Huawei ဟာ အမေရိကန်ရဲ့ ပိတ်ပင်မှုနဲ့ ရင်ဆိုင်နေရပေမယ့်လည်း စမတ်ဖုန်းရောင်းအားက မြင့်မားနေတယ်ဆိုတာ အားလုံးလည်းအသိ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ပိတ်ပင်မှုမခံရမီတုန်းက Huawei က ယခုနှစ်မှာ Samsung ကိုကျော်ဖြတ်ပြီး ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်းကုမ္ပဏီနေရာကို ရယူမယ်လို့ ကြွေးကြော်ထားခဲ့တာပါ။ အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် ဈေးကွက်အချို့တို့မှာ ရောင်းအားကျဆင်းသွားမှုကြောင့် ယခုနှစ်မှာ ကမ္ဘာ့နံပါတ်တစ် ဖြစ်ရေးအိပ်မက်က ပျက်ပြယ်သွားပြီလို့ ယူဆလို့ ရပေမယ့် နောက်ဆုံးထွက်ပေါ်လာတဲ့ Strategy Analytics ရဲ့ မှတ်တမ်းအရ Huawei ဟာ Samsung ကို လိုက်မီဖို့အတွက် နည်းနည်းလေးသာ လိုတော့တယ်ဆိုတာ ပြသနေပါတယ်။

Huawei ဟာ Samsung နှင့် ဈေးကွက်ရှယ်ယာရရှိမှုမှာ 3.6 ရာခိုင်နှုန်းသာ ကွာဟပါတော့တယ်။ ယမန်နှစ်တုန်းက Huawei နှင့် Samsung အကြား ဈေးကွက်ရှယ်ယာရရှိမှု ကွာဟချက် 5.9 ရာခိုင်နှုန်းအထိ ရှိပါတယ်။

Samsung ဟာ ယခုနှစ်မှာ စမတ်ဖုန်းအလုံးရေ 323 သန်း ရောင်းချထားရပြီးဖြစ်ကာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ ရှယ်ယာ 21.3 ရာခိုင်နှုန်းကို ရယူထားပါတယ်။ အခြားတစ်ဖက်မှာ Huawei ဟာ စမတ်ဖုန်းအလုံးရေ 251 သန်း ရောင်းချထားရကာ ဈေးကွက်ရှယ်ယာ 17.7 ရာခိုင်နှုန်း ရယူထားနိုင်ပါတယ်။ ယမန်နှစ်တုန်းက Huawei ဟာ ဈေးကွက်ရှယ်ယာ 14.4 ရာခိုင်နှုန်းသာ ရရှိခဲ့တာပါ။

Apple ကတော့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ Huawei ဟာ 2018 ခုနစ်မှာ Apple ရဲ့ ကမ္ဘာ့နံပါတ်နှစ် စမတ်ဖုန်းကုမ္ပဏီနေရာကို ရယူခဲ့ပြီး ယခုနှစ်မှာလည်း ဆက်လက် သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ Apple ဟာ ယခုနှစ်မှာ iPhone အလုံးရေ 193 သန်း ရောင်းချထားရပြီး ဈေးကွက်ရှယ်ယာ 13.6 ရာခိုင်နှုန်း ရရှိထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Samsung ရဲ့ စမတ္ဖုန္းေရာင္းအားကို လိုက္မီဖို႔ အနည္းငယ္သာလိုေတာ့တဲ့ Huawei

Huawei ဟာ အေမရိကန္ရဲ့ ပိတ္ပင္မွုနဲ႔ ရင္ဆိုင္ေနရေပမယ့္လည္း စမတ္ဖုန္းေရာင္းအားက ျမင့္မားေနတယ္ဆိုတာ အားလုံးလည္းအသိ ျဖစ္ပါတယ္။ အေမရိကန္ရဲ့ ပိတ္ပင္မွုမခံရမီတုန္းက Huawei က ယခုႏွစ္မွာ Samsung ကိုေက်ာ္ျဖတ္ၿပီး ကမၻာ့နံပါတ္တစ္ စမတ္ဖုန္းကုမၸဏီေနရာကို ရယူမယ္လို႔ ေႂကြးေၾကာ္ထားခဲ့တာပါ။ အေမရိကန္ရဲ့ ပိတ္ပင္မွုေၾကာင့္ ေဈးကြက္အခ်ိဳ႕တို႔မွာ ေရာင္းအားက်ဆင္းသြားမွုေၾကာင့္ ယခုႏွစ္မွာ ကမၻာ့နံပါတ္တစ္ ျဖစ္ေရးအိပ္မက္က ပ်က္ျပယ္သြားၿပီလို႔ ယူဆလို႔ ရေပမယ့္ ေနာက္ဆုံးထြက္ေပၚလာတဲ့ Strategy Analytics ရဲ့ မွတ္တမ္းအရ Huawei ဟာ Samsung ကို လိုက္မီဖို႔အတြက္ နည္းနည္းေလးသာ လိုေတာ့တယ္ဆိုတာ ျပသေနပါတယ္။

Huawei ဟာ Samsung ႏွင့္ ေဈးကြက္ရွယ္ယာရရွိမွုမွာ 3.6 ရာခိုင္ႏွုန္းသာ ကြာဟပါေတာ့တယ္။ ယမန္ႏွစ္တုန္းက Huawei ႏွင့္ Samsung အၾကား ေဈးကြက္ရွယ္ယာရရွိမွု ကြာဟခ်က္ 5.9 ရာခိုင္ႏွုန္းအထိ ရွိပါတယ္။

Samsung ဟာ ယခုႏွစ္မွာ စမတ္ဖုန္းအလုံးေရ 323 သန္း ေရာင္းခ်ထားရၿပီးျဖစ္ကာ ကမၻာ့စမတ္ဖုန္းေဈးကြက္ရဲ့ ရွယ္ယာ 21.3 ရာခိုင္ႏွုန္းကို ရယူထားပါတယ္။ အျခားတစ္ဖက္မွာ Huawei ဟာ စမတ္ဖုန္းအလုံးေရ 251 သန္း ေရာင္းခ်ထားရကာ ေဈးကြက္ရွယ္ယာ 17.7 ရာခိုင္ႏွုန္း ရယူထားနိုင္ပါတယ္။ ယမန္ႏွစ္တုန္းက Huawei ဟာ ေဈးကြက္ရွယ္ယာ 14.4 ရာခိုင္ႏွုန္းသာ ရရွိခဲ့တာပါ။

Apple ကေတာ့ တတိယေနရာမွာ ရပ္တည္ေနပါတယ္။ Huawei ဟာ 2018 ခုနစ္မွာ Apple ရဲ့ ကမၻာ့နံပါတ္ႏွစ္ စမတ္ဖုန္းကုမၸဏီေနရာကို ရယူခဲ့ၿပီး ယခုႏွစ္မွာလည္း ဆက္လက္ သိမ္းပိုက္ထားနိုင္ခဲ့ပါတယ္။ Apple ဟာ ယခုႏွစ္မွာ iPhone အလုံးေရ 193 သန္း ေရာင္းခ်ထားရၿပီး ေဈးကြက္ရွယ္ယာ 13.6 ရာခိုင္ႏွုန္း ရရွိထားပါတယ္။

NetGuide Journal (Every Wednesday)