ဈေးကွက်သုတေသနအေဂျင်စီ Counterpoints ရဲ့ ထုတ်ပြန်ကြေညာချက်အရ ယခုနှစ် တတိယသုံးလပတ်မှာ ကမ္ဘာ့အဆင့်မြင့် စမတ်ဖုန်းဈေးကွက်ကို Apple က ကြီးစိုးထားကြောင်း သိရပါတယ်။ Apple ဟာ အဆင့်မြင့် စမတ်ဖုန်း ဈေးကွက်ရဲ့ 52 ရာခိုင်နှုန်းကို လွှမ်းမိုးထားပါတယ်။ Apple ရဲ့ နောက်မှာ Samsung ၊ Huawei တို့က ရပ်တည်နေပါတယ်။

Apple ဟာ ယမန်နှစ်တုန်းက 48 ရာခိုင်နှုန်း လွှမ်းမိုးထားခဲ့ရာကနေ ယခုနှစ်မှာ 52 ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ Apple ရဲ့ နောက်မှာ Samsung နှင့် Huawei တို့က 25 ရာခိုင်နှုန်း၊ 12 ရာခိုင်နှုန်း အသီးသီး ရပ်တည်နေပါတယ်။

Apple ဟာ iPhone XR နှင့် iPhone 11 တို့ အကြီးအကျယ်ရောင်းချရမှုနဲ့အတူ အဆင့်မြင့် စမတ်ဖုန်း ဈေးကွက်မှာ ထိပ်ဆုံးနေရာက ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ Samsung ဟာလည်း Galaxy S10 စီးရီး၊ Galaxy Note 10 စီးရီး ရောင်းအားက ယမန်နှစ်တုန်းကထက် 145 ရာခိုင်နှုန်းအထိ မြင့်တက်ပြီး အဆင့်မြင့် စမတ်ဖုန်းဈေးကွက်ရဲ့ ဒုတိယနေရာကို ဆက်လက်ကိုင်ဆုပ်ထားနိုင်တာ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာ 5G စမတ်ဖုန်းဈေးကွက်မှာ Samsung က ဈေးကွက်ရှယ်ယာ 74 ရာခိုင်နှုန်းအထိ ရရှိပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ Samsung ရဲ့ နောက်မှာ LG နှင့် Vivo တို့က 11 ရာခိုင်နှုန်း၊ 5 ရာခိုင်နှုန်း အသီးသီး ရရှိထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

အဆင့္ျမင့္ စမတ္ဖုန္း ေဈးကြက္ရဲ့ ထိပ္ဆုံးေနရာကို Apple ရယူထား

ေဈးကြက္သုေတသနေအဂ်င္စီ Counterpoints ရဲ့ ထုတ္ျပန္ေၾကညာခ်က္အရ ယခုႏွစ္ တတိယသုံးလပတ္မွာ ကမၻာ့အဆင့္ျမင့္ စမတ္ဖုန္းေဈးကြက္ကို Apple က ႀကီးစိုးထားေၾကာင္း သိရပါတယ္။ Apple ဟာ အဆင့္ျမင့္ စမတ္ဖုန္း ေဈးကြက္ရဲ့ 52 ရာခိုင္ႏွုန္းကို လႊမ္းမိုးထားပါတယ္။ Apple ရဲ့ ေနာက္မွာ Samsung ၊ Huawei တို႔က ရပ္တည္ေနပါတယ္။

Apple ဟာ ယမန္ႏွစ္တုန္းက 48 ရာခိုင္ႏွုန္း လႊမ္းမိုးထားခဲ့ရာကေန ယခုႏွစ္မွာ 52 ရာခိုင္ႏွုန္းအထိ ျမင့္တက္လာခဲ့တာလည္း ျဖစ္ပါတယ္။ Apple ရဲ့ ေနာက္မွာ Samsung ႏွင့္ Huawei တို႔က 25 ရာခိုင္ႏွုန္း၊ 12 ရာခိုင္ႏွုန္း အသီးသီး ရပ္တည္ေနပါတယ္။

Apple ဟာ iPhone XR ႏွင့္ iPhone 11 တို႔ အႀကီးအက်ယ္ေရာင္းခ်ရမွုနဲ႔အတူ အဆင့္ျမင့္ စမတ္ဖုန္း ေဈးကြက္မွာ ထိပ္ဆုံးေနရာက ရပ္တည္ေနတာလည္း ျဖစ္ပါတယ္။ Samsung ဟာလည္း Galaxy S10 စီးရီး၊ Galaxy Note 10 စီးရီး ေရာင္းအားက ယမန္ႏွစ္တုန္းကထက္ 145 ရာခိုင္ႏွုန္းအထိ ျမင့္တက္ၿပီး အဆင့္ျမင့္ စမတ္ဖုန္းေဈးကြက္ရဲ့ ဒုတိယေနရာကို ဆက္လက္ကိုင္ဆုပ္ထားနိုင္တာ ျဖစ္ပါတယ္။

အျခားတစ္ဖက္မွာ 5G စမတ္ဖုန္းေဈးကြက္မွာ Samsung က ေဈးကြက္ရွယ္ယာ 74 ရာခိုင္ႏွုန္းအထိ ရရွိၿပီး ထိပ္ဆုံးေနရာမွာ ရပ္တည္ေနပါတယ္။ Samsung ရဲ့ ေနာက္မွာ LG ႏွင့္ Vivo တို႔က 11 ရာခိုင္ႏွုန္း၊ 5 ရာခိုင္ႏွုန္း အသီးသီး ရရွိထားပါတယ္။

NetGuide Journal (Every Wednesday)