Websites

myanwiki.com/

http://myanwiki.com ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အွန်လိုင်းမီဒီယာတစ်ခုဖြစ်ပြီး မြန်ဝီးကီးဝက်ဘ်ဆိုက်မှာ အနုပညာသတင်းတွေ၊ ဗဟုသုတစာပေတွေ၊ အားကစားသတင်းတွေ၊ ကျန်းမာရေးသတင်းတွေ၊ နည်းပညာသတင်းတွေ၊ အစားအသောက်နဲ့ပတ်သက်တဲ့ review တွေနဲ့ အခြားသောစာပေသတင်းတွေကို အခမဲ့ ဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်။ တကယ့်ကို မှန်ကန်တဲ့သတင်းတွေကို အခမဲ့ ဖတ်ရှုရမှာဖြစ်ပြီး အကျိုးရှိတဲ့ အကြောင်းအရာလေးတွေကို ဖတ်ရအောင် သိထားသင့်တဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။

seedawyin.com/

https://seedawyin.com ဟာ ကားနဲ့ပတ်သက်တဲ့ review တွေ၊ ကားအစိတ်အပိုင်းတွေအကြောင်း စုံလင်စွာ လေ့လာသိရှိရမယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ကားအကြောင်းမသိဘဲ ဝယ်စီးနေတဲ့ကားပိုင်ရှင်တွေ ဝင်ဖတ်ကြည့်သင့်ပြီး Disc brake, battery sensor, CV Joints, OHV, OHC, SOHC, DOHC, Mass Air Flow Sensor (MAF), Front Control Arm, Starter Motor စတဲ့ ကားအစိတ်အပိုင်းတွေနဲ့ ပတ်သက်လို့ သိသင့်တာတွေကို လေ့လာရမှာပါ။ ကားကြည့်ရင် ဆောင်ရွက်ရမယ့်စာရင်း စသဖြင့် ကားနဲ့ပတ်သက်သမျှတွေကို လေ့လာရမှာ ဖြစ်ပါတယ်။

www.mhuhtet.com/

www.mhuhtet.com ဟာ ဒီဇိုင်းနဲ့ပတ်သက်လို့ လေ့လာနေသူတွေအတွက် အသုံးဝင်မယ့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာအတွေ့အကြုံများစွာရှိတဲ့ ဒီဇိုင်နာဆရာတစ်ဦးရဲ့ဆောင်းပါးတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ 3 မိနစ်စာ ဒီဇိုင်းသမိုင်းကြောင်းတွေ၊ စာလုံးပုံစံစီစဉ်ရေးသားနည်းတွေ၊ ဂရပ်ဖစ်ဒီဇိုင်း အခြေခံတွေအကြောင်း လေ့လာရမှာဖြစ်သလို Vector နဲ့ Raster အကြောင်း လေ့လာခြင်း၊ ဂရပ်ဖစ်ဒီဇိုင်းဆိုတာ ဘာလဲ စသဖြင့် ဒီဇိုင်းနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေကို ဖတ်ရှုရမှာပါ။

Facebook

www.facebook.com/Womens-Club-102281684579493/

Women’s Club ဟာ အမျိုးသမီးတိုင်း ကိုယ်ပိုင်ဝင်ငွေတစ်ခုနဲ့ရပ်တည်နိုင်ဖို့ စီးပွားရေးလုပ်ငန်းတွေမှာ ဦးဆောင်သူတစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့အတွက် အိမ်မှာနေရင်း လုပ်ကိုင်လို့ရနိုင်မယ့် အိမ်တွင်းမှု စီးပွားရေးလုပ်ငန်းတွေကို နည်းပညာနဲ့ချိတ်ဆက်ပြီး ဘယ်လို professional ကျကျ လုပ်နိုင်မလဲဆိုတာတွေကို sharing လုပ်ပြီး လိုအပ်တဲ့ နည်းပညာ Skill တွေ၊ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ အသိပညာဗဟုသုတတွေ များစွာကို sharing လုပ်ပေးနေတာ ဖြစ်ပါတယ်။

www.facebook.com/monsoon.fitnlit/

Monsoon ဟာ ကိုယ်ခန္ဓာသွယ်လျလှပပြီး ကျန်းမာကြံ့ခိုင်မှုလည်းရှိဖို့အတွက် လေ့လာစရာတွေရှိတဲ့ page တစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဝိတ်ထိန်းရာမှာ ကျန်းမာပြီး ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရဖို့အတွက် လုပ်သင့်လုပ်ထိုက်တဲ့ အရာလေးတွေကို သိရအောင် လေ့လာနိုင်မှာပါ။ Sport Nutrition, Basic Nutrition စတာတွေနဲ့ ပတ်သက်လို့ ရေးသားမျှဝေပေးနေသလို ခန္ဓာကိုယ်ဝိတ်နဲ့ ပတ်သက်လို့ ဘာလုပ်ရင် ဘယ်လိုဖြစ်တယ်၊ ဘာကြောင့်ဖြစ်တယ်ဆိုတာမျိုးတွေကို ရှင်းပြပေးတာတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

www.facebook.com/airqualityyangon/

Air Quality Yangon ဟာ ရန်ကုန်မြို့ရဲ့ လက်ရှိအချိန် လေထုအရည်အသွေး ဘယ်လောက်အဆင့်မှာ ရှိတယ်ဆိုတာ သိရဖို့အတွက် like လုပ်ထားသင့်တဲ့ page တစ်ခုပါ။ Air Quality Index (AQI) ဆိုတာ မိမိတို့ နေ့စဉ်ရှူရှိုက်နေရတဲ့ လေရဲ့အရည်အသွေးနဲ့ဆိုင်တဲ့ ကိန်းဂဏန်းဖြစ်ပြီး လူတွေ ရှူသွင်းနေတဲ့လေဟာ ဘယ်လောက်ထိ သန့်ရှင်းတယ်ဆိုတာကို တိုင်းတာချက် ဖြစ်ပါတယ်။ နေ့စဉ်ရှူရှိုက်နေတဲ့ လေထုအရည်အသွေးဟာ ကျန်းမာရေးအတွက် အလွန်အရေးပါတာဖြစ်လို့ လေထုအရည်အသွေးတိုင်းတာချက်တွေကို သိရအောင် page ကို like လုပ်ထားနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Websites & Facebook စာမျက်နှာများ

Websites

myanwiki.com/


seedawyin.com/


www.mhuhtet.com/


Facebook






