Vivo အနေနဲ့ Vivo V17 Pro စမတ်ဖုန်းကို ယခုနှစ်စက်တင်ဘာလက ထုတ်လုပ်ပြီး ဈေးကွက်တချို့မှာ ရောင်းချပေးနိုင်ခဲ့ပါတယ်။ အခုတော့ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူဟာ Vivo V17 Pro ဖုန်းရဲ့ standard model ဖြစ်တဲ့ Vivo V17 ကိုအိန္ဒိယမှာ မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ သတင်းတွေအရ Vivo အနေနဲ့ Vivo V17 စမတ်ဖုန်းကို ဒီဇင်ဘာ ၉ ရက်နေ့မှာ မိတ်ဆက်လာမယ့်လို့ ဆိုပါတယ်။Vivo V17 India Launch Date
ဒီနေ့မှာတော့ ဒီဇင်ဘာ ၉ ရက်နေ့ မိတ်ဆက်လာမယ်ဆိုတဲ့ သတင်းဟာ အတည်ဖြစ်သွားခဲ့ပါပြီ။ ကုမ္ပဏီဘက်က အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ Vivo V17 စမတ်ဖုန်းကို အိန္ဒိယနဲ့ ရုရှဗားရှင်းဆိုပြီး ထုတ်ပေးသွားမှာပါ။ ရုရှအတွက်ဖုန်းကတော့ waterdrop display နဲ့ဖြစ်ပြီး အိန္ဒိယအတွက် ဖုန်းကတော့ punch-hole display နဲ့ဖြစ်ပါတယ်။ ဒီဖုန်းတွေရဲ့ နောက်ဘက်မှာ diamond-shaped quad-camera setup တပ်ဆင်ထားမှာဖြစ်ပြီးအဓိကဆင်ဆာဟာ Samsung GM1 48-megapixel ဖြစ်ပါတယ်။ နောက်ထပ်ကင်မရာ ၃ လုံးကတော့ 8-megapixel နဲ့ 2-megapixel ကင်မရာဆင်ဆာ ၂ လုံးထည့်ပေးထားမှာပါ။
အရှေ့ဘက်ကို ကြည့်လိုက်မယ်ဆိုရင်တော့ punch-hole display ဖြစ်ပြီး 32-megapixel ကင်မရာ ၁လုံးထည့်ပေးထားပါတယ်။ ကင်မရာတွေဟာ Super Night Scene လုပ်ဆောင်ချက်ကို ထောက်ပံ့ပါတယ်။ Vivo V17 မှာ 6.38-inch S-AMOLED display သုံးထားမှာဖြစ်ပြီး in-screen fingerprint reader လုံခြုံရေးစနစ် နဲ့ပါ။ Snapdragon 665 chipset, 8 GB RAM, 128 GB တွေကလည်း လုံလောက်တဲ့ ပါဝင်မှုတွေလို့ သတ်မှတ်နိုင်ပြီး 4,500mAh ဘက်ထရီကို 18W fast charging ထောက်ပံ့ပါလိမ့်မယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ ဝန်းကျင်လောက် ကျသင့်နိုင်ပါတယ်။

zawgyi

Vivo V17 စမတ္ဖုန္းကို ဒီဇင္ဘာ ၉ရက္ အိႏိၵယမွာ မိတ္ဆက္လာမည္
Vivo အေနနဲ႔ Vivo V17 Pro စမတ္ဖုန္းကို ယခုႏွစ္စက္တင္ဘာလက ထုတ္လုပ္ၿပီး ေစ်းကြက္တခ်ိဳ႕မွာ ေရာင္းခ်ေပးႏိုင္ခဲ့ပါတယ္။ အခုေတာ့ တရုတ္စမတ္ဖုန္း ထုတ္လုပ္သူဟာ Vivo V17 Pro ဖုန္းရဲ႕ standard model ျဖစ္တဲ့ Vivo V17 ကိုအိႏိၵယမွာ မိတ္ဆက္ေပးေတာ့မွာျဖစ္ပါတယ္။ သတင္းေတြအရ Vivo အေနနဲ႔ Vivo V17 စမတ္ဖုန္းကို ဒီဇင္ဘာ ၉ ရက္ေန႔မွာ မိတ္ဆက္လာမယ့္လို႔ ဆိုပါတယ္။
ဒီေန႔မွာေတာ့ ဒီဇင္ဘာ ၉ ရက္ေန႔ မိတ္ဆက္လာမယ္ဆိုတဲ့ သတင္းဟာ အတည္ျဖစ္သြားခဲ့ပါၿပီ။ ကုမၸဏီဘက္က အတည္ျပဳေပးလုိက္တာ ျဖစ္ပါတယ္။ Vivo V17 စမတ္ဖုန္းကို အိႏိၵယနဲ႔ ရုရွဗားရွင္းဆိုၿပီး ထုတ္ေပးသြားမွာပါ။ ရုရွအတြက္ဖုန္းကေတာ့ waterdrop display နဲ႔ျဖစ္ၿပီး အိႏိၵယအတြက္ ဖုန္းကေတာ့ punch-hole display နဲ႔ျဖစ္ပါတယ္။ ဒီဖုန္းေတြရဲ႕ ေနာက္ဘက္မွာ diamond-shaped quad-camera setup တပ္ဆင္ထားမွာျဖစ္ၿပီးအဓိကဆင္ဆာဟာ Samsung GM1 48-megapixel ျဖစ္ပါတယ္။ ေနာက္ထပ္ကင္မရာ ၃ လုံးကေတာ့ 8-megapixel နဲ႔ 2-megapixel ကင္မရာဆင္ဆာ ၂ လုံးထည့္ေပးထားမွာပါ။ Vivo V17 India Launch Date
အေရွ႕ဘက္ကို ၾကည့္လိုက္မယ္ဆုိရင္ေတာ့ punch-hole display ျဖစ္ၿပီး 32-megapixel ကင္မရာ ၁လုံးထည့္ေပးထားပါတယ္။ ကင္မရာေတြဟာ Super Night Scene လုပ္ေဆာင္ခ်က္ကို ေထာက္ပံ့ပါတယ္။ Vivo V17 မွာ 6.38-inch S-AMOLED display သုံးထားမွာျဖစ္ၿပီး in-screen fingerprint reader လုံၿခံဳေရးစနစ္ နဲ႔ပါ။ Snapdragon 665 chipset, 8 GB RAM, 128 GB ေတြကလည္း လုံေလာက္တဲ့ ပါဝင္မႈေတြလို႔ သတ္မွတ္ႏိုင္ၿပီး 4,500mAh ဘက္ထရီကို 18W fast charging ေထာက္ပံ့ပါလိမ့္မယ္။ ေစ်းႏႈန္းကေတာ့ ေဒၚလာ ၃၀၀ ဝန္းက်င္ေလာက္ က်သင့္ႏိုင္ပါတယ္။