ကျွန်တော်တို့အနေနဲ့ဖေဖော်ဝါရီလကနေစလို့ အောက်တိုဘာလအတွင်းမှာ စိတ်ဝင်စားစရာကောင်းပြီး သုံးစွဲသူစိတ်ကြိုက် အဆင်ပြေစေမယ့် စမတ်ဖုန်းပေါင်းများစွာကို တွေ့မြင်ခဲ့ရပြီးပါပြီ။ လူတိုင်းကိုစိတ်ဝင်စားစေတဲ့လတွေကတော့ ဖေဖော်ဝါရီနဲ့စက်တင်ဘာတွေပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်အဲ့ဒီလတွေမှာ ပြုလုပ်တဲ့နည်းပညာပြပွဲတွေဟာ အခြားလတွေမတူကွဲပြားမှုတွေရှိနေခဲ့ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် apple september event လိုမျိုးတွေပေါ့။ အခုဒီဇင်ဘာလမှာလည်း အဲ့လိုစိတ်ဝင်စားစရာကောင်းလှတဲ့ စမတ်ဖုန်းမိတ်ဆက်ပွဲတွေရှိနေပါတယ်။ အသွင်မတူ၊ မတူကွဲပြားမှုတွေဟာအေးမြတဲ့ဒီဇင်ဘာနဲ့အတူ သင့်ကိုအေးစိမ့်စိမ့်အတွေ့အကြုံတွေပေးအုံးမှာပါ။ ဒါကြောင့် 2019 ဒီဇင်ဘာမှာ မိတ်ဆက်မယ့်အဆင့်မြင့်စမတ်ဖုန်းတွေကို စုဆောင်းဖော်ပြပေးလိုက်ပါတယ်။ ဒီလထဲမှာထွက်လာမယ့် ဖုန်းတွေဖြစ်တဲ့ Reno 3 series, Vivo X30 series, Redmi K30 lineup နဲ့ Realme X50 ဖုန်းတွေအားလုံးဟာ ဈေးသက်သာတဲ 5G mid-range chipsetsကိုသုံးလာမယ့် ဖုန်းတွေပါဘဲ။ တနည်းအားဖြင့်ဒီလမှာ မိတ်ဆက်မယ့် ဖုန်းအများစုဟာ တရုတ်ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူတွေရဲ့ ဖုန်းတွေများပါတယ် . . .

Realme X50 series

တရုတ်စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Oppo ကုမ္ပဏီရဲ့ sub-brand ဖုန်းမော်ဒယ်လို့ဆိုရမယ့် Realme ဟာ ကုမ္ပဏီရဲ့ပထမဆုံး 5G ဖုန်းကို အခုဒီဇင်ဘာမှာမိတ်ဆက်မယ်လို့သိရပါတယ်။ ဒါပေမယ့်ကုမ္ပဏီဟာ ဘယ်နေ့မိတ်ဆက်မယ်ဆိုတာနဲ့ ရက်စွဲကိုတိတိကျကျထုတ်ပြန်ပေးခြင်းမရှိသေးပါဘူး။ ဖုန်းတွေရဲ့ မော်ဒယ်နာမည်တွေကတော့ Realme X50 နဲ့ X50 Youth Edition တို့ဖြစ်မယ်လို့သိရပါတယ်။ ဒီဖုန်းတွေမှာ 5G ကွန်ရက်ချိတ်ဆက်မှုရရှိမှာဖြစ်ပြီး  Snapdragon 765 (သို့) 765G chipset တွေကိုသုံးလာမယ်လို့ သတင်းထွက်နေပါတယ်။ Realme X50 5G ဖုန်းမှာ S-AMOLED display သုံးလာမှာဖြစ်ပြီး 6.44 inches နဲ့ 90Hz refresh rate ထောက်ပံ့မယ်လို့ဆိုပါတယ်။ တရားဝင်သတင်းတွေအရ Snapdragon 735 5G chipset ကို ဒီဖုန်းမှာသုံးမှာဖြစ်ပြီး နောက်ကျောဘက်မှာ ကင်မရာ 4 လုံးတပ်ဆင်လာမှာပါ။ Sony IMX686 60-megapixel  အဓိကဖြစ်ပြီး 8-megapixel ultrawide lens,  2-megapixel macro lens နဲ့ 2-megapixel portrait lens တွေကို ဒီဖုန်းမှာ သုံးမယ်လို့သိရပါတယ်။ selfies အတွက်ကလည်း ကင်မရာ 2 လုံးပါ။  32-megapixel + 8-megapixel wide-angle lens ပေါင်းစပ်မှု ဖြစ်မှာပါ။ ဘက်ထရီစွမ်းအားပိုင်းအတွက်  4,500mAh ကို Super VOOC 4.0 Flash Charge technology ထောက်ပံ့မှာပါ။ ဒီဖုန်းဟာ ပထမဆုံး wireless charging support လုပ်မယ့်ဖုန်းလို့လည်း သိရပါတယ်။ Realme X50 Lite (Youth Edition) ကိုလည်း 5G  အနေနဲ့ ထုတ်လာပေးမှာပါ။ ဒီဖုန်းမှာ 6.55-inch IPS LCD display  ဖြစ်ပြီး ပုံမှန် 60Hz refresh rate နဲ့ဖြစ်မှာပါ။ ပရိုဆက်ဆာအတွက်တော့ MediaTek MT6885 5G စွမ်းအားကို သုံးပေးပါလိမ့်မယ်။ ကင်မရာ 4 လုံးဖြစ်ပြီး 16-megapixel / 8-megapixel wide-angle lens / 2-megapixel macro lens နဲ့  2-megapixel portrait lens တို့ကို သုံးရမှာပါ။ အရှေ့ဘက်ကင်မရာ 1 လုံးသာထည့်ထားပြီး 32-megapixel ဖြစ်မယ်လို့ သတင်းထွက်ထားပါတယ်။ ဘက်ထရီကတော့ ကြီးမားတဲ့  5,000mAh စွမ်းအားကို သုံးထားပါတယ်။

Oppo Reno 3 series

Oppo Reno 3 line-up ဖုန်းတွေကိုလည်း ဒီလထဲမှာပဲမိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Reno 3 နဲ့ Reno 3 Pro ဆိုတဲ့ ဖုန်း 2 မျိုးဖြစ်ပါတယ်။ 5 ဂျီကွန်ရက်ချိတ်ဆက်မှုရရှိနိုင်မယ့် Snapdragon 765  (သို့) 765G processor သုံးလာမှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့အတည်ပြုချက်အရ  4025 mAh ဘက်ထရီနဲ့အတူ 7.7 mm အထူသာရှိမှာ ဖြစ်ပါတယ်။ နောက်ထပ်ပြောင်းလဲမှုကတော့ ငါးမန်းပုံစံ (shark fin pop-up ) ကင်မရာနေရာမှာ punch-hole display ကင်မရာနဲ့အစားထိုးလာမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတော့ Oppo Reno 3 နဲ့ပတ်သတ်တဲ့အချက် အလက်တွေ TENAA မှာ ထွက်ရှိထားပါတယ်။ ကင်မရာကိုလည်း 4 လုံးဖြစ်ပြီး 60 MP အဓိကသုံးမယ်လို့ဆိုပါတယ်။ ပြီးတော့ အဲ့ဒီစမတ်ဖုန်းဟာကုမ္ပဏီကနေ ထုတ်ထားတဲ့နောက်ဆုံးပေါ် ColorOS 7 ကို တပါတည်း ထည့်သွင်း လာမယ့်ဖုန်းဖြစ်ပါတယ်။ OPPO ရဲ့ဒုဥက္ကဌဖြစ်တဲ့ ShenYiren ကလည်း လူမှုကွန်ရက်ဝီဘိုမှာ ဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို ဝေမျှပေးထားပါတယ်။ အဲ့ဒီအချက်အလက်တွေအရ Oppo Reno 3 ဖုန်းမှာ 4,025mAh ဘက်ထရီပါဝင်လာမှာကတော့ သေချာလျက်ရှိနေပါတယ်။ နောက်ထပ်ကတော့ dual-mode 5G smartphone ဖြစ်လာမယ့် Snapdragon 735 5G chipset ကိုသုံးလာမှာပါ။ 8GB RAM နဲ့အတူ 256GB သိုလှောင်နိုင်မယ့် ဗားရှင်းအထိထွက်နိုင်ပါ တယ်။ နောက်ထပ်မျှော်လင့်လို့ရတာကတော့ Reno 3စမတ်ဖုန်းနဲ့အတူ Reno 3 Pro စမတ်ဖုန်းကိုလည်း ဒီလနှောင်းပိုင်းမှာ ထုတ်ပြမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ 5G စမတ်ဖုန်းတွေအသုံးပြုလို့ရနေပါပြီ။ ဒါကြောင့် 5G ဖုန်းဈေးကွက် ပိုမိုဖြစ်ထွန်းလာနေတာပါ။

Samsung Galaxy A 2020 series

ကိုရီးယားစမတ်ဖုန်းထုတ်လုပ်သူဖြစ်တဲ့ Samsung ကတော့ လာမယ့် 12 ရက်နေ့မှာ Galaxy A 2020 line-up တွေကို မိတ်ဆက်လာမယ့်ဆိုတဲ့ အစီအစဉ်ကိုပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအစား 12 ရက်နေ့မှာ Galaxy A51 နဲ့ A71 ဖုန်းတွေကိုသာ မိတ်ဆက်ပေးတော့မယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က Samsung အနေနဲ့  Galaxy A 2020 seriesသစ်တွေဖြစ်တဲ့  Galaxy A11, A31 နဲ့ A41 ဖုန်းတွေကို ထုတ်လုပ်နေတယ်ဆိုတဲ့ သတင်းတွေသိရှိရပါတယ်။  Galaxy A 2020 series အသစ်တွေမှာတော့ Samsung flagships ဖုန်းဖြစ်တဲ့ Galaxy Note 10 series ဖုန်းတွေမှာပါဝင် တဲ့ အချက်အလက်အနည်းငယ် ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။ Galaxy A51 နဲ့ A71ဖုန်းတွေရဲ့ နောက်ကျော ဘက်မှာ L-shaped camera module နဲ့အတူ ဆင်ဆာ 4 ခုပါဝင်လာမှာ ဖြစ်ပါတယ်။

Vivo X30 5G

နောက်ထပ်တရုတ်စမတ်ဖုန်းထုတ်လုပ်သူဖြစ်တဲ့ Vivo ကတော့ upper-midrange series လို့ဆိုရမယ့် Vivo X30 ဖုန်းတွေကို လာမယ့် 16 ရက်နေ့ တရုတ်မှာ မိတ်ဆက်မယ်လို့ကြေညာထားပါတယ်။ Vivo X30 seriesတွေမှာတော့ Vivo X30 နဲ့ X30 Pro ဆိုပြီး မော်ဒယ် 2 မျိုးပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီဖုန်းတွေမှာ SA နဲ့ NSA 5G modes တွေကို ထောက်ပံ့  မှာပါ။ နောက်ထပ်သတင်းအချက်အလက်ကတော့ Samsung Exynos 980 chipset ကို သုံးလာမယ်ဆိုတာပါ။ ဘာကြောင့်လဲဆိုတော့ Samsung Exynos 980 chipset ဟာ 5G modem ပါဝင်နေတာကြောင့်ပါ။ အဲ့ဒီစမတ်ဖုန်း တွေမှာလည်း quad camera setup နဲ့ဖြစ်ပြီး ကင်မရာတွေဟာဖုန်းရဲ့ထောင့်ဘက်မှာ ဒေါင်လိုက်ပုံစံမျိုးတပ်ဆင်ထားမှာပါ။ 60x super zoom နဲ့အတူ periscope lens တွေပါတပ်ဆင်ထားပါတယ်။ ထောင့်ဘက်မှာ punch-hole display ဖြစ်ပါ တယ်။ 33W fast charging ထောက်ပံ့ပေးနိုင်မယ်လို့မျှော်လင့်ရပါတယ်။ နောက်ဆုံးထွက်ထားတဲ့ အချက်အလက်တွေအရ Vivo X30 features ပိုင်းအနေနဲ့ 6.44-inch display ဖြစ်ပြီး JoviOS ကို  pre-loaded ထည့်သွင်းထားမှာပါ။

Realme XT730G/X2:

Vivo X30 series စမတ်ဖုန်းတွေကို မိတ်ဆက်ပြီးနောက်ရက်မှာပဲ Realme အနေနဲ့သူတို့ရဲ့စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Realme XT mid-ranger ဖုန်းကို အိန္ဒိယမှာဖြန့်ချိမှာဖြစ်ပါတယ်။ Realme XT 730G လို့နာမည်ပေးထားပြီး Snapdragon 730G chipset နဲ့အတူ ပိုကောင်းတဲ့အရှေ့ဘက်ကင်မရာကို ထည့်ပေးထားမှာဖြစ်ပါတယ်။ ပြီးတော့ faster charging နည်းပညာလည်း သုံးနိုင်မှာပါ။ ဈေးကွက်ပုံစံကိုအနည်းငယ် နားလည်လို့မရတာကအဲ့ဒီဖုန်းကို ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်မှာ Realme X2 လို လူသိများပါတယ်။ Realme XT 730G နဲ့အတူ wireless earbuds ကိုပါ အိန္ဒိ်ဈေးကွက်အတွက် ထုတ်ပေးမှာပါ။ လက်ရှိမြန်မာနိုင်ငံဈေးကွက်ထဲမှာတော့ wireless earbuds ကိုရောင်းချနေပြီဖြစ်ပါတယ်။ ကင်မရာ ပိုင်းအတွက် ဒီဖုန်းမှာ Samsung GW1sensor ဖြစ်တဲ့  64MP ကို သုံးထားမှာဖြစ်ပြီး  f/1.8 aperture နဲ့ဖြစ်ပါတယ်။  XT 730G ရဲ့ဘက်ထရီဟာ 4000mAh စွမ်းအားနဲ့ဖြစ်ပါတယ်။

Vivo iQOO Neo 855 Racing Edition

ပြီးခဲ့တဲ့ရက်က Vivo အနေနဲ့ iQOO Neo 855 Racing Edition ကို တရုတ်နိုင်ငံဈေးကွက်အတွက် လာမယ့် 12 ရက်နေ့မှာ တရားဝင်ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။ iQOO Neo 855 ဟာ စွမ်းအားပြည့်ပရိုဆက်ဆာနဲ့ဖြစ်ပြီး Snapdragon 855+ ကိုသုံးထားတာပါ။ ပြီးတော့အားသွင်းမြန်တဲ့ စနစ်ကလည်း 33W fast charging ဖြစ်ပါတယ်။ memory 2 မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး 8GB RAM မှာ 128 GBနဲ့ 12/128 GB version ဆိုပြီးတော့ ဖြစ်ပါတယ်။ Racing Edition features ပိုင်းအနေနဲ့       6.38-inch S-AMOLED display ကိုသုံးထားပြီး waterdrop notch ဖြစ်ပါတယ်။ Android 9 Pie OS အခြေပြုFunTouch OS 9 ကို သုံးနိုင်မှာဖြစ်ပြီး Multi-Turbo acceleration နည်းပညာကြောင့် ဂိမ်းမင်းစွမ်းဆောင် ရည်ပိုင်းမှာ ပိုကောင်းတဲ့လုပ်ဆောင်နိုင်စွမ်းကို ရရှိပါလိမ့်မယ်။ Game Box ၊ Game Space 2.5 အသုံးနဲ့ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 4,500mAh စွမ်းအားနဲ့ဖြစ်ပြီး liquid cooling နဲ့အတူ 10-layer heat dissipation စနစ်ပါဝင်ပါတယ်။

Huawei Nova 6 Series

ဒီရက်ပိုင်းမှာ Huawei အနေနဲ့ Nova 6 စီးရီးဖုန်းတွေကို မိတ်ဆက်ပေးထားပါတယ်။ ဒီဇင်ဘာအတွက် သတင်းကောင်းလို့သတ်မှတ်ရမှာပါ။ Nova 6, Nova 6 5G နဲ့  Nova 6 SE တို့ပဲဖြစ်ပါတယ်။ Huawei Nova 6 နှင့် Nova 6 5G နှစ်မျိုးလုံးမှာမျက်နှာပြင် 6.57 လက်မ FHD+ AMOLED ရုပ်ထွက်သုံးထားပြီး မျက်နှာပြင်ဘယ်ဖက်မှာ Punch-Hole ပါဝင်ပါတယ်။ ရှေ့ကင်မရာနှစ်လုံးက 32MP+8MP ဖြစ်ပြီး ဒုတိယကင်မရာက 105 ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်ပါမယ်။ ဒါပေမယ့် Nova 6 နှင့် Nova 6 5G အကြား ကွဲပြားသွားတာကတော့ Nova 6 5G မှာ Autofocus ပါဝင်တာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာသုံးလုံးက 48MP+8MPTelep- hoto(OIS)+8MP Ultrawide ဖြစ်ပါတယ်။ Nova 6 မှာ အဓိကကင်မရာ 48MP မှာ Aperture f/1.8 သုံးထားကာ Nova 6 5G မှာ Aperture f/1.7 သုံးထားပါတယ်။ Huawei Nova 6 နှင့် Nova 6 5G တို့နှစ်မျိုးလုံးကို Kirin 990 Chipset နှင့်ပါဝါထောက်ပံ့ထားပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ လက်ဗွေရာစနစ်ကိုဘောင်မှာ ထည့်သွင်းထားပါတယ်။Nova 6 5G မှာတော့Balong 5000 5G Modem ပါဝင်ပါတယ်။ ဖုန်းနှစ်မျိုးလုံးမှာ RAM8GB ပါဝင်ပါတယ်။ Huawei Nova 6 ကို 128GB ဗားရှင်းတစ်မျိုးတည်းနှင့်ဘဲ ရွေးချယ်နိုင်ပေမယ့် Nova 6 5G ကိုတော့ Storage 128GB နှင့် 256GB တို့နှင့်ရွေးချယ်နိုင်ပါမယ်။ ဖုန်းနှစ်မျိုးလုံးမှာ Android 10 အခြေခံ EMUI 10 အသုံးပြုထားပါတယ်။ Nova 6 မှာဘက်ထရီ 4100 mAhပါဝင်ပြီး 5G ဗားရှင်းမှာဘက်ထရီ 4200 mAhပါဝင်ပြီး40W Huawei SuperChargeဖြင့်အားသွင်းနိုင်ပါမယ်။Huawei Nova 6 SE ကတော့အလယ်အလတ်တန်းစမတ်ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ဒီဖုန်းမှာမျက်နှာပြင် 6.4 လက်မ FHD+ LCD သုံးထားပြီး Punch-Hole မှာ ရှေ့ကင်မရာ 16MP ကိုထည့်သွင်းထားပါတယ်။ အခြား Nova 6 ဖုန်းနှစ်မျိုးလိုဘဲ လက်ဗွေရာစနစ်ကိုဘောင်မှာ ထည့်သွင်းထားပါတယ်။ ကျောဘက်ကင်မရာလေးလုံးပါဝင်ကာ 48MP+8MP Ultrawide+2MP Macro+2MP Depth တို့ ဖြစ်ပါတယ်။ ဒီဖုန်းကို Kirin 810 Chipset ၊ RAM8GB နှင့်အထိုင်ချထားပြီး Storage 128GB ပါဝင်ပါတယ်။ ဘက်ထရီ 4000 mAhပါဝင်ပြီး 40W Huawei SuperCharge ဖြင့်ဘဲ အားသွင်းနိုင်ပါမယ်။Samsung S 10 lite

Samsung က သူ့ရဲ့ပြင်သစ်ဝက်ဘ်ဆိုက်မှာ Galaxy S10 Lite ရဲ့ Support Page ကို လွှင့်တင်လိုက်ပါတယ်။ ဒါကြောင့်ဒီလအတွင်း ကြေညာသွားနိုင်ပါတယ်။ SM=G770F/DS Model အတွက် Page ကို ဖန်တီးလိုက်တာဖြစ်ပြီး အဲဒါဟာ Galaxy S10 Lite ဖြစ်မယ်လို့သိရပါတယ်။ အဲဒီ Model ကို FCC Page မှာလည်း တွေ့ခဲ့ရပြီး 45W Fast Charging ထောက်ပံ့တဲ့ 4,500mAh Battery ပါမယ်လို့ သတင်းထွက်နေပါတယ်။ Galaxy S10 Lite မှာ 48MP Main , 12MP Ultrawide နဲ့ 5MP Depth Sensor တွေပါမယ်လို့သတင်းထွက်နေပါတယ်။ အရှေ့ကင်မရာက 32MP ဖြစ်ပါတယ်။ Samsung က မကြာခင်မှာ Galaxy S10 Lite ကိုချပြတော့မယ်လို့ထင်ရပါတယ်။ သူနဲ့အတူ Galaxy Note 10 Lite ပါထွက်လာနိုင်ပါတယ်။ သူ့ရဲ့သတင်းအချက်အလက်တွေမကြာခင်က Geekbench ကနေ ထွက်လာခဲ့ဖူးပါတယ်။ 45W     Fast Charging ထည့်သွင်းထားမှာဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားက 6.7 လက်မဖြစ်ပြီး Full HD+ Resolution ဖြစ်ပါတယ်။ Galaxy A91 မှာလို Qualcomm Snapdragon 855 Chipset မောင်းနှင်ထားမှာပါ။ 8GB RAM နဲ့ 128GB Storage တွေ ထည့်သွင်းထားနိုင်ပါတယ်။ Galaxy S10 Lite ရဲ့အစိတ်အပိုင်းအများစုဟာ Galaxy S10 နဲ့တူမှာ ဖြစ်ပါတယ်။NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Top Upcoming Smartphones of December 2019

ကၽြန္ေတာ္တုိ႔အေနနဲ႔ေဖေဖာ္ဝါရီလကေနစလို႔ ေအာက္တိုဘာလအတြင္းမွာ စိတ္ဝင္စားစရာေကာင္းၿပီး သုံးစြဲသူစိတ္ႀကိဳက္ အဆင္ေျပေစမယ့္ စမတ္ဖုန္းေပါင္းမ်ားစြာကို ေတြ႕ျမင္ခဲ့ရၿပီးပါၿပီ။ လူတိုင္းကိုစိတ္ဝင္စားေစတဲ့လေတြကေတာ့ ေဖေဖာ္ဝါရီနဲ႔စက္တင္ဘာေတြပဲျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္အဲ့ဒီလေတြမွာ ျပဳလုပ္တဲ့နည္းပညာျပပြဲေတြဟာ အျခားလေတြမတူကြဲျပားမႈေတြရိွေနခဲ့ပါတယ္။ ဥပမာအေနနဲ႔ေျပာရမယ္ဆိုရင္ apple september event လိုမ်ိဳးေတြေပါ့။ အခုဒီဇင္ဘာလမွာလည္း အဲ့လိုစိတ္ဝင္စားစရာေကာင္းလွတဲ့ စမတ္ဖုန္းမိတ္ဆက္ပြဲေတြရွိေနပါတယ္။ အသြင္မတူ၊ မတူကြဲျပားမႈေတြဟာေအးျမတဲ့ဒီဇင္ဘာနဲ႔အတူ သင့္ကိုေအးစိမ့္စိမ့္အေတြ႕အႀကဳံေတြေပးအုံးမွာပါ။ ဒါေၾကာင့္ 2019 ဒီဇင္ဘာမွာ မိတ္ဆက္မယ့္အဆင့္ျမင့္စမတ္ဖုန္းေတြကို စုေဆာင္းေဖာ္ျပေပးလိုက္ပါတယ္။ ဒီလထဲမွာထြက္လာမယ့္ ဖုန္းေတြျဖစ္တဲ့ Reno 3 series, Vivo X30 series, Redmi K30 lineup နဲ႔ Realme X50 ဖုန္းေတြအားလုံးဟာ ေစ်းသက္သာတဲ 5G mid-range chipsetsကိုသုံးလာမယ့္ ဖုန္းေတြပါဘဲ။ တနည္းအားျဖင့္ဒီလမွာ မိတ္ဆက္မယ့္ ဖုန္းအမ်ားစုဟာ တရုတ္ထိပ္တန္းစမတ္ဖုန္းထုတ္လုပ္သူေတြရဲ႕ ဖုန္းေတြမ်ားပါတယ္ . . .

Realme X50 series

တရုတ္စမတ္ဖုန္းထုတ္လုပ္သူတစ္ဦးျဖစ္တဲ့ Oppo ကုမၸဏီရဲ႕ sub-brand ဖုန္းေမာ္ဒယ္လုိ႔ဆိုရမယ့္ Realme ဟာ ကုမၸဏီရဲ႕ပထမဆုံး 5G ဖုန္းကို အခုဒီဇင္ဘာမွာမိတ္ဆက္မယ္လို႔သိရပါတယ္။ ဒါေပမယ့္ကုမၸဏီဟာ ဘယ္ေန႔မိတ္ဆက္မယ္ဆိုတာနဲ႔ ရက္စြဲကိုတိတိက်က်ထုတ္ျပန္ေပးျခင္းမရွိေသးပါဘူး။ ဖုန္းေတြရဲ႕ ေမာ္ဒယ္နာမည္ေတြကေတာ့ Realme X50 နဲ႔ X50 Youth Edition တုိ႔ျဖစ္မယ္လို႔သိရပါတယ္။ ဒီဖုန္းေတြမွာ 5G ကြန္ရက္ခ်ိတ္ဆက္မႈရရိွမွာျဖစ္ၿပီး  Snapdragon 765 (သို႔) 765G chipset ေတြကိုသံုးလာမယ္လို႔ သတင္းထြက္ေနပါတယ္။ Realme X50 5G ဖုန္းမွာ S-AMOLED display သုံးလာမွာျဖစ္ၿပီး 6.44 inches နဲ႔ 90Hz refresh rate ေထာက္ပံ့မယ္လို႔ဆိုပါတယ္။ တရားဝင္သတင္းေတြအရ Snapdragon 735 5G chipset ကို ဒီဖုန္းမွာသံုးမွာျဖစ္ၿပီး ေနာက္ေက်ာဘက္မွာ ကင္မရာ 4 လုံးတပ္ဆင္လာမွာပါ။ Sony IMX686 60-megapixel  အဓိကျဖစ္ၿပီး 8-megapixel ultrawide lens,  2-megapixel macro lens နဲ႔ 2-megapixel portrait lens ေတြကို ဒီဖုန္းမွာ သုံးမယ္လုိ႔သိရပါတယ္။ selfies အတြက္ကလည္း ကင္မရာ 2 လုံးပါ။  32-megapixel + 8-megapixel wide-angle lens ေပါင္းစပ္မႈ ျဖစ္မွာပါ။ ဘက္ထရီစြမ္းအားပိုင္းအတြက္  4,500mAh ကို Super VOOC 4.0 Flash Charge technology ေထာက္ပ့ံမွာပါ။ ဒီဖုန္းဟာ ပထမဆုံး wireless charging support လုပ္မယ့္ဖုန္းလို႔လည္း သိရပါတယ္။ Realme X50 Lite (Youth Edition) ကိုလည္း 5G  အေနနဲ႔ ထုတ္လာေပးမွာပါ။ ဒီဖုန္းမွာ 6.55-inch IPS LCD display  ျဖစ္ၿပီး ပုံမွန္ 60Hz refresh rate နဲ႔ျဖစ္မွာပါ။ ပရုိဆက္ဆာအတြက္ေတာ့ MediaTek MT6885 5G စြမ္းအားကို သုံးေပးပါလိမ့္မယ္။ ကင္မရာ 4 လုံးျဖစ္ၿပီး 16-megapixel / 8-megapixel wide-angle lens / 2-megapixel macro lens နဲ႔  2-megapixel portrait lens တို႔ကို သုံးရမွာပါ။ အေရွ႕ဘက္ကင္မရာ 1 လုံးသာထည့္ထားၿပီး 32-megapixel ျဖစ္မယ္လုိ႔ သတင္းထြက္ထားပါတယ္။ ဘက္ထရီကေတာ့ ႀကီးမားတဲ့  5,000mAh စြမ္းအားကို သံုးထားပါတယ္။

Oppo Reno 3 series

Oppo Reno 3 line-up ဖုန္းေတြကိုလည္း ဒီလထဲမွာပဲမိတ္ဆက္ေပးေတာ့မွာျဖစ္ပါတယ္။ Reno 3 နဲ႔ Reno 3 Pro ဆိုတဲ့ ဖုန္း 2 မ်ိဳးျဖစ္ပါတယ္။ 5 ဂ်ီကြန္ရက္ခ်ိတ္ဆက္မႈရရွိႏိုင္မယ့္ Snapdragon 765  (သုိ႔) 765G processor သုံးလာမွာ ျဖစ္ပါတယ္။ ကုမၸဏီရဲ႕အတည္ျပဳခ်က္အရ  4025 mAh ဘက္ထရီနဲ႔အတူ 7.7 mm အထူသာရွိမွာ ျဖစ္ပါတယ္။ ေနာက္ထပ္ေျပာင္းလဲမႈကေတာ့ ငါးမန္းပုံစံ (shark fin pop-up ) ကင္မရာေနရာမွာ punch-hole display ကင္မရာနဲ႔အစားထိုးလာမွာ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ရက္အနည္းငယ္ကေတာ့ Oppo Reno 3 နဲ႔ပတ္သတ္တဲ့အခ်က္ အလက္ေတြ TENAA မွာ ထြက္ရွိထားပါတယ္။ ကင္မရာကိုလည္း 4 လံုးျဖစ္ၿပီး 60 MP အဓိကသုံးမယ္လို႔ဆိုပါတယ္။ ၿပီးေတာ့ အဲ့ဒီစမတ္ဖုန္းဟာကုမၸဏီကေန ထုတ္ထားတဲ့ေနာက္ဆုံးေပၚ ColorOS 7 ကို တပါတည္း ထည့္သြင္း လာမယ့္ဖုန္းျဖစ္ပါတယ္။ OPPO ရဲ႕ဒုဥကၠဌျဖစ္တဲ့ ShenYiren ကလည္း လူမႈကြန္ရက္ဝီဘိုမွာ ဖုန္းနဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြကို ေဝမွ်ေပးထားပါတယ္။ အဲ့ဒီအခ်က္အလက္ေတြအရ Oppo Reno 3 ဖုန္းမွာ 4,025mAh ဘက္ထရီပါဝင္လာမွာကေတာ့ ေသခ်ာလ်က္ရွိေနပါတယ္။ ေနာက္ထပ္ကေတာ့ dual-mode 5G smartphone ျဖစ္လာမယ့္ Snapdragon 735 5G chipset ကိုသုံးလာမွာပါ။ 8GB RAM နဲ႔အတူ 256GB သိုေလွာင္ႏုိင္မယ့္ ဗားရွင္းအထိထြက္ႏိုင္ပါ တယ္။ ေနာက္ထပ္ေမွ်ာ္လင့္လို႔ရတာကေတာ့ Reno 3စမတ္ဖုန္းနဲ႔အတူ Reno 3 Pro စမတ္ဖုန္းကိုလည္း ဒီလေႏွာင္းပိုင္းမွာ ထုတ္ျပမွာျဖစ္ပါတယ္။ တရုတ္ႏိုင္ငံမွာေတာ့ 5G စမတ္ဖုန္းေတြအသုံးျပဳလုိ႔ရေနပါၿပီ။ ဒါေၾကာင့္ 5G ဖုန္းေစ်းကြက္ ပိုမိုျဖစ္ထြန္းလာေနတာပါ။

Samsung Galaxy A 2020 series

ကိုရီးယားစမတ္ဖုန္းထုတ္လုပ္သူျဖစ္တဲ့ Samsung ကေတာ့ လာမယ့္ 12 ရက္ေန႔မွာ Galaxy A 2020 line-up ေတြကို မိတ္ဆက္လာမယ့္ဆိုတဲ့ အစီအစဥ္ကိုပယ္ဖ်က္လုိက္ၿပီျဖစ္ပါတယ္။ အဲ့့ဒီအစား 12 ရက္ေန႔မွာ Galaxy A51 နဲ႔ A71 ဖုန္းေတြကိုသာ မိတ္ဆက္ေပးေတာ့မယ္လို႔ သိရပါတယ္။ လြန္ခဲ့တဲ့ရက္အနည္းငယ္က Samsung အေနနဲ႔  Galaxy A 2020 seriesသစ္ေတြျဖစ္တဲ့  Galaxy A11, A31 နဲ႔ A41 ဖုန္းေတြကို ထုတ္လုပ္ေနတယ္ဆိုတဲ့ သတင္းေတြသိရိွရပါတယ္။  Galaxy A 2020 series အသစ္ေတြမွာေတာ့ Samsung flagships ဖုန္းျဖစ္တဲ့ Galaxy Note 10 series ဖုန္းေတြမွာပါဝင္ တဲ့ အခ်က္အလက္အနည္းငယ္ ထည့္သြင္းေပးထားမယ္လို႔ သိရပါတယ္။ Galaxy A51 နဲ႔ A71ဖုန္းေတြရဲ႕ ေနာက္ေက်ာ ဘက္မွာ L-shaped camera module နဲ႔အတူ ဆင္ဆာ 4 ခုပါဝင္လာမွာ ျဖစ္ပါတယ္။

Vivo X30 5G

ေနာက္ထပ္တ႐ုတ္စမတ္ဖုန္းထုတ္လုပ္သူျဖစ္တဲ့ Vivo ကေတာ့ upper-midrange series လို႔ဆိုရမယ့္ Vivo X30 ဖုန္းေတြကို လာမယ့္ 16 ရက္ေန႔ တရုတ္မွာ မိတ္ဆက္မယ္လို႔ေၾကညာထားပါတယ္။ Vivo X30 seriesေတြမွာေတာ့ Vivo X30 နဲ႔ X30 Pro ဆိုၿပီး ေမာ္ဒယ္ 2 မ်ိဳးပါဝင္လာမွာ ျဖစ္ပါတယ္။ ဒီဖုန္းေတြမွာ SA နဲ႔ NSA 5G modes ေတြကို ေထာက္ပံ့  မွာပါ။ ေနာက္ထပ္သတင္းအခ်က္အလက္ကေတာ့ Samsung Exynos 980 chipset ကို သုံးလာမယ္ဆိုတာပါ။ ဘာေၾကာင့္လဲဆိုေတာ့ Samsung Exynos 980 chipset ဟာ 5G modem ပါဝင္ေနတာေၾကာင့္ပါ။ အဲ့ဒီစမတ္ဖုန္း ေတြမွာလည္း quad camera setup နဲ႔ျဖစ္ၿပီး ကင္မရာေတြဟာဖုန္းရဲ႕ေထာင့္ဘက္မွာ ေဒါင္လိုက္ပုံစံမ်ိဳးတပ္ဆင္ထားမွာပါ။ 60x super zoom နဲ႔အတူ periscope lens ေတြပါတပ္ဆင္ထားပါတယ္။ ေထာင့္ဘက္မွာ punch-hole display ျဖစ္ပါ တယ္။ 33W fast charging ေထာက္ပံ့ေပးႏုိင္မယ္လို႔ေမွ်ာ္လင့္ရပါတယ္။ ေနာက္ဆုံးထြက္ထားတဲ့ အခ်က္အလက္ေတြအရ Vivo X30 features ပိုင္းအေနနဲ႔ 6.44-inch display ျဖစ္ၿပီး JoviOS ကို  pre-loaded ထည့္သြင္းထားမွာပါ။

Realme XT730G/X2:

Vivo X30 series စမတ္ဖုန္းေတြကို မိတ္ဆက္ၿပီးေနာက္ရက္မွာပဲ Realme အေနနဲ႔သူတုိ႔ရဲ႕စမတ္ဖုန္းသစ္ေတြျဖစ္တဲ့ Realme XT mid-ranger ဖုန္းကို အိႏိၵယမွာျဖန္႔ခ်ိမွာျဖစ္ပါတယ္။ Realme XT 730G လို႔နာမည္ေပးထားၿပီး Snapdragon 730G chipset နဲ႔အတူ ပိုေကာင္းတဲ့အေရွ႕ဘက္ကင္မရာကို ထည့္ေပးထားမွာျဖစ္ပါတယ္။ ၿပီးေတာ့ faster charging နည္းပညာလည္း သုံးႏုိင္မွာပါ။ ေစ်းကြက္ပုံစံကိုအနည္းငယ္ နားလည္လို႔မရတာကအဲ့ဒီဖုန္းကို ကမၻာ႔စမတ္ဖုန္း ေစ်းကြက္မွာ Realme X2 လို လူသိမ်ားပါတယ္။ Realme XT 730G နဲ႔အတူ wireless earbuds ကိုပါ အိႏိၵ္ေစ်းကြက္အတြက္ ထုတ္ေပးမွာပါ။ လက္ရွိျမန္မာႏုိင္ငံေစ်းကြက္ထဲမွာေတာ့ wireless earbuds ကိုေရာင္းခ်ေနၿပီျဖစ္ပါတယ္။ ကင္မရာ ပိုင္းအတြက္ ဒီဖုန္းမွာ Samsung GW1sensor ျဖစ္တဲ့  64MP ကို သုံးထားမွာျဖစ္ၿပီး  f/1.8 aperture နဲ႔ျဖစ္ပါတယ္။  XT 730G ရဲ႕ဘက္ထရီဟာ 4000mAh စြမ္းအားနဲ႔ျဖစ္ပါတယ္။

Vivo iQOO Neo 855 Racing Edition

ၿပီးခဲ့တဲ့ရက္က Vivo အေနနဲ႔ iQOO Neo 855 Racing Edition ကို တရုတ္ႏုိင္ငံေစ်းကြက္အတြက္ လာမယ့္ 12 ရက္ေန႔မွာ တရားဝင္ေရာင္းခ်ေပးသြားမယ္လို႔ ဆိုပါတယ္။ iQOO Neo 855 ဟာ စြမ္းအားျပည့္ပရိုဆက္ဆာနဲ႔ျဖစ္ၿပီး Snapdragon 855+ ကိုသုံးထားတာပါ။ ၿပီးေတာ့အားသြင္းျမန္တဲ့ စနစ္ကလည္း 33W fast charging ျဖစ္ပါတယ္။ memory 2 မ်ိဳးေရြးခ်ယ္ႏုိင္မွာျဖစ္ၿပီး 8GB RAM မွာ 128 GBနဲ႔ 12/128 GB version ဆိုၿပီးေတာ့ ျဖစ္ပါတယ္။ Racing Edition features ပိုင္းအေနနဲ႔       6.38-inch S-AMOLED display ကိုသုံးထားၿပီး waterdrop notch ျဖစ္ပါတယ္။ Android 9 Pie OS အေျချပဳFunTouch OS 9 ကို သုံးႏုိင္မွာျဖစ္ၿပီး Multi-Turbo acceleration နည္းပညာေၾကာင့္ ဂိမ္းမင္းစြမ္းေဆာင္ ရည္ပိုင္းမွာ ပိုေကာင္းတဲ့လုပ္ေဆာင္ႏိုင္စြမ္းကို ရရွိပါလိမ့္မယ္။ Game Box ၊ Game Space 2.5 အသုံးနဲ႔ ျဖစ္ပါတယ္။ ဘက္ထရီကေတာ့ 4,500mAh စြမ္းအားနဲ႔ျဖစ္ၿပီး liquid cooling နဲ႔အတူ 10-layer heat dissipation စနစ္ပါဝင္ပါတယ္။

Huawei Nova 6 Series

ဒီရက္ပိုင္းမွာ Huawei အေနနဲ႔ Nova 6 စီးရီးဖုန္းေတြကို မိတ္ဆက္ေပးထားပါတယ္။ ဒီဇင္ဘာအတြက္ သတင္းေကာင္းလို႔သတ္မွတ္ရမွာပါ။ Nova 6, Nova 6 5G နဲ႔  Nova 6 SE တို႔ပဲျဖစ္ပါတယ္။ Huawei Nova 6 ႏွင့္ Nova 6 5G ႏွစ္မ်ိဳးလုံးမွာမ်က္ႏွာျပင္ 6.57 လက္မ FHD+ AMOLED ႐ုပ္ထြက္သုံးထားၿပီး မ်က္ႏွာျပင္ဘယ္ဖက္မွာ Punch-Hole ပါဝင္ပါတယ္။ ေရွ႕ကင္မရာႏွစ္လုံးက 32MP+8MP ျဖစ္ၿပီး ဒုတိယကင္မရာက 105 ဒီဂရီျမင္ကြင္းက်ယ္ ရိုက္ကူးနိုင္ပါမယ္။ ဒါေပမယ့္ Nova 6 ႏွင့္ Nova 6 5G အၾကား ကြဲျပားသြားတာကေတာ့ Nova 6 5G မွာ Autofocus ပါဝင္တာ ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာသုံးလုံးက 48MP+8MPTelep- hoto(OIS)+8MP Ultrawide ျဖစ္ပါတယ္။ Nova 6 မွာ အဓိကကင္မရာ 48MP မွာ Aperture f/1.8 သုံးထားကာ Nova 6 5G မွာ Aperture f/1.7 သုံးထားပါတယ္။ Huawei Nova 6 ႏွင့္ Nova 6 5G တို႔ႏွစ္မ်ိဳးလုံးကို Kirin 990 Chipset ႏွင့္ပါဝါေထာက္ပံ့ထားပါတယ္။ ဖုန္းႏွစ္မ်ိဳးစလုံးမွာ လက္ေဗြရာစနစ္ကိုေဘာင္မွာ ထည့္သြင္းထားပါတယ္။Nova 6 5G မွာေတာ့Balong 5000 5G Modem ပါဝင္ပါတယ္။ ဖုန္းႏွစ္မ်ိဳးလုံးမွာ RAM8GB ပါဝင္ပါတယ္။ Huawei Nova 6 ကို 128GB ဗားရွင္းတစ္မ်ိဳးတည္းႏွင့္ဘဲ ေရြးခ်ယ္နိုင္ေပမယ့္ Nova 6 5G ကိုေတာ့ Storage 128GB ႏွင့္ 256GB တို႔ႏွင့္ေရြးခ်ယ္နိုင္ပါမယ္။ ဖုန္းႏွစ္မ်ိဳးလုံးမွာ Android 10 အေျခခံ EMUI 10 အသုံးျပဳထားပါတယ္။ Nova 6 မွာဘက္ထရီ 4100 mAhပါဝင္ၿပီး 5G ဗားရွင္းမွာဘက္ထရီ 4200 mAhပါဝင္ၿပီး40W Huawei SuperChargeျဖင့္အားသြင္းနိုင္ပါမယ္။Huawei Nova 6 SE ကေတာ့အလယ္အလတ္တန္းစမတ္ဖုန္းအမ်ိဳးအစား ျဖစ္ပါတယ္။ဒီဖုန္းမွာမ်က္ႏွာျပင္ 6.4 လက္မ FHD+ LCD သုံးထားၿပီး Punch-Hole မွာ ေရွ႕ကင္မရာ 16MP ကိုထည့္သြင္းထားပါတယ္။ အျခား Nova 6 ဖုန္းႏွစ္မ်ိဳးလိုဘဲ လက္ေဗြရာစနစ္ကိုေဘာင္မွာ ထည့္သြင္းထားပါတယ္။ ေက်ာဘက္ကင္မရာေလးလုံးပါဝင္ကာ 48MP+8MP Ultrawide+2MP Macro+2MP Depth တို႔ ျဖစ္ပါတယ္။ ဒီဖုန္းကို Kirin 810 Chipset ၊ RAM8GB ႏွင့္အထိုင္ခ်ထားၿပီး Storage 128GB ပါဝင္ပါတယ္။ ဘက္ထရီ 4000 mAhပါဝင္ၿပီး 40W Huawei SuperCharge ျဖင့္ဘဲ အားသြင္းနိုင္ပါမယ္။

Samsung S 10 lite

Samsung က သူ႔ရဲ႕ျပင္သစ္ဝက္ဘ္ဆိုက္မွာ Galaxy S10 Lite ရဲ႕ Support Page ကို လႊင့္တင္လိုက္ပါတယ္။ ဒါေၾကာင့္ဒီလအတြင္း ေၾကညာသြားႏိုင္ပါတယ္။ SM=G770F/DS Model အတြက္ Page ကို ဖန္တီးလိုက္တာျဖစ္ၿပီး အဲဒါဟာ Galaxy S10 Lite ျဖစ္မယ္လို႔သိရပါတယ္။ အဲဒီ Model ကို FCC Page မွာလည္း ေတြ႕ခဲ့ရၿပီး 45W Fast Charging ေထာက္ပံ့တဲ့ 4,500mAh Battery ပါမယ္လို႔ သတင္းထြက္ေနပါတယ္။ Galaxy S10 Lite မွာ 48MP Main , 12MP Ultrawide နဲ႔ 5MP Depth Sensor ေတြပါမယ္လို႔သတင္းထြက္ေနပါတယ္။ အေရွ႕ကင္မရာက 32MP ျဖစ္ပါတယ္။ Samsung က မၾကာခင္မွာ Galaxy S10 Lite ကိုခ်ျပေတာ့မယ္လို႔ထင္ရပါတယ္။ သူနဲ႔အတူ Galaxy Note 10 Lite ပါထြက္လာႏိုင္ပါတယ္။ သူ႔ရဲ႕သတင္းအခ်က္အလက္ေတြမၾကာခင္က Geekbench ကေန ထြက္လာခဲ့ဖူးပါတယ္။ 45W     Fast Charging ထည့္သြင္းထားမွာျဖစ္ပါတယ္။ မ်က္ႏွာျပင္အ႐ြယ္အစားက 6.7 လက္မျဖစ္ၿပီး Full HD+ Resolution ျဖစ္ပါတယ္။ Galaxy A91 မွာလို Qualcomm Snapdragon 855 Chipset ေမာင္းႏွင္ထားမွာပါ။ 8GB RAM နဲ႔ 128GB Storage ေတြ ထည့္သြင္းထားႏိုင္ပါတယ္။ Galaxy S10 Lite ရဲ႕အစိတ္အပိုင္းအမ်ားစုဟာ Galaxy S10 နဲ႔တူမွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)