Redmi K30 ကို 4G ၊ 5G ဗားရှင်းတို့နှင့် ထုတ်လုပ်ရောင်းချလာပါမယ်။ ဒီဖုန်းမှာ ကျောဘက်ကင်မရာလေးလုံး ပါဝင်လာမယ်ဆိုတာ အားလုံးလည်း သိထားကြပြီး ဖြစ်ပါတယ်။ ယနေ့မှာ Redmi ဟာ Weibo မှတဆင့် Redmi K30 မှာ အသုံးပြုလာမယ့် ကင်မရာနှင့်ပတ်သက်ပြီး ပရိသတ်တွေ ပိုမိုသိရှိရင်ခုန်လာအောင် လုပ်ဆောင်လာပါတယ်။

Redmi K30 မှာ ကျောဘက်ကင်မရာလေးလုံး ပါဝင်လာမှာဖြစ်ပြီး အဓိကကင်မရာက 64MP Sony IMX686 Sensor သုံးလာပါမယ်။ ကျန်ကင်မရာသုံးလုံးက 120 ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ကင်မရာ၊ Macro ကင်မရာနှင့် Depth ကင်မရာတို့ ဖြစ်ပါတယ်။ ဒီဖုန်းမှာ Dual Punch-Hole Selfie Camera သုံးလာမှာဖြစ်ပြီး 20MP+Depth Sensor သုံးလာပါမယ်။

Redmi K30 ကို ဒီဇင်ဘာလ 10 ရက်နေ့မှာ မိတ်ဆက်လာမှာဖြစ်ပြီး ဒီဖုန်းက Sony IMX686 Sensor အသုံးပြုလာမယ့် ပထမဆုံးစမတ်ဖုန်း ဖြစ်လာပါမယ်။ ဒီကင်မရာဆင်ဆာကလည်း 16MP ဓာတ်ပုံများ ရိုက်ကူးပြီး တစ်ပုံတည်းအဖြစ်‌ ပေါင်းစပ်ပေးမယ့်စနစ် သုံးထားပါတယ်။

Sony IMX686 Sensor သုံးလာမှာဖြစ်လို့ ဓာတ်ပုံများက အလွန်အသေးစိတ်နိုင်ပြီး ကြည်လင်ပြတ်သားလာမှာ ဖြစ်ပါတယ်။

Redmi K30 5G ဗားရှင်းမှာ Snapdragon X55 Modem ပါ Snapdragon 7655G နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး Redmi K30 4G ကို Snapdragon 730 နှင့် ပါဝါထောက်ပံ့လာမယ်လို့ သိရပါတယ်။ ဒီဖုန်းမှာ မျက်နှာပြင် 6.67 လက်မနှင့် ဘက်ထရီ 4500 mAh ပါဝင်လာမယ်လို့ သိရပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Redmi K30 တြင္ 64MP Sony IMX686 Sensor သုံးလာမည္

Redmi K30 ကို 4G ၊ 5G ဗားရွင္းတို႔ႏွင့္ ထုတ္လုပ္ေရာင္းခ်လာပါမယ္။ ဒီဖုန္းမွာ ေက်ာဘက္ကင္မရာေလးလုံး ပါဝင္လာမယ္ဆိုတာ အားလုံးလည္း သိထားၾကၿပီး ျဖစ္ပါတယ္။ ယေန႔မွာ Redmi ဟာ Weibo မွတဆင့္ Redmi K30 မွာ အသုံးျပဳလာမယ့္ ကင္မရာႏွင့္ပတ္သက္ၿပီး ပရိသတ္ေတြ ပိုမိုသိရွိရင္ခုန္လာေအာင္ လုပ္ေဆာင္လာပါတယ္။

Redmi K30 မွာ ေက်ာဘက္ကင္မရာေလးလုံး ပါဝင္လာမွာျဖစ္ၿပီး အဓိကကင္မရာက 64MP Sony IMX686 Sensor သုံးလာပါမယ္။ က်န္ကင္မရာသုံးလုံးက 120 ဒီဂရီျမင္ကြင္းက်ယ္ရိုက္ကူးနိုင္တဲ့ကင္မရာ၊ Macro ကင္မရာႏွင့္ Depth ကင္မရာတို႔ ျဖစ္ပါတယ္။ ဒီဖုန္းမွာ Dual Punch-Hole Selfie Camera သုံးလာမွာျဖစ္ၿပီး 20MP+Depth Sensor သုံးလာပါမယ္။

Redmi K30 ကို ဒီဇင္ဘာလ 10 ရက္ေန႔မွာ မိတ္ဆက္လာမွာျဖစ္ၿပီး ဒီဖုန္းက Sony IMX686 Sensor အသုံးျပဳလာမယ့္ ပထမဆုံးစမတ္ဖုန္း ျဖစ္လာပါမယ္။ ဒီကင္မရာဆင္ဆာကလည္း 16MP ဓာတ္ပုံမ်ား ရိုက္ကူးၿပီး တစ္ပုံတည္းအျဖစ္‌ ေပါင္းစပ္ေပးမယ့္စနစ္ သုံးထားပါတယ္။

Sony IMX686 Sensor သုံးလာမွာျဖစ္လို႔ ဓာတ္ပုံမ်ားက အလြန္အေသးစိတ္နိုင္ၿပီး ၾကည္လင္ျပတ္သားလာမွာ ျဖစ္ပါတယ္။

Redmi K30 5G ဗားရွင္းမွာ Snapdragon X55 Modem ပါ Snapdragon 7655G ႏွင့္ ပါဝါေထာက္ပံ့လာမွာျဖစ္ၿပီး Redmi K30 4G ကို Snapdragon 730 ႏွင့္ ပါဝါေထာက္ပံ့လာမယ္လို႔ သိရပါတယ္။ ဒီဖုန္းမွာ မ်က္ႏွာျပင္ 6.67 လက္မႏွင့္ ဘက္ထရီ 4500 mAh ပါဝင္လာမယ္လို႔ သိရပါတယ္။

NetGuide Journal (Every Wednesday)