ဒီတစ်ပတ်မှာ ပွဲထွက်လာတာကတော့ နာမည်ကျော် Star Wars ရုပ်ရှင်စီးရီးတွဲကို ပြန်လည်အသက်သွင်းထားတဲ့ Star Wars Jedi : Fallen Order ဆိုတဲ့ အခွေလေးပဲ ဖြစ်ပါတယ်။ ဒီဂိမ်းလေးကို Respawn Entertainment အုပ်စုကနေ ဖန်တီးရေးဆွဲပေးထားပြီး ဖြန့်ချိပေးတဲ့ Publisher ကတော့ စျေးကွက်ဝင်ပေါက် ဂိမ်းတွေကိုပဲ တာဝန်ယူလေ့ရှိတဲ့ နာမည်ကျော် Electronic Arts ပါ။ ပလက်ဖောင်းတွေအနေနဲ့ကတော့ ၀င်းဒိုးသမားတွေအတွက်သာမက PlayStation 4 နဲ့ Xbox One တို့မှာပါ ကစားနိုင်မှာဖြစ်ပြီး ကန့်သတ်ချက်အနေနဲ့ကတော့ Single Player အနေနဲ့ပဲ ဖန်တီးထားတာ ဖြစ်ပါတယ်။
ကြယ်တာရာစစ်ပွဲတွေ ဆင်နွှဲရမယ့် အဓိကဇာတ်ကောင်နေရာမှာ Cal Kestis လို့ အမည်ပေးထားတဲ့ လူငယ်လေ့ကျင့်ရေးသမားတစ်ဦးအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး Code အနေနဲ့ကတော့ Jedi padawan learner လို့ ဖန်တီးပေးထားပါတယ်။ ယခင် Episode 3 : Revenge of the Sith ရဲ့ နောက်ဆက်တွဲအဖြစ် ဖန်တီးပေးထားပြီး Order 66 ကနေ လွတ်မြောက်လာတဲ့ Jedi padawan နဲ့ Galactic Empire တို့ရဲ့ ကြယ်တာရာစစ်ပွဲအလန်းစားတွေကို ၀င်ရောက်ဆင်နွှဲခွင့်ရမှာ ဖြစ်ပါတယ်။
Jedi ရဲ့ မဟာမိတ်တွေအဖြစ် Saw Gerrera, Cere Junda, Greez Dritus နဲ့ BD-1 အစရှိတဲ့ ဇာတ်ကောင်တွေကို ထည့်သွင်းပေးထားပြီး Galactic Empire ဖက်မှာတော့ Flame Trooper, Second Sister, Ninth Sister, Purge Trooper, Stormtrooper, Scout Trooper အစရှိတဲ့ လက်နက်ဆန်းသမားတွေကို ဖြည့်တင်းပေးထားတာ တွေ့ရမှာပါ။
Heroes တွေအနေနဲ့ အဓိက 17 မျိုး၊ ဗီလိန်ပိုင်းမှာ 12 မျိုး ဖန်တီးပေးထားမှာဖြစ်ပြီး Jedi Abilities ပိုင်းမှာတော့ Force push, Force pull နဲ့ Force slow ဆိုပြီး different abilities 3 မျိုး ပါ၀င်မှာ ဖြစ်ပါတယ်။ ဂိမ်းပလေးပိုင်းမှာ Third Person Perspective, Stealth ပုံစံတွေ ထည့်သွင်းပေးထားပြီး ဂရပ်ဖစ်အလန်းစားတွေအတွက် Unreal Engine 4 ဂိမ်းအင်ဂျင်ကို အသုံးပြုဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။
ဒီဂိမ်းလေးကို ကစားမယ်ဆိုရင်တော့ OS : 64-bit Windows 7/8.1/10, Processor : AMD FX-6100/Intel i3-3220 or Equivalent, Memory : 8GB RAM, Graphics : AMD Radeon HD 7750, NVIDIA GeForce GTX 650 or Equivalent, DirectX : Version 11, Storage : 55GB အနည်းဆုံး လိုအပ်မှာပါ။ စိတ်ဝင်စားလို့ ၀ယ်ယူဆော့ကစားချင်တဲ့ ဂိမ်မာတွေအတွက် အမြို့မြို့အနယ်နယ်တိုင်းက Excellent Softwares & Games ဆိုင်တိုင်းမှာ Star Wars Jedi : Fallen Order အခွေလေးကို ရရှိနိုင်ပြီဖြစ်တဲ့အကြောင်း သတင်းကောင်းလေး ပေးလိုက်ရပါတယ်။
စာရေးသူ : GT (Excellent)

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Star Wars Jedi : Fallen Order (PC)

ဒီတစ္ပတ္မွာ ပြဲထြက္လာတာကေတာ့ နာမည္ေက်ာ္ Star Wars ႐ုပ္ရွင္စီးရီးတြဲကို ျပန္လည္အသက္သြင္းထားတဲ့ Star Wars Jedi : Fallen Order ဆိုတဲ့ အေခြေလးပဲ ျဖစ္ပါတယ္။ ဒီဂိမ္းေလးကို Respawn Entertainment အုပ္စုကေန ဖန္တီးေရးဆြဲေပးထားၿပီး ျဖန္႔ခ်ိေပးတဲ့ Publisher ကေတာ့ ေစ်းကြက္၀င္ေပါက္ ဂိမ္းေတြကိုပဲ တာ၀န္ယူေလ့ရွိတဲ့ နာမည္ေက်ာ္ Electronic Arts ပါ။ ပလက္ေဖာင္းေတြအေနနဲ႔ကေတာ့ ၀င္းဒိုးသမားေတြအတြက္သာမက PlayStation 4 နဲ႔ Xbox One တို႔မွာပါ ကစားႏိုင္မွာျဖစ္ၿပီး ကန္႔သတ္ခ်က္အေနနဲ႔ကေတာ့ Single Player အေနနဲ႔ပဲ ဖန္တီးထားတာ ျဖစ္ပါတယ္။
ၾကယ္တာရာစစ္ပြဲေတြ ဆင္ႏႊဲရမယ့္ အဓိကဇာတ္ေကာင္ေနရာမွာ Cal Kestis လို႔ အမည္ေပးထားတဲ့ လူငယ္ေလ့က်င့္ေရးသမားတစ္ဦးအျဖစ္ ျမင္ေတြ႕ရမွာျဖစ္ၿပီး Code အေနနဲ႔ကေတာ့ Jedi padawan learner လို႔ ဖန္တီးေပးထားပါတယ္။ ယခင္ Episode 3 : Revenge of the Sith ရဲ႕ ေနာက္ဆက္တြဲအျဖစ္ ဖန္တီးေပးထားၿပီး Order 66 ကေန လြတ္ေျမာက္လာတဲ့ Jedi padawan နဲ႔ Galactic Empire တို႔ရဲ႕ ၾကယ္တာရာစစ္ပြဲအလန္းစားေတြကို ၀င္ေရာက္ဆင္ႏႊဲခြင့္ရမွာ ျဖစ္ပါတယ္။
Jedi ရဲ႕ မဟာမိတ္ေတြအျဖစ္ Saw Gerrera, Cere Junda, Greez Dritus နဲ႔ BD-1 အစရွိတဲ့ ဇာတ္ေကာင္ေတြကို ထည့္သြင္းေပးထားၿပီး Galactic Empire ဖက္မွာေတာ့ Flame Trooper, Second Sister, Ninth Sister, Purge Trooper, Stormtrooper, Scout Trooper အစရွိတဲ့ လက္နက္ဆန္းသမားေတြကို ျဖည့္တင္းေပးထားတာ ေတြ႕ရမွာပါ။
Heroes ေတြအေနနဲ႔ အဓိက 17 မ်ိဳး၊ ဗီလိန္ပိုင္းမွာ 12 မ်ိဳး ဖန္တီးေပးထားမွာျဖစ္ၿပီး Jedi Abilities ပိုင္းမွာေတာ့ Force push, Force pull နဲ႔ Force slow ဆိုၿပီး different abilities 3 မ်ိဳး ပါ၀င္မွာ ျဖစ္ပါတယ္။ ဂိမ္းပေလးပိုင္းမွာ Third Person Perspective, Stealth ပံုစံေတြ ထည့္သြင္းေပးထားၿပီး ဂရပ္ဖစ္အလန္းစားေတြအတြက္ Unreal Engine 4 ဂိမ္းအင္ဂ်င္ကို အသံုးျပဳဖန္တီးေပးထားတယ္လို႔ ဆိုပါတယ္။
ဒီဂိမ္းေလးကို ကစားမယ္ဆိုရင္ေတာ့ OS : 64-bit Windows 7/8.1/10, Processor : AMD FX-6100/Intel i3-3220 or Equivalent, Memory : 8GB RAM, Graphics : AMD Radeon HD 7750, NVIDIA GeForce GTX 650 or Equivalent, DirectX : Version 11, Storage : 55GB အနည္းဆံုး လိုအပ္မွာပါ။ စိတ္၀င္စားလို႔ ၀ယ္ယူေဆာ့ကစားခ်င္တဲ့ ဂိမ္မာေတြအတြက္ အၿမိဳ႕ၿမိဳ႕အနယ္နယ္တိုင္းက Excellent Softwares & Games ဆိုင္တိုင္းမွာ Star Wars Jedi : Fallen Order အေခြေလးကို ရရွိႏိုင္ၿပီျဖစ္တဲ့အေၾကာင္း သတင္းေကာင္းေလး ေပးလိုက္ရပါတယ္။
စာေရးသူ : GT (Excellent)

NetGuide Journal (Every Wednesday)