ပြီးခဲ့တဲ့ စက်တင်ဘာလက One Plus ရဲ့ နောက်ဆုံးပေါ် အဆင့်မြင့် မော်ဒယ်အသစ်တစ်ခုဖြစ်တဲ့ One Plus 7T ကို စတင်ထုတ်လုပ်ပေးခဲ့ပြီး အခုဆိုရင် စျေးကွက်ထဲမှာလည်း ရောင်းအားကောင်းလျက်ရ ှိပါတယ်။ One Plus 7T ဟာ အဆင့်မြင့် Premium Smartphone တစ်လုံးဖြစ်ပြီး One Plus ရဲ့ နောက်ဆုံးပေါ် Specs တွေနဲ့ features တွေကို ထည့်သွင်းပေးထားပါတယ်။ ၎င်းရဲ့အားသာချက်တွေကတော့ မျက်နှာပြင်ကြီးမားကျယ်ပြန့်ခြင်း၊ စက်စွမ်းဆောင်ရည်ကောင်းမွန်ခြင်း၊ အဆင့်မြင့်ကင်မရာတွေပါရှိခြင်းတွေအပြင် ဒီဇိုင်းပုံစံက အကြမ်းလည်း ခံပါတယ်။ ဒါကြောင့် အဘက်ဘက်က ပြီးပြည့်စုံမှုရှိတဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံးလို့တောင် ပြောနိုင်ပါတယ်။ ၎င်းကို GSM, CDMA, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Nano Dual SIM စနစ်ပါရှိလို့ Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။

ဒီဇိုင်းပုံစံက Premium ကျကျနဲ့ ခေတ်မီဆန်းသစ်လှပပြီး ကိုယ်ထည်တစ်ခုလုံးကလည်း ပြောင်လက်တောက်ပနေပါတယ်။ အရှေ့၊ အနောက်၊ အပေါ်၊ အောက်ဘောင်တွေလုံးဝမပါရှိပဲ Circular Notch ပုံစံအဝိုင်းလေးကိုပဲထည့်သာကြောင့် ထောက်ပံ့ထားတဲ့ မျက်နှာပြင်အကျယ်အတိုင်း မြင်ကွင်းတွေကို တွေ့မြင်ရမှာပါ။ အရှေ့မျက်နှာပြင်နဲ့ နောက်ကျောဘက်ကိုတော့ Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ကာကွယ်ပေးထားသလို ဘေးဘောင်တွေက anodized aluminum frame တွေဖြစ်လို့ တော်တော်လေးလည်း အကြမ်းခံပါတယ်။ နောက်ကျောဘက် အပေါ်အလယ်တည့်တည့်မှာ အနောက် Triple Camera Lens နဲ့ LED Flash မီးလုံးတို့ကို အဝိုင်းလေးထဲမှာ ထည့်ထားတဲ့ပုံစံက တစ်မျိုးလည်း ဆန်းသစ်မှုရှိပြီး တစ်ခြားဖုန်းတွေနဲ့ သိသိသသာသာ ကွဲထွက်နေပါတယ်။ Fingerprint scanner ကလည်း အရှေ့မျက်နှာပြင်မှာအောက်မှာ အဆင့်မြင့် Under-Display Fingerprint Scanner ကို တပ်ဆင်ပေးထားလို့ စမတ်ကျကျ အသုံးပြုနိုင်ပါတယ်။

ဖုန်းအရွယ်အစားက 160.9 x 74.4 x 8.1 mm (6.33 x 2.93 x 0.32 in) ရှိပြီး 190g လေးပါတယ်။ 6.55 inches ကျယ်တဲ့ မျက်နှာပြင်ကို Fluid AMOLED capacitive touchscreen, 16M colors display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး ၎င်းမျက်နှာပြင်က 20:9 ratio မှာ 1080 x 2400 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်ပါတယ်။ 1 လက်မ သိပ်သည်းဆပမာဏကတော့ ~402 ppi pixels ရှိပါတယ်။ မျက်နှာပြင်ပေါ်မှာ multi-touch စနစ်ကို ထောက်ပံ့ပေးထားပြီး နောက်ဆုံးပေါ် Corning Gorilla 5 နဲ့ ထပ်မံဖုံးအုပ်ပေးထားတာကြောင့် မတော်တဆ ပြုတ်ကျမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး အဆင်းရာ၊ အခြစ်ရာတွေကိုလည်း အလွယ်တကူ မဖြစ်စေနိုင်ပါဘူး။ အထဲမှာ Android 10.0 ကို အခြေခံထားတဲ့ အဆင့်မြင့် OxygenOS 10.0.5 User Interface ကို run ပေးထားလို့ အသုံးပြုရတာ အရမ်းအဆင်ပြေပါတယ်။

၎င်းရဲ့အနောက်ကင်မရာက 48 MP, f/1.6, 26mm (wide), 1/2″, 0.8µm, PDAF, OIS + 12 MP, f/2.2, 51mm (telephoto), 1.0µm, PDAF, 2x optical zoom + 16 MP, f/2.2, 17mm (ultrawide), AF စွမ်းအားတွေကို ထောက်ပံ့ပေးနိုင်ပြီး အရှေ့ကင်မရာကလည်း 16 MP, f/2.0, 25mm (wide), 1/3.1″, 1.0µm စွမ်းအားတွေပါရှိပါတယ်။ ဒါကြောင့် တကယ့် Professional ကင်မရာနဲ့ ရိုက်ထားတဲ့ဓာတ်ပုံမျိုးနဲ့ အရည်အသွေးမြင့်ဗီဒီယိုတွေကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ လျင်မြန်တိကျတဲ့ စက်စွမ်းဆောင်ရည်ပိုင်းကို ရရှိစေဖို့အတွက် အဆင့်မြင့် Chipset, processor တွေနဲ့ အရည်အသွေးမြင့် Graphics card တွေကို အသုံးပြုထားပါတယ်။ ဒါ့အပြင် ဖုန်းပြောတဲ့အခါမှာ အသံတွေက ကြည်လင်ပြတ်သားမှုရှိပြီး Dolby At-mos sound စနစ်ပါရှိလို့ စပီကာကနေ အကောင်းဆုံး အသံစွမ်းအားတွေကို ထုတ်လွှတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဖုန်းတစ်လုံးရဲ့ အဓိကလိုအပ်ချက်တွေနဲ့ အားလုံးပြည့်စုံပြီး ဒီဇိုင်းပုံစံပိုင်းကပါ ခေတ်မီဆန်းသစ်လှပမှုရှိတာကြောင့် One Plus ချစ်သူတွေကတော့ တကယ့်ကို ဝယ်ယူအသုံးပြုသင့်တဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

(1). Design

တည်ဆောက်ပုံဒီဇိုင်းက ကျစ်ကျစ်လျစ်လျစ်နဲ့ တောင့်တင်းခိုင်မာပြီး သစ်လွင်တောက်ပနေတဲ့ ကိုယ်ထည်ဒီဇိုင်းကြောင့် ဆွဲဆောင်မှုလည်း ရှိပါတယ်။ ၎င်းဖုန်းကို စျေးကွက်ထဲမှာ ရွေးချယ်ဝယ်ယူနိုင်မယ့် အရောင်တွေကတော့ Frosted Silver နဲ့ Glacier Blue ဆိုတဲ့ အရောင် 2 မျိုးပဲ ဖြစ်ပါတယ်။

(2). Processor

ဖုန်းစွမ်းဆောင်ရည်ပိုင်းအတွက် RAM 8GB ပါရှိတဲ့ Octa-core (1×2.96 GHz Kryo 485 & 3×2.42 GHz Kryo 485 & 4×1.78 GHz Kryo 485) processor နဲ့ Qualcomm SDM855 Snapdragon 855+ (7 nm) chipset တို့ကို ထည့်ထားပြီး Adreno 640 (700 MHz) GPU က ရုပ်ထွက်ပိုင်းကိုလည်း ထောက်ပံ့ထားပါတယ်။

(3). Display and Camera

6.55 inches ကျယ်တဲ့ Fluid AMOLED capacitive touchscreen, 16M colors display က 1080 x 2400 pixels ရှိတဲ့ full HD မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်ပါတယ်။ အရည်အသွေးမြင့် အနောက်ကင်မရာ 3 လုံးနဲ့ အရှေ့ကင်မရာ 1 လုံးပါရှိပြီး အလွန်အသုံးဝင်တဲ့ features တွေလည်း ပါရှိပါတယ်။

(4). Verdict

One Plus 7T စမတ်ဖုန်းဟာ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးရဲ့ အင်္ဂါရပ်တွေနဲ့ ကိုက်ညီမှုရှိပြီး ဒီဇိုင်းပုံစံကလည်း လှပဆန်းသစ်မ ှုရှိပါတယ်။ ဒါကြောင့် နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းတွေကိုမှ ကိုင်တွယ်သုံးစွဲချင်တဲ့ သူတွေအတွက် ဒီဖုန်းလေးဟာလည်း ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးပါပဲ။

(5). Battery Life

Non-removable Li-Po 3800 mAh battery က တစ်ခါ အားအပြည့်သွင်းထားရင် နာရီပေါင်းများစွာ အသုံးပြုနိုင်ပြီး ဒါ့အပြင် ဖုန်းအားသွင်းရတာမြန်ဆန်တဲ့ Fast battery charging 30W (Warp Charge 30T) စနစ်လည်း ပါရှိပါသေးတယ်။

(6). Specification

» Network : GSM/CDMA/HSPA/LTE (Dual SIM)
» Weight : 190 g
» Display : 6.55″, Fluid AMOLED capacitive touchscreen
» Resolution : 1080 x 2400 pixels, 20:9 ratio (~402ppi)
» Dimensions : 160.9 x 74.4 x 8.1 mm
» Memory : 128GB, 8GB RAM
» Camera : Triple 48MP, f/1.6, 1/2″, 0.8µm, PDAF, 12MP, f/2.2, 1.0µm, PDAF, 2xoptical zoom, 16MP, f/2.2, AF, Dual – LED Flash, HDR, Selfie : 20MP, f/2.2, 1/2.8″, 1.0µm
» Connectivity : GPS, WLAN, Bluetooth 5.0, Type-C 1.0
» OS : Android 10.1, Oxygen OS 10.0.5
» Chipset : Qualcomm SDM855 Snapdragon 855+
» CPU : Octa-core (1×2.96 GHz Kryo 485 & 3×2.42 GHz Kryo 485)
» GPU : Adreno 640
» Sensor : Fingerprint (Under display, optical), accelerometer
» Battery : Non-removable Li-Po 3800mAh

» Price : 660,000 Ks

» Contact Phone : 09-785222888 (Win Mobile World)

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

One Plus 7T (Blue)

ၿပီးခဲ့တဲ့ စက္တင္ဘာလက One Plus ရဲ႕ ေနာက္ဆံုးေပၚ အဆင့္ျမင့္ ေမာ္ဒယ္အသစ္တစ္ခုျဖစ္တဲ့ One Plus 7T ကို စတင္ထုတ္လုပ္ေပးခဲ့ၿပီး အခုဆိုရင္ ေစ်းကြက္ထဲမွာလည္း ေရာင္းအားေကာင္းလ်က္ရ ွိပါတယ္။ One Plus 7T ဟာ အဆင့္ျမင့္ Premium Smartphone တစ္လံုးျဖစ္ၿပီး One Plus ရဲ႕ ေနာက္ဆံုးေပၚ Specs ေတြနဲ႔ features ေတြကို ထည့္သြင္းေပးထားပါတယ္။ ၎ရဲ႕အားသာခ်က္ေတြကေတာ့ မ်က္ႏွာျပင္ႀကီးမားက်ယ္ျပန္႔ျခင္း၊ စက္စြမ္းေဆာင္ရည္ေကာင္းမြန္ျခင္း၊ အဆင့္ျမင့္ကင္မရာေတြပါရွိျခင္းေတြအျပင္ ဒီဇိုင္းပံုစံက အၾကမ္းလည္း ခံပါတယ္။ ဒါေၾကာင့္ အဘက္ဘက္က ၿပီးျပည့္စံုမႈရွိတဲ့ အဆင့္ျမင့္ စမတ္ဖုန္းတစ္လံုးလုိ႔ေတာင္ ေျပာႏုိင္ပါတယ္။ ၎ကို GSM, CDMA, HSPA နဲ႔ LTE networks ေတြမွာ အသံုးျပဳႏုိင္ၿပီး Nano Dual SIM စနစ္ပါရွိလုိ႔ Nano SIM card 2 card ကို တစ္ၿပိဳင္နက္တည္း ထည့္သံုးႏုိင္ပါတယ္။

ဒီဇုိင္းပံုစံက Premium က်က်နဲ႔ ေခတ္မီဆန္းသစ္လွပၿပီး ကိုယ္ထည္တစ္ခုလံုးကလည္း ေျပာင္လက္ေတာက္ပေနပါတယ္။ အေရွ႕၊ အေနာက္၊ အေပၚ၊ ေအာက္ေဘာင္ေတြလံုးဝမပါရွိပဲ Circular Notch ပံုစံအဝိုင္းေလးကိုပဲထည့္သာေၾကာင့္ ေထာက္ပံ့ထားတဲ့ မ်က္ႏွာျပင္အက်ယ္အတိုင္း ျမင္ကြင္းေတြကို ေတြ႕ျမင္ရမွာပါ။ အေရွ႕မ်က္ႏွာျပင္နဲ႔ ေနာက္ေက်ာဘက္ကိုေတာ့ Corning Gorilla Glass 5 နဲ႔ ဖံုးအုပ္ကာကြယ္ေပးထားသလို ေဘးေဘာင္ေတြက anodized aluminum frame ေတြျဖစ္လုိ႔ ေတာ္ေတာ္ေလးလည္း အၾကမ္းခံပါတယ္။ ေနာက္ေက်ာဘက္ အေပၚအလယ္တည့္တည့္မွာ အေနာက္ Triple Camera Lens နဲ႔ LED Flash မီးလံုးတုိ႔ကို အဝိုင္းေလးထဲမွာ ထည့္ထားတဲ့ပံုစံက တစ္မ်ိဳးလည္း ဆန္းသစ္မႈရွိၿပီး တစ္ျခားဖုန္းေတြနဲ႔ သိသိသသာသာ ကြဲထြက္ေနပါတယ္။ Fingerprint scanner ကလည္း အေရွ႕မ်က္ႏွာျပင္မွာေအာက္မွာ အဆင့္ျမင့္ Under-Display Fingerprint Scanner ကို တပ္ဆင္ေပးထားလုိ႕ စမတ္က်က် အသံုးျပဳႏိုင္ပါတယ္။

ဖုန္းအရြယ္အစားက 160.9 x 74.4 x 8.1 mm (6.33 x 2.93 x 0.32 in) ရွိၿပီး 190g ေလးပါတယ္။ 6.55 inches က်ယ္တဲ့ မ်က္ႏွာျပင္ကို Fluid AMOLED capacitive touchscreen, 16M colors display အမ်ိဳးအစားနဲ႔ ျပဳလုပ္ေပးထားၿပီး ၎မ်က္ႏွာျပင္က 20:9 ratio မွာ 1080 x 2400 pixels ရွိတဲ့ ျမင္ကြင္းစြမ္းအားေတြကို ျပသေပးႏိုင္ပါတယ္။ 1 လက္မ သိပ္သည္းဆပမာဏကေတာ့ ~402 ppi pixels ရွိပါတယ္။ မ်က္ႏွာျပင္ေပၚမွာ multi-touch စနစ္ကို ေထာက္ပံ့ေပးထားၿပီး ေနာက္ဆံုးေပၚ Corning Gorilla 5 န႔ဲ ထပ္မံဖုံးအုပ္ေပးထားတာေၾကာင့္ မေတာ္တဆ ျပဳတ္က်မႈဒဏ္ကို ခံႏုိင္ရည္ရွိၿပီး အဆင္းရာ၊ အျခစ္ရာေတြကိုလည္း အလြယ္တကူ မျဖစ္ေစႏုိင္ပါဘူး။ အထဲမွာ Android 10.0 ကို အေျခခံထားတဲ့ အဆင့္ျမင့္ OxygenOS 10.0.5 User Interface ကို run ေပးထားလုိ႔ အသံုးျပဳရတာ အရမ္းအဆင္ေျပပါတယ္။

၎ရဲ႕အေနာက္ကင္မရာက 48 MP, f/1.6, 26mm (wide), 1/2″, 0.8µm, PDAF, OIS + 12 MP, f/2.2, 51mm (telephoto), 1.0µm, PDAF, 2x optical zoom + 16 MP, f/2.2, 17mm (ultrawide), AF စြမ္းအားေတြကို ေထာက္ပံ့ေပးႏုိင္ၿပီး အေရွ႕ကင္မရာကလည္း 16 MP, f/2.0, 25mm (wide), 1/3.1″, 1.0µm စြမ္းအားေတြပါရွိပါတယ္။ ဒါေၾကာင့္ တကယ့္ Professional ကင္မရာနဲ႔ ႐ိုက္ထားတဲ့ဓာတ္ပံုမ်ိဳးနဲ႔ အရည္အေသြးျမင့္ဗီဒီယိုေတြကို ရရွိႏိုင္မွာပဲျဖစ္ပါတယ္။ လ်င္ျမန္တိက်တဲ့ စက္စြမ္းေဆာင္ရည္ပိုင္းကို ရရွိေစဖုိ႔အတြက္ အဆင့္ျမင့္ Chipset, processor ေတြနဲ႔ အရည္အေသြးျမင့္ Graphics card ေတြကို အသံုးျပဳထားပါတယ္။ ဒါ့အျပင္ ဖုန္းေျပာတဲ့အခါမွာ အသံေတြက ၾကည္လင္ျပတ္သားမႈရွိၿပီး Dolby At-mos sound စနစ္ပါရွိလုိ႔ စပီကာကေန အေကာင္းဆံုး အသံစြမ္းအားေတြကို ထုတ္လႊတ္ေပးႏုိင္ပါတယ္။ ဒါေၾကာင့္ ဖုန္းတစ္လံုးရဲ႕ အဓိကလုိအပ္ခ်က္ေတြနဲ႔ အားလံုးျပည့္စံုၿပီး ဒီဇုိင္းပံုစံပိုင္းကပါ ေခတ္မီဆန္းသစ္လွပမႈရွိတာေၾကာင့္ One Plus ခ်စ္သူေတြကေတာ့ တကယ့္ကို ဝယ္ယူအသံုးျပဳသင့္တဲ့ အဆင့္ျမင့္ စမတ္ဖုန္းတစ္လံုးပဲ ျဖစ္ပါတယ္။

(1). Design

တည္ေဆာက္ပံုဒီဇုိင္းက က်စ္က်စ္လ်စ္လ်စ္နဲ႔ ေတာင့္တင္းခုိင္မာၿပီး သစ္လြင္ေတာက္ပေနတဲ့ ကိုယ္ထည္ဒီဇုိင္းေၾကာင့္ ဆြဲေဆာင္မႈလည္း ရွိပါတယ္။ ၎ဖုန္းကို ေစ်းကြက္ထဲမွာ ေရြးခ်ယ္ဝယ္ယူႏိုင္မယ့္ အေရာင္ေတြကေတာ့ Frosted Silver နဲ႔ Glacier Blue ဆိုတဲ့ အေရာင္ 2 မ်ိဳးပဲ ျဖစ္ပါတယ္။

(2). Processor

ဖုန္းစြမ္းေဆာင္ရည္ပိုင္းအတြက္ RAM 8GB ပါရွိတဲ့ Octa-core (1×2.96 GHz Kryo 485 & 3×2.42 GHz Kryo 485 & 4×1.78 GHz Kryo 485) processor နဲ႔ Qualcomm SDM855 Snapdragon 855+ (7 nm) chipset တို႔ကို ထည့္ထားၿပီး Adreno 640 (700 MHz) GPU က ႐ုပ္ထြက္ပိုင္းကိုလည္း ေထာက္ပံ့ထားပါတယ္။

(3). Display and Camera

6.55 inches က်ယ္တဲ့ Fluid AMOLED capacitive touchscreen, 16M colors display က 1080 x 2400 pixels ရွိတဲ့ full HD ျမင္ကြင္းစြမ္းအားေတြကို ျပသေပးႏိုင္ပါတယ္။ အရည္အေသြးျမင့္ အေနာက္ကင္မရာ 3 လံုးနဲ႔ အေရွ႕ကင္မရာ 1 လံုးပါရွိၿပီး အလြန္အသံုးဝင္တဲ့ features ေတြလည္း ပါရွိပါတယ္။

(4). Verdict

One Plus 7T စမတ္ဖုန္းဟာ အဆင့္ျမင့္စမတ္ဖုန္းတစ္လံုးရဲ႕ အဂၤါရပ္ေတြနဲ႔ ကိုက္ညီမႈရွိၿပီး ဒီဇုိင္းပံုစံကလည္း လွပဆန္းသစ္မ ႈရွိပါတယ္။ ဒါေၾကာင့္ ေနာက္ဆံုးေပၚ အဆင့္ျမင့္စမတ္ဖုန္းေတြကိုမွ ကိုင္တြယ္သံုးစြဲခ်င္တဲ့ သူေတြအတြက္ ဒီဖုန္းေလးဟာလည္း ေရြးခ်ယ္သင့္တဲ့ ဖုန္းတစ္လံုးပါပဲ။

(5). Battery Life

Non-removable Li-Po 3800 mAh battery က တစ္ခါ အားအျပည့္သြင္းထားရင္ နာရီေပါင္းမ်ားစြာ အသံုးျပဳႏုိင္ၿပီး ဒါ့အျပင္ ဖုန္းအားသြင္းရတာျမန္ဆန္တဲ့ Fast battery charging 30W (Warp Charge 30T) စနစ္လည္း ပါရွိပါေသးတယ္။

(6). Specification

» Network : GSM/CDMA/HSPA/LTE (Dual SIM)
» Weight : 190 g
» Display : 6.55″, Fluid AMOLED capacitive touchscreen
» Resolution : 1080 x 2400 pixels, 20:9 ratio (~402ppi)
» Dimensions : 160.9 x 74.4 x 8.1 mm
» Memory : 128GB, 8GB RAM
» Camera : Triple 48MP, f/1.6, 1/2″, 0.8µm, PDAF, 12MP, f/2.2, 1.0µm, PDAF, 2xoptical zoom, 16MP, f/2.2, AF, Dual – LED Flash, HDR, Selfie : 20MP, f/2.2, 1/2.8″, 1.0µm
» Connectivity : GPS, WLAN, Bluetooth 5.0, Type-C 1.0
» OS : Android 10.1, Oxygen OS 10.0.5
» Chipset : Qualcomm SDM855 Snapdragon 855+
» CPU : Octa-core (1×2.96 GHz Kryo 485 & 3×2.42 GHz Kryo 485)
» GPU : Adreno 640
» Sensor : Fingerprint (Under display, optical), accelerometer
» Battery : Non-removable Li-Po 3800mAh

» Price : 660,000 Ks

» Contact Phone : 09-785222888 (Win Mobile World)

NetGuide Journal (Every Wednesday)