Panasonic HX-A100 Close View Camera, Main Unit, Ear Hook
Panasonic HX-A100 Full HD Wearable POV Camcorder ကတော့ POV-style camera ဖြစ်ပြီး အလေးချိန်ပေါ့ပါးအောင် ဖန်တီးပေးထားပါတယ်။ ၎င်းတွင် earhook နှင့် armband case တွေ ပါဝင်ပြီး ကင်မရာကို လိုသလို သယ်ဆောင်နိုင်ကာ ရေအနက် 5 ပေ အထိ ရေစိုခံနိုင်ခြင်းအပြင် Dustproof IP5X ကြောင့် ဖုန်တွေကိုလည်း မမှုပါဘူး။ Full HD 1920 x 1080 / 60p video တွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး monaural AAC audio အတွက် built-in microphone ကို ထည့်သွင်းပေးထားပါတယ်။ တောက်ပတဲ့ f/2.5 lens တွေအပြင် 1/4.1″ BSI sensor နှင့် အဆင့်မြင့် Image Processing LSI တို့ကြောင့် HX-A100 ဟာ ပြတ်သားကြည်လင်တဲ့ ပုံရိပ်တွေကို အလင်းရောင်အားနည်းနေတဲ့ ပတ်ဝန်းကျင်အနေအထားမှာတောင် ရိုက် ကူးနိုင်စေမှာပါ။ အံ့အားသင့်ဖွယ် ထူးခြားကောင်းမွန်တဲ့ slow-motion videos တွေကိုလည်း HD quality ဖြင့် ရိုက်ကူးနိုင်မှာဖြစ်ကာ Level Shot Function နှင့် Image Stabilizer တို့ကိုလည်း ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။ ဈေးနှုန်းအနေနဲ့ 138,000 Ks ကျသင့်မှာဖြစ်ကာ Panasonic Showroom, Ph : 01-292664 တွင် ဝယ်ယူနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Panasonic HX A100

