မေး – ကျွန်တော့်ဖုန်းက Samsung အမျိုးအစားပါ။ တစ်နေ့က မိုးနည်းနည်းစိုသွားတာမှာ အားသွင်းလို့မရ ဖြစ်နေတာပါ။ ဖုန်းမှာပေါ်လာတာကတော့ ရေငွေ့ရိုက်သွားတာလို့ ပြောပါတယ်။ တော်တော်နဲ့မခြောက်လို့ ဘယ်လိုလုပ်ရမှာပါလဲခင်ဗျာ။
ဖြေ – ရေဝင်တာဖြစ်စေ ဝင်သလိုလိုသံသယဖြစ်သည်ဖြစ်စေ နီးစပ်ရာ Service ဆိုင်မှာ Service လုပ်လိုက်ပါ။ ဆန်အိုးထဲထည့်ခြင်း နေရောင်အောက်ချထားခြင်းတွေဟာ ဖုန်းတစ်လုံးရဲ့ အတွင်းပတ်လမ်းများကို ထိခိုက်သည့်အပြင် IC အကြီးအသေးများကိုပါ ရေဂျိုးရေဂျီးများကြောင့် ပျက်စီးစေပါတယ်။ ဒါကြောင့် အပ်နဲ့ထွင်ရမှာကို ပုဆိန်နဲ့မပေါက်ရလေအောင် နီးစပ်ရာ Service မှာ ကုသခြင်းဖြင့် သင့်ရဲ့ဖုန်းကျန်းမာရေးကို ဂရုစိုက်လိုက်ပါခင်ဗျာ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော်လက်ရှိသုံးနေတဲ့ဖုန်းက Samsung J7 Prime ပါ။ Storage မဆံ့တော့လို့ Reset လည်း ချပါတယ်။ တကယ်တမ်းကူးလည်းကြည့်ရော လက်ကျန်ပြထားသလောက်ကို လက်မခံဘူးဖြစ်နေလို့ပါ။ ဘာဖြစ်တာပါလဲခင်ဗျာ။
ဖြေ – Samsung ဖုန်းတွေမှာ 16GB ROM ဝယ်လျှင် 13GB (or) 14GB လောက်သာ User က အသုံးပြုရပါတယ်။ ကျန်တာက ဖုန်းရဲ့ System ပိုင်းက စက်ရုံကလာကတည်းက ယူထားပြီးသားမို့ပါ။ Samsumg ဖုန်းတွေ ဝယ်ယူတဲ့ Storage မပြည့်ဝလို့ဆိုပြီး 2016 လောက်က Customer တွေ Complain တတ်တာတောင် ကြားမိပါသေးတယ်။ တကယ်လို့ Storage မလုံလောက်တော့ဘူး။ သုံးရတာဟန်းနေပြီဆိုရင်တော့ ဖုန်းကို Factory Data Reset လုပ်မှသာ ရပါလိမ့်မယ်။ ဒါမှသာ စက်ရုံကနေ ထုတ်ပေးလိုက်တဲ့အတိုင်း ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်မှာပါ။

မေး – အစ်ကိုရေ တစ်ခုလောက်မေးချင်လို့ပါ။ ကျွန်တော် iPhone Second Hand ဝယ်မလို့ပါ။ အတုအပ ဘယ်လိုခွဲခြားလို့ ရနိုင်ပါသလဲ။
ဖြေ – iPhone အတုအပကတော့ လွန်စွာများပြားပါတယ်ခင်ဗျာ။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့လို ပြုပြင်သူတွေတောင် ဝေဝါးသွားလောက်အောင် တုပနိုင်ပါတယ်။ အဲ့ဒီတော့ iPhone Second ကိုင်ချင်ရင် iOS အကြောင်းနားလည်သူ အသုံးပြုနေသူနဲ့ အတူသွားဝယ်ပါ။ ဒါမှမဟုတ် ဘယ်သူမှ မရှိဘူး။ ကိုယ့်ဟာကိုယ်ပဲ သွားရမယ်ဆိုရင်တော့ နီးစပ်ရာ Service ဆိုင်မှာ Apple ID သွားဖွင့်ပါ။ ရပြီဆိုရင် ကိုယ်ဝယ်မယ့်ဖုန်းထဲ Apple ID ထည့်သွင်းပြီး စမ်းသပ်ဝယ်ယူနိုင်ပါတယ်။ တစ်ခုရှိတာက iPhone ဝယ်မယ်ဆို ရောင်းတဲ့လူရှေ့မှာ Erase All Contact And Setting လုပ်ပြီးမှ ဝယ်ယူပါ။

မေး – ကျွန်တော့်ဖုန်းက Honor အမျိုးအစားပါ အစ်ကိုရေ။ Unicode ပြောင်းချင်လို့ ဘယ်လိုလုပ်ဆောင်ရမလဲခင်ဗျာ။
ဖြေ – Unicode ပြောင်းချင်ရင် နီးစပ်ရာဆိုင်ကို သွားရောက်ပေးပါ။ ကိုယ့်ဟာကိုယ်လုပ်တာက တစ်ခါတစ်ရံ Software Error တွေတတ်ပြီး Firmware ကျတတ်တာမို့ အန္တရာယ်များပါတယ်။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းက Meizu M3 Note ပါ။ Speaker က ကွဲရှရှအသံထွက်နေလို့ပါ။ ပြုပြင်ရင် အကုန်အကျ များနိုင်ပါသလားခင်ဗျာ။
ဖြေ – Meizu တွေက အပိုပစ္စည်းရှားပါးမှုပြဿနာတော့ ရှိပါတယ်။ အဲ့တော့ နီးစပ်ရာဆိုင်မှာ စုံစမ်းတာက ပိုမိုအဆင်ပြေပါလိမ့်မယ်။ ခန့်မှန်းခြေစျေးဆိုရင်တော့ Speaker လဲတဲ့ စျေးနှုန်းက 1 သောင်းမှ 15000 အထိ ကျသင့်နိုင်ပါတယ်။

မေး – အစ်ကိုရေ ဖုန်းတွေမှာပါတဲ့ Snapdragon ဆိုတာ ဘာကိုပြောတာပါလဲ။ သူကရော ဖုန်းတစ်လုံးမှာ ဘယ်လိုအလုပ်လုပ်တာပါလဲ။
ဖြေ – Snapdragon အကြောင်း အသေးစိတ်ကို ပြောပြဖို့ဆို စာအလွန်ရှည်မှာမို့ အတိုချုံ့ပြီး ပြောပါရစေ။ Snapdragon တွေက ဖုန်းတစ်လုံးရဲ့ System ပိုင်းတွေကို အထောက်အပံ့ပေးတဲ့ Package အလိုက်တွဲသုံးထားတဲ့ Qualcomm CPU လို့ အလွယ်မှတ်ယူနိုင်ပါတယ်။ သူမြင့်လာရင် မြင့်လာသလို ဖုန်းတစ်လုံးလုံးရဲ့ Performance ကောင်းလာတယ်လို့ မှတ်ယူနိုင်ပါတယ်ခင်ဗျာ။ Snapdragon ကို USA အခြေဆိုက် IT Company တစ်ခုကနေ တည်ထောင်ထားတာပါ။

မေး – အစ်ကိုရေ Facebook Password မေ့သွားလို့ပါ။ Email ကိုလည်း စဉ်းစားလို့မရဘူး ဖြစ်နေပါတယ်အစ်ကို။ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာလေးကို ရှင်းပြပေးပါဦးခင်ဗျာ။
ဖြေ – Facebook Password ကို မေ့နေရင်တော့ နီးစပ်ရာဆိုင်ကိုသာ သွားရောက်ပြီး ကြိုးစားကြည့်ခိုင်းပေးပါ။ လုပ်ရတဲ့အဆင့်များလို့ ကိုယ်တိုင်လုပ်ဖို့က အဆင်မပြေနိုင်ပါဘူးခင်ဗျာ။

Hello Android Phone Service & Training (တာမွေမြို့) ဖုန်း-09-5406286, 09-450400006 မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာျပႆနာမ်ား

ေမး – ကြၽန္ေတာ့္ဖုန္းက Samsung အမ်ဳိးအစားပါ။ တစ္ေန႔က မိုးနည္းနည္းစိုသြားတာမွာ အားသြင္းလို႔မရ ျဖစ္ေနတာပါ။ ဖုန္းမွာေပၚလာတာကေတာ့ ေရေငြ႕႐ိုက္သြားတာလို႔ ေျပာပါတယ္။ ေတာ္ေတာ္နဲ႔မေျခာက္လို႔ ဘယ္လိုလုပ္ရမွာပါလဲခင္ဗ်ာ။
ေျဖ – ေရဝင္တာျဖစ္ေစ ဝင္သလိုလိုသံသယျဖစ္သည္ျဖစ္ေစ နီးစပ္ရာ Service ဆိုင္မွာ Service လုပ္လိုက္ပါ။ ဆန္အိုးထဲထည့္ျခင္း ေနေရာင္ေအာက္ခ်ထားျခင္းေတြဟာ ဖုန္းတစ္လံုးရဲ႕ အတြင္းပတ္လမ္းမ်ားကို ထိခိုက္သည့္အျပင္ IC အႀကီးအေသးမ်ားကိုပါ ေရဂ်ိဳးေရဂ်ီးမ်ားေၾကာင့္ ပ်က္စီးေစပါတယ္။ ဒါေၾကာင့္ အပ္နဲ႔ထြင္ရမွာကို ပုဆိန္နဲ႔မေပါက္ရေလေအာင္ နီးစပ္ရာ Service မွာ ကုသျခင္းျဖင့္ သင့္ရဲ႕ဖုန္းက်န္းမာေရးကို ဂ႐ုစိုက္လိုက္ပါခင္ဗ်ာ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ္လက္ရွိသံုးေနတဲ့ဖုန္းက Samsung J7 Prime ပါ။ Storage မဆံ့ေတာ့လို႔ Reset လည္း ခ်ပါတယ္။ တကယ္တမ္းကူးလည္းၾကည့္ေရာ လက္က်န္ျပထားသေလာက္ကို လက္မခံဘူးျဖစ္ေနလို႔ပါ။ ဘာျဖစ္တာပါလဲခင္ဗ်ာ။
ေျဖ – Samsung ဖုန္းေတြမွာ 16GB ROM ဝယ္လွ်င္ 13GB (or) 14GB ေလာက္သာ User က အသံုးျပဳရပါတယ္။ က်န္တာက ဖုန္းရဲ႕ System ပိုင္းက စက္႐ံုကလာကတည္းက ယူထားၿပီးသားမို႔ပါ။ Samsumg ဖုန္းေတြ ဝယ္ယူတဲ့ Storage မျပည့္ဝလို႔ဆိုၿပီး 2016 ေလာက္က Customer ေတြ Complain တတ္တာေတာင္ ၾကားမိပါေသးတယ္။ တကယ္လို႔ Storage မလံုေလာက္ေတာ့ဘူး။ သံုးရတာဟန္းေနၿပီဆိုရင္ေတာ့ ဖုန္းကို Factory Data Reset လုပ္မွသာ ရပါလိမ့္မယ္။ ဒါမွသာ စက္႐ံုကေန ထုတ္ေပးလိုက္တဲ့အတိုင္း ေပါ့ေပါ့ပါးပါး အသံုးျပဳႏိုင္မွာပါ။

ေမး – အစ္ကိုေရ တစ္ခုေလာက္ေမးခ်င္လို႔ပါ။ ကြၽန္ေတာ္ iPhone Second Hand ဝယ္မလို႔ပါ။ အတုအပ ဘယ္လိုခြဲျခားလို႔ ရႏိုင္ပါသလဲ။
ေျဖ – iPhone အတုအပကေတာ့ လြန္စြာမ်ားျပားပါတယ္ခင္ဗ်ာ။ တစ္ခါတစ္ရံမွာ ကြၽန္ေတာ္တို႔လို ျပဳျပင္သူေတြေတာင္ ေဝဝါးသြားေလာက္ေအာင္ တုပႏိုင္ပါတယ္။ အဲ့ဒီေတာ့ iPhone Second ကိုင္ခ်င္ရင္ iOS အေၾကာင္းနားလည္သူ အသံုးျပဳေနသူနဲ႔ အတူသြားဝယ္ပါ။ ဒါမွမဟုတ္ ဘယ္သူမွ မရိွဘူး။ ကိုယ့္ဟာကိုယ္ပဲ သြားရမယ္ဆိုရင္ေတာ့ နီးစပ္ရာ Service ဆိုင္မွာ Apple ID သြားဖြင့္ပါ။ ရၿပီဆိုရင္ ကိုယ္ဝယ္မယ့္ဖုန္းထဲ Apple ID ထည့္သြင္းၿပီး စမ္းသပ္ဝယ္ယူႏိုင္ပါတယ္။ တစ္ခုရိွတာက iPhone ဝယ္မယ္ဆို ေရာင္းတဲ့လူေရွ႕မွာ Erase All Contact And Setting လုပ္ၿပီးမွ ဝယ္ယူပါ။

ေမး – ကြၽန္ေတာ့္ဖုန္းက Honor အမ်ိဳးအစားပါ အစ္ကိုေရ။ Unicode ေျပာင္းခ်င္လို႔ ဘယ္လိုလုပ္ေဆာင္ရမလဲခင္ဗ်ာ။
ေျဖ – Unicode ေျပာင္းခ်င္ရင္ နီးစပ္ရာဆိုင္ကို သြားေရာက္ေပးပါ။ ကုိယ့္ဟာကိုယ္လုပ္တာက တစ္ခါတစ္ရံ Software Error ေတြတတ္ၿပီး Firmware က်တတ္တာမို႔ အႏၲရာယ္မ်ားပါတယ္။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းက Meizu M3 Note ပါ။ Speaker က ကြဲရွရွအသံထြက္ေနလို႔ပါ။ ျပဳျပင္ရင္ အကုန္အက် မ်ားႏိုင္ပါသလားခင္ဗ်ာ။
ေျဖ – Meizu ေတြက အပိုပစၥည္းရွားပါးမႈျပႆနာေတာ့ ရိွပါတယ္။ အဲ့ေတာ့ နီးစပ္ရာဆိုင္မွာ စံုစမ္းတာက ပိုမိုအဆင္ေျပပါလိမ့္မယ္။ ခန္႔မွန္းေျခေစ်းဆိုရင္ေတာ့ Speaker လဲတဲ့ ေစ်းႏႈန္းက 1 ေသာင္းမွ 15000 အထိ က်သင့္ႏိုင္ပါတယ္။

ေမး – အစ္ကိုေရ ဖုန္းေတြမွာပါတဲ့ Snapdragon ဆိုတာ ဘာကိုေျပာတာပါလဲ။ သူကေရာ ဖုန္းတစ္လံုးမွာ ဘယ္လိုအလုပ္လုပ္တာပါလဲ။
ေျဖ – Snapdragon အေၾကာင္း အေသးစိတ္ကို ေျပာျပဖို႔ဆို စာအလြန္ရွည္မွာမို႔ အတိုခ်ံဳ႕ၿပီး ေျပာပါရေစ။ Snapdragon ေတြက ဖုန္းတစ္လံုးရဲ႕ System ပိုင္းေတြကို အေထာက္အပံ့ေပးတဲ့ Package အလိုက္တြဲသံုးထားတဲ့ Qualcomm CPU လို႔ အလြယ္မွတ္ယူႏိုင္ပါတယ္။ သူျမင့္လာရင္ ျမင့္လာသလို ဖုန္းတစ္လံုးလံုးရဲ႕ Performance ေကာင္းလာတယ္လို႔ မွတ္ယူႏိုင္ပါတယ္ခင္ဗ်ာ။ Snapdragon ကို USA အေျခဆိုက္ IT Company တစ္ခုကေန တည္ေထာင္ထားတာပါ။

ေမး – အစ္ကိုေရ Facebook Password ေမ့သြားလို႔ပါ။ Email ကိုလည္း စဥ္းစားလို႔မရဘူး ျဖစ္ေနပါတယ္အစ္ကို။ ဘယ္လိုလုပ္ေဆာင္ရမယ္ဆိုတာေလးကို ရွင္းျပေပးပါဦးခင္ဗ်ာ။
ေျဖ – Facebook Password ကို ေမ့ေနရင္ေတာ့ နီးစပ္ရာဆိုင္ကိုသာ သြားေရာက္ၿပီး ႀကိဳးစားၾကည့္ခိုင္းေပးပါ။ လုပ္ရတဲ့အဆင့္မ်ားလို႔ ကိုယ္တိုင္လုပ္ဖို႔က အဆင္မေျပႏိုင္ပါဘူးခင္ဗ်ာ။

Hello Android Phone Service & Training (တာေမြၿမိဳ႕) ဖုန္း-09-5406286, 09-450400006 မွ ကူညီပံ့ပိုးပါသည္။

NetGuide Journal (Every Wednesday)