လွန်ခဲ့တဲ့ 10 နှစ်လောက်ကသာ ကျစ်လျစ်သေးငယ်တဲ့ စမတ်ဖုန်းလေးတွေဟာ ကင်မရာတွေနေရာမှာ အစားထိုးနိုင်တယ်လို့ သင့်အနေနဲ့ ပြောလိုက်မယ်ဆိုရင် ဒါဟာ ရယ်သွမ်းသွေးစရာကိစ္စ၊ လှောင်ပြောင်စရာကိစ္စအနေနဲ့ ရှိနေမှာပါ။ အနာဂတ်ရဲ့ဖြစ်အင်တွေကို မေ့ထားလို့ မရပါဘူး။ ဘာကြောင့်လဲဆိုရင် အခု 2020 ခုနှစ်ကိုရောက်ဖို့ နီးလာတဲ့အချိန်မှာ 108MP ကင်မရာဆင်ဆာတွေတောင် ထွက်လာခဲ့ပါပြီ။ ဒါဟာ ဖြစ်တန်စွမ်းတွေကို ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။
သင့်အနေနဲ့ 2019 ခုနှစ်အတွင်းမှာ စမတ်ဖုန်းဝယ်ခဲ့မယ်ဆိုရင် သေချာတဲ့အချက်ကတော့ အဲ့ဒီဖုန်းမှာ notch ခပ်သေးသေးလေး ပါဝင်မှာပါ။ ဒီထက်ပိုရင်တော့ အဲ့ဒီဖုန်းရဲ့နောက်ဘက်မှာ ကင်မရာ 3 လုံး (သို့) 4 လုံး ဖြစ်နေမှာပါ။ ဘာကြောင့်လဲဆိုရင် 2019 ခုနှစ်အတွင်း စမတ်ဖုန်းနည်းပညာလောကအတွက် အပြောင်းအလဲဆုံး နည်းပညာဆိုရင်တော့ ကင်မရာလို့ ပြောရမှာပါ။ ဒီထက်အသေးစိတ်ပြောရမယ်ဆိုရင် ကင်မရာဆင်ဆာအရွယ်အစားတွေပဲ ဖြစ်ပါတယ်။ dual-Camera ခေတ်ကနေ အခုဆိုရင် Quad-Camera ခေတ်တောင် ရောက်နေပါပြီ။ အဲ့လောက်ကင်မရာတွေ အဆင့်မြင့်လာခဲ့တော့ သုံးစွဲသူတွေအနေနဲ့ ဘယ်ဟာလေးက ပိုကောင်းမလဲဆိုတဲ့ ရွေးချယ်ရခက်တာမျိုးတွေ ကြုံရမှာပေါ့။ ဒီကြားထဲ ဒီဇိုင်းပိုင်းကို ဦးစားပေးကိုင်တဲ့သူတွေဆိုရင် ပိုဆိုးပါလိမ့်မယ်။ သင့်ရွေးချယ်လိုက်တဲ့ဖုန်းဟာ ဒီဇိုင်းနဲ့ ကင်မရာ 2 မျိုးလုံးမှာ ပြည့်စုံတယ်လို့ ထင်ရဲ့လား။ သေချာတာကတော့ ကင်မရာရဲ့ စွမ်းဆောင်ချက်တွေဟာ ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ 2019 မှာ ဘယ်စမတ်ဖုန်းကင်မရာတွေက အကောင်းဆုံးဖြစ်ခဲ့လဲ။ သူတို့မှာရော ဘယ်လိုစွမ်းဆောင်ချက်တွေ ပါဝင်နေလဲဆိုတာ တစ်ချက်လေ့လာကြည့်ကြရအောင်။

(1). How to choose a camera phone ?

ကင်မရာဖုန်းကောင်းကောင်းတစ်လုံးကို ဘယ်လိုရွေးချယ်မလဲဆိုရင်တော့ အောက်မှာပေးထားတဲ့ အချက်အလက်တွေ မူတည်ပြီး ရွေးရပါလိမ့်မယ်။ ဒီအချက်တွေနဲ့ ကိုက်ညီနေရင်တော့ သင့်ဖုန်းဟာ ဓာတ်ပုံရိုက်ရင် အကောင်းဆုံးရုပ်ထွက်ကို ရရှိနေစေမှာပါ။

(2). Megapixels aren’t everything

သူ့ကိုတော့ MP လို့ အတိုကောက် ခေါ်ကြပါတယ်။  pixel count တွေများလေ သင့်ဖုန်းကင်မရာ ကောင်းလေလားဆိုတာတော့ မဟုတ်ပါဘူး။ အခြားအချက်တွေနဲ့ ထပ်မံပေါင်းစပ် ပေးရပါသေးတယ်။ သို့ပေမယ့် အများအားဖြင့်တော့ ဒီနေ့ထွက်နေတဲ့ ဖုန်းတွေဟာ pixels ပိုင်းမှာ ပိုများပြီး image တွေကို detailed ဖမ်းယူနိုင်စွမ်း ရှိပါတယ်။ resolution ပိုင်းကလည်း ကြီးမားပါသေးတယ်။ အခုဆိုရင် 48MP ကင်မရာတပ်ထားတဲ့ ဖုန်းတွေတောင် စျေးကွက်ထဲမှာ အတော်ရောက်နေပါပြီ။

(3). Don’t forget pixel and sensor size

ဒီအပိုင်းကလည်း အရေးကြီးလှပါတယ်။ ဆင်ဆာဟာ ကင်မရာရဲ့ အသည်းနှလုံးလို့တောင် ဆိုကြပါတယ်။ ကောင်းမွန်တဲ့ ဆင်ဆာအရည်အသွေးရှိမှာသာ ကောင်းမွန်လှပတဲ့ ရှုခင်းတွေနဲ့ ညအလှတွေကို အကောင်းဆုံး ဖမ်းယူနိုင်ပါလိမ့်မယ်။ 48MP ကင်မရာတွေအတွက် အသုံးပြုနေတဲ့ ဆင်ဆာတွေကတော့ Sony IMX586 နဲ့ Samsung GM1 sensors တို့ပဲ ဖြစ်ပါတယ်။

(4). Depth of field

ကောင်းမွန်ပြည့်စုံသော Depth of Field (DOF effect) လို့ခေါ်တဲ့ Background Blur ပုံတွေ ရရှိနိုင်ဖို့ကလည်း အရေးကြီးလှပါတယ်။ ဒီလုပ်ဆောင်ချက်ကလည်း လက်ရှိထွက်ထားသမျှ ဖုန်းတွေတိုင်းမှာ ပါဝင်နေပါပြီ။ ဓါတ်ပုံရိုက်ရာမှာ Subject တစ်ခုကို Focus ဖမ်းရာတွင် Focus ပြတ်သားမှုဧရိယာဟာ Subject ရဲ့ ဘေးဘယ်ညာ ပြင်ညီပေါ်တွင် တစ်ပြေးတည်း ကျရောက်ပါတယ်။ အဆိုပါ Subject ရဲ့ရှေ့မှာ ဘယ်လောက်အထိ ပြတ်သားမလဲ။ နောက်မှာရော ဘယ်လောက်အထိ ပြတ်သားမလဲဆိုတာကတော့ Depth of Field နဲ့ ဆိုင်ပါတယ်။ ဥပမာအားဖြင့် လူပုံ (Human Portrait) ရိုက်ရာတွင် အထူးပြုပြလိုတဲ့ နေရာလေးကိုဘဲ အဓိကပြပြီး ပုံကို အနှောက်အယှက်ဖြစ်စေမယ့် နောက်ခံ (Background) ကို တတ်နိုင်သလောက် ၀ါးနေစေပါတယ်။ ဒါကို DOF အပါး (Shallow Depth of Field) လို့ ခေါ်ကြပါတယ်။ Depth of Field အထူ-အပါး ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ အကြမ်းအားဖြင့် Aperture အကျဉ်းအကျယ်၊ Focal length အတိုအရှည်၊ Subject နဲ့ ကင်မရာအနီးအဝေးတို့အပြင် ကင်မရာ Sensor အရွယ်အစားတို့နဲ့လည်း ဆိုင်ပါတယ်။ image တွေ  detail ကျကျ ရနိုင်စေဖို့အတွက် မြင့်မားတဲ့ resolution ကလည်း လိုအပ်ပါတယ်။ ဖုန်းကင်မရာတွေအနေနဲ့ 720p, 1080p ကနေ အခုဆိုရင် 4K ထိတောင် ရနေပါပြီ။

(5). iPhone 11 Pro : Best point and shoot camera phone

iPhone 11 Pro ကတော့ အစဉ်အလာအတိုင်းပဲ အကောင်းဆုံး ကင်မရာဖုန်းတွေထဲမှာ ထိပ်ဆုံးကနေ ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် စျေးကတော့ ကြီးလွန်းပါတယ်။ ဒီဖုန်းရဲ့ ကင်မရာပိုင်းအနေနဲ့ Dynamic range တွေ ပိုကောင်းပြီး ယုံကြည်စိတ်ချရတဲ့ ဓာတ်ပုံအရည်အသွေးနဲ့ ကြည်လင်ပြတ်သားတဲ့ 4K ဗီဒီယိုများကို 60fps နှုန်းနဲ့ ရိုက်ကူးနိုင်တာပါ။  iPhone 11 Pro ရဲ့ နောက်ဘက်မှာ ကင်မရာ 3 လုံး တပ်ဆင်ပေးထားပါတယ်။ လွန်ခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ iPhone Xs ထက် 1 လုံး ပိုလာတာပါ။ အပိုပါလာတဲ့ ကင်မရာဟာ 12-megapixels  ဖြစ်ပေမယ့် full-frame ကင်မရာတွေလိုမျိုး 13mm lens နဲ့အတူ ultrawide field of view စွမ်းဆောင်ချက်ကို ပေးပါတယ်။ နောက်ထပ် ကင်မရာ 2 လုံးကတော့ 12MP တွေပဲ ဖြစ်ပါတယ်။ ကင်မရာဒီဇိုင်းကတော့ လေးထောင့်ခပ်ဆန်ဆန်ပါ။ Pro ရဲ့ ကင်မရာစနစ်တွေကို အသေးစိတ်ပြောရမယ်ဆိုရင် 12-megapixel wide-angle lens ၊ 12-megapixel telephoto lens နဲ့ 120-degree field of view ပါတဲ့ 12-megapixel ultrawide lens တို့ တပ်ဆင်ပေးထားပါတယ်။ Telephoto နဲ့ ultrawide 2 ခု ပေါင်းပြီး zoom in (သို့) out အလုပ်ကို လုပ်မှာပါ။ ရိုက်လိုက်တဲ့ ဓာတ်ပုံတွေကို ပိုမို details ကျဖို့နဲ့ pixels ပိုင်းဆိုင်ရာမှာ ပိုမာလာစေဖို့အတွက် ကင်မရာနည်းပညာအသစ်ဖြစ်တဲ့ Deep Fusion feature ကို ထည့်ပေးထားပါတယ်။ camera modecamera modes အသစ်အနေနဲ့ 4K video တွေကို 60fps န ဲ့ရနိုင်မှာပါ။

(6). Mi CC9 Pro : World’s first 108MP penta-camera

XiaomiMi CC9 Pro Premium Edition ရဲ့ ကင်မရာစွမ်းဆောင်ရည် အဆင့်သတ်မှတ်ချက်ဟာ DXOMARK Camera tests ပြုလုပ်ပြီးနောက် overall score အမှတ်ပေါင်း 121 မှတ်ရရှိပြီး ထိပ်ဆုံးမှာ Huawei Mate 30 Pro နဲ့အတူ ရပ်တည်လျက် ရှိပါတယ်။1/1.33″  Quad-Bayer sensor ဖြစ်တဲ့  108MP ပါ။ 0.8µm pixel size, 25mm f/1.7 lens နဲ့ပါ။ Premium edition မှာတော့ 8P lens ကို သုံးထားပါတယ်။ နောက်တစ်ခုက  2x zoom ဖြစ်တဲ့12MP, f/2.0, 1.4µm pixel size, dual-pixel AF ၊ ပြီးတော့ 5x zoom ကင်မရာ 5M, f/2.0, saves 8MP ၊ Ultra wide-angle က 20MP, 13mm f/2.2, 1.12µm pixel size ၊ ပြီးတော့ Macro ကင်မရာ 2MP, 1/5″, 1.75µm pixel size, f/2.4; AF, 1.5-10cm focusing distance တွေပဲ ဖြစ်ပါတယ်။ အရှေ့ဘက် notch ထဲမှာတော့  32MP, 0.8µm pixel size, f/2.0 ကို ထည့်ပေးထားပါတယ်။ ပြီးတော့ ကင်မရာတွေအတွက် Dual flashes တပ်ပေးထားပြီး hard light နဲ့  soft light ကို ခွဲခြားပေးပါလိမ့်မယ်။ Mi CC Pro ရဲ့ ကင်မရာစနစ် အလုပ်လုပ်ပုံဟာ စိတ်ဝင်စားစရာ ကောင်းလွန်းလှပါတယ်။ ဆင်ဆာအားလုံးပေါင်း အလုပ်လုပ်ပြီး အကောင်းဆုံး 1 ခုအဖြစ် ဖန်တီးပေးတာပါ။ 1.1x ကနေ  1.9x  အထိ ချဲ့ဖို့အတွက် အဓိကအာရုံခံကိရိယာကို သုံးပါတယ်။ 2x ကနေ 3.7x အထိ ချဲ့ဖို့ကိုတော့ 12MP 2x telephoto  ကင်မရာကို သုံးပါတယ်။ 3.8x ကနေ 50x အထိ ချဲ့ဖို့ကိုတော့ 5MP 5x telephoto ကို အသုံးပြုပါတယ်။ 10x hybrid zoom အတွက်  5 MP sensor ကို သုံးပြီး 10x zoom အထက်ကိုတော့  5 MP ကင်မရာရဲ့  digital zoom ကို အသုံးပြုပါတယ်။

(7). Google Pixel 4 : The best for stargazers

အကောင်းဆုံးတွေထဲက ပုံမှန်ထက်ခွဲထွက်နေတဲ့ ဖုန်းလို့ဆိုရမှာကတော့ Pixel 4 ဖုန်းပဲ ဖြစ်ပါတယ်။ သူ့မှာ ကင်မရာတွေအတွက် Dual Pixel autofocus သုံးထားတဲ့ 12MP sensor ကို သုံးထားပါတယ်။ ကင်မရာတွေမှာ optical နဲ့ electronic image stabilization တွေ ထည့်ထားပြီး  1.4µm pixels နဲ့ bright f/1.7 aperture တွေကိုပါ သုံးနိုင်မှာပါ။ နောက်ထပ် ကင်မရာတစ်ခုကတော့ 16 MP Telephoto lens ဖြစ်ပါတယ်။ optical နဲ့ digital focus ပေါင်းစပ်ထားတဲ့ 2x zoom ကို သုံးနိုင်ပါလိမ့်မယ်။ အစောပိုင်းသတင်းတွေ ထွက်ထားတဲ့ Motion Sense လို့ဆိုတဲ့ feature သစ်တစ်ခုကို ထည့်သွင်းလာပါတယ်။ Motion Sense မှာ Google ရဲ့ Project Soli နည်းပညာ အသုံးပြုထားတဲ့အတွက် ဖုန်းရဲ့ display ရှေ့မှာ လက်နဲ့ဝှေ့ယမ်းလိုက်တာနဲ့ သီချင်းတွေကို ထိန်းချုပ်တာ၊ ဖုန်းခေါ်ဆိုမှုတွေ ထိန်းချုပ်တာလည်း ပြုလုပ်နိုင်ပါတယ်။ Motion Sense ကို ဘယ်အချိန်မဆို disable လုပ်နိုင်ပါသေးတယ်။ အဓိကကင်မရာဟာ 4K 30fps video capture နဲ့  120fps slow-motion mode တွေကို သုံးနိုင်ပါလိမ့်မယ်။ Pixel 4 အတွက်  8MP selfie ကိုသာ ထည့်ပေးထားပါတယ်။ 1.22μm pixel size, f/2.0 aperture, 90° FOV, 1080p 30fos video recording ပြုလုပ်နိုင်ပါလိမ့်မယ်။

(8). Huawei Mate 30 Pro : The best superzoom smartphone

Mate 30 Pro ဖုန်းရဲ့ ကင်မရာပိုင်းအတွက် ကင်မရာလေးလုံးကို နောက်ဘက် အလယ်တည့်တည့်မှာ စက်ဝိုင်းပုံစံနဲ့ ထည့်ပေးထားပါတယ်။ ကင်မရာတွေကတော့ 40MP Super Sensing ကင်မရာ၊ 40MP ကင်မရာ (Cine Camera) တို့ ပါ၀င်ပြီး 40MP ကင်မရာနှစ်လုံးကို 3D ToF Sensor နဲ့ တွဲသုံးကာ Bokeh ဗီဒီယိုများ ရိုက်ကူးနိုင်ပါတယ်။ တတိယကင်မရာက 8MP ဖြစ်ပြီး 3x Optical Zoom ပါ၀င်ကာ 5x Optical Hybrid Zoom အထိ သုံးနိုင်ပါတယ်။ Tele နဲ့ Wide ကင်မရာနှစ်မျိုးလုံးတို့မှာ Optical Image Stabilization ပါ၀င်လာပါတယ်။ 40MP ကင်မရာဆင်ဆာနှစ်ခုလုံးတို့က ကြီးမားတဲ့အပြင် အလင်းဝင်ပေါက် ပိုကျဉ်းလာပါတယ်။ အဓိကကင်မရာမှာ f/1.6 Aperture သုံးထားပြီး Cine Camera မှာ f/1.8 Aperture ပါ၀င်လာပါတယ်။ ဗီဒီယိုရိုက်ကူးမှုကို ပိုကောင်းအောင် အဆင့်မြင့်တင်ထားပြီး 4K@60fps ဖြင့် ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် Slow-Motion Mode မှာလည်း Frame Rate အတော်မြင့်သွားပြီး 7680fps@720p ရိုက်ကူးနိုင်ပါတယ်။  HDR+ Colors ဖြင့် 4K Time Lapse ရိုက်ကူးနိုင်ပါတယ်။ ညဖက်ဗီဒီယိုရိုက်ကူးတဲ့အခါ ISO 52000 အထိ သုံးလာနိုင်ပါတယ်။ ရှေ့ကင်မရာကတော့ 32MP ဖြစ်ပြီး 3D Scanning Hardware လည်း ပါ၀င်ပါတယ်။ dual-LED flash, laser focus sensor, color temperature sensor နဲ့ 3D sensor တို့ ထောက်ပံ့ပါတယ်။

(9). Samsung Galaxy Note 10 Plus : A great all-rounder with a remote shutter S Pen

Note 10+ ရဲ့ ကင်မရာပိုင်းမှာတော့ ပုံမှန်ကင်မရာ 3 မျိုးမှာ ToF Camera တစ်လုံးအပိုပါပြီး အရာဝတ္ထုတွေကို Scan လုပ်ပြီး 3D Photo အဖြစ် ဖန်တီးပေးနိုင်ပါတယ်။ ကင်မရာ 3 လုံးရဲ့ စွမ်းရည်တွေက 12MP Dual Pixel ၊ 45°FoV, f/2.4 aperture နဲ့ 12MP Telephoto lens ၊ 123° Ultra Wide sensor ပါတဲ့ 16MP ကင်မရာတွေပဲ ဖြစ်ပါတယ်။ အရှေ့ဘက်မှာတော့ 80° wide-angle lens, f/2.2 aperture ပါတဲ့ 10MP Dual Pixel ကင်မရာကို တပ်ပေးထားပါတယ်။ 12MP Dual Pixel ကင်မရာဟာ f/1.5/f/2.4 variable aperture အမျိုးအစားပါ။ သူ့ရဲ့မျက်နှာပြင်က 6.8-inch Quad HD+ (3040 × 1440 pixels) တောင်ရှိပြီး Curved Dynamic AMOLED Infinity-O display ကို သုံးထားပါတယ်။ Note10+ မှာတော့ ပုံမှန် Note နဲ့ ကွဲပြားမှုတွေရှိနေပြီး 12GB RAM အမြင့်စားနဲ့ သုံးနိုင်မှာပါ။ ပရိုဆက်ဆာပိုင်းမှာတော့ Note 10 နဲ့ တူတူပဲလို့ ဆိုနိုင်ပြီး Global အလုံးမှာတော့ 7nm Mobile Platform ဖြစ်တဲ့ Octa-Core Samsung Exynos 9 Series 9825 ကို သုံးထားပြီး အမေရိကန်ဗားရှင်းဖုန်းမှာတော့ Snapdragon 855 7nm Mobile Platform နဲဲ့ ဖြစ်ပါတယ်။ Android 9.0 (Pie) ကို သုံးနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ  4300 mAh မှာ 45W fast wired charging ထောက်ပံ့မှာပါ။

(10). OPPO Reno 10X Zoom : A sensational zoom for a camera phone

တိကျသေချာတဲ့ ပုံရိပ်တွေကို ဖမ်းယူရိုက်ကူးနိုင်တဲ့နေရာမှာ သူကလည်း ထိပ်တန်းအဆင့် ရှိနေပါတယ်။ OPPO Reno 10x Zoom စမတ်ဖုန်းတွင် အဝေးမှ ပုံရိပ်များကို lens သုံးခု ပူးပေါင်းအလုပ်လုပ်ခြင်းဖြင့် ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်သော 10x Hybrid Zoom နဲ့အတူ 60x Digital Zoom ကို အသုံးပြုထားပါတယ်။ Reno 10x Zoom တွင် OIS စနစ် ထောက်ပံ့ပေးထားသော F/1.7 aperture ပါဝင်သည့် 48MP Sony IMX 586 main camera, 8MP 120° Ultra Wide-Angle Camera နှင့် 13 MP Telephoto Camera တို့ကိုလည်း တပ်ဆင်ပေးထားတာကို တွေ့ရမှာပါ။

(11). OnePlus 7T Pro : Excellent imaging and across-the-board value

OnePlus 7T ဖုန်းကလည်း ကင်မရာအကောင်းဆုံးဆိုတဲ့ ဖုန်းတွေထဲမှာ အဆင့်တစ်ခုအနေနဲ့ ရှိနေပါသေးတယ်။ 90Hz Refresh Rate ကို သုံးထားပြီး HDR10+ က အရောင်အသွေး ပိုစုံလင်စေပါတယ်။ အပူလျှော့ချပေးတဲ့ နည်းပညာလည်း ပါပါတယ်။ အနောက်ကင်မရာ 3 လုံးပါလာပြီး 48MP Main Camera နဲ့အတူ မြင်ကွင်းကျယ်နဲ့ အနီးကပ်ဓါတ်ပုံတွေကို ရိုက်ကူးပေးနိုင်တဲ့ 16MP Camera ပါပါတယ်။ ဒါ့အပြင် 2x Optical Zoom ပါတဲ့ 12MP Telephoto Camera ထည့်ထားပါတယ်။ Nightscape Mode က အလင်းရောင်နည်းပါးတဲ့ အခြေအနေတွေမှာ ပြည့်စုံတဲ့ ဓါတ်ပုံတွေ ဖမ်းယူပေးပါတယ်။ အရှေ့နဲ့အနောက်ကို 3D Gorilla Glass နဲ့ ကာကွယ်ထားတဲ့အတွက် အကြမ်းခံပါတယ်။ လက်ဗွေရာကိရိယာကို မျက်နှာပြင်အောက်မှာ မြှုပ်နှံထားပါတယ်။ Warp Charge 30T က နာရီဝက်အတွင်းမှာ 3800 mAh Battery ကို 70 ရာခိုင်နှုန်း အားသွင်းပေးပါတယ်။ ပရိုဆက်ဆာကတော့ Octa-Core Snapdragon 855 Plus နဲ့ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Best Phone Camera 2019 : The Best Android And Apple Smartphone Cameras

လြန္ခဲ့တဲ့ 10 ႏွစ္ေလာက္ကသာ က်စ္လ်စ္ေသးငယ္တဲ့ စမတ္ဖုန္းေလးေတြဟာ ကင္မရာေတြေနရာမွာ အစားထိုးႏိုင္တယ္လို႔ သင့္အေနနဲ႔ ေျပာလိုက္မယ္ဆိုရင္ ဒါဟာ ရယ္သြမ္းေသြးစရာကိစၥ၊ ေလွာင္ေျပာင္စရာကိစၥအေနနဲ႔ ရွိေနမွာပါ။ အနာဂတ္ရဲ႕ျဖစ္အင္ေတြကို ေမ့ထားလို႔ မရပါဘူး။ ဘာေၾကာင့္လဲဆိုရင္ အခု 2020 ခုႏွစ္ကိုေရာက္ဖုိ႔ နီးလာတဲ့အခ်ိန္မွာ 108MP ကင္မရာဆင္ဆာေတြေတာင္ ထြက္လာခဲ့ပါၿပီ။ ဒါဟာ ျဖစ္တန္စြမ္းေတြကို ေက်ာ္ျဖတ္လာခဲ့တာ ျဖစ္ပါတယ္။
သင့္အေနနဲ႔ 2019 ခုႏွစ္အတြင္းမွာ စမတ္ဖုန္းဝယ္ခဲ့မယ္ဆိုရင္ ေသခ်ာတဲ့အခ်က္ကေတာ့ အဲ့ဒီဖုန္းမွာ notch ခပ္ေသးေသးေလး ပါဝင္မွာပါ။ ဒီထက္ပိုရင္ေတာ့ အဲ့ဒီဖုန္းရဲ႕ေနာက္ဘက္မွာ ကင္မရာ 3 လုံး (သုိ႔) 4 လုံး ျဖစ္ေနမွာပါ။ ဘာေၾကာင့္လဲဆိုရင္ 2019 ခုႏွစ္အတြင္း စမတ္ဖုန္းနည္းပညာေလာကအတြက္ အေျပာင္းအလဲဆုံး နည္းပညာဆိုရင္ေတာ့ ကင္မရာလို႔ ေျပာရမွာပါ။ ဒီထက္အေသးစိတ္ေျပာရမယ္ဆုိရင္ ကင္မရာဆင္ဆာအရြယ္အစားေတြပဲ ျဖစ္ပါတယ္။ dual-Camera ေခတ္ကေန အခုဆုိရင္ Quad-Camera ေခတ္ေတာင္ ေရာက္ေနပါၿပီ။ အဲ့ေလာက္ကင္မရာေတြ အဆင့္ျမင့္လာခဲ့ေတာ့ သုံးစြဲသူေတြအေနနဲ႔ ဘယ္ဟာေလးက ပိုေကာင္းမလဲဆိုတဲ့ ေရြးခ်ယ္ရခက္တာမ်ိဳးေတြ ႀကဳံရမွာေပါ့။ ဒီၾကားထဲ ဒီဇုိင္းပိုင္းကုိ ဦးစားေပးကိုင္တဲ့သူေတြဆိုရင္ ပိုဆိုးပါလိမ့္မယ္။ သင့္ေရြးခ်ယ္လိုက္တဲ့ဖုန္းဟာ ဒီဇိုင္းနဲ႔ ကင္မရာ 2 မ်ိဳးလုံးမွာ ျပည့္စုံတယ္လို႔ ထင္ရဲ႕လား။ ေသခ်ာတာကေတာ့ ကင္မရာရဲ႕ စြမ္းေဆာင္ခ်က္ေတြဟာ ထိပ္တန္းအဆင့္မွာ ရွိပါတယ္။ 2019 မွာ ဘယ္စမတ္ဖုန္းကင္မရာေတြက အေကာင္းဆုံးျဖစ္ခဲ့လဲ။ သူတို႔မွာေရာ ဘယ္လိုစြမ္းေဆာင္ခ်က္ေတြ ပါဝင္ေနလဲဆိုတာ တစ္ခ်က္ေလ့လာၾကည့္ၾကရေအာင္။

(1). How to choose a camera phone ?

ကင္မရာဖုန္းေကာင္းေကာင္းတစ္လုံးကို ဘယ္လိုေရြးခ်ယ္မလဲဆိုရင္ေတာ့ ေအာက္မွာေပးထားတဲ့ အခ်က္အလက္ေတြ မူတည္ၿပီး ေရြးရပါလိမ့္မယ္။ ဒီအခ်က္ေတြနဲ႔ ကိုက္ညီေနရင္ေတာ့ သင့္ဖုန္းဟာ ဓာတ္ပုံ႐ိုက္ရင္ အေကာင္းဆုံး႐ုပ္ထြက္ကို ရရွိေနေစမွာပါ။

(2). Megapixels aren’t everything

သူ႕ကိုေတာ့ MP လို႔ အတိုေကာက္ ေခၚၾကပါတယ္။  pixel count ေတြမ်ားေလ သင့္ဖုန္းကင္မရာ ေကာင္းေလလားဆိုတာေတာ့ မဟုတ္ပါဘူး။ အျခားအခ်က္ေတြနဲ႔ ထပ္မံေပါင္းစပ္ ေပးရပါေသးတယ္။ သို႔ေပမယ့္ အမ်ားအားျဖင့္ေတာ့ ဒီေန႔ထြက္ေနတဲ့ ဖုန္းေတြဟာ pixels ပိုင္းမွာ ပိုမ်ားၿပီး image ေတြကို detailed ဖမ္းယူႏုိင္စြမ္း ရွိပါတယ္။ resolution ပိုင္းကလည္း ႀကီးမားပါေသးတယ္။ အခုဆိုရင္ 48MP ကင္မရာတပ္ထားတဲ့ ဖုန္းေတြေတာင္ ေစ်းကြက္ထဲမွာ အေတာ္ေရာက္ေနပါၿပီ။

(3). Don’t forget pixel and sensor size

ဒီအပိုင္းကလည္း အေရးႀကီးလွပါတယ္။ ဆင္ဆာဟာ ကင္မရာရဲ႕ အသည္းႏွလုံးလို႔ေတာင္ ဆိုၾကပါတယ္။ ေကာင္းမြန္တဲ့ ဆင္ဆာအရည္အေသြးရွိမွာသာ ေကာင္းမြန္လွပတဲ့ ႐ႈခင္းေတြနဲ႔ ညအလွေတြကို အေကာင္းဆုံး ဖမ္းယူႏုိင္ပါလိမ့္မယ္။ 48MP ကင္မရာေတြအတြက္ အသုံးျပဳေနတဲ့ ဆင္ဆာေတြကေတာ့ Sony IMX586 နဲ႔ Samsung GM1 sensors တုိ႔ပဲ ျဖစ္ပါတယ္။

(4). Depth of field

ေကာင္းမြန္ျပည့္စုံေသာ Depth of Field (DOF effect) လို႔ေခၚတဲ့ Background Blur ပုံေတြ ရရွိႏိုင္ဖို႔ကလည္း အေရးႀကီးလွပါတယ္။ ဒီလုပ္ေဆာင္ခ်က္ကလည္း လက္ရွိထြက္ထားသမွ် ဖုန္းေတြတိုင္းမွာ ပါဝင္ေနပါၿပီ။ ဓါတ္ပံု႐ိုက္ရာမွာ Subject တစ္ခုကို Focus ဖမ္းရာတြင္ Focus ျပတ္သားမႈဧရိယာဟာ Subject ရဲ႕ ေဘးဘယ္ညာ ျပင္ညီေပၚတြင္ တစ္ေျပးတည္း က်ေရာက္ပါတယ္။ အဆိုပါ Subject ရဲ႕ေရွ႕မွာ ဘယ္ေလာက္အထိ ျပတ္သားမလဲ။ ေနာက္မွာေရာ ဘယ္ေလာက္အထိ ျပတ္သားမလဲဆိုတာကေတာ့ Depth of Field နဲ႔ ဆိုင္ပါတယ္။ ဥပမာအားျဖင့္ လူပံု (Human Portrait) ႐ိုက္ရာတြင္ အထူးျပဳျပလိုတဲ့ ေနရာေလးကိုဘဲ အဓိကျပၿပီး ပံုကို အေႏွာက္အယွက္ျဖစ္ေစမယ့္ ေနာက္ခံ (Background) ကို တတ္ႏိုင္သေလာက္ ၀ါးေနေစပါတယ္။ ဒါကို DOF အပါး (Shallow Depth of Field) လို႔ ေခၚၾကပါတယ္။ Depth of Field အထူ-အပါး ဘယ္လိုျဖစ္လာမလဲဆိုတာကေတာ့ အၾကမ္းအားျဖင့္ Aperture အက်ဥ္းအက်ယ္၊ Focal length အတိုအရွည္၊ Subject နဲ႔ ကင္မရာအနီးအေ၀းတို႔အျပင္ ကင္မရာ Sensor အရြယ္အစားတို႔နဲ႔လည္း ဆိုင္ပါတယ္။ image ေတြ  detail က်က် ရႏုိင္ေစဖို႔အတြက္ ျမင့္မားတဲ့ resolution ကလည္း လိုအပ္ပါတယ္။ ဖုန္းကင္မရာေတြအေနနဲ႔ 720p, 1080p ကေန အခုဆိုရင္ 4K ထိေတာင္ ရေနပါၿပီ။

(5). iPhone 11 Pro : Best point and shoot camera phone

iPhone 11 Pro ကေတာ့ အစဥ္အလာအတိုင္းပဲ အေကာင္းဆုံး ကင္မရာဖုန္းေတြထဲမွာ ထိပ္ဆုံးကေန ရပ္တည္ခဲ့ပါတယ္။ ဒါေပမယ့္ ေစ်းကေတာ့ ႀကီးလြန္းပါတယ္။ ဒီဖုန္းရဲ႕ ကင္မရာပိုင္းအေနနဲ႔ Dynamic range ေတြ ပိုေကာင္းၿပီး ယုံၾကည္စိတ္ခ်ရတဲ့ ဓာတ္ပုံအရည္အေသြးနဲ႔ ၾကည္လင္ျပတ္သားတဲ့ 4K ဗီဒီယိုမ်ားကို 60fps ႏႈန္းနဲ႔ ႐ိုက္ကူးႏိုင္တာပါ။  iPhone 11 Pro ရဲ႕ ေနာက္ဘက္မွာ ကင္မရာ 3 လံုး တပ္ဆင္ေပးထားပါတယ္။ လြန္ခဲ့တဲ့ႏွစ္က ထြက္ခဲ့တဲ့ iPhone Xs ထက္ 1 လုံး ပိုလာတာပါ။ အပိုပါလာတဲ့ ကင္မရာဟာ 12-megapixels  ျဖစ္ေပမယ့္ full-frame ကင္မရာေတြလိုမ်ိဳး 13mm lens နဲ႔အတူ ultrawide field of view စြမ္းေဆာင္ခ်က္ကို ေပးပါတယ္။ ေနာက္ထပ္ ကင္မရာ 2 လုံးကေတာ့ 12MP ေတြပဲ ျဖစ္ပါတယ္။ ကင္မရာဒီဇုိင္းကေတာ့ ေလးေထာင့္ခပ္ဆန္ဆန္ပါ။ Pro ရဲ႕ ကင္မရာစနစ္ေတြကို အေသးစိတ္ေျပာရမယ္ဆိုရင္ 12-megapixel wide-angle lens ၊ 12-megapixel telephoto lens နဲ႔ 120-degree field of view ပါတဲ့ 12-megapixel ultrawide lens တို႔ တပ္ဆင္ေပးထားပါတယ္။ Telephoto နဲ႔ ultrawide 2 ခု ေပါင္းၿပီး zoom in (သို႔) out အလုပ္ကို လုပ္မွာပါ။ ႐ိုက္လုိက္တဲ့ ဓာတ္ပုံေတြကို ပိုမို details က်ဖို႔နဲ႔ pixels ပိုင္းဆိုင္ရာမွာ ပိုမာလာေစဖုိ႔အတြက္ ကင္မရာနည္းပညာအသစ္ျဖစ္တဲ့ Deep Fusion feature ကို ထည့္ေပးထားပါတယ္။ camera modecamera modes အသစ္အေနနဲ႔ 4K video ေတြကို 60fps န ဲ႔ရႏိုင္မွာပါ။

(6). Mi CC9 Pro : World’s first 108MP penta-camera

XiaomiMi CC9 Pro Premium Edition ရဲ႕ ကင္မရာစြမ္းေဆာင္ရည္ အဆင့္သတ္မွတ္ခ်က္ဟာ DXOMARK Camera tests ျပဳလုပ္ၿပီးေနာက္ overall score အမွတ္ေပါင္း 121 မွတ္ရရွိၿပီး ထိပ္ဆံုးမွာ Huawei Mate 30 Pro နဲ႔အတူ ရပ္တည္လ်က္ ရွိပါတယ္။1/1.33″  Quad-Bayer sensor ျဖစ္တဲ့  108MP ပါ။ 0.8µm pixel size, 25mm f/1.7 lens နဲ႔ပါ။ Premium edition မွာေတာ့ 8P lens ကို သုံးထားပါတယ္။ ေနာက္တစ္ခုက  2x zoom ျဖစ္တဲ့12MP, f/2.0, 1.4µm pixel size, dual-pixel AF ၊ ၿပီးေတာ့ 5x zoom ကင္မရာ 5M, f/2.0, saves 8MP ၊ Ultra wide-angle က 20MP, 13mm f/2.2, 1.12µm pixel size ၊ ၿပီးေတာ့ Macro ကင္မရာ 2MP, 1/5″, 1.75µm pixel size, f/2.4; AF, 1.5-10cm focusing distance ေတြပဲ ျဖစ္ပါတယ္။ အေရွ႕ဘက္ notch ထဲမွာေတာ့  32MP, 0.8µm pixel size, f/2.0 ကို ထည့္ေပးထားပါတယ္။ ၿပီးေတာ့ ကင္မရာေတြအတြက္ Dual flashes တပ္ေပးထားၿပီး hard light နဲ႔  soft light ကို ခြဲျခားေပးပါလိမ့္မယ္။ Mi CC Pro ရဲ႕ ကင္မရာစနစ္ အလုပ္လုပ္ပုံဟာ စိတ္ဝင္စားစရာ ေကာင္းလြန္းလွပါတယ္။ ဆင္ဆာအားလုံးေပါင္း အလုပ္လုပ္ၿပီး အေကာင္းဆုံး 1 ခုအျဖစ္ ဖန္တီးေပးတာပါ။ 1.1x ကေန  1.9x  အထိ ခ်ဲ႕ဖို႔အတြက္ အဓိကအာ႐ံုခံကိရိယာကို သုံးပါတယ္။ 2x ကေန 3.7x အထိ ခ်ဲ႕ဖို႔ကိုေတာ့ 12MP 2x telephoto  ကင္မရာကို သုံးပါတယ္။ 3.8x ကေန 50x အထိ ခ်ဲ႕ဖို႔ကိုေတာ့ 5MP 5x telephoto ကို အသုံးျပဳပါတယ္။ 10x hybrid zoom အတြက္  5 MP sensor ကို သုံးၿပီး 10x zoom အထက္ကိုေတာ့  5 MP ကင္မရာရဲ႕  digital zoom ကို အသုံးျပဳပါတယ္။

(7). Google Pixel 4 : The best for stargazers

အေကာင္းဆုံးေတြထဲက ပုံမွန္ထက္ခြဲထြက္ေနတဲ့ ဖုန္းလို႔ဆိုရမွာကေတာ့ Pixel 4 ဖုန္းပဲ ျဖစ္ပါတယ္။ သူ႔မွာ ကင္မရာေတြအတြက္ Dual Pixel autofocus သုံးထားတဲ့ 12MP sensor ကို သုံးထားပါတယ္။ ကင္မရာေတြမွာ optical နဲ႔ electronic image stabilization ေတြ ထည့္ထားၿပီး  1.4µm pixels နဲ႔ bright f/1.7 aperture ေတြကိုပါ သံုးႏုိင္မွာပါ။ ေနာက္ထပ္ ကင္မရာတစ္ခုကေတာ့ 16 MP Telephoto lens ျဖစ္ပါတယ္။ optical နဲ႔ digital focus ေပါင္းစပ္ထားတဲ့ 2x zoom ကို သုံးႏိုင္ပါလိမ့္မယ္။ အေစာပိုင္းသတင္းေတြ ထြက္ထားတဲ့ Motion Sense လို႔ဆိုတဲ့ feature သစ္တစ္ခုကို ထည့္သြင္းလာပါတယ္။ Motion Sense မွာ Google ရဲ႕ Project Soli နည္းပညာ အသုံးျပဳထားတဲ့အတြက္ ဖုန္းရဲ႕ display ေရွ႕မွာ လက္နဲ႔ေဝွ႔ယမ္းလိုက္တာနဲ႔ သီခ်င္းေတြကို ထိန္းခ်ဳပ္တာ၊ ဖုန္းေခၚဆိုမႈေတြ ထိန္းခ်ဳပ္တာလည္း ျပဳလုပ္ႏိုင္ပါတယ္။ Motion Sense ကို ဘယ္အခ်ိန္မဆို disable လုပ္ႏိုင္ပါေသးတယ္။ အဓိကကင္မရာဟာ 4K 30fps video capture နဲ႔  120fps slow-motion mode ေတြကို သုံးႏုိင္ပါလိမ့္မယ္။ Pixel 4 အတြက္  8MP selfie ကိုသာ ထည့္ေပးထားပါတယ္။ 1.22μm pixel size, f/2.0 aperture, 90° FOV, 1080p 30fos video recording ျပဳလုပ္ႏုိင္ပါလိမ့္မယ္။

(8). Huawei Mate 30 Pro : The best superzoom smartphone

Mate 30 Pro ဖုန္းရဲ႕ ကင္မရာပိုင္းအတြက္ ကင္မရာေလးလုံးကို ေနာက္ဘက္ အလယ္တည့္တည့္မွာ စက္ဝိုင္းပုံစံနဲ႔ ထည့္ေပးထားပါတယ္။ ကင္မရာေတြကေတာ့ 40MP Super Sensing ကင္မရာ၊ 40MP ကင္မရာ (Cine Camera) တို႔ ပါ၀င္ၿပီး 40MP ကင္မရာႏွစ္လံုးကို 3D ToF Sensor နဲ႔ တြဲသံုးကာ Bokeh ဗီဒီယိုမ်ား ႐ုိက္ကူးႏုိင္ပါတယ္။ တတိယကင္မရာက 8MP ျဖစ္ၿပီး 3x Optical Zoom ပါ၀င္ကာ 5x Optical Hybrid Zoom အထိ သံုးႏုိင္ပါတယ္။ Tele နဲ႔ Wide ကင္မရာႏွစ္မ်ဳိးလံုးတို႔မွာ Optical Image Stabilization ပါ၀င္လာပါတယ္။ 40MP ကင္မရာဆင္ဆာႏွစ္ခုလံုးတို႔က ႀကီးမားတဲ့အျပင္ အလင္း၀င္ေပါက္ ပုိက်ဥ္းလာပါတယ္။ အဓိကကင္မရာမွာ f/1.6 Aperture သံုးထားၿပီး Cine Camera မွာ f/1.8 Aperture ပါ၀င္လာပါတယ္။ ဗီဒီယို႐ုိက္ကူးမႈကုိ ပုိေကာင္းေအာင္ အဆင့္ျမင့္တင္ထားၿပီး 4K@60fps ျဖင့္ ႐ိုက္ကူးႏုိင္ပါတယ္။ ဒါ့အျပင္ Slow-Motion Mode မွာလည္း Frame Rate အေတာ္ျမင့္သြားၿပီး 7680fps@720p ႐ုိက္ကူးႏုိင္ပါတယ္။  HDR+ Colors ျဖင့္ 4K Time Lapse ႐ိုက္ကူးႏုိင္ပါတယ္။ ညဖက္ဗီဒီယို႐ိုက္ကူးတဲ့အခါ ISO 52000 အထိ သံုးလာႏုိင္ပါတယ္။ ေရွ႕ကင္မရာကေတာ့ 32MP ျဖစ္ၿပီး 3D Scanning Hardware လည္း ပါ၀င္ပါတယ္။ dual-LED flash, laser focus sensor, color temperature sensor နဲ႔ 3D sensor တုိ႔ ေထာက္ပံ့ပါတယ္။

(9). Samsung Galaxy Note 10 Plus : A great all-rounder with a remote shutter S Pen

Note 10+ ရဲ႕ ကင္မရာပိုင္းမွာေတာ့ ပုံမွန္ကင္မရာ 3 မ်ိဳးမွာ ToF Camera တစ္လံုးအပိုပါၿပီး အရာ၀တၳဳေတြကို Scan လုပ္ၿပီး 3D Photo အျဖစ္ ဖန္တီးေပးႏုိင္ပါတယ္။ ကင္မရာ 3 လုံးရဲ႕ စြမ္းရည္ေတြက 12MP Dual Pixel ၊ 45°FoV, f/2.4 aperture နဲ႔ 12MP Telephoto lens ၊ 123° Ultra Wide sensor ပါတဲ့ 16MP ကင္မရာေတြပဲ ျဖစ္ပါတယ္။ အေရွ႕ဘက္မွာေတာ့ 80° wide-angle lens, f/2.2 aperture ပါတဲ့ 10MP Dual Pixel ကင္မရာကို တပ္ေပးထားပါတယ္။ 12MP Dual Pixel ကင္မရာဟာ f/1.5/f/2.4 variable aperture အမ်ိဳးအစားပါ။ သူ႔ရဲ႕မ်က္ႏွာျပင္က 6.8-inch Quad HD+ (3040 × 1440 pixels) ေတာင္ရွိၿပီး Curved Dynamic AMOLED Infinity-O display ကို သုံးထားပါတယ္။ Note10+ မွာေတာ့ ပုံမွန္ Note နဲ႔ ကြဲျပားမႈေတြရွိေနၿပီး 12GB RAM အျမင့္စားနဲ႔ သုံးႏုိင္မွာပါ။ ပ႐ိုဆက္ဆာပိုင္းမွာေတာ့ Note 10 နဲ႔ တူတူပဲလို႔ ဆိုႏုိင္ၿပီး Global အလုံးမွာေတာ့ 7nm Mobile Platform ျဖစ္တဲ့ Octa-Core Samsung Exynos 9 Series 9825 ကို သုံးထားၿပီး အေမရိကန္ဗားရွင္းဖုန္းမွာေတာ့ Snapdragon 855 7nm Mobile Platform နဲဲ႔ ျဖစ္ပါတယ္။ Android 9.0 (Pie) ကို သုံးႏိုင္မွာ ျဖစ္ပါတယ္။ ဘက္ထရီ  4300 mAh မွာ 45W fast wired charging ေထာက္ပံ့မွာပါ။

(10). OPPO Reno 10X Zoom : A sensational zoom for a camera phone

တိက်ေသခ်ာတဲ့ ပုံရိပ္ေတြကို ဖမ္းယူရိုက္ကူးႏုိင္တဲ့ေနရာမွာ သူကလည္း ထိပ္တန္းအဆင့္ ရွိေနပါတယ္။ OPPO Reno 10x Zoom စမတ္ဖုန္းတြင္ အေဝးမွ ပံုရိပ္မ်ားကို lens သံုးခု ပူးေပါင္းအလုပ္လုပ္ျခင္းျဖင့္ ၾကည္လင္ျပတ္သားစြာ ႐ိုက္ကူးႏုိင္ေသာ 10x Hybrid Zoom နဲ႔အတူ 60x Digital Zoom ကို အသံုးျပဳထားပါတယ္။ Reno 10x Zoom တြင္ OIS စနစ္ ေထာက္ပံ့ေပးထားေသာ F/1.7 aperture ပါဝင္သည့္ 48MP Sony IMX 586 main camera, 8MP 120° Ultra Wide-Angle Camera ႏွင့္ 13 MP Telephoto Camera တို႔ကိုလည္း တပ္ဆင္ေပးထားတာကို ေတြ႕ရမွာပါ။

(11). OnePlus 7T Pro : Excellent imaging and across-the-board value

OnePlus 7T ဖုန္းကလည္း ကင္မရာအေကာင္းဆုံးဆိုတဲ့ ဖုန္းေတြထဲမွာ အဆင့္တစ္ခုအေနနဲ႔ ရွိေနပါေသးတယ္။ 90Hz Refresh Rate ကို သုံးထားၿပီး HDR10+ က အေရာင္အေသြး ပိုစုံလင္ေစပါတယ္။ အပူေလွ်ာ့ခ်ေပးတဲ့ နည္းပညာလည္း ပါပါတယ္။ အေနာက္ကင္မရာ 3 လုံးပါလာၿပီး 48MP Main Camera နဲ႔အတူ ျမင္ကြင္းက်ယ္နဲ႔ အနီးကပ္ဓါတ္ပုံေတြကို ႐ိုက္ကူးေပးႏိုင္တဲ့ 16MP Camera ပါပါတယ္။ ဒါ့အျပင္ 2x Optical Zoom ပါတဲ့ 12MP Telephoto Camera ထည့္ထားပါတယ္။ Nightscape Mode က အလင္းေရာင္နည္းပါးတဲ့ အေျခအေနေတြမွာ ျပည့္စုံတဲ့ ဓါတ္ပုံေတြ ဖမ္းယူေပးပါတယ္။ အေရွ႕နဲ႔အေနာက္ကို 3D Gorilla Glass နဲ႔ ကာကြယ္ထားတဲ့အတြက္ အၾကမ္းခံပါတယ္။ လက္ေဗြရာကိရိယာကို မ်က္ႏွာျပင္ေအာက္မွာ ျမႇဳပ္ႏွံထားပါတယ္။ Warp Charge 30T က နာရီဝက္အတြင္းမွာ 3800 mAh Battery ကို 70 ရာခိုင္ႏႈန္း အားသြင္းေပးပါတယ္။ ပ႐ိုဆက္ဆာကေတာ့ Octa-Core Snapdragon 855 Plus နဲ႔ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)