Vivo ဟာ iQOO အမှတ်တံဆိပ် ဂိမ်းစမတ်ဖုန်းများ ဆက်တိုက်ထုတ်လုပ်ရောင်းချနေပါတယ်။ iQOO အမှတ်တံဆိပ် ဂိမ်းစမတ်ဖုန်းတွေထဲမှာ Neo ဗားရှင်းက အောင်မြင်တဲ့ဗားရှင်း ဖြစ်ပါတယ်။ ပထမဆုံး iQOO Neo မှာ Snapdragon 845 သုံးခဲ့ပြီး လွန်ခဲ့တဲ့ လအနည်းငယ်ခန့်တုန်းက iQOO Neo 855 ကို ကြေညာ ရောင်းချခဲ့ပါတယ်။

iQOO Neo 855 မှာ အမည်မှာ အသုံးပြုထားတဲ့အတိုင်း Snapdragon 855 အသုံးပြုထားပါတယ်။ ဒါ့အပြင် ယင်းဖုန်းမှာ ပိုကောင်းတဲ့ Fast Charging နှင့် ပိုကောင်းတဲ့ Selfie Camera အသုံးပြုထားပါတယ်။ ယခုအခါ iQOO ဟာ မဝေးတော့တဲ့ ကာလအတွင်းမှာ Snapdragon 855+ အသုံးပြုထားတဲ့ iQOO Neo ဗားရှင်းသစ်တစ်ခုကို ထုတ်လုပ်ရောင်းချလာတော့မှာ ဖြစ်ပါတယ်။ iQOO Neo 855+ ဟာ TENNA မှာ ခွင့်ပြုချက် ရရှိလာပြီ ဖြစ်ပါတယ်။

iQOO Neo 855+ ရဲ့ မော်ဒယ်နံပါတ်က V1936AL ဖြစ်ပါတယ်။ iQOO Neo 855 ရဲ့ မော်ဒယ်နံပါတ်က V1936A ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ အတိုင်းကတော့ Neo 855 နှင့် အတူတူ ဖြစ်ပါတယ်။ ဖုန်းရဲ့အတိုင်းအတာက 159.53 x 75.23 x 8.13 mm ဖြစ်ပြီး 198.5g ရှိပါတယ်။ ဒီဖုန်းမှာလည်း မျက်နှာပြင် 6.38 လက်မ Super AMOLED ရုပ်ထွက် သုံးထားကာ In-Display Fingerprint Scanner ပါဝင်ပါတယ်။ RAM8GB/RAM12GB နှင့် ရွေးချယ်နိုင်ပြီး Storage 128GB ပါဝင်ပါတယ်။

ကင်မရာပိုင်းကလည်း အတူတူ ဖြစ်ပါတယ်။ Neo 855 လိုဘဲ Neo 855+ မှာလည်း ကျောဘက်ကင်မရာသုံးလုံးက 12MP f/1.8+8MP f/2.2 Ultrawide+2MP Depth တို့ ဖြစ်ပါတယ်။ ဘက်ထရီ 4500 mAh ပါဝင်ကာ 33W Fast Charging ဖြင့် အားသွင်းနိုင်ပါမယ်။

ယခု iQOO Neo 855+ ဟာ TENNA မှာ ခွင့်ပြုချက် ရရှိလာပြီဖြစ်တာကြောင့် မကြာမီကာလအတွင်းမှာ ကြေညာလာဖို့ သေချာနေပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Vivo iQOO Neo Snapdragon 855+ ဗားရွင္း ထုတ္လုပ္ေရာင္းခ်လာမည္

Vivo ဟာ iQOO အမွတ္တံဆိပ္ ဂိမ္းစမတ္ဖုန္းမ်ား ဆက္တိုက္ထုတ္လုပ္ေရာင္းခ်ေနပါတယ္။ iQOO အမွတ္တံဆိပ္ ဂိမ္းစမတ္ဖုန္းေတြထဲမွာ Neo ဗားရွင္းက ေအာင္ျမင္တဲ့ဗားရွင္း ျဖစ္ပါတယ္။ ပထမဆုံး iQOO Neo မွာ Snapdragon 845 သုံးခဲ့ၿပီး လြန္ခဲ့တဲ့ လအနည္းငယ္ခန႔္တုန္းက iQOO Neo 855 ကို ေၾကညာ ေရာင္းခ်ခဲ့ပါတယ္။

iQOO Neo 855 မွာ အမည္မွာ အသုံးျပဳထားတဲ့အတိုင္း Snapdragon 855 အသုံးျပဳထားပါတယ္။ ဒါ့အျပင္ ယင္းဖုန္းမွာ ပိုေကာင္းတဲ့ Fast Charging ႏွင့္ ပိုေကာင္းတဲ့ Selfie Camera အသုံးျပဳထားပါတယ္။ ယခုအခါ iQOO ဟာ မေဝးေတာ့တဲ့ ကာလအတြင္းမွာ Snapdragon 855+ အသုံးျပဳထားတဲ့ iQOO Neo ဗားရွင္းသစ္တစ္ခုကို ထုတ္လုပ္ေရာင္းခ်လာေတာ့မွာ ျဖစ္ပါတယ္။ iQOO Neo 855+ ဟာ TENNA မွာ ခြင့္ျပဳခ်က္ ရရွိလာၿပီ ျဖစ္ပါတယ္။

iQOO Neo 855+ ရဲ့ ေမာ္ဒယ္နံပါတ္က V1936AL ျဖစ္ပါတယ္။ iQOO Neo 855 ရဲ့ ေမာ္ဒယ္နံပါတ္က V1936A ျဖစ္ပါတယ္။ ဒီဖုန္းရဲ့ အတိုင္းကေတာ့ Neo 855 ႏွင့္ အတူတူ ျဖစ္ပါတယ္။ ဖုန္းရဲ့အတိုင္းအတာက 159.53 x 75.23 x 8.13 mm ျဖစ္ၿပီး 198.5g ရွိပါတယ္။ ဒီဖုန္းမွာလည္း မ်က္ႏွာျပင္ 6.38 လက္မ Super AMOLED ႐ုပ္ထြက္ သုံးထားကာ In-Display Fingerprint Scanner ပါဝင္ပါတယ္။ RAM8GB/RAM12GB ႏွင့္ ေရြးခ်ယ္နိုင္ၿပီး Storage 128GB ပါဝင္ပါတယ္။

ကင္မရာပိုင္းကလည္း အတူတူ ျဖစ္ပါတယ္။ Neo 855 လိုဘဲ Neo 855+ မွာလည္း ေက်ာဘက္ကင္မရာသုံးလုံးက 12MP f/1.8+8MP f/2.2 Ultrawide+2MP Depth တို႔ ျဖစ္ပါတယ္။ ဘက္ထရီ 4500 mAh ပါဝင္ကာ 33W Fast Charging ျဖင့္ အားသြင္းနိုင္ပါမယ္။

ယခု iQOO Neo 855+ ဟာ TENNA မွာ ခြင့္ျပဳခ်က္ ရရွိလာၿပီျဖစ္တာေၾကာင့္ မၾကာမီကာလအတြင္းမွာ ေၾကညာလာဖို႔ ေသခ်ာေနပါတယ္။

NetGuide Journal (Every Wednesday)