Huawei တည်ထောင်သူ ရန်ကျင်ဖေးက အမေရိကန်ရှိ သုသေသနဌာနကို ကနေဒါသို့ ရွေ့ရန် စီစဉ်နေကြောင်း အရိပ်အမြွက်ပြောကြားလာပါတယ်။ Huawei ရဲ့ အမေရိကန်ရဲ့ သုသေသနဌာနက Futurewei ဖြစ်ပါတယ်။ အမေရိကန်အစိုးရက Huawei အပေါ် အရေးယူမှု ပြုလုပ်လာပြီးနောက်ပိုင်းမှာ Futurewei ဟာ မိခင်ကုမ္ပဏီနှင့် ကင်းလွတ်နိုင်သမျှ ကင်းနိုင်ရေး လုပ်ဆောင်ခဲ့ပေမယ့် အမေရိကန်အစိုးရရဲ့ ယုံကြည်မှု မရရှိခဲ့ပါဘူး။

တကယ်လို့ Huawei အနေဖြင့် Futurewei ကို ကနေဒါသို့ ရွေ့ပြောင်းလိုက်မယ်ဆိုရင်တော့ အမေရိကန်အစိုးရရဲ့ စောင့်ကြည့်ခြင်းခံရမှုမှ လွတ်မြောက်သွားမယ့်အပြင် ကနေဒါမှ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ တည်ထောင်သူရဲ့ သမီးနှင့် CFO ဖြစ်သူ Meng Wanzhou ဟာလည်း လွတ်မြောက်ဖို့ အခွင့်အရေးများလာဖို့ ရှိပါတယ်။ Meng Wanzhouဟာ ကနေဒါမှာ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတာ တစ်နှစ်နီးပါးရှိပြီဖြစ်ပြီး အမေရိကန်သို့ လွှဲပြောင်း/မပြောင်းကို တရားရုံးရဲ့ ဆုံးဖြတ်မှု စောင့်ဆိုင်းနေပါတယ်။

Huawei ဟာ နောက်ပိုင်းမှာ သုသေသနအတွက် ငွေကြေးများစွာ အသုံးပြုလာတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းက ဒေါ်လာ 15.3 ဘီလီယမ်အထိ အသုံးပြုကာ ကမ္ဘာ့သုသေသနစရိတ်အများဆုံးသုံးတဲ့ ထိပ်ဆုံးကုမ္ပဏီစာရင်းမှာ ပါဝင်နေပါတယ်။ Huawei ဟာ တစ်ကမ္ဘာလုံးမှာ သုသေသနဝန်ထမ်းပေါင်း 8 သောင်းကျော်ဖြင့် သုသေသနပြုလုပ်နေပါတယ်။ Huawei ဟာ သုသေသနအတွက် ငွေကြေးများစွာ ရင်းနှီးမှုကြောင့် 5G ကို ရှေ့ဆုံးက ဖန်တီးနိုင်ကာ နည်းပညာမူပိုင်ခွင့် အများဆုံးကုမ္ပဏီအဖြစ် ရပ်တည်နေပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

အေမရိကန္ R&D Center ကို ကေနဒါသို႔ ေရြ႕ရန္ Huawei စီစဥ္ေန

Huawei တည္ေထာင္သူ ရန္က်င္ေဖးက အေမရိကန္ရွိ သုေသသနဌာနကို ကေနဒါသို႔ ေရြ႕ရန္ စီစဥ္ေနေၾကာင္း အရိပ္အႁမြက္ေျပာၾကားလာပါတယ္။ Huawei ရဲ့ အေမရိကန္ရဲ့ သုေသသနဌာနက Futurewei ျဖစ္ပါတယ္။ အေမရိကန္အစိုးရက Huawei အေပၚ အေရးယူမွု ျပဳလုပ္လာၿပီးေနာက္ပိုင္းမွာ Futurewei ဟာ မိခင္ကုမၸဏီႏွင့္ ကင္းလြတ္နိုင္သမၽွ ကင္းနိုင္ေရး လုပ္ေဆာင္ခဲ့ေပမယ့္ အေမရိကန္အစိုးရရဲ့ ယုံၾကည္မွု မရရွိခဲ့ပါဘူး။

တကယ္လို႔ Huawei အေနျဖင့္ Futurewei ကို ကေနဒါသို႔ ေရြ႕ေျပာင္းလိုက္မယ္ဆိုရင္ေတာ့ အေမရိကန္အစိုးရရဲ့ ေစာင့္ၾကည့္ျခင္းခံရမွုမွ လြတ္ေျမာက္သြားမယ့္အျပင္ ကေနဒါမွ ဖမ္းဆီးထိန္းသိမ္းျခင္းခံထားရတဲ့ တည္ေထာင္သူရဲ့ သမီးႏွင့္ CFO ျဖစ္သူ Meng Wanzhou ဟာလည္း လြတ္ေျမာက္ဖို႔ အခြင့္အေရးမ်ားလာဖို႔ ရွိပါတယ္။ Meng Wanzhouဟာ ကေနဒါမွာ ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ ဖမ္းဆီးထိန္းသိမ္းျခင္းခံထားရတာ တစ္ႏွစ္နီးပါးရွိၿပီျဖစ္ၿပီး အေမရိကန္သို႔ လႊဲေျပာင္း/မေျပာင္းကို တရား႐ုံးရဲ့ ဆုံးျဖတ္မွု ေစာင့္ဆိုင္းေနပါတယ္။

Huawei ဟာ ေနာက္ပိုင္းမွာ သုေသသနအတြက္ ေငြေၾကးမ်ားစြာ အသုံးျပဳလာတဲ့ ကုမၸဏီတစ္ခုျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္တုန္းက ေဒၚလာ 15.3 ဘီလီယမ္အထိ အသုံးျပဳကာ ကမၻာ့သုေသသနစရိတ္အမ်ားဆုံးသုံးတဲ့ ထိပ္ဆုံးကုမၸဏီစာရင္းမွာ ပါဝင္ေနပါတယ္။ Huawei ဟာ တစ္ကမၻာလုံးမွာ သုေသသနဝန္ထမ္းေပါင္း 8 ေသာင္းေက်ာ္ျဖင့္ သုေသသနျပဳလုပ္ေနပါတယ္။ Huawei ဟာ သုေသသနအတြက္ ေငြေၾကးမ်ားစြာ ရင္းႏွီးမွုေၾကာင့္ 5G ကို ေရွ႕ဆုံးက ဖန္တီးနိုင္ကာ နည္းပညာမူပိုင္ခြင့္ အမ်ားဆုံးကုမၸဏီအျဖစ္ ရပ္တည္ေနပါတယ္။

NetGuide Journal (Every Wednesday)