Into the Dead 2 ဟာ zombie တိုက်ခိုက်ရေးဂိမ်းနဲ့ endless runner ပုံစံပေါင်းစပ်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး အလွန်လူကြိုက်များခဲ့တဲ့ ဒေါင်းလုတ်ဆွဲယူမှု ပေါင်းသန်း 70 ကျော်သွားခဲ့တဲ့ zombie အက်ရှင်ဂိမ်း Into the Dead ရဲ့နောက်ဆက်တွဲ ထွက်ရှိလာတာဖြစ်ပါတယ်။
မိသားစုကိုကယ်တင်ဖို့အတွက် မကောင်းဆိုးဝါး zombie တွေပြည့်နေတဲ့နယ်မြေထဲဝင်ရောက်ပြီး အသက်ရှင်သန်လွတ်မြောက်ဖို့အတွက် မကောင်းဆိုးဝါးတွေကို ပစ်ခတ်တိုက်ခိုက်သွားရမယ့်ဂိမ်းပုံစံကို ကစားရမှာဖြစ်ပါတယ်။ ဘယ်သူမှဘေးကင်းလုံခြုံမှုမရှိတဲ့ zombie ကမ္ဘာအတွင်းအသက်ရှင်ကျန်ရစ်အောင် ဘယ် လောက်ကြာကြာဆက်သွားနိုင်မလဲဆိုတာ စမ်းသပ်ကြည့်ရမယ့် ဂိမ်းဖြစ်ပြီး ရှေ့ဆက်သွားနိုင်ဖို့အတွက် တွေ့သမျှမကောင်းဆိုးဝါးကောင်တွေကို သတ်ဖြတ်ချေမှုန်းရမှာ ဖြစ်ပါတယ်။
စွန့်စားတိုက်ခိုက်မှုတွေနဲ့ပြည့်နေတဲ့ chapter 7 ခုအတွင်း အဆင့်ပေါင်း 60 ကျော်မှာ ရာချီတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ရပါမယ်။ ဖျက်အားပြင်း လက်နက်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေအပါအဝင် လက်နက်အမျိုးမျိုးကိုအသုံးပြုနိုင်ပြီး နောက်ထပ်လက်နက်တွေ unlock လုပ်တာ အဆင့်မြှင့်တင်တာတိ့ု လုပ်နိုင်ပါတယ်။ ကစားဖို့အတွက်အင်တာနက်မလိုအပ်ပါဘူး။ Android 4.1 နဲ့အထက်မှာ ကစားနိုင်ပါတယ်။
NetGuide Journal (Every Wednesday)
—————————————————————————————
(Zawgyi Version)
Into the Dead 2 : Zombie Survival