ပြီးခဲ့တဲ့အပတ်တုန်းက Realmeဟာ Android 10 အခြေခံ ColorOS 7 Update ဦးစွာရရှိမယ့် စမတ်ဖုန်းများကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Realmeစမတ်ဖုန်း 11 မျိုးတို့ဟာ 2020 ခုနှစ်၊ တတိယ သုံးလအထိ ကာလအတွင်းမှာ Update ရရှိပါမယ်။ Android 10 အခြေခံ ColorOS 7 Update ရရှိမယ့် စာရင်းထဲမှာ Realmeစမတ်ဖုန်းအချို့ မပါဝင်ပါဘူး။

ယခုအခါ Realmeဟာ Android 10 အခြေခံ ColorOS 7 Update မရရှိမယ့် စမတ်ဖုန်းများ စာရင်းကို ကြေညာလာပါတယ်။ ColorOS 7 Update ရရှိမယ့် စမတ်ဖုန်းများကတော့ Realme 1 ၊ Realme 2 ၊ Realme C1 နှင့် Realme U1 တို့ ဖြစ်ပါတယ်။ ယင်းစမတ်ဖုန်းများဟာ အစောပိုင်းတုန်းက Update ရရှိမယ့် ဖုန်းစာရင်းထဲမှာလည်း မပါဝင်ကြတဲ့ စမတ်ဖုန်းများ ဖြစ်ကြပါတယ်။

ယင်းစမတ်ဖုန်း လေးမျိုးတို့ဟာ ယမန်နှစ်ကမှ ထွက်တဲ့ စမတ်ဖုန်းများ ဖြစ်ပါတယ်။ တစ်နှစ်ကျော် သက်တမ်းသာ ရှိသေးတဲ့ စမတ်ဖုန်းတွေ ဆော့ဖ်ဝဲ Update မရရှိမှုကတော့ ပိုင်ရှင်တွေအတွက် ကြေကွဲစရာပါ။

Xiaomi ဟာ သက်တမ်းအတော်ကြာမြင့်ပြီဖြစ်တဲ့ စမတ်ဖုန်းတွေကိုတောင် အထူးအလေးထားပြီး ဆော့ဖ်ဝဲ Update ပေးပါတယ်။ Realmeဟာလည်း ဆော့ဖ်ဝဲ  Update ပိုင်းနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ အထူးဂရုတစိုက် လုပ်ဆောင်လာဖို့ အားလုံးက မျှော်လင့်နေကြပါတယ်။

NetGuide Journal (Every Wednesday)


  • (Zawgyi Version)

ColorOS 7 (Android 10) Update မရရွိမယ့္ Realmeစမတ္ဖုန္းမ်ားကို ေၾကညာ

ၿပီးခဲ့တဲ့အပတ္တုန္းက Realmeဟာ Android 10 အေျခခံ ColorOS 7 Update ဦးစြာရရွိမယ့္ စမတ္ဖုန္းမ်ားကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ Realmeစမတ္ဖုန္း 11 မ်ိဳးတို႔ဟာ 2020 ခုႏွစ္၊ တတိယ သုံးလအထိ ကာလအတြင္းမွာ Update ရရွိပါမယ္။ Android 10 အေျခခံ ColorOS 7 Update ရရွိမယ့္ စာရင္းထဲမွာ Realmeစမတ္ဖုန္းအခ်ိဳ႕ မပါဝင္ပါဘူး။

ယခုအခါ Realmeဟာ Android 10 အေျခခံ ColorOS 7 Update မရရွိမယ့္ စမတ္ဖုန္းမ်ား စာရင္းကို ေၾကညာလာပါတယ္။ ColorOS 7 Update ရရွိမယ့္ စမတ္ဖုန္းမ်ားကေတာ့ Realme 1 ၊ Realme 2 ၊ Realme C1 ႏွင့္ Realme U1 တို႔ ျဖစ္ပါတယ္။ ယင္းစမတ္ဖုန္းမ်ားဟာ အေစာပိုင္းတုန္းက Update ရရွိမယ့္ ဖုန္းစာရင္းထဲမွာလည္း မပါဝင္ၾကတဲ့ စမတ္ဖုန္းမ်ား ျဖစ္ၾကပါတယ္။

ယင္းစမတ္ဖုန္း ေလးမ်ိဳးတို႔ဟာ ယမန္ႏွစ္ကမွ ထြက္တဲ့ စမတ္ဖုန္းမ်ား ျဖစ္ပါတယ္။ တစ္ႏွစ္ေက်ာ္ သက္တမ္းသာ ရွိေသးတဲ့ စမတ္ဖုန္းေတြ ေဆာ့ဖ္ဝဲ Update မရရွိမႈကေတာ့ ပိုင္ရွင္ေတြအတြက္ ေၾကကြဲစရာပါ။

Xiaomi ဟာ သက္တမ္းအေတာ္ၾကာျမင့္ၿပီျဖစ္တဲ့ စမတ္ဖုန္းေတြကိုေတာင္ အထူးအေလးထားၿပီး ေဆာ့ဖ္ဝဲ Update ေပးပါတယ္။ Realmeဟာလည္း ေဆာ့ဖ္ဝဲ Update ပိုင္းနဲ႔ပတ္သက္ၿပီး ေနာက္ပိုင္းမွာ အထူးဂ႐ုတစိုက္ လုပ္ေဆာင္လာဖို႔ အားလုံးက ေမွ်ာ္လင့္ေနၾကပါတယ္။

NetGuide Journal (Every Wednesday)