Apple ဟာ လာမယ့် 2021 ခုနှစ်မှာ iPhone များမှ စတင်ကာ Charging Port ထည့်သွင်းလာတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ အခြားတစ်ဖက်မှာ မီဒီယာအချို့ကလည်း Apple ဟာ 2021 ခုနှစ် iPhone မှာ Lightning Port နေရာမှ USB Type C ပြောင်းသုံးမယ်လို့ သတင်းထွက်နေပါသေးတယ်။

ယခုသတင်းအရ Apple ဟာ 2021 ခုနှစ် iPhone များမှာ Lightning Port အပါအဝင် ဘယ်အားသွင်းပေါက်မှ မထည့်သွင်းဘဲ ကြိုးမဲ့အားသွင်းမှုတစ်ခုဘဲ ထည့်သွင်းလာမယ်လို့ သိရပါတယ်။

Apple ဟာ ကြိုးဖြင့် အားသွင်းမှုကို အဆုံးသတ်ပြီး ကြိုးမဲ့အားသွင်းမှုတစ်ခုတည်းကိုဘဲ သုံးကာ iPhone များကို အားသွင်းနိုင်အောင် လုပ်ဆောင်သွားပါမယ်။

တကယ်တော့ လက်ရှိအချိန်မှာ ကြိုးမဲ့အားသွင်းနည်းပညာက အဆင့်မြင့်စမတ်ဖုန်းတိုင်းလိုလိုမှာ ပါဝင်တဲ့စနစ် ဖြစ်နေပြီး Apple အနေဖြင့် လာမယ့် 2021 ခုနှစ်မှာ ကြိုးမဲ့အားသွင်းမှုကိုဘဲ အားသွင်းဖို့ သုံးဖို့ လုပ်ဆောင်နေတာ သဘာဝတော့ ကျပါတယ်။

တကယ်လို့များ Apple သာ 2021 ခုနှစ် iPhone မှာ အားသွင်းပေါက် မထည့်သွင်းလာဘူးဆိုရင်လည်း ဒါဟာ ကမ္ဘာ့ပထမဆုံး လုပ်ဆောင်မှု ဖြစ်လာမှာ မဟုတ်ပါဘူး။ Meizu Zero စမတ်ဖုန်းက ကမ္ဘာ့ပထမဆုံး အပေါက်မဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Meizu Zero မှာ ကြိုးမဲ့အားသွင်းနည်းပညာဘဲ သုံးကာ အားသွင်းတဲ့စနစ်ကို သုံးထားတဲ့ အပြင် ဖုန်းပြောဆိုမှု၊ စပီကာတို့ကိုလည်း ရုပ်ထွက်အောက် အသံနည်းပညာ အသုံးပြုထားပါတယ်။

Apple ဟာ လာမယ့် 2020 ခုနှစ်မှာ iPhone လေးမျိုးအထိ ထုတ်လုပ်ရောင်းချလာပါမယ်။ 2020 ခုနှစ် iPhone မော်ဒယ်များမှာ 5.4 လက်မ၊ 6.1 လက်မနှစ်မျိုးနှင့် 6.7 လက်မ မျက်နှာပြင်တို့ သုံးလာပါမယ်။

5.4 လက်မ မော်ဒယ်က iPhone SE 2 ဖြစ်လာမှာဖြစ်ပြီး ဒီဖုန်းကို လာမယ့် 2020 ခုနှစ် ပထမခြောက်လအတွင်းမှာ ထုတ်လုပ်ရောင်းချလာပါမယ်။ ယင်းဖုန်းမှာ ဖုန်းဒီဇိုင်းကို iPhone 8 ဒီဇိုင်းသုံးလာမှာ ဖြစ်ပါတယ်။ Apple ဟာ ကျန် ဗားရှင်းသုံးမျိုးကို 2020 ခုနှစ်၊ စက်တင်ဘာလမှာ ကြေညာလာမှာဖြစ်ပြီး ဗားရှင်းသုံးမျိုးလုံးမှာ OLED သုံးလာပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

2021 ခုႏွစ္ iPhone မ်ားတြင္ Lighting Port သုံးလာေတာ့မည္မဟုတ္

Apple ဟာ လာမယ့္ 2021 ခုႏွစ္မွာ iPhone မ်ားမွ စတင္ကာ Charging Port ထည့္သြင္းလာေတာ့မွာ မဟုတ္ေၾကာင္း သိရပါတယ္။ အျခားတစ္ဖက္မွာ မီဒီယာအခ်ိဳ႕ကလည္း Apple ဟာ 2021 ခုႏွစ္ iPhone မွာ Lightning Port ေနရာမွ USB Type C ေျပာင္းသုံးမယ္လို႔ သတင္းထြက္ေနပါေသးတယ္။

ယခုသတင္းအရ Apple ဟာ 2021 ခုႏွစ္ iPhone မ်ားမွာ Lightning Port အပါအဝင္ ဘယ္အားသြင္းေပါက္မွ မထည့္သြင္းဘဲ ႀကိဳးမဲ့အားသြင္းမွုတစ္ခုဘဲ ထည့္သြင္းလာမယ္လို႔ သိရပါတယ္။

Apple ဟာ ႀကိဳးျဖင့္ အားသြင္းမွုကို အဆုံးသတ္ၿပီး ႀကိဳးမဲ့အားသြင္းမွုတစ္ခုတည္းကိုဘဲ သုံးကာ iPhone မ်ားကို အားသြင္းနိုင္ေအာင္ လုပ္ေဆာင္သြားပါမယ္။

တကယ္ေတာ့ လက္ရွိအခ်ိန္မွာ ႀကိဳးမဲ့အားသြင္းနည္းပညာက အဆင့္ျမင့္စမတ္ဖုန္းတိုင္းလိုလိုမွာ ပါဝင္တဲ့စနစ္ ျဖစ္ေနၿပီး Apple အေနျဖင့္ လာမယ့္ 2021 ခုႏွစ္မွာ ႀကိဳးမဲ့အားသြင္းမွုကိုဘဲ အားသြင္းဖို႔ သုံးဖို႔ လုပ္ေဆာင္ေနတာ သဘာဝေတာ့ က်ပါတယ္။

တကယ္လို႔မ်ား Apple သာ 2021 ခုႏွစ္ iPhone မွာ အားသြင္းေပါက္ မထည့္သြင္းလာဘူးဆိုရင္လည္း ဒါဟာ ကမၻာ့ပထမဆုံး လုပ္ေဆာင္မွု ျဖစ္လာမွာ မဟုတ္ပါဘူး။ Meizu Zero စမတ္ဖုန္းက ကမၻာ့ပထမဆုံး အေပါက္မဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။ Meizu Zero မွာ ႀကိဳးမဲ့အားသြင္းနည္းပညာဘဲ သုံးကာ အားသြင္းတဲ့စနစ္ကို သုံးထားတဲ့ အျပင္ ဖုန္းေျပာဆိုမွု၊ စပီကာတို႔ကိုလည္း ႐ုပ္ထြက္ေအာက္ အသံနည္းပညာ အသုံးျပဳထားပါတယ္။

Apple ဟာ လာမယ့္ 2020 ခုႏွစ္မွာ iPhone ေလးမ်ိဳးအထိ ထုတ္လုပ္ေရာင္းခ်လာပါမယ္။ 2020 ခုႏွစ္ iPhone ေမာ္ဒယ္မ်ားမွာ 5.4 လက္မ၊ 6.1 လက္မႏွစ္မ်ိဳးႏွင့္ 6.7 လက္မ မ်က္ႏွာျပင္တို႔ သုံးလာပါမယ္။

5.4 လက္မ ေမာ္ဒယ္က iPhone SE 2 ျဖစ္လာမွာျဖစ္ၿပီး ဒီဖုန္းကို လာမယ့္ 2020 ခုႏွစ္ ပထမေျခာက္လအတြင္းမွာ ထုတ္လုပ္ေရာင္းခ်လာပါမယ္။ ယင္းဖုန္းမွာ ဖုန္းဒီဇိုင္းကို iPhone 8 ဒီဇိုင္းသုံးလာမွာ ျဖစ္ပါတယ္။ Apple ဟာ က်န္ ဗားရွင္းသုံးမ်ိဳးကို 2020 ခုႏွစ္၊ စက္တင္ဘာလမွာ ေၾကညာလာမွာျဖစ္ၿပီး ဗားရွင္းသုံးမ်ိဳးလုံးမွာ OLED သုံးလာပါမယ္။

NetGuide Journal (Every Wednesday)