မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းလေးက ဖုန်းအား 90% လောက်ကနေသုံးနေရင်း Restart ချလိုက်တော့ 50% အောက်ကိုရောက်သွားလို့ပါ။ အဲ့ဒါ ဘာကြောင့်ပါလဲခင်ဗျာ။
ဖြေ – ဖုန်းသုံးနေရင်းအားရှိနေပြီး Restart ချလိုက်ရင် ကျသွားတယ်ဆိုတာကတော့ တချို့ဖုန်းတွေက Battery ကြောင့်အဖြစ်များပါတယ်။ Battery ကြောင့်မဟုတ်ခဲ့ရင်တောင် Restart ချလိုက်တဲ့အခါ Phone က Data တွေ ကို သယ်ဆောင်တဲ့ပတ်လမ်းတွေကို သေချာလိုက်စစ်နေရတာဖြစ်တဲ့အတွက်ကြောင့် အားလျော့သွားတာ လည်းဖြစ်နိုင်ပါတယ် အစ်ကိုရေ။

မေး – iPhone မှာ iCloud အကောင့်ကို ကိုယ်တိုင်ဖွင့်ချင်လို့ပါခင်ဗျာ။ ရနိုင်ပါသလားအစ်ကိုရေ။
ဖြေ – ကိုယ်တိုင်ဖွင့်ဖို့ဆိုရင်တော့ Laptop တစ်လုံးတော့လိုအပ်ပါလိမ့်မယ်ခင်ဗျာ။ ကိုယ်တိုင်ကျွမ်းကျင်ရင်တော့ ရနိုင်ပါတယ်အစ်ကိုရေ။

မေး – Android OS ဖုန်းတွေပျောက်ခဲ့ရင် ဘယ်လိုရှာလို့ရနိုင်မလဲ။ ဘာတွေကို လိုအပ်ပါသလဲခင်ဗျာ။
ဖြေ – Apple လို Security အရမ်းကောင်းတဲ့ Phone မျိုးကိုတောင် ပြန်ရှာဖို့ဆိုတာ အဆင်မပြေပါဘူးခင်ဗျာ။ Android ဆိုရင် Mi ဆိုရင်တော့ နည်းနည်းတော့ ခန့်မှန်းခြေရနိုင်ပါတယ်။

မေး – အစ်ကိုရေ ကျွန်တော့ဖုန်းက Samsung J7 2017 ပါ။ အောက်ကိုကျသွားတာမှာ အသံတော့လာပြီး မြင်လည်းမမြင်ရတော့ပါဘူး။ နှိပ်လည်းနှိပ်မရတော့လို့ပါ။ ပြန်ပြုပြင်ရင် အကုန်အကျများနိုင်ပါ သလားခင်ဗျာ။
ဖြေ – ဟုတ်ကဲ့ပါ။ အစ်ကိုရေ Samsung ဖုန်းတွေက အဲ့ဒီလိုဖြစ်ပြီဆို ရင်တော့ အကုန်အကျများပါတယ်ခင်ဗျာ။ များတယ်ဆိုတာကတော့ တခြားအမျိုးအစားတွေထက်ယှဉ်ရင်ပါ။ အသံကြားပြီးရုပ်မမြင်တော့ တာဟာ LCD ပျက်သွားတာဖြစ်ပါတယ်။

မေး – ကျွန်တော့်ဖုန်းက App တစ်ခုခုကိုသုံးနေရင် တစ်ခါတလေမှာ ဘာမှနှိပ်လို့မရတော့ပါဘူးခင်ဗျာ။ Screen ကိုလည်း ဆွဲမရတော့လို့ပါ။ အကြံလေးပေးပါဦးအစ်ကိုရေ။
ဖြေ – ဟုတ်ကဲ့ပါ။ အစ်ကိုရေ Factory Restart ချကြည့်ဖို့ကို အကြံပေးချင်ပါတယ်ခင်ဗျာ။ Data တွေ အရမ်းများနေတဲ့အခါမျိုးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

မေး – Google Play Store မှာ တချို့ App တွေကို Download ဆွဲရင် This Item isn’t available in this country လို့ပဲ ပြပြနေပါတယ်အစ်ကိုရေ။ အဲ့ဒါက ဘာကြောင့်ပါလဲခင်ဗျာ။
ဖြေ – အဲ့ဒီလိုပြနေတာဟာ ဖုန်းရဲ့ App ပေါ်မှာလည်း မူတည်နေပါတယ်ခင်ဗျာ။ Play Store အသစ်ကို ထပ်ဖွင့် ကြည့်စေချင်ပါတယ်။

မေး – မင်္ဂလာပါအစ်ကိုရေ။ IC တစ်လုံးက သက်တမ်းကုန်ဆုံးတယ်ဆိုတာ ရှိပါသလားခင်ဗျာ။
ဖြေ – ဟုတ်ကဲ့ပါခင်ဗျာ။ IC မှာတော့ သက်တမ်းကုန်ဆုံးတယ်ဆိုတာရယ်လိုတော့ မသတ်မှတ်ထားပါဘူး ခင်ဗျာ။ သူ့ရဲ့အရည်အသွေးတွေ ကျလာတာနဲ့အမျှရယ် သုံးတဲ့ User ရဲ့ အသုံးပြုတဲ့ပမာဏရယ်ကြောင့်သာ လုပ်ဆောင်ရည်တွေ ကျလာတာမျိုးဖြစ်ပါတယ်။

မေး – အစ်ကိုရေ။ iPhone တွေမှာ Zapya နဲ့ကူးတဲ့ File တွေကို Video ကြည့်တဲ့ Application ထဲရောက် အောင် လုပ်လို့ရပါသလားခင်ဗျာ။
ဖြေ – iPhone တွေမှာ အဲဒီလိုမျိုးတော့မရနိုင်ပါဘူးခင်ဗျာ။ ရတဲ့ App လေးတွေတော့ရှိပါတယ်။

မေး – Software Update တင်ရင် အထဲက Data တွေကို ပျက်တတ်ပါသလားအစ်ကိုရေ။
ဖြေ – မပျက်တတ်ပါဘူးခင်ဗျာ။ Software Update တင်ရုံနဲ့တော့ Data တွေ မပျက်စီးနိုင်ပါဘူး။ အမှားယွင်းမရှိ အောင်တင်ဖို့တော့ လိုအပ်ပါတယ်။

မေး – နောက်ပိုင်းဖုန်းတွေမှာပါတဲ့ Battery အသေတွေက တကယ်လို့ ပျက်စီးသွားခဲ့ရင် လဲလှယ်လို့ရနိုင်ပါ သလားခင်ဗျာ။
ဖြေ – ဟုတ်ကဲ့။ ရပါတယ်။ Battery အသေတွေလည်း လဲလှယ်လို့ရပါတယ်ခင်ဗျာ။ ဈေးကတော့ နည်းနည်း လေး ပိုပြီးကြီးသွားပါတယ်ခင်ဗျာ။

Pyae Sone Mobile Service & Training (တိုက်ကြီးမြို့) ဖုန်း-09-692203616,09-263021551မှ ကူညီပံ့ပိုး ပါသည်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

“အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာ ျပႆနာမ်ား”

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းေလးက ဖုန္းအား 90% ေလာက္ကေနသံုးေနရင္း Restart ခ်လိုက္ေတာ့ 50% ေအာက္ကိုေရာက္သြားလို႔ပါ။ အဲ့ဒါ ဘာေၾကာင့္ပါလဲခင္ဗ်ာ။

ေျဖ – ဖုန္းသံုးေနရင္းအားရွိေနၿပီး Restart ခ်လိုက္ရင္ က်သြားတယ္ဆိုတာကေတာ့ တခ်ိဳ႕ဖုန္းေတြက Battery ေၾကာင့္အျဖစ္မ်ားပါတယ္။ Battery ေၾကာင့္မဟုတ္ခဲ့ရင္ေတာင္ Restart ခ်လိုက္တဲ့အခါ Phone က Data ေတြကို သယ္ေဆာင္တဲ့ပတ္လမ္းေတြကို ေသခ်ာလိုက္စစ္ေနရတာျဖစ္တဲ့အတြက္ေၾကာင့္ အားေလ်ာ့သြားတာ လည္းျဖစ္ႏိုင္ပါတယ္ အစ္ကိုေရ။

ေမး – iPhone မွာ iCloud အေကာင့္ကို ကိုယ္တိုင္ဖြင့္ခ်င္လို႔ပါခင္ဗ်ာ။ ရႏိုင္ပါသလားအစ္ကိုေရ။

ေျဖ – ကိုယ္တိုင္ဖြင့္ဖို႔ဆိုရင္ေတာ့ Laptop တစ္လံုးေတာ့လိုအပ္ပါလိမ့္မယ္ခင္ဗ်ာ။ ကိုယ္တိုင္ကြၽမ္းက်င္ရင္ေတာ့ ရႏိုင္ပါတယ္အစ္ကိုေရ။

ေမး – Android OS ဖုန္းေတြေပ်ာက္ခဲ့ရင္ ဘယ္လိုရွာလို႔ရႏိုင္မလဲ။ ဘာေတြကို လိုအပ္ပါသလဲခင္ဗ်ာ။

ေျဖ – Apple လို Security အရမ္းေကာင္းတဲ့ Phone မ်ိဳးကိုေတာင္ ျပန္ရွာဖို႔ဆိုတာ အဆင္မေျပပါဘူးခင္ဗ်ာ။ Android ဆိုရင္ Mi ဆိုရင္ေတာ့ နည္းနည္းေတာ့ ခန္႔မွန္းေျခရႏိုင္ပါတယ္။

ေမး – အစ္ကိုေရ ကြၽန္ေတာ့ဖုန္းက Samsung J7 2017 ပါ။ ေအာက္ကိုက်သြားတာမွာ အသံေတာ့လာၿပီး ျမင္လည္းမျမင္ရေတာ့ပါဘူး။ ႏွိပ္လည္းႏွိပ္မရေတာ့လို႔ပါ။ ျပန္ျပဳျပင္ရင္ အကုန္အက်မ်ားႏိုင္ပါ သလားခင္ဗ်ာ။

ေျဖ – ဟုတ္ကဲ့ပါ။ အစ္ကိုေရ Samsung ဖုန္းေတြက အဲ့ဒီလိုျဖစ္ၿပီဆို ရင္ေတာ့ အကုန္အက်မ်ားပါတယ္ခင္ဗ်ာ။ မ်ားတယ္ဆိုတာကေတာ့ တျခားအမ်ိဳးအစားေတြထက္ယွဥ္ရင္ပါ။ အသံၾကားၿပီး႐ုပ္မျမင္ေတာ့ တာဟာ LCD ပ်က္သြားတာျဖစ္ပါတယ္။

ေမး – ကြၽန္ေတာ့္ဖုန္းက App တစ္ခုခုကိုသံုးေနရင္ တစ္ခါတေလမွာ ဘာမွႏွိပ္လို႔မရေတာ့ပါဘူးခင္ဗ်ာ။ Screen ကိုလည္း ဆြဲမရေတာ့လို႔ပါ။ အႀကံေလးေပးပါဦးအစ္ကိုေရ။

ေျဖ – ဟုတ္ကဲ့ပါ။ အစ္ကိုေရ Factory Restart ခ်ၾကည့္ဖို႔ကို အႀကံေပးခ်င္ပါတယ္ခင္ဗ်ာ။ Data ေတြ အရမ္းမ်ားေနတဲ့အခါမ်ိဳးေတြေၾကာင့္လည္း ျဖစ္တတ္ပါတယ္။

ေမး – Google Play Store မွာ တခ်ဳိ႕ App ေတြကို Download ဆြဲရင္ This Item isn’t available in this country လို႔ပဲ ျပျပေနပါတယ္အစ္ကိုေရ။ အဲ့ဒါက ဘာေၾကာင့္ပါလဲခင္ဗ်ာ။

ေျဖ – အဲ့ဒီလိုျပေနတာဟာ ဖုန္းရဲ႕ App ေပၚမွာလည္း မူတည္ေနပါတယ္ခင္ဗ်ာ။ Play Store အသစ္ကို ထပ္ဖြင့္ ၾကည့္ေစခ်င္ပါတယ္။

ေမး – မဂၤလာပါအစ္ကိုေရ။ IC တစ္လံုးက သက္တမ္းကုန္ဆံုးတယ္ဆိုတာ ရွိပါသလားခင္ဗ်ာ။

ေျဖ – ဟုတ္ကဲ့ပါခင္ဗ်ာ။ IC မွာေတာ့ သက္တမ္းကုန္ဆံုးတယ္ဆိုတာရယ္လိုေတာ့ မသတ္မွတ္ထားပါဘူးခင္ဗ်ာ။ သူ႕ရဲ႕အရည္အေသြးေတြ က်လာတာနဲ႔အမွ်ရယ္ သံုးတဲ့ User ရဲ႕ အသံုးျပဳတဲ့ပမာဏရယ္ေၾကာင့္သာ လုပ္ေဆာင္ရည္ေတြ က်လာတာမ်ိဳးျဖစ္ပါတယ္။

ေမး – အစ္ကိုေရ။ iPhone ေတြမွာ Zapya နဲ႔ကူးတဲ့ File ေတြကို Video ၾကည့္တဲ့ Application ထဲေရာက္ ေအာင္ လုပ္လို႔ရပါသလားခင္ဗ်ာ။

ေျဖ – iPhone ေတြမွာ အဲဒီလိုမ်ိဳးေတာ့မရႏိုင္ပါဘူးခင္ဗ်ာ။ ရတဲ့ App ေလးေတြေတာ့ရိွပါတယ္။

ေမး – Software Update တင္ရင္ အထဲက Data ေတြကို ပ်က္တတ္ပါသလားအစ္ကိုေရ။

ေျဖ – မပ်က္တတ္ပါဘူးခင္ဗ်ာ။ Software Update တင္႐ံုနဲ႔ေတာ့ Data ေတြ မပ်က္စီးႏိုင္ပါဘူး။ အမွားယြင္းမရိွ ေအာင္တင္ဖို႔ေတာ့ လိုအပ္ပါတယ္။

ေမး – ေနာက္ပိုင္းဖုန္းေတြမွာပါတဲ့ Battery အေသေတြက တကယ္လို႔ ပ်က္စီးသြားခဲ့ရင္ လဲလွယ္လို႔ရႏိုင္ပါ သလားခင္ဗ်ာ။

ေျဖ – ဟုတ္ကဲ့။ ရပါတယ္။ Battery အေသေတြလည္း လဲလွယ္လို႔ရပါတယ္ခင္ဗ်ာ။ ေစ်းကေတာ့ နည္းနည္းေလး ပိုၿပီးႀကီးသြားပါတယ္ခင္ဗ်ာ။

Pyae Sone Mobile Service & Training (တိုက္ႀကီးၿမိဳ႕) ဖုန္း-09-692203616,09-263021551မွ ကူညီပံ့ပိုးပါသည္။

NetGuide Journal (Every Wednesday)