Xiaomi တည်ထောင်သူ လင်ဘင်းက Redmi K30 မှ စတင်၍ Xiaomi 5G စမတ်ဖုန်း အားလုံးတွင် SA နှင့် NSA Networking နှစ်မျိုးလုံး ထောက်ပံ့လာမယ်လို့ အတည်ပြုသွားပါတယ်။

Xiaomi ဟာ လာမယ့် ဒီဇင်ဘာလ 10 ရက်နေ့တွင် Redmi K30 ကို ကြေညာလာပါမယ်။ Redmi K30 က Redmi ရဲ့ ပထမဆုံး 5G စမတ်ဖုန်း ဖြစ်လာပါမယ်။

SA/NSA Network ထောက်ပံ့လာမှာဖြစ်လို့ Xiaomi 5G စမတ်ဖုန်းများဟာ 5G ကွန်ရက်သုံးနိုင်မယ့် အပြင် 4G ကွန်ရက်ဘဲ ရှိတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။

Redmi K30 မှာ မျက်နှာပြင် 6.6 လက်မ IPS LCD Dual Punch-Hole Selfie Camera အသုံးပြုလာပါမယ်။ 120Hz Refresh Rate ထောက်ပံ့လာပါမယ်။ Qualcomm Snapdragon 730G နှင့် ပါဝါထောက်ပံ့လာမယ်လို့ သိရပါတယ်။

Redmi K30 ရဲ့ Dual Punch-Hole Selfie Camera နှစ်လုံးက 32MP+3D ToF ဆင်ဆာတို့ ဖြစ်လာပါမယ်။ ကျောဘက်ကင်မရာလေးလုံး ပါဝင်မှာဖြစ်ပြီး အဓိကကင်မရာက 60MP Sony IMX686 Sensor ဖြစ်ပြီး ကျန်ကင်မရာများက 8MP Telephoto +13MP Ultrawide+2MP Depth တို့ ဖြစ်ပါတယ်။ ဘက်ထရီ 5000mAh ပါဝင်ကာ 27W Fast Charging ထောက်ပံ့လာပါမယ်။ Android 10 အခြေခံ MIUI 11 ပါဝင်ပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Redmi K30မှစတင်ပြီးXiaomi 5G စမတ်ဖုန်းအားလုံးတွင် SA/NSA Network ထောက်ပံ့လာမည်





