ပြီးခဲ့တဲ့ လအနည်းငယ်က Xiaomi ရဲ့ နောက်ဆုံးမော်ဒယ် အသစ်တစ်ခုဖြစ်တဲ့ Xiaomi Redmi Note 8 ကို မြန်မာနိုင်ငံမိုဘိုင်း ဖုန်းစျေးကွက်အတွင်းကို စတင်ရောက်ရှိလာခဲ့ပါတယ်။ ၎င်းဖုန်းဟာ စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့ပြီး ထည့်သွင်းပေးထားတဲ့ Specs တွေနဲ့ Features တွေကတော့ အဆင့်မြင့်မားမှု ရှိပါတယ်။ ဒါ့အပြင် ဒီဇိုင်းပုံစံက နောက်ဆုံးပေါ် Full View Display Circular Notch ဒီဇိုင်းဖြစ်ပြီး နောက်ကျောကလည်း ပြောင်လက်တောက်ပနေတာကြောင့် နောက်ဆုံးပေါ် စမတ်ဖုန်းတစ်လုံးမှန်း သိသာစေပါတယ်။ မျက်နှာပြင်ကျယ်ကျယ်၊ ဘက်ထရီစွမ်းအားကောင်းကောင်းနဲ့ စက်စွမ်းဆောင်ရည်ကောင်းမွန်တဲ့အပြင် ကင်မရာစွမ်းအားကလည်း အထူးမြင့်မားမှု ရှိပါတယ်။ ဒါကြောင့် ၎င်းဖုန်းကို Phablet Camera Phone တစ်လုံးလို့တောင် ပြောနိုင်ပါတယ်။ GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Dual Nano SIM စနစ်ဖြစ်တဲ့အတွက် Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သွင်းသုံးစွဲနိုင်ပါတယ်။

(1). Design & Build

ဒီဇိုင်းပုံစံက ရိုးရိုးရှင်းရှင်းနဲ့ သေသပ်လှပမှုရှိသလို ပြောင်လက်တောက်ပနေတဲ့ ကိုယ်ထည်ဒီဇိုင်းကြောင့် ဆွဲဆောင်မှုလည်း ရှိပါတယ်။ အရှေ့ဘက်နဲ့ နောက်ကျောဘက်ကို အကြမ်းခံတဲ့ Corning Gorilla Glass 5 တွေနဲ့ တည်ဆောက်ထားပြီး ဘေးဘောင်တွေကတော့ Plastic Frame တွေ ဖြစ်ပါတယ်။ အရှေ့ဘက်မျက်နှာပြင်က ရှင်းလင်းနေပြီး အပေါ်ဘက်မှာ circular notch သေးသေးလေးသာပါရှိတဲ့ ဘောင်ပျောက်ဒီဇိုင်းပုံစံ ဖြစ်ပါတယ်။ နောက်ကျောဘက် အပေါ်ညာဘက်ထောင့်မှာတော့ အနောက်ကင်မရာ 4 လုံးကို ဒေါင်လိုက်အနေအထားအတိုင်း တပ်ဆင်ပေးထားပြီး ဘေးဘက်မှာတော့ LED Flash မီးလုံးလေးကို ထည့်သွင်းပေးထားပါတယ်။ အောက်ဘက်မှာတော့ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ Fingerprint Scanner ကို တွေ့မြင်ရမှာပါ။ ဖုန်းအရွယ်အစားက 158.3 x 75.3 x 8.4 mm ရှိပြီး အလေးချိန်က 190g လေးပါတယ်။ ဒါကြောင့် ၎င်းဖုန်းကို ရွေးချယ်ဝယ်ယူနိုင်မယ့် အရောင်တွေကတော့ ဆန်းသစ်လှပတဲ့ Neptune Blue, Moonlight White, Space Black, Nebula Purple, Cosmic Purple blue ဆိုတဲ့ အရောင် 4 မျိုးပဲ ဖြစ်ပါတယ်။

(2). Display

မျက်နှာပြင်က 6.3-inch အကျယ်ရှိပြီး IPS LCD capacitive touchscreen, 16M colors display နဲ့ ပြုလုပ်ထားပါတယ်။ ၎င်းမျက်နှာပြင်က 19.5:9 ratio မှာ 1080 x 2340 pixels စွမ်းအားရှိတဲ့ မြင်ကွင်းတွေကို ပြသနိုင်ပါတယ်။ ဒါကြောင့် ကျယ်ပြန့်တဲ့မျက်နှာပြင်က ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းစွမ်းအားတွေကို ရရှိနိုင်မှာပါ။ ဒါကြောင့် ဂိမ်းကစားတာ၊ စာဖတ်တာတွေနဲ့ ရုပ်ရှင်ကြည့်တာတွေကို အဆင်ပြေပြေ လုပ်ဆောင်နိုင်ပါတယ်။

(3). Operating System and Camera

နောက်ဆုံးပေါ် Android 9.0 (Pie) ကို အခြေခံထားတဲ့ အဆင့်မြင့် MIUI 10 User Interface ကို run ပေးထားပါတယ်။ အနောက်ကင်မရာက 48 MP, f/1.8, (wide), 1/2″, 0.8µm, PDAF + 8 MP, f/2.2, 13mm (ultrawide), 1/4″, 1.12µm + 2 MP, f/2.4, 1/5″, 1.75µm (dedicated macro camera) + 2 MP, f/2.4, 1/5″, 1.75µm, depth sensor တွေပါရှိပြီး အရှေ့ကင်မရာက 13 MP, f/2.0 aperture စွမ်းအားတွေကို ထောက်ပံ့ပေးထားပါတယ်။

(4). Performance

ဖုန်းစွမ်းဆောင်ရည်ပိုင်းအတွက် Qualcomm SDM665 Snapdragon 665 (11 nm) chipset နဲ့ RAM 4/6GB ပါရှိတဲ့ Octa-core (4×2.0 GHz Kryo 260 Gold & 4×1.8 GHz Kryo 260 Silver) processor တို့ကို ပ့ံပိုးပေးထားပါတယ်။ ဒါ့အပြင် ရုပ်ထွက်ပိုင်းအတွက်လည်း Adreno 610 GPU ကို သုံးထားလို့ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်မျိုးတွေကို ရရှိနိုင်မှာပါ။

(5). Battery

ဘက်ထရီစွမ်းအားအနေနဲ့တော့ Non-removable Li-Po 4000mAh battery ကို ထည့်သွင်းပေးထားပြီး Fast battery charging 18W စနစ်ပါရှိတာကြောင့် ဖုန်းအားသွင်းရတာလည်း လျင်မြန်မှု ရှိပါတယ်။

(6). Specification

» Display : 6.3 inches, IPS LCD capacitive touchscreen
» Memory : 128GB, 6GB RAM, micro SD, up to 256GB
» Camera : Quad : 48+8+2+2 MP / Single : 13 MP (Front)
» OS : Android 9.0 (Pie); MIUI 11
» Battery : Non-removable Li-Po 4000 mAh battery

» Price : 270,000 Ks

» Phone : 09-785222888 (Win Mobile World)

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Xiaomi Redmi Note 8

ၿပီးခဲ့တဲ့ လအနည္းငယ္က Xiaomi ရဲ႕ ေနာက္ဆံုးေမာ္ဒယ္ အသစ္တစ္ခုျဖစ္တဲ့ Xiaomi Redmi Note 8 ကို ျမန္မာႏုိင္ငံမိုဘိုင္း ဖုန္းေစ်းကြက္အတြင္းကို စတင္ေရာက္ရွိလာခဲ့ပါတယ္။ ၎ဖုန္းဟာ ေစ်းႏႈန္း သက္သက္သာသာနဲ႔ ထြက္ရွိလာခဲ့ၿပီး ထည့္သြင္းေပးထားတဲ့ Specs ေတြနဲ႔ Features ေတြကေတာ့ အဆင့္ျမင့္မားမႈ ရွိပါတယ္။ ဒါ့အျပင္ ဒီဇိုင္းပံုစံက ေနာက္ဆံုးေပၚ Full View Display Circular Notch ဒီဇုိင္းျဖစ္ၿပီး ေနာက္ေက်ာကလည္း ေျပာင္လက္ေတာက္ပေနတာေၾကာင့္ ေနာက္ဆံုးေပၚ စမတ္ဖုန္းတစ္လံုးမွန္း သိသာေစပါတယ္။ မ်က္ႏွာျပင္က်ယ္က်ယ္၊ ဘက္ထရီစြမ္းအားေကာင္းေကာင္းနဲ႔ စက္စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့အျပင္ ကင္မရာစြမ္းအားကလည္း အထူးျမင့္မားမႈ ရွိပါတယ္။ ဒါေၾကာင့္ ၎ဖုန္းကို Phablet Camera Phone တစ္လံုးလုိ႔ေတာင္ ေျပာႏုိင္ပါတယ္။ GSM, HSPA နဲ႔ LTE networks ေတြမွာ အသံုးျပဳႏုိင္ၿပီး Dual Nano SIM စနစ္ျဖစ္တဲ့အတြက္ Nano SIM card 2 card ကို တစ္ၿပိဳင္နက္တည္း ထည့္သြင္းသံုးစြဲႏုိင္ပါတယ္။

(1). Design & Build

ဒီဇိုင္းပံုစံက ႐ိုး႐ိုးရွင္းရွင္းနဲ႔ ေသသပ္လွပမႈရွိသလို ေျပာင္လက္ေတာက္ပေနတဲ့ ကိုယ္ထည္ဒီဇုိင္းေၾကာင့္ ဆြဲေဆာင္မႈလည္း ရွိပါတယ္။ အေရွ႕ဘက္နဲ႔ ေနာက္ေက်ာဘက္ကို အၾကမ္းခံတဲ့ Corning Gorilla Glass 5 ေတြနဲ႔ တည္ေဆာက္ထားၿပီး ေဘးေဘာင္ေတြကေတာ့ Plastic Frame ေတြ ျဖစ္ပါတယ္။ အေရွ႕ဘက္မ်က္ႏွာျပင္က ရွင္းလင္းေနၿပီး အေပၚဘက္မွာ circular notch ေသးေသးေလးသာပါရွိတဲ့ ေဘာင္ေပ်ာက္ဒီဇုိင္းပံုစံ ျဖစ္ပါတယ္။ ေနာက္ေက်ာဘက္ အေပၚညာဘက္ေထာင့္မွာေတာ့ အေနာက္ကင္မရာ 4 လံုးကို ေဒါင္လုိက္အေနအထားအတိုင္း တပ္ဆင္ေပးထားၿပီး ေဘးဘက္မွာေတာ့ LED Flash မီးလံုးေလးကို ထည့္သြင္းေပးထားပါတယ္။ ေအာက္ဘက္မွာေတာ့ ယံုၾကည္စိတ္ခ်စြာ အသံုးျပဳႏုိင္တဲ့ Fingerprint Scanner ကို ေတြ႕ျမင္ရမွာပါ။ ဖုန္းအရြယ္အစားက 158.3 x 75.3 x 8.4 mm ရွိၿပီး အေလးခ်ိန္က 190g ေလးပါတယ္။ ဒါေၾကာင့္ ၎ဖုန္းကို ေရြးခ်ယ္ဝယ္ယူႏုိင္မယ့္ အေရာင္ေတြကေတာ့ ဆန္းသစ္လွပတဲ့ Neptune Blue, Moonlight White, Space Black, Nebula Purple, Cosmic Purple blue ဆိုတဲ့ အေရာင္ 4 မ်ိဳးပဲ ျဖစ္ပါတယ္။

(2). Display

မ်က္ႏွာျပင္က 6.3-inch အက်ယ္ရွိၿပီး IPS LCD capacitive touchscreen, 16M colors display နဲ႔ ျပဳလုပ္ထားပါတယ္။ ၎မ်က္ႏွာျပင္က 19.5:9 ratio မွာ 1080 x 2340 pixels စြမ္းအားရွိတဲ့ ျမင္ကြင္းေတြကို ျပသႏုိင္ပါတယ္။ ဒါေၾကာင့္ က်ယ္ျပန္႔တဲ့မ်က္ႏွာျပင္က ၾကည္လင္ျပတ္သားတဲ့ ျမင္ကြင္းစြမ္းအားေတြကို ရရွိႏုိင္မွာပါ။ ဒါေၾကာင့္ ဂိမ္းကစားတာ၊ စာဖတ္တာေတြနဲ႔ ႐ုပ္ရွင္ၾကည့္တာေတြကို အဆင္ေျပေျပ လုပ္ေဆာင္ႏုိင္ပါတယ္။

(3). Operating System and Camera

ေနာက္ဆံုးေပၚ Android 9.0 (Pie) ကို အေျခခံထားတဲ့ အဆင့္ျမင့္ MIUI 10 User Interface ကို run ေပးထားပါတယ္။ အေနာက္ကင္မရာက 48 MP, f/1.8, (wide), 1/2″, 0.8µm, PDAF + 8 MP, f/2.2, 13mm (ultrawide), 1/4″, 1.12µm + 2 MP, f/2.4, 1/5″, 1.75µm (dedicated macro camera) + 2 MP, f/2.4, 1/5″, 1.75µm, depth sensor ေတြပါရွိၿပီး အေရွ႕ကင္မရာက 13 MP, f/2.0 aperture စြမ္းအားေတြကို ေထာက္ပံ့ေပးထားပါတယ္။

(4). Performance

ဖုန္းစြမ္းေဆာင္ရည္ပိုင္းအတြက္ Qualcomm SDM665 Snapdragon 665 (11 nm) chipset နဲ႔ RAM 4/6GB ပါရွိတဲ့ Octa-core (4×2.0 GHz Kryo 260 Gold & 4×1.8 GHz Kryo 260 Silver) processor တို႔ကို ပ့ံပိုးေပးထားပါတယ္။ ဒါ့အျပင္ ႐ုပ္ထြက္ပိုင္းအတြက္လည္း Adreno 610 GPU ကို သံုးထားလုိ႔ ၾကည္လင္ျပတ္သားတဲ့ ႐ုပ္ထြက္မ်ိဳးေတြကို ရရွိႏိုင္မွာပါ။

(5). Battery

ဘက္ထရီစြမ္းအားအေနနဲ႔ေတာ့ Non-removable Li-Po 4000mAh battery ကို ထည့္သြင္းေပးထားၿပီး Fast battery charging 18W စနစ္ပါရွိတာေၾကာင့္ ဖုန္းအားသြင္းရတာလည္း လ်င္ျမန္မႈ ရွိပါတယ္။

(6). Specification

» Display : 6.3 inches, IPS LCD capacitive touchscreen
» Memory : 128GB, 6GB RAM, micro SD, up to 256GB
» Camera : Quad : 48+8+2+2 MP / Single : 13 MP (Front)
» OS : Android 9.0 (Pie); MIUI 11
» Battery : Non-removable Li-Po 4000 mAh battery

» Price : 270,000 Ks

» Phone : 09-785222888 (Win Mobile World)

NetGuide Journal (Every Wednesday)