• စာရေးသူ: GT (Excellent)
ဂိမ်းကြီးဂိမ်းကောင်းတွေစောင့်မျှော်နေတဲ့ပရိသတ်တွေအတွက် ဒီတစ်ပတ်မှာပွဲထွက်လာတာကတော့ စနိုက်ပါဂိမ်း Sniper Ghost Warrior: Contracts ပါ။ ဒီဂိမ်းလေးဟာ နာမည်ကျော် Sniper Ghost Warrior စီးရီးရဲ့ စတုတ္ထမြောက်ဖန်တီးမှုဖြစ်ပြီး PC သမားတွေအပြင် Playstation 4 နဲ့ Xbox One တို့မှာပါ ကစားနိုင်မှာ ဖြစ်ပါတယ်။ ရေးဆွဲဖန်တီးပေးထားတဲ့ Developer အဖြစ်ရော ဖြန့်ချိသူ Publisher အဖြစ်ပါ CI Games အုပ်စု ကနေ တာဝန်ယူထားပြီး ဂရပ်ဖစ်အလန်းစားတွေနဲ့ ပံ့ပိုးပေးထားတယ်လို့ဆိုပါတယ်။ ဒီဂိမ်းလေးမှာ အဓိက ဇာတ်ကောင်အနေနဲ့ ကြေးစားတစ်ကိုယ်တော်စနိုက်ပါသမားအဖြစ် ဝင်ရောက်ဆော့ကစားရမှာဖြစ်ပြီး နောက်ခံ မြေပုံကိုတော့ ရုရှားဆောင်းရာသီရဲ့ အရိုးကွဲမတတ်အေးခဲလှတဲ့ ရေခဲပြင်ဒေသနာမည်ကျော်ဆိုက်ဘေးရီးယားကို ဖန်တီးပေးထားမှာဖြစ်ပါတယ်။
နှင်းအတိဖုံးလွှမ်းနေတဲ့ တောင်တန်းတွေ၊ ရေခဲသစ်တောတွေ၊ တောင်စောင်း တစ်လျှောက်မှာ ပုံဖျက်ဖုံးကွယ်ထားတဲ့ လျှို့ဝှက်အခြေစိုက်စစ်စခန်းတွေစတဲ့မြေပုံအသီးသီးမှာ စစ်ဆင်ရေးတွေ ဆင်နွှဲရမှာပါ။ ဂိမ်းပလေးပိုင်းအနေနဲ့ စိတ်တည်ငြိမ်မှုကိုအခြေခံပြီး၊ ရန်သူတစ်ယောက် ကျည်တစ်တောင့်နှုန်းနဲ့ လုပ်ကြံဖို့ တိတ်တဆိတ်ချဉ်းကပ်တာတွေ၊ လက်လုပ်ထောင်ချောက်ဆင်ရတာတွေ၊ အဝေးကနေ ချောင်းမြောင်း ပစ်ပြီးတာနဲ့ ကိုယ့်ဆီတန်ပြန်ကျည်မလာစေဖို့ အမြန်နေရာပြောင်းတပ်ဖျောက်ရတာတွေစတဲ့ ကွန်မန်ဒိုစစ်နည်း ဗျူဟာတွေကို အစွမ်းကုန်အသုံးချရမှာဖြစ်ပါတယ်။ လက်နက်ပိုင်းမှာ ယခင်စီးရီးကလက်နက်တွေအပြင် စနိုက်ပါရိုင်ဖယ်တွေအနေနဲ့ Tactical CXR 700, S00-KSV 2020, Reese ESR 2020, Sturm – Precision, SV Amur တို့ကိုထည့်သွင်းပေးထားပြီး ချေမှုန်းရေးရိုင်ဖယ်ပိုင်းမှာတော့ Herstal နဲ့ AK-47 တို့ကို ကိုင်ဆောင် ခွင့်ရမှာပါ။

Shotgun ပိုင်းမှာ Giovanni M4 နဲ့ ပစ္စတိုအဖြစ် Rotwiel M23 တို့ကိုဖန်တီးပေးထားမှာဖြစ်ပါတယ်။ အခြားဆက်စပ်ပစ္စည်းပိုင်းအနေနဲ့ အချက်ပေး Sensor Device တွေ၊ ဓာတ်ငွေ့မိုင်းထောင်ချောက်တွေ၊ ပေါက်ဓားတွေ၊ မောင်းသူမဲ့ကင်းထောက်ဒရုန်းတွေ၊ အဝေးထိန်းပစ်လို့ရတဲ့ စနိုက်ပါတွေ၊ အဆိပ်ငွေ့ဗုးတွေ အစရှိတာတွေလည်း ပါဝင်ဦးမှာပါ။ ဒီဂိမ်းလေးကိုကစားမယ်ဆိုရင်တော့ OS: Windows 7 x64-bit, Processor: Intel Core i5 4460 / AMD FX 6350, Memory: 8 GB RAM, Graphics: NVIDIA GeForce GTX 760 or AMD Radeon HD 7870 (2GB VRAM), Storage: 20 GB အနည်းဆုံးလိုအပ်မှာဖြစ်ပြီး စိတ်ဝင်စားလို့ဝယ်ယူမယ်ဆိုရင်တော့ အမြို့မြို့အနယ်နယ်တိုင်းက Excellent Softwares & Games ဆိုင် တိုင်းမှာ Sniper Ghost Warrior: Contracts ခွေလေးကို ရရှိနိုင်ပြီဖြစ်တဲ့အကြောင်း သတင်းကောင်းလေး ပေးလိုက်ရပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Sniper Ghost Warrior: Contracts (PC)

  • စာေရးသူ: GT (Excellent)

ဂိမ္းႀကီးဂိမ္းေကာင္းေတြေစာင့္ေမွ်ာ္ေနတဲ့ပရိသတ္ေတြအတြက္ ဒီတစ္ပတ္မွာပြဲထြက္လာတာကေတာ့ စႏိုက္ပါဂိမ္း Sniper Ghost Warrior: Contracts ပါ။ ဒီဂိမ္းေလးဟာ နာမည္ေက်ာ္ Sniper Ghost Warrior စီးရီးရဲ႕ စတုတၳေျမာက္ဖန္တီးမႈျဖစ္ၿပီး PC သမားေတြအျပင္ Playstation 4 နဲ႔ Xbox One တို႔မွာပါ ကစားႏိုင္မွာ ျဖစ္ပါတယ္။ ေရးဆြဲဖန္တီးေပးထားတဲ့ Developer အျဖစ္ေရာ ျဖန္႔ခ်ိသူ Publisher အျဖစ္ပါ CI Games အုပ္စု ကေန တာ၀န္ယူထားၿပီး ဂရပ္ဖစ္အလန္းစားေတြနဲ႔ ပံ့ပိုးေပးထားတယ္လို႔ဆိုပါတယ္။ ဒီဂိမ္းေလးမွာ အဓိက ဇာတ္ေကာင္အေနနဲ႔ ေၾကးစားတစ္ကိုယ္ေတာ္စႏိုက္ပါသမားအျဖစ္ ၀င္ေရာက္ေဆာ့ကစားရမွာျဖစ္ၿပီး ေနာက္ခံ ေျမပံုကိုေတာ့ ႐ုရွားေဆာင္းရာသီရဲ႕ အ႐ိုးကြဲမတတ္ေအးခဲလွတဲ့ ေရခဲျပင္ေဒသနာမည္ေက်ာ္ဆိုက္ေဘးရီးယား ကို ဖန္တီးေပးထားမွာျဖစ္ပါတယ္။

ႏွင္းအတိဖံုးလႊမ္းေနတဲ့ ေတာင္တန္းေတြ၊ ေရခဲသစ္ေတာေတြ၊ ေတာင္ေစာင္း တစ္ေလွ်ာက္မွာ ပံုဖ်က္ဖံုးကြယ္ထားတဲ့ လွ်ိဳ႕၀ွက္အေျခစိုက္စစ္စခန္းေတြစတဲ့ေျမပံုအသီးသီးမွာ စစ္ဆင္ေရးေတြ ဆင္ႏႊဲရမွာပါ။ ဂိမ္းပေလးပိုင္းအေနနဲ႔ စိတ္တည္ၿငိမ္မႈကိုအေျခခံၿပီး၊ ရန္သူတစ္ေယာက္ က်ည္တစ္ေတာင့္ႏႈန္းနဲ႔ လုပ္ၾကံဖို႔ တိတ္တဆိတ္ခ်ဥ္းကပ္တာေတြ၊ လက္လုပ္ေထာင္ေခ်ာက္ဆင္ရတာေတြ၊ အေ၀းကေန ေခ်ာင္းေျမာင္း ပစ္ၿပီးတာနဲ႔ ကိုယ့္ဆီတန္ျပန္က်ည္မလာေစဖို႔ အျမန္ေနရာေျပာင္းတပ္ေဖ်ာက္ရတာေတြစတဲ့ ကြန္မန္ဒိုစစ္နည္း ဗ်ဴဟာေတြကို အစြမ္းကုန္အသံုးခ်ရမွာျဖစ္ပါတယ္။ လက္နက္ပိုင္းမွာ ယခင္စီးရီးကလက္နက္ေတြအျပင္ စႏိုက္ပါ႐ိုင္ဖယ္ေတြအေနနဲ႔ Tactical CXR 700, S00-KSV 2020, Reese ESR 2020, Sturm – Precision, SV Amur တို႔ကိုထည့္သြင္းေပးထားၿပီး ေခ်မႈန္းေရး႐ိုင္ဖယ္ပိုင္းမွာေတာ့ Herstal နဲ႔ AK-47 တို႔ကို ကိုင္ေဆာင္ခြင့္ရမွာပါ။

Shotgun ပိုင္းမွာ Giovanni M4 နဲ႔ ပစၥတိုအျဖစ္ Rotwiel M23 တို႔ကိုဖန္တီးေပးထားမွာျဖစ္ပါတယ္။ အျခားဆက္စပ္ပစၥည္းပိုင္းအေနနဲ႔ အခ်က္ေပး Sensor Device ေတြ၊ ဓာတ္ေငြ႕မိုင္းေထာင္ေခ်ာက္ေတြ၊ ေပါက္ဓားေတြ၊ ေမာင္းသူမဲ့ကင္းေထာက္ဒ႐ုန္းေတြ၊ အေ၀းထိန္းပစ္လို႔ရတဲ့ စႏိုက္ပါေတြ၊ အဆိပ္ေငြ႕ဗုးေတြ အစရွိတာေတြလည္း ပါ၀င္ဦးမွာပါ။ ဒီဂိမ္းေလးကိုကစားမယ္ဆိုရင္ေတာ့ OS: Windows 7 x64-bit, Processor: Intel Core i5 4460 / AMD FX 6350, Memory: 8 GB RAM, Graphics: NVIDIA GeForce GTX 760 or AMD Radeon HD 7870 (2GB VRAM), Storage: 20 GB အနည္းဆံုးလိုအပ္မွာျဖစ္ၿပီး စိတ္၀င္စားလို႔၀ယ္ယူမယ္ဆိုရင္ေတာ့ အၿမိဳ႕ၿမိဳ႕အနယ္နယ္တိုင္းက Excellent Softwares & Games ဆိုင္တိုင္းမွာ Sniper Ghost Warrior: Contracts ေခြေလးကို ရရွိႏိုင္ၿပီျဖစ္တဲ့အေၾကာင္း သတင္းေကာင္းေလး ေပးလိုက္ရပါတယ္။

NetGuide Journal (Every Wednesday)