2020 ခုနှစ်မှာ 5G Trend ဖြစ်လာမယ်ဆိုတာ အားလုံးလည်း သိထားကြပြီး ဖြစ်ပါတယ်။ ထိပ်သီးစမတ်ဖုန်းများအပါအဝင် စမတ်ဖုန်းကုမ္ပဏီအမြောက်အမြားတို့ဟာ အဆင့်မြင့် 5G စမတ်ဖုန်းများသာမက အလယ်အလတ်တန်း 5G စမတ်ဖုန်းများလည်း ထုတ်လုပ်ရောင်းချလာမှာ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာ စမတ်ဖုန်းကုမ္ပဏီအများစုဟာ လာမယ့်နှစ်အထိ မစောင့်ဆိုင်းတော့ဘဲ ယခုနှစ်မှာဘဲ 5G စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချဖို့ လုပ်နေပါတယ်။ OPPO ဟာ ယခုလအတွင်းမှာဘဲ Dual-Mode 5G ဖုန်းတွေ ထုတ်လုပ်ရောင်းချဖို့ စီစဉ်ထားပါတယ်။

OPPO ဟာ ယခုနှစ်မကုန်မီ OPPO Reno 3 Pro 5G စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချသွားပါမယ်။ ယနေ့မှာ ဒီဖုန်းမှာ အသုံးပြုလာမယ့်စနစ်များ ပေါက်ကြားလာပါတယ်။

ယနေ့မှာ ပေါက်ကြားလာတဲ့သတင်းများအရ OPPO Reno 3 Pro 5G ကို Qualcomm Snapdragon 765G နှင့် ပါဝါထောက်ပံ့လာပါမယ်။ ဒီဖုန်းမှာ မျက်နှာပြင် 6.5 လက်မ OLED ထောင့်ကွေး ရုပ်ထွက်သုံးလာပါမယ်။ ဒီဖုန်းမှာလည်း ယခုနှစ်ထွက် အဆင့်မြင့် စမတ်ဖုန်းအများစုလိုဘဲ 90Hz Refresh Rate ပါဝင်လာပါမယ်။

ကျောဘက်ကင်မရာလေးလုံး ပါဝင်လာပါမယ်။ 48MP+8MP+13MP+2MP သုံးလာမှာဖြစ်ပြီး OIS ပါဝင်လာပါမယ်။ ဒီဖုန်းမှာ ဘက်ထရီ 4025mAh ပါဝင်လာမှာ ဖြစ်ပြီး 30W Fast Charging ပါဝင်လာပါမယ်။ ဒီဖုန်းအထူက 7.7 မီလီမီတာသာ ရှိလာမှာဖြစ်ပြီး 5G စမတ်ဖုန်းတွေကြားထဲမှာ အပါးဆုံး စမတ်ဖုန်း ဖြစ်လာပါမယ်။

ဒီဖုန်းကို ဘယ်တော့မိတ်ဆက်မယ်ဆိုတာ မသိရသေးပေမယ့် ယခုနှစ်လအတွင်းမှာ မိတ်ဆက်လာဖို့ သေချာနေပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

OPPO Reno 3 Pro တြင္ သုံးလာမယ့္စနစ္မ်ား ေပါက္ၾကားလာ

2020 ခုႏွစ္မွာ 5G Trend ျဖစ္လာမယ္ဆိုတာ အားလုံးလည္း သိထားၾကၿပီး ျဖစ္ပါတယ္။ ထိပ္သီးစမတ္ဖုန္းမ်ားအပါအဝင္ စမတ္ဖုန္းကုမၸဏီအေျမာက္အျမားတို႔ဟာ အဆင့္ျမင့္ 5G စမတ္ဖုန္းမ်ားသာမက အလယ္အလတ္တန္း 5G စမတ္ဖုန္းမ်ားလည္း ထုတ္လုပ္ေရာင္းခ်လာမွာ ျဖစ္ပါတယ္။

အျခားတစ္ဖက္မွာ စမတ္ဖုန္းကုမၸဏီအမ်ားစုဟာ လာမယ့္ႏွစ္အထိ မေစာင့္ဆိုင္းေတာ့ဘဲ ယခုႏွစ္မွာဘဲ 5G စမတ္ဖုန္းေတြ ထုတ္လုပ္ေရာင္းခ်ဖို႔ လုပ္ေနပါတယ္။ OPPO ဟာ ယခုလအတြင္းမွာဘဲ Dual-Mode 5G ဖုန္းေတြ ထုတ္လုပ္ေရာင္းခ်ဖို႔ စီစဥ္ထားပါတယ္။

OPPO ဟာ ယခုႏွစ္မကုန္မီ OPPO Reno 3 Pro 5G စမတ္ဖုန္းကို ထုတ္လုပ္ေရာင္းခ်သြားပါမယ္။ ယေန႔မွာ ဒီဖုန္းမွာ အသုံးျပဳလာမယ့္စနစ္မ်ား ေပါက္ၾကားလာပါတယ္။

ယေန႔မွာ ေပါက္ၾကားလာတဲ့သတင္းမ်ားအရ OPPO Reno 3 Pro 5G ကို Qualcomm Snapdragon 765G ႏွင့္ ပါဝါေထာက္ပံ့လာပါမယ္။ ဒီဖုန္းမွာ မ်က္ႏွာျပင္ 6.5 လက္မ OLED ေထာင့္ေကြး ႐ုပ္ထြက္သုံးလာပါမယ္။ ဒီဖုန္းမွာလည္း ယခုႏွစ္ထြက္ အဆင့္ျမင့္ စမတ္ဖုန္းအမ်ားစုလိုဘဲ 90Hz Refresh Rate ပါဝင္လာပါမယ္။

ေက်ာဘက္ကင္မရာေလးလုံး ပါဝင္လာပါမယ္။ 48MP+8MP+13MP+2MP သုံးလာမွာျဖစ္ၿပီး OIS ပါဝင္လာပါမယ္။ ဒီဖုန္းမွာ ဘက္ထရီ 4025mAh ပါဝင္လာမွာ ျဖစ္ၿပီး 30W Fast Charging ပါဝင္လာပါမယ္။ ဒီဖုန္းအထူက 7.7 မီလီမီတာသာ ရွိလာမွာျဖစ္ၿပီး 5G စမတ္ဖုန္းေတြၾကားထဲမွာ အပါးဆုံး စမတ္ဖုန္း ျဖစ္လာပါမယ္။

ဒီဖုန္းကို ဘယ္ေတာ့မိတ္ဆက္မယ္ဆိုတာ မသိရေသးေပမယ့္ ယခုႏွစ္လအတြင္းမွာ မိတ္ဆက္လာဖို႔ ေသခ်ာေနပါတယ္။

NetGuide Journal (Every Wednesday)