Huawei ဟာ စမတ်မျက်မှန်ကို ပြီးခဲ့တဲ့ ဧပြီလတုန်းက ကြေညာခဲ့ပါတယ်။ Huawei EyeWear စမတ်မျက်မှန် ဖြစ်ပါတယ်။ Huawei EyeWear Smart Glass ကို Smart East Moon 1 ၊ Smart Jack Bye 01 ၊ Smart South Side 01 ၊ Smart Alio 01 ၊ Smart Alio C1 စတဲ့အမည်တို့နဲ့ ဗားရှင်းငါးမျိုးနှင့် ထုတ်လုပ် ရောင်းချခဲ့ပါတယ်။ South Side 01 ကို ဈေးနှုန်း ဒေါ်လာ 280 သတ်မှတ်ထားပြီး ကျန်လေးမျိုးကို ဒေါ်လာ 355 သတ်မှတ်ထားပါတယ်။ Huawei ဟာ အထက်ပါ စမတ်မျက်မှန်များကို တောင်ကိုရီးယားထိပ်သီး မျက်မှန်ကုမ္ပဏီ Gentle Monster နှင့် ပူးပေါင်းဖန်တီးထားတာ ဖြစ်ပါတယ်။

ယခုအခါ Huawei ဟာ Smart East Moon 01 ၊ Smart Alio 01 နှင့် Smart Alio C1 တို့ကိုလည်း ရောင်းချလာပြီ ဖြစ်ပါတယ်။ ဒီစမတ်မျက်မှန်များကို ဧပြီလကတည်းက ကြေညာထားပေမယ့် ယခုအခါမှ ရောင်းချလာတာလည်း ဖြစ်ပါတယ်။

Huawei စမတ်မျက်မှန်များမှာ Antenna ၊ Charging Mode ၊ Dual Microphone ၊ Chipset ၊ စပီကာ၊ ဘက်ထရီတို့ ပါဝင်ပါတယ်။ ဒါ့အပြင် Lens ကိုပါ ပြောင်းသုံးနိုင်အောင် လုပ်ထားပါတယ်။

ဒါ့အပြင့် AI Voice Assistant လည်း ထည့်သွင်းထားကာ ဖုန်းခေါ်ဆိုခိုင်းခြင်း ပြုလုပ်နိုင်တဲ့အပြင် စမတ်ဖုန်းသို့ ဝင်ရောက်လာတဲ့ဖုန်းများအား စမတ်မျက်မှန်ကိုင်းကို နှစ်ချက်ထိပြီး ပြန်ဖြေနိုင်ပါတယ်။

ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတာကတော့ IP67 ရရှိကာ ရေဒဏ်၊ ဖုန်ဒဏ်ခံနိုင်ပါတယ်။ Bluetooth ၊ USB TYpe C ပါဝါပြီး မျက်မှန်အိမ်မှာ ထည့်သွင်းထားပြီး အားသွင်းထားနိုင်ပါတယ်။ နာရီ 20 ကြာ Standby ထားနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Huawei စမတ်မျက်မှန် အထူးထုတ်ဗားရှင်းကို ပြန်လည်ရောင်းချနေပြီ





