စမတ်ဖုန်းဈေးကွက်ရဲ့ အကောင်းဆုံးစမတ်ဖုန်းနဲ့ပတ်သက်ပြီး ပြောဆိုလာတိုင်း Huawei အမှတ်တံဆိပ် စမတ်ဖုန်းနဲ့ပတ်သက်ပြီး မပြောလို့မရပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ Huawei ဟာ အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုနဲ့ ခက်ခဲမှုတွေ ကြုံဆုံရတာတော့ မမှန်ပါဘူး။ ဒီလို ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပေမယ့် Huawei ရဲ့ စမတ်ဖုန်း ရောင်းအားက ကျဆင်းသွားပါသလား။ Huawei စမတ်ဖုန်း ရောင်းအားက မကျဆင်းဘဲ ကောင်းသထက်တောင် ကောင်းမွန်နေပါသေးတယ်။ အခုဆိုရင် Huawei ဟာ ကမ္ဘာ့နံပါတ်နှစ် စမတ်ဖုန်းကုမ္ပဏီနေရာမှာ သက်တောင့်သက်သာနဲ့ ထိုင်နေနိုင်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ချိန်တုန်းက အခုလို အခြေအနေမျိုး မကြုံရခင် Huawei ဟာ စမတ်ဖုန်းလုပ်ငန်းကို လုံးဝ စွန့်လွှတ်ပစ်လိုက်ရမယ့် အခြေအနေမျိုးအထိ ကြုံခဲ့ရဖူးပါတယ်။ Huawei ဟာ လွန်ခဲ့တဲ့ 8 နှစ်တုန်းက တန်ဖိုးသင့် စမတ်ဖုန်းများ ထုတ်လုပ်ရောင်းချရာမှာ ဈေးကွက်နည်းပါးမှုနဲ့အတူ စမတ်ဖုန်းဈေးကွက်ကို လက်လျှော့ဖို့ လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် Huawei အကြီးအကဲ ရစ်ချက်ယူဟာ အလယ်အလတ်တန်းနှင့် အဆင့်မြင့် စမတ်ဖုန်းများပါ ထုတ်လုပ်ရောင်းချပြီး Huawei အမှတ်တံဆိပ်ကို မြင့်တင်ကာ ရောင်းအားမြှင့်တင်ပြီးနောက် စမတ်ဖုန်းရောင်းအားက ကြီးမားကာ ထိပ်သီးစမတ်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။

ရစ်ချက်ယူက “ လွန်ခဲ့တဲ့ 7 နှစ်တုန်းက Consumer Business က Huawei က အသေးငယ်ဆုံးလုပ်ငန်းပါ။ ဒီလုပ်ငန်းကို ပိတ်ပစ်ဖို့အထိ လုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက တန်ဖိုးနည်း စမတ်ဖုန်းတွေထဲ ထုတ်လုပ်ပြီး အသုံးပြုသူ နှစ်သက်မှုကလည်း နည်းပါးပါတယ်။ ကျွန်တော်ဟာ အလယ်အလတ်တန်းနဲ့ အဆင့်မြင့် စမတ်ဖုန်းတွေပါ ထုတ်လုပ်ပြီး Huawei ကို မြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက လုပ်ငန်းတစ်ခုလုံး ပုံအောပြီး လုပ်ဆောင်လိုက်မှုပါ ” လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် ရစ်ချက်ယူက ၎င်းတို့မှာ အမှတ်တံဆိပ်ကို ပိုကောင်းသထက် ပိုကောင်းလာအောင် လုပ်ဆောင်နေကြောင်းလည်း ပြောကြားသွားပါတယ်။ ၎င်းက “ ကျွန်တော်တို့ ဘယ်လောက်ကောင်းနေတယ်ဆိုတာထက် ဘယ်လိုကောင်းအောင် ပိုလုပ်ရမလဲဆိုတာကိုဘဲ စဉ်းစားပါတယ် ” လို့ ပြောကြားသွားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

လြန္ခဲ့တဲ့ 8 ႏွစ္တုန္းက စမတ္ဖုန္းေဈးကြက္ကို လက္ေလၽွာ့ဖို႔ Huawei စီစဥ္ခဲ့ဖူး

စမတ္ဖုန္းေဈးကြက္ရဲ့ အေကာင္းဆုံးစမတ္ဖုန္းနဲ႔ပတ္သက္ၿပီး ေျပာဆိုလာတိုင္း Huawei အမွတ္တံဆိပ္ စမတ္ဖုန္းနဲ႔ပတ္သက္ၿပီး မေျပာလို႔မရပါဘူး။ ဒါေပမယ့္ ေနာက္ပိုင္းမွာ Huawei ဟာ အေမရိကန္အစိုးရရဲ့ ပိတ္ပင္မွုနဲ႔ ခက္ခဲမွုေတြ ၾကဳံဆုံရတာေတာ့ မမွန္ပါဘူး။ ဒီလို ႀကီးမားတဲ့ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရေပမယ့္ Huawei ရဲ့ စမတ္ဖုန္း ေရာင္းအားက က်ဆင္းသြားပါသလား။ Huawei စမတ္ဖုန္း ေရာင္းအားက မက်ဆင္းဘဲ ေကာင္းသထက္ေတာင္ ေကာင္းမြန္ေနပါေသးတယ္။ အခုဆိုရင္ Huawei ဟာ ကမၻာ့နံပါတ္ႏွစ္ စမတ္ဖုန္းကုမၸဏီေနရာမွာ သက္ေတာင့္သက္သာနဲ႔ ထိုင္ေနနိုင္ၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္ တစ္ခ်ိန္တုန္းက အခုလို အေျခအေနမ်ိဳး မၾကဳံရခင္ Huawei ဟာ စမတ္ဖုန္းလုပ္ငန္းကို လုံးဝ စြန႔္လႊတ္ပစ္လိုက္ရမယ့္ အေျခအေနမ်ိဳးအထိ ၾကဳံခဲ့ရဖူးပါတယ္။ Huawei ဟာ လြန္ခဲ့တဲ့ 8 ႏွစ္တုန္းက တန္ဖိုးသင့္ စမတ္ဖုန္းမ်ား ထုတ္လုပ္ေရာင္းခ်ရာမွာ ေဈးကြက္နည္းပါးမွုနဲ႔အတူ စမတ္ဖုန္းေဈးကြက္ကို လက္ေလၽွာ့ဖို႔ လုပ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ Huawei အႀကီးအကဲ ရစ္ခ်က္ယူဟာ အလယ္အလတ္တန္းႏွင့္ အဆင့္ျမင့္ စမတ္ဖုန္းမ်ားပါ ထုတ္လုပ္ေရာင္းခ်ၿပီး Huawei အမွတ္တံဆိပ္ကို ျမင့္တင္ကာ ေရာင္းအားျမႇင့္တင္ၿပီးေနာက္ စမတ္ဖုန္းေရာင္းအားက ႀကီးမားကာ ထိပ္သီးစမတ္ဖုန္းကုမၸဏီတစ္ခု ျဖစ္လာခဲ့ပါတယ္။

ရစ္ခ်က္ယူက “ လြန္ခဲ့တဲ့ 7 ႏွစ္တုန္းက Consumer Business က Huawei က အေသးငယ္ဆုံးလုပ္ငန္းပါ။ ဒီလုပ္ငန္းကို ပိတ္ပစ္ဖို႔အထိ လုပ္ခဲ့ဖူးပါတယ္။ အဲဒီတုန္းက တန္ဖိုးနည္း စမတ္ဖုန္းေတြထဲ ထုတ္လုပ္ၿပီး အသုံးျပဳသူ ႏွစ္သက္မွုကလည္း နည္းပါးပါတယ္။ ကၽြန္ေတာ္ဟာ အလယ္အလတ္တန္းနဲ႔ အဆင့္ျမင့္ စမတ္ဖုန္းေတြပါ ထုတ္လုပ္ၿပီး Huawei ကို ျမႇင့္တင္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒါက လုပ္ငန္းတစ္ခုလုံး ပုံေအာၿပီး လုပ္ေဆာင္လိုက္မွုပါ ” လို႔ ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ ရစ္ခ်က္ယူက ၎တို႔မွာ အမွတ္တံဆိပ္ကို ပိုေကာင္းသထက္ ပိုေကာင္းလာေအာင္ လုပ္ေဆာင္ေနေၾကာင္းလည္း ေျပာၾကားသြားပါတယ္။ ၎က “ ကၽြန္ေတာ္တို႔ ဘယ္ေလာက္ေကာင္းေနတယ္ဆိုတာထက္ ဘယ္လိုေကာင္းေအာင္ ပိုလုပ္ရမလဲဆိုတာကိုဘဲ စဥ္းစားပါတယ္ ” လို႔ ေျပာၾကားသြားပါတယ္။

NetGuide Journal (Every Wednesday)