OPPO A Family ရဲ့ မော်ဒယ်အသစ်တစ်ခုဖြစ်တဲ့ OPPO A5 (2020) ကို ပြီးခဲ့တဲ့ အောက်တိုဘာလက ထုတ်လုပ်ပေးခဲ့ပါတယ်။ ၎င်းဖုန်းဟာလည်း အခုဆိုရင် မြန်မာနိုင်ငံမိုဘိုင်း ဈေးကွက်ထဲမှာလည်း ဝယ်ယူနိုင် နေပါပြီ။ ၎င်းဟာ ဘက်ထရီစွမ်းအားကောင်းမွန်ပြီး ကင်မရာစွမ်းအားပိုင်းမှာလည်း အထူးကောင်းမွန်မှုရှိတဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်ကျယ်ကျယ်နဲ့ စက်စွမ်းဆောင် ရည်ကောင်းမွန်တဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ဒီဇိုင်းပုံစံကလည်း ရိုးရိုးရှင်းရှင်းနဲ့ circular notch ဒီဇိုင်း ပုံစံမျက်နှာပြင်ပြည့်ဒီဇိုင်း ပဲဖြစ်ပါတယ်။ ၎င်းကို အလယ်အလယ်တန်းစား စမတ်ဖုန်းအနေနဲ့ ထုတ်လုပ်ပေးထား ပေမယ့် အဆင့်မြင့် Specsifications တွေနဲ့ features ကို ထည့်သွင်းပေးထားတာကြောင့် သုံးစွဲရတာ အရမ်းအဆင်ပြေမှာပါ။

အရှေ့ဘက်မှာ Notch သေးသေးလေးသာပါရှိလို့ ကျယ်ပြန့်တဲ့မျက်နှာပြင်ကို ရှင်းရှင်းလင်း လင်း မြင်တွေ့နိုင်ပါတယ်။ နောက်ကျောဘက်အပေါ် အလယ်တည့်တည့်မှာ အနောက် Camera 4 လုံးနဲ့ LED Flash မီးလုံးတို့ ဒေါင်လိုက်တည်ရှိပြီး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ Fingerprint Scanner ကလည်း နောက်ကျောဘက်မှာပဲ တပ်ဆင်ပေးထားပါတယ်။ ဖုန်းအရွယ်အစားက 163.6 x 75.4 x 9.1 mm (6.44 x 2.97 x 0.36 in) ရှိပြီး 195g လေးပါတယ်။ ဒါကြောင့် ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ အနေတော်အရွယ် အစားလေးပါပဲ။ ၎င်းကို GSM, HSPA နဲ့ LTE networks တွေမှာအသုံးပြုနိုင်ပြီး Dual Nano SIM စနစ်ပါရှိ တာကြောင့် Nano SIM card အမျိုးအစားကတော့ Nano SIM ပဲဖြစ်ပါတယ်။ မျက်နှာပြင်က 6.5-inch အကျယ်ရှိပြီး IPS LCD capacitive touchscreen, 16M colors display နဲ့ပြုလုပ်ထားပါတယ်။ ၎င်းမျက် နှာပြင်က 20:9 ratio မှာ 720 x 1600 pixels စွမ်းအားရှိတဲ့ မြင်ကွင်းတွေကို ပြသနိုင်ပါတယ်။ကျယ်ပြန့်တဲ့ မျက်နှာပြင်ကကောင်းမွန်တဲ့ မြင်ကွင်း စွမ်းအားတွေကိုရရှိနိုင်မှာပါ။ ဒါကြောင့် ဂိမ်းကစားတာ၊ စာဖတ်တာတွေနဲ့ ရုပ်ရှင်ကြည့်တာတွေကို အဆင်ပြေပြေလုပ်ဆောင်နိုင်ပါတယ်။ အထဲမှာတော့ နောက်ဆုံးပေါ် Android 9.0 (Pie) ကို အခြေခံထားတဲ့ အဆင့်မြင့်  ColorOS 6.1 User Interface ကို run ပေးထားတဲ့အတွက် သုံးစွဲရတာ အဆင့်မြင့်မားမှုရှိပါတယ်။ ဖုန်းတစ်လုံးရဲ့ အရေးကြီးဆုံးစက်စွမ်းဆောင်ရည်ပိုင်းအတွက် တန်းဝင်အဆင့်ရှိတဲ့ chipset နဲ့ RAM 3/4GB ပါရှိတဲ့အရည်အသွေးမြင့် processor တို့ကို ပံ့ပိုးပေးထားပါတယ်။ ရုပ်ထွက်ပိုင်း အတွက်လည်း အရည်အသွေးမြင့် Adreno 506 GPU ကိုသုံးထားပါတယ်။ ကင်မရာစွမ်းဆောင်ရည်ပိုင်း အတွက်တော့ အနောက်ကင်မရာက 12 MP, f/1.8, (wide), 1/2.8″, 1.25µm, PDAF + 8 MP, 13mm (ultrawide), 1/4″, 1.12µm + 2 MP, f/2.4, 1/5″, 1.75µm + 2 MP, f/2.4, 1/5″, 1.75µm, depth sensor စွမ်းအားတွေပါရှိပြီး LED flash, panorama, HDR ဆိုတဲ့ functions တွေကိုလည်း ထည့်သွင်း ပေးထားပါတယ်။

အရှေ့ကင်မရာက 8 MP, f/2.0 aperture စွမ်းအားတွေကို ထောက်ပံ့ပေးထားတာကြောင့် ကင်မရာစွမ်းအား အထူးကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်ပြီး အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကိုလည်း ရိုက်ကူးပေးနိုင်ပါတယ်။ ဒါ့အပြင် ထောက်ပံ့ပေးထားတဲ့ Bluetooth စနစ်က 5.0, A2DP, LE စနစ်တွေဖြစ်လို့ လွယ်ကူလျင်မြန်ချိတ်ဆက်မှုတွေ ပြုလုပ်နိုင်ပြီး USB ချိတ်ဆက်မှုအနေနဲ့ 2.0, Type-C 1.0 reversible connector, USB On-The-Go ပေါက်ပါရှိပါတယ်။ ၎င်းမှာ built-in FM radio စနစ်ပါရှိလို့ ရေဒီယိုတွေ ဖမ်းယူနားဆင်နိုင်ပြီး စပီကာစွမ်းရည်ကလည်း အသင့်အတင့် ကောင်းမွန်မှုရှိပါတယ်။ ဖုန်းလိုင်းဆွဲအား ကောင်းမွန်ပြီး အင်တာနက်အသုံးပြုရတာလည်း မြန်ဆန်မှုရှိပါတယ်။ ၎င်းဖုန်းကိုထုတ်လုပ်ပေးထားတဲ့ အရောင် တွေကတော့ လူကြိုက်များတဲ့ Mirror Black နဲ့ ချစ်စရာကောင်းတဲ့ Dazzling White ဆိုတဲ့ ဆွဲဆောင်မှုရှိတဲ့ အရောင် ၂ မျိုးပဲဖြစ်ပါတယ်။

Battery Life

ဘက်ထရီစွမ်းအားအနေနဲ့တော့ Non-removable Li-Po 5000 mAh battery ကို ထည့်သွင်းပေးထားလို့ တစ်နေ့လုံး အေးအေးဆေးဆေးအသုံးပြုနိုင်ပြီး Power bank/Reverse charging စနစ်ပါရှိလို့ တစ်ခြား devices တွေကို ပြန်လည်အားသွင်းပေးနိုင်ပါတယ်။

Design

တည်ဆောက်ပုံဒီဇိုင်းက ကျစ်ကျစ်လျစ်လျစ်နဲ့ တောင့်တင်းခိုင်မာ ပြီးသစ်လွင်တောက်ပနေတဲ့ အရည်အသွေး မြင့် ကိုယ်ထည်ဒီဇိုင်းကြောင့် ဆွဲဆောင်မှုလည်း ရှိပါတယ်။ အရှေ့ဘက်မျက်နှာပြင်က ကျယ်ပြန့် ရှင်းလင်းမှု ရှိသလို နောက်ကျောဘက်ကလည်း သေသေသပ်သပ်နဲ့ ခေတ်မီဆန်းသစ်မှုရှိပါတယ်။

Processor

ဖုန်းစွမ်းဆောင်ရည်ပိုင်းအတွက် Qualcomm SDM665 Snapdragon 665 (11 nm) chipset နဲ့ RAM 3/4GB ပါရှိတဲ့ Octa-core (4×2.0 GHz Kryo 260 Gold & 4×1.8 GHz Kryo 260 Silver) တို့ကို ပံ့ပိုးထားပါတယ်။ ဒါ့အပြင် ရုပ်ထွက်ပိုင်းအတွက်လည်း အရည်အသွေးမြင့် Adreno 610 GPU ကို သုံးထားလို့ ကြည်လင်ပြတ် သားတဲ့ ရုပ်ထွက်မျိုးတွေကိုရရှိနိုင်မှာပါ။

Display and Camera

6.5-inch ကျယ်တဲ့ မျက်နှာပြင်ကို IPS LCD capacitive touchscreen, 16M colors display နဲ့ပြုလုပ်ထားပြီး ကြည်လင်ပြတ်သားတဲ့  မြင်ကွင်း စွမ်းအားတွေကိုပေးစွမ်းနိုင်ပါတယ်။ ၎င်းမှာ Quad 12MP + 8MP + 2MP + 2MP ရှိတဲ့အနောက်ကင်မရာနဲ့ 8MP ရှိတဲ့ အရှေ့ selfie ကင်မရာတို့ကို တပ်ဆင်ထားပြီး အလွန်အသုံးဝင်တဲ့ features တွေလည်း ပါရှိပါတယ်။

Verdict

OPPO A5 (2020) စမတ်ဖုန်းဟာ တကယ့်အလယ်အလတ်တန်းစား Flagship စမတ်ဖုန်းအရည်အသွေးမျိုးကို ဈေးနှုန်းသက်သက်သာသာနဲ့ ထုတ်လုပ်ပေးထားတာကြောင့် OPPO ချစ်သူတွေကတော့ ဝယ်ယူသုံးစွဲသင့်တဲ့ စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

Specification

» Network                        :         GSM/HSPA/LTE (Dual SIM)

» Weight                          :         195 g

» Display                          :         6.5″, IPS LCD capacitive touchscreen

» Resolution                      :         720 x 1600 pixels, 20:9 ratio (~270 ppi)

» Dimensions                     :         163.6 x 75.4 x 9.1 mm

» Memory                         :         128GB, 4GB RAM

» Camera                         :         Quad 12MP, f/1.8, 1/2.8″, 1.25µm, PDAF 8MP, 13mm, 1/4″, 1.12µm, 2MP, f/2.4, 1/5″, 1.75µm, 2MP, f/2.4, 1/5″, 1.75µm LED Flash, HDR, Panorama Selfie : 8MP, f/2.0 HDR

» Connectivity                  :         GPS, WLAN, Bluetooth 5.0, Type-C 1.0

» OS                                :         Android 9.0 (Pie) : Color OS 6.1

» Chipset                          :         Qualcomm SDM665 Snapdragon 665  CPU : Octa-core (4×2.0 GHz Kryo 260 & 4×1.8 GHz Kryo 260), GPU : Adreno 610

» Sensor                           :         Fingerprint (rear-mounted), accelerometer, gyro

» Price                              :         299,900 Ks

» Contact Phone                 :         09-452244100 ( Unique )

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

OPPO A5 2020





Battery Life


Design


Processor


Display and Camera


Verdict


Specification


» Weight                          :         195 g




» Memory                         :         128GB, 4GB RAM






» Price                              :         299,900 Ks

