Samsung Galaxy S11 စီးရီးနဲ့ပတ်သက်တဲ့သတင်းတွေ နောက်ပိုင်းမှာ ဆက်တိုက်ထွက်ပေါ်လာပါတယ်။ Samsung ဟာ Galaxy S စီးရီးကို ဖေဖော်ဝါရီလမှာ ကြေညာလေ့ရှိတာကြောင့် Galaxy S11 စီးရီးကိုလည်း ဖေဖော်ဝါရီလမှာဘဲ မိတ်ဆက်လာမယ်လို့ အားလုံးက ယုံကြည်ထားပြီး ဖြစ်ပါတယ်။ ယနေ့မှာ Samsung Galaxy S11 စီးရီး မိတ်ဆက်မယ့်ရက် ပေါက်ကြားလာခဲ့ပြီ ဖြစ်ပါတယ်။

ယခုနှစ်မှာလည်း Samsung ဟာ ယမန်နှစ်များတုန်းကလိုဘဲ Galaxy S စီးရီးကို ဖေဖော်ဝါရီလမှာဘဲ မိတ်ဆက်လာပါမယ်။ Galaxy S11 စီးရီးကို လာမယ့် ဖေဖော်ဝါရီလ 18 ရက်နေ့မှာ မိတ်ဆက်သွားပါမယ်။

ထူးခြားလာမယ့်အချက်ကတော့ ဖေဖော်ဝါရီလ 18 ရက်နေ့မှာ Galaxy S11 စီးရီးနှင့်အတူ Galaxy Fold 2 ကိုလည်း ကြေညာလာမှာ ဖြစ်ပါတယ်။ Samsung Galaxy Fold 2 မှာ Motorola Razr လိုဘဲ ခေါက်ဖုန်းရုပ်ထွက် ဒီဇိုင်းသုံးလာမှာဖြစ်ကြောင်း သိရပါတယ်။ အစောပိုင်းပေါက်ကြားထားတဲ့ သတင်းအရ Samsung Galaxy Fold 2 ကို တောင်ကိုရီးယားမှာ ဒေါ်လာ 850 ဖြင့် ရောင်းချလာမယ်လို့ သိရပါတယ်။

Samsung Galaxy S11 စီးရီးကို Snapdragon 865/Exynos 9830 Chipset နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး ဈေးကွက်အပေါ်မူတည်ပြီး Chipset ကွဲပြားလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းကောင်းတစ်ခုကတော့ Samsung ဟာ Snapdragon 865 Chipset သုံး Galaxy S11 စီးရီးကို ယခင်ကထက် ဈေးကွက်များစွာ ရောင်းချလာမှာ ဖြစ်ပါတယ်။

ယခင်နှစ်များတုန်းက Samsung ဟာ အမေရိကန်၊ တရုတ်၊ ဂျပန်တို့မှာ ရောင်းချတဲ့ Galaxy S ဖုန်းများဘဲ Snapdragon Chipset သုံးကာ ကျန်ဈေးကွက်များမှာ Exynos Chipset ဖြင့် ရောင်းချပါတယ်။ ယခုနှစ်မှာ တောင်ကိုရီးယားထိပ်သီးကုမ္ပဏီဟာ Chipset နှစ်ခုအကြား စွမ်းဆောင်ရည်က ကွာခြားလွန်တာကြောင့် Snapdragon 865 သုံးဖုန်းများကို ယခင်ထက် ဈေးကွက်ပိုမိုဖြန့်ကျက်ရောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Samsung Galaxy S11 စီးရီးမှာ 108MP ကင်မရာနှင့် 5x Periscope Camera တို့ ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် Autofocus အတွက် ကင်မရာဆင်ဆာ သီးသန့်ပါဝင်လာမယ်လို့ သိရပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Samsung Galaxy S11 စီးရီးႏွင့္ Galaxy Fold 2 တို႔ကို ေဖေဖာ္ဝါရီ 18 တြင္ မိတ္ဆက္မည္

Samsung Galaxy S11 စီးရီးနဲ႔ပတ္သက္တဲ့သတင္းေတြ ေနာက္ပိုင္းမွာ ဆက္တိုက္ထြက္ေပၚလာပါတယ္။ Samsung ဟာ Galaxy S စီးရီးကို ေဖေဖာ္ဝါရီလမွာ ေၾကညာေလ့ရွိတာေၾကာင့္ Galaxy S11 စီးရီးကိုလည္း ေဖေဖာ္ဝါရီလမွာဘဲ မိတ္ဆက္လာမယ္လို႔ အားလုံးက ယုံၾကည္ထားၿပီး ျဖစ္ပါတယ္။ ယေန႔မွာ Samsung Galaxy S11 စီးရီး မိတ္ဆက္မယ့္ရက္ ေပါက္ၾကားလာခဲ့ၿပီ ျဖစ္ပါတယ္။

ယခုႏွစ္မွာလည္း Samsung ဟာ ယမန္ႏွစ္မ်ားတုန္းကလိုဘဲ Galaxy S စီးရီးကို ေဖေဖာ္ဝါရီလမွာဘဲ မိတ္ဆက္လာပါမယ္။ Galaxy S11 စီးရီးကို လာမယ့္ ေဖေဖာ္ဝါရီလ 18 ရက္ေန႔မွာ မိတ္ဆက္သြားပါမယ္။

ထူးျခားလာမယ့္အခ်က္ကေတာ့ ေဖေဖာ္ဝါရီလ 18 ရက္ေန႔မွာ Galaxy S11 စီးရီးႏွင့္အတူ Galaxy Fold 2 ကိုလည္း ေၾကညာလာမွာ ျဖစ္ပါတယ္။ Samsung Galaxy Fold 2 မွာ Motorola Razr လိုဘဲ ေခါက္ဖုန္း႐ုပ္ထြက္ ဒီဇိုင္းသုံးလာမွာျဖစ္ေၾကာင္း သိရပါတယ္။ အေစာပိုင္းေပါက္ၾကားထားတဲ့ သတင္းအရ Samsung Galaxy Fold 2 ကို ေတာင္ကိုရီးယားမွာ ေဒၚလာ 850 ျဖင့္ ေရာင္းခ်လာမယ္လို႔ သိရပါတယ္။

Samsung Galaxy S11 စီးရီးကို Snapdragon 865/Exynos 9830 Chipset ႏွင့္ ပါဝါေထာက္ပံ့လာမွာျဖစ္ၿပီး ေဈးကြက္အေပၚမူတည္ၿပီး Chipset ကြဲျပားလာမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ သတင္းေကာင္းတစ္ခုကေတာ့ Samsung ဟာ Snapdragon 865 Chipset သုံး Galaxy S11 စီးရီးကို ယခင္ကထက္ ေဈးကြက္မ်ားစြာ ေရာင္းခ်လာမွာ ျဖစ္ပါတယ္။

ယခင္ႏွစ္မ်ားတုန္းက Samsung ဟာ အေမရိကန္၊ တ႐ုတ္၊ ဂ်ပန္တို႔မွာ ေရာင္းခ်တဲ့ Galaxy S ဖုန္းမ်ားဘဲ Snapdragon Chipset သုံးကာ က်န္ေဈးကြက္မ်ားမွာ Exynos Chipset ျဖင့္ ေရာင္းခ်ပါတယ္။ ယခုႏွစ္မွာ ေတာင္ကိုရီးယားထိပ္သီးကုမၸဏီဟာ Chipset ႏွစ္ခုအၾကား စြမ္းေဆာင္ရည္က ကြာျခားလြန္တာေၾကာင့္ Snapdragon 865 သုံးဖုန္းမ်ားကို ယခင္ထက္ ေဈးကြက္ပိုမိုျဖန႔္က်က္ေရာင္းဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

Samsung Galaxy S11 စီးရီးမွာ 108MP ကင္မရာႏွင့္ 5x Periscope Camera တို႔ ပါဝင္လာမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Autofocus အတြက္ ကင္မရာဆင္ဆာ သီးသန႔္ပါဝင္လာမယ္လို႔ သိရပါတယ္။

NetGuide Journal (Every Wednesday)