DxOMarkဟာ DSLR ပရော်ဖက်ရှင်နယ်ကင်မရာများရဲ့ စွမ်းဆောင်ရည်ကို Review လုပ်ပြီးနာမည်ကြီးလာတဲ့ ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းမှာ DxOMark ဟာကျောဘက်ကင်မရာစွမ်းဆောင်ရည်ကိုသုံးသပ်မှုပြုလုပ်ပြီးပိုမိုနာမည်ကျော်ကြားလာပါတယ်။ ဒါ့အပြင် ယခုနှစ်မှ စတင်ပြီး ၎င်းတို့ဟာရှေ့ကင်မရာကိုလည်းသုံးသပ်လာပါတယ်။ ယခုအခါ သူတို့ဟာပိုမိုဖြန့်ကျက်တဲ့အနေဖြင့် စမတ်ဖုန်းတွေရဲ့ အသံပိုင်းဆိုင်ရာအရည်အသွေးကိုပါ စမ်းသပ်မှုတွေပြုလုပ်ပြီး Ranking တွေပေးလာပါတယ်။ နောက်ဆုံးသူတို့ အသံပိုင်းအရည်အသွေးကိုသုံးသပ်လာတာကတော့ Google Pixel 4 ဖုန်းဖြစ်ပါတယ်။

Google Pixel 4 ဟာ DxOMarkရဲ့ အသံပိုင်းစမ်းသပ်မှုမှာ ရမှတ် 68 မှတ်ရရှိပြီး အသံပိုင်းအကောင်းဆုံးစမတ်ဖုန်းတွေထဲမှာအဆင့် 5 နေရာမှာရပ်တည်နေပါတယ်။ Google Pixel 4 ရဲ့ အထက်မှာ Huawei Mate 20X ၊ iPhone XS Max ၊ iPhone 11 Pro နှင့် Asus ROG Phone II တို့ ရပ်တည်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Google Pixel 4 ဟာအသံပိုင်းမှာ Galaxy S10 ၊ Galaxy Note10 ၊ OnePlus 7 Pro တို့ရဲ့ အထက်မှာ ရပ်တည်ထားနိုင်ပါတယ်။ ဒါပေမယ့် လတ်တလောမှာ DxOMark ဟာအသံအရည်အသွေးပိုင်းနဲ့ပတ်သက်ပြီးစမတ်ဖုန်း 10 မျိုးတည်းသာ Review လုပ်ရပါသေးတယ်။

DxOMark က Google Pixel 4 ရဲ့ အသံအရည်အသွေးပိုင်းကကျေနပ်စရာကောင်းတဲ့အနေအထားမှာရှိပေမယ့် လိုအပ်ချက်များရှိနေကြောင်းဆိုထားပါတယ်။ ဒါပေမယ့် တစ်ဖက်ကကြည့်မယ်ဆိုရင်လည်း Google Pixel 4 က Android စမတ်ဖုန်းတွေထဲမှာ Asus ROG Phone II နှင့် Huawei Mate 20X တို့ ပြီးရင် အသံအရည်အသွေးပိုင်းအကောင်းဆုံးဖုန်းအဖြစ် DxOMarkရဲ့ စာရင်းမှာရပ်တည်နေပါတယ်။

ဒီနေရာမှာတစ်ခုပြောစရာရှိတာကတော့ စမတ်ဖုန်းဈေးကွက်မှာအသံအရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီးအထူးဂရုတစိုက် လုပ်တတ်တဲ့ LG နှင့် Meizuတို့ရဲ့ အဆင့်မြင့် စမတ်ဖုန်းတွေရဲ့ အသံအရည်အသွေးပိုင်းစမ်းသပ်မှုမလုပ်သေးတာဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

အသံအရည္အေသြးအေကာင္းဆုံး စမတ္ဖုန္းငါးလုံးစာရင္းတြင္ Google Pixel 4 ပါဝင္

DxOMarkဟာ DSLR ပေရာ္ဖက္ရွင္နယ္ကင္မရာမ်ားရဲ႕ စြမ္းေဆာင္ရည္ကို Review လုပ္ၿပီးနာမည္ႀကီးလာတဲ့ ဝက္ဘ္ဆိုက္တစ္ခုျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ DxOMark ဟာေက်ာဘက္ကင္မရာစြမ္းေဆာင္ရည္ကို သုံးသပ္မႈျပဳလုပ္ၿပီးပိုမိုနာမည္ေက်ာ္ၾကားလာပါတယ္။ ဒါ့အျပင္ ယခုႏွစ္မွ စတင္ၿပီး ၎တို႔ဟာေရွ႕ကင္မရာကိုလည္းသုံးသပ္လာပါတယ္။ ယခုအခါ သူတို႔ဟာပိုမိုျဖန႔္က်က္တဲ့အေနျဖင့္ စမတ္ဖုန္းေတြရဲ႕ အသံပိုင္းဆိုင္ရာအရည္အေသြးကိုပါ စမ္းသပ္မႈေတြျပဳလုပ္ၿပီး Ranking ေတြေပးလာပါတယ္။ ေနာက္ဆုံးသူတို႔ အသံပိုင္းအရည္အေသြးကိုသုံးသပ္လာတာကေတာ့ Google Pixel 4 ဖုန္းျဖစ္ပါတယ္။

Google Pixel 4 ဟာ DxOMarkရဲ႕ အသံပိုင္းစမ္းသပ္မႈမွာ ရမွတ္ 68 မွတ္ရရွိၿပီး အသံပိုင္းအေကာင္းဆုံးစမတ္ဖုန္းေတြထဲမွာအဆင့္ 5 ေနရာမွာရပ္တည္ေနပါတယ္။ Google Pixel 4 ရဲ႕ အထက္မွာ Huawei Mate 20X ၊ iPhone XS Max ၊ iPhone 11 Pro ႏွင့္ Asus ROG Phone II တို႔ ရပ္တည္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း Google Pixel 4 ဟာအသံပိုင္းမွာ Galaxy S10 ၊ Galaxy Note10 ၊ OnePlus 7 Pro တို႔ရဲ႕ အထက္မွာ ရပ္တည္ထားႏိုင္ပါတယ္။ ဒါေပမယ့္ လတ္တေလာမွာ DxOMark ဟာအသံအရည္အေသြးပိုင္းနဲ႔ပတ္သက္ၿပီးစမတ္ဖုန္း 10 မ်ိဳးတည္းသာ Review လုပ္ရပါေသးတယ္။

DxOMark က Google Pixel 4 ရဲ႕ အသံအရည္အေသြးပိုင္းကေက်နပ္စရာေကာင္းတဲ့အေနအထားမွာရွိေပမယ့္ လိုအပ္ခ်က္မ်ားရွိေနေၾကာင္းဆိုထားပါတယ္။ ဒါေပမယ့္ တစ္ဖက္ကၾကည့္မယ္ဆိုရင္လည္း Google Pixel 4 က Android စမတ္ဖုန္းေတြထဲမွာ Asus ROG Phone II ႏွင့္ Huawei Mate 20X တို႔ ၿပီးရင္ အသံအရည္အေသြးပိုင္းအေကာင္းဆုံးဖုန္းအျဖစ္ DxOMarkရဲ႕ စာရင္းမွာရပ္တည္ေနပါတယ္။

ဒီေနရာမွာတစ္ခုေျပာစရာရွိတာကေတာ့ စမတ္ဖုန္းေဈးကြက္မွာအသံအရည္အေသြးပိုင္းနဲ႔ ပတ္သက္ၿပီးအထူးဂ႐ုတစိုက္ လုပ္တတ္တဲ့ LG ႏွင့္ Meizuတို႔ရဲ႕ အဆင့္ျမင့္ စမတ္ဖုန္းေတြရဲ႕ အသံအရည္အေသြးပိုင္းစမ္းသပ္မႈမလုပ္ေသးတာျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)