဗီဒီယိုတွေနဲ့ သတင်းမှတ်တမ်းတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သတင်းတွေကို သင်နှစ်သက်ရာ လူမှုမီဒီယာတွေပေါ်မှာလည်း share လုပ်ပြီး မျှဝေနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းလေးရှိရုံနဲ့ အရေးကြီးတဲ့ နောက်ဆုံးရနိုင်ငံတကာသတင်းအကြောင်းအရာတွေကို အမြဲတမ်းသိရှိနေရအောင် အသုံးပြုသင့်တဲ့ app တစ်ခုဖြစ်ပြီး Android 4.4 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

VICE News

